Monday, May 2, 2022

မိုးကုတ်ဆရာတော် ဘုရားကြီး

 ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ




သက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၁) ရက် ဗုဒ္ဓဟူးနေ့၊ နေ့လည် (၂) နာရီ မိနစ် သုံးဆယ်အချိန်တွင် ဥယျာဉ်တော်ရွာ၌ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အလောင်း အလျာဖြစ်သော သတို့သား ရတနာကို ဖွားမြင်တော်မူပါသည်။ 

ခမည်းတော်မှာ ဦးအောင်ထွန်းဖြစ်၍၊ မယ်တော်မှာ ဒေါ်ရွှေအိတ် ဖြစ်ပါသည်။ ခမည်းတော် မယ်တော် တို့မှာ ဒေသအလျောက် တောင်သူလယ်သမား မျိုးရိုးဖြစ်ကြ၍ သမ္မအာဇိ၀ လုပ်ငန်းဖြင့် လုပ်ကိုင်နေထိုင်သူများ ဖြစ်ကြလေသည်။ 


၂။ မွေးဖွားရာဇာတိမြေ (ဥယျာဉ်တော်ရွာ)


ဥယျာဉ်တော်ရွာကား၊ အမရပူရမြို့တည် နန်းတည် ဗဒုံးမင်းခေတ် ဘိုးတော်ဦးဝိုင်းလက်ထက် တော်အခါက သီးပင်မျိုးစုံ စိုက်ပျိုးထားသော (မဟာသီရိနန္ဒာဝံ) ခေါ် ဥယျာဉ်နေရာ ဖြစ်ခဲ့ဖူးလေ သည်။ 

အမရပူရခေတ်မှ မန်းရတနာပုံခေတ်သို့ ရောက်ရှိလေသောအခါ ဥယျာဉ်တော်သည် ရွာအဖြစ် သို့ ရောက်ရှိလာခဲ့လေသည်။ယခု မန္တလေးတိုင်း၊ မြစ်ငယ်မြို့နယ် (ဒုဋ္ဌဝတီ) ခေါ် မြစ်ငယ်မြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိနေပါသည်။ 

မယ်တော် ဒေါ်ရွှေအိတ်သည် ဆရာတော် အလောင်းအလျာကို ဖွားမြင်သည်အထိ (ကိုးပါး သီလ) စောင့်ထိန်းကာ တရားစာပေဖြင့်သာ အချိန်ကုန်လွန်စေသည်။ 

ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသောကြောင့် နေ့သင့်နံသင့်အားဖြင့် သတို့သား၏နာမည်ကို (မောင်လှဘော်) ဟု အမည်ကင်ပွန်းတပ်ကြလေသည်။


၃။ ကျောင်းအပ်မင်္ဂလာ ချိန်အခါ


မောင်လှဘော်သည် လေးနှစ်သားအရွယ်သို့ ရောက်ရှိသောအခါ၊ ဥယျာဉ်တော်ရွာရှိ မူလတန်း ကျောင်း၌ ကျောင်းဆရာကြီး "ဦးစံရ" ထံတွင် အပ်နှံထားရှိ၍၊ ၄ တန်းအထိမျှသာ ပညာသင်ကြား ရလေသည်။ 


၄။ ရှင်သာမဏေပြုခြင်း


အသက် (၉) နှစ်သားအရွယ်သို့ ရောက်ရှိသောအခါ ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်း ဆရာတော် ဦးဇာဂရအရှင်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက်ကြ လေသည်။ဘွဲ့တော်မှာ ဗုဒ္ဓဟူးသားဖြစ်၍ ရှင်ဝိမလဟု မှည့်ခေါ်စေလေသတည်း။ သဒ္ဒါ၊ သင်္ဂြိုဟ်စသော အခြေခံစာဝါများကို ကြိုးစားသင်ယူ၍ ဆရာဝတ်များကိုလည်း ကျေပွန်လှ၏။ အဟောအပြော ငယ်ငယ်ကပင် ကောင်းမွန်လှ၍ လာဘ်လာဘပေါများပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဘုန်းကြီးနေသဖြင့် ဆရာဘုန်းတော်ကြီးနှင့် ရပ်သူရွာသား ဒါယိကာ၊ ဒါယိကာမ များက ကိုရင်သီဝလိဟုပင် ခေါ်စမှတ်ပြုကြလေသည်။


၅။ သင်္ကန်းတော်ကို ပျားစွဲခြင်း (ပထမအကြိမ်) 

ကိုရင်ဝိမလ (၁၂) နှစ်အရွယ်သို့ ရောက်ရှိသောနှစ် တစ်နေ့သော အချိန်တွင် ဥယျာဉ်တော်ရွာ၊ ဂွေးပင်တောရကျောင်းပေါ်တွင် ကိုရင်၏ သင်္ကန်းများကို တန်းပေါ်တွင် ခေါက်တင်ထားရာ သင်္ကန်းများကို ပျားကောင်များသည် ဝိုင်းအုံလာပြီးလျှင် သိုက်အုံဖွဲ့ကာ စွဲနေကြတော့သည်။ 

ဤပျားများစွဲခြင်းအကြောင်းကို သိရှိရသော ဂွေးပင်တောရဆရာတော်ကြီးက"သာမဏေ သည် နောင်သောအခါတွင် ဘုန်းကံကြီးမားသော အကျော်အမော် ဆရာတော်တစ်ပါး ဖြစ်လိမ့်မည်၊ တပည့် ဒါယကာ ဒါယိကာမ အသိုက်အဝန်းကြီးမား၍ လူများစွာ၏ မှီခိုအားထားရာဖြစ်ပေလိမ့်မည်" ဟု နိမိတ်ဖတ်ကြားတော်မူလေသည်။


၆။ အမရပူရမြို့ မင်္ဂလာတိုက်သို့ ပညာသင်ကြားရန် တစ်ကိုယ်တော် ခရီးထွက်ခဲ့ခြင်း။


အချိုတွင် ပျားသကာ တရားတွင် အဘိဓမ္မာရှင်ဝိမလသည် မိမိ၏ဘုန်းတော်ကြီး အိုမင်းမစွမ်းရှိလာသည်နှင့် စာဝါများအချိန်မှန်မှန် သင်ကြားခွင့်မရတော့ပေ။ ဒီအတိုင်းနေသွားရလျှင် စာတတ်တော့မှာ မဟုတ်ဘူးဟု ပူပန်နေ၏။ အစ်မကြီးအရင်းဖြစ်သူ သီလရှင် ဒေါ်သုစာရီသည် အမရပူရမြို့ မင်္ဂလာကျောင်းတိုက်၌ အဘိဓမ္မအရာတွင် လွန်စွာထင်ရှားသော ပထမ ကျော်ဆရာကြီး ဦးအုန်းထံမှောက်၌ ပညာသင်ရောက် လျက် ရှိနေလေသည်။ 

အစ်မဖြစ်သူ၏ ပြောစကားအရ ရှင်ဝိမလသည် မြို့တက်လာ အဘိဓမ္မသင်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိလေသည်။ 

မိဘနှင့် ဆရာသမားများအား ခွင့်ပန်လျှောက်ထားရာ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ခွင့်မပြုကြ၍ အမရပူရသို့ တိတ်တဆိတ် တစ်ကိုယ်တော် ထွက်လာခဲ့လေတော့သည်။ မိဘများ သတင်းကြားကြ၍ လိုက်ခေါ်ကြသော်လည်း ပြန်မလိုက်တော့ဘဲ တရားဟောကာသာ ပြန်လွှတ်လိုက် လေတော့သည်။ 

အစ်မ သီလရှင်ဆရာနှင့် ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုင် ဆရာတော်ကြီး ဦးသုဇာတ အထံတော်သို့ အပ်နှံကြလေသည်။ ကိုရင်ဝိမလသည် မင်္ဂလာတိုက် မကုဋကျောင်းငယ်တွင် နေထိုင် ရလေသည်။ မကုဋဟူသည်ကား အထွတ်အထိပ်ပင်တည်း။


မင်္ဂလာတိုက်


မင်္ဂလာတိုက်ကား သာမညဌာန မဟုတ်ပါချေ။ ဘူမိနက်သန် အောင်မြေမှန်သော နေရာဖြစ် လေသည်။ 

အမရပူရတွင် ဘိုးတော်ဦးဝိုင်း နန်းတည်မည်ရှိသောအခါ အမတ်ကြီး ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး၊ မြင်းသည်တော်များနှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချတည်းခိုကာ မင်္ဂလာ အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသော နေရာဌာနဖြစ်သည့်အပြင် ရှေးမင်းများလက်ထက်တော်အခါက နာမည်ကျော်ကြက်သွန်ခင်း တောရကျောင်းတိုက် နေရာဟောင်းလည်း ဖြစ်လေသည်။ 

သီလဝိသောဓနိကျမ်း၌ ကြက်သွန်ခင်း ဆရာတော်သည် ပဋိပတ်အရာ၌ ထင်ရှားကျော်စော သော ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ အကျင့်သိက္ခာနှင့်လည်းကောင်း၊ မင်းစိုးရာဇာ စသည်တို့နှင့် ဆက်ဆံရာတွင်လည်းကောင်း တင်းတင်းရင်းရင်းရှိလှ၍ ဆရာတော်၏ အရှိန်အဝါသည် အလွန်တရာ ကြီးမားတော်မူလေသည်။ 

ပဋိပတ်အရာတွင် အရွယ်တူ ဆရာတော်များကပင် လျှောက်ထားရသော ဆရာတော်တစ်ပါး ဖြစ်လေသည် စသည်ဖြင့် ရေးသားထားသည်ကိုတွေ့ရှိ ရလေသည်။ 

ရှင်ဝိမလကား မိမိနေရာဟောင်း ကြက်သွန်ခင်းကျောင်းတိုက်သို့ ပြန်ရောက်လာခြင်းပေလော။ 

ရှင်ဝိမလသည် မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ ဗြိတိသျှခေတ်သုံးခေတ်တွင် အဘိဓမ္မာပညာများကို ကြိုးစား၍ သင်ယူလေတော့သည်။ 

ရှင်ဝိမလ၏ ဥပုသ်ဇရပ်များတွင် တရားဟောကောင်းသည်ဟု တစ်စတစ်စနှင့် ကျော်ကြား လာသဖြင့် ပညာရေးနှောင့်နေမည်ကို စိုးသောကြောင့် ဆရာတော်ကြီးက တရားဟောမှုကို ပိတ်ပင်ထားရ လေသည်။ 

ကိုရင်ဘဝနှင့်ပင် ဆရာကြီးဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်း ကျကျရရှိထားသူ ဖြစ်လေ တော့သည်။


၇။ ဒုတိယအကြိမ် ပျားစွဲရခြင်း


ရှင်ဝိမလ သက်တော် (၂၀) ရှိလေသောအခါ၊ ၁၂၈၁ ခု၊ ဝါဆိုလဆန်း (၈) ရက်နေ့တွင် မင်္ဂလာတိုက် ဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူလေသည်။ 

ရဟန်းဒါယကာများမှာ အမရပူရမြို့၊ အိုးတော်ရပ်၊ ကုန်သည်ကြီး ဦးဝမ်းနှင့် ဇနီးဒေါ်ဒေါ်စော တို့ ဖြစ်ကြလေသည်။ 

ရဟန်းခံယူသောနေ့၊ သိမ်မှထွက်တော်မူကာ မိမိနေထိုင်ရာ မကုဋကျောင်းပေါ်တွင် (ယခုစင်္ကြ ကျောင်း မြောက်ဘက်ဘုံကျောင်းနေရာ) သင်္ကန်းများ ချွေးစိုရွှဲနေသဖြင့် ခဏတစ်ဖြုတ် တန်းပေါ်တွင် တင်လှမ်းထားရာ မိနစ်ပိုင်းအတွင်းမှာပင် ပျားပေါင်းများစွာ ပျံသန်းလာပြီးလျှင် အသိုက်အအုံလုပ်ကာ ဝဲကြပျံကြလေသည်။ (ဒုတိယမ္ပိ သင်္ကန်းများကို ပျားစွဲခြင်း ဖြစ်သည်)။ 

လူတို့အတွက် အကောင်းဆုံးသော အချိုမြိန်ဆုံးသော ဆေးအာဟာရကို ဖြည့်စွမ်းပေးနိုင်ကြ သူများမှာ ပျားသတ္တဝါတို့ပင် မဟုတ်ပါလော။ 

ထိုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရသော အမရပူရမြို့ အောင်ခြင်းရှစ်ပါးဆရာတော်ကြီးက ပုဗ္ဗနိမိတ် ဖတ်တော်မူသည်မှာ "ယခုဘဝတွင်မှာပင် တရားထူးတရားမြတ်များကို ရရှိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ရလိမ့်မယ်"ဟု ဖွင့်ဟမိန့်ဆိုတော်မူခဲ့လေသည်။


၈။ ဒုတိယအကြိမ် သိမ်ထပ်သိက္ခာတင် မင်္ဂလာ


၁၂၈၃ ခုနှစ်တွင် အစ်မဖြစ်သူ သီလရှင် ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သော (မိုးကုတ်မြို့သူ) သီလရှင် ဒေါ်ဝိစာရီတို့က သိမ်ထပ် မင်္ဂလာပြုကြပြန်သည်။ ဤအချက်သည်ပင်လျှင် မိုးကုတ် ဆရာတော်ဟူသော အမည်တော်ကို ခေါ်ဝေါ်နိုင်ရန် အခြေခံအကြောင်းတစ်းရပ် ဖြစ်ခဲ့ရလေသည်။ 

ထိုအချိန်အခါတွင် ပထမကျော်ဆရာကြီးဦးအုန်းက မိမိကိုယ်စား ဦးပဉ္စင်း ဦးဝိမလအား အဘိဓမ္မာညဝါများကို စမ်းသပ်ပို့ချခိုင်းလေသည်။ နေ့လည်အခါတွင်မူ မန္တလေးမြို့သို့ ရထားဖြင့်သွား ရောက်ကာ စာပေ ပဋိကတ်တော်များ သင်ယူတော်မူရလေသည်။စာဝါလိုက်ခဲ့ရသော ဆရာတော်ကြီးများအား ခေမာသီဝံကျောင်းတိုက် ဆရာတော်၊ ဘုန်းကြီး ကျောင်းတိုက် ဆရာတော် ဦးခန္တီနှင့် ဆရာတော် ဦးကြည်တို့ဖြစ်ကြလေသည်။


၉။ ကျောင်းထိုင်စာချ ဘုန်းကြီး


၁၂၈၆ ခုနှစ်တွင် မင်္ဂလာကျောင်းတိုက်အတွင်း အလယ်ပိဋကတ် တိုက်ကျောင်းကြီး၌ ကျောင်းထိုင်စာချ ဖြစ်တော်မူကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ အထူးသဖြင့် အဘိဓမ္မာညဝါကျမ်းများ ကို ပို့ချတော်မူလေသည်။ 

မာတိကာ၊ ဓာတုကထာနှင့် ယမိုက်ပဋ္ဌာန်း သုံးကျမ်းတို့ကို တစ်နှစ်လျှင် သုံးကြိမ်စီ ပို့ချတော် မူလေရာ၊ စာလိုက် သံဃာများမှာ ၃၀၀-၄၀၀ ပင် ရှိကြသဖြင့် ကျောင်းပေါ်၌ နေရာထိုင်ခင်းမလုံ လောက်တော့၍ ကျောင်းဘေးရှိ မယ်ဇယ်ပင်များ၏ အရိပ်အာဝါသကို ခိုလှုံကာ စာဝါများကို လိုက်နာကြရလေသည်။စာချဆရာတော် ဦးဝိမလနှင့် အဘိဓမ္မာညဝါသတင်းများသည် တစ်ပြည်လုံးရှိ သံဃာ့လောက ၌ မသိသူမရှိသလောက် ထင်ပေါ်ကျော်ကြားသွားလေတော့သည်။ 

တောင်မြို့မှာ မနေဖူးလျှင် အဘိဓမ္မ မတတ်ဟုပင် ဆိုစမှတ်ပြုကြလေသည်။


ထို့နောက် ဆရာတော် ဦးဝိမလသည် ပထမကျော်ဆရာကြီးဦးအုန်း လက်စမသတ်ခဲ့ရသော နာမည်ကျော် အဘိဓမ္မာ တံခွန်ကျမ်းကြီးကိုလည်း လက်စသတ် ရေးသားတော်မူလေသည်။ 

၎င်းင်းနောက် ဆရာတော်ဦးဝိမလသည် ယမကမဉ္စရီကျမ်းနှင့် ပုထုဇနအလင်းပြ ကျမ်းများကို လည်း ပြုစုတော်မူလေသည်။ 

မိုးကုတ်ဆရာတော်ဦးဝိမလ၏ အဘိဓမ္မာပျားလဘို့တို့သည် ယနေ့တိုင်အောင်ပင် သောက်စို့၍ မကုန်နိုင်ပါချေတကား။


၁၀။ စာချ ဓမ္မကထိက ဦးဝိမလ


ဆရာတော် ဦးဝိမလသည် စာသင်သား ရဟန်းတော်များအား စာပေပို့ချတော်မူလျက်ပင် တစ်ဖက်မှလည်း လူဒါယကာ၊ ဒါယိကာမများအား အဘိဓမ္မာတရားများကို ဟောကြားပြသတော်မူ လေသည်။ လူဒါယကာ၊ ဒါယိကာမများအား အဘိဓမ္မတရားများကို ဟောကြားပြသတော်မူလေသည်။ 

လူဒါယကာ အချို့က တရားနာရုံမျှ အားမရသေးဘဲ၊ ရဟန်းတော်များအား ပို့ချတော်မူသော အဘိဓမ္မာညဝါများကိုပင် လာရောက်နာယူကြလေသည်။


၁၁။ ဆရာတော်ဘုရားကြီးများ၏ မိန့်ခွန်းတော်


"မောင်ပဉ္စင်း စာချရတာဟာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောရတာလဲ ကုသိုလ်ရရုံလောက်ပဲ ရှိတယ်၊ မိမိကိုယ်တိုင် ဦးစွာပထမ ဝိဇ္ဇာအသိဉာဏ်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်လုပ်ကိုင်ပါဦး၊ နောက်ကျမှ ဟောမှုပြောမှုတို့ကို ပြုလုပ်တာပေါ့" ဟု ...သင်္ကန်းပျားစွဲနိမိတ်ကို ဖတ်ကြားတော်မူခဲ့သော အောင်ခြင်း ရှစ်ပါးဆရာတော်ကြီးက နောင် အနာဂတ်အရေးကို မျှော်တွေးထောင့်ချင့်တော်မူလျက် တရားဟောခြင်းနှင့် စာချနေခြင်းတို့ကို ဟန့်တားတော်မူလေသည်။ 

အောင်ခြင်းရှစ်ပါးဆရာတော်ကြီး၏ ဆုံးမသြဝါဒကို မမျှော်လင့်ဘဲနှင့် ဖြုန်းခနဲကြားလိုက်ရ သောအခါ ဦးပဉ္စင်းဦးဝိမလ၏ စိတ်ထဲ၌နင့်ခနဲ ဖြစ်သွားကာ သံဝေဂÓဏ်များ ဝင်ရောက်လာလေ တော့သည်။ 

ထိုအချိန်မှစတင်ကာ ညဉ့်အခါများ၌ အချိန်ထားတော်မူကာ ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်ကြိုးစားတော်မူရလေသည်။ 

သိတတ်သူများအဖို့ သတိပေးရသည်မှာ လွယ်ကူလှပါပေသည်။ မင်္ဂလာတရားတော်၌ သောဝစ္စဿတာ ဂုဏ်ဆိုသည်မှာ ဤကဲ့သို့သော နားထောင်လွယ်သော ဂုဏ်မင်္ဂလာပင်ဖြစ်လေသည်။ 

အဟောကောင်း အပြောကောင်း စာချကောင်းဟူသော ယာယီအကောင်းများကို မရှောင်လွှဲသာ သေးသဖြင့် အားလပ်သောအချိန် မရှိလှ၍ ကျိန်းစက်ချိန်မှ ဖဲ့ယူတော်မူကာ ပဓာနအလုပ်ခေါ် ဝိပဿနာ အလုပ်ကိုလုပ်မိအောင် လုပ်ယူနေရတော့၏။ 

ထိုအချိန် ထိုအခါလောက်ကပင် ဆရာတော်၏ ဝိပဿနာÓဏ် အဆင့်သည် တဗ္ဗော" ဟူသော ရှင်တော်မြတ်ဘုရား၏ ဝိပဿနာအရာ ဆရာကောင်း ရှာမှီးရမည်ဟူသော ထုံးကို နှလုံး၌ ထားတော်မူလျက် ကလျာဏမိတ္တ စစ်မှန်သော ဆရာကောင်း ဆရာမွန်များကို မန္တလေး၊ မုံရွာ၊ မင်းကွန်းစသော နေရာဌာနများသို့ တရားရှာမှီးသွားရောက်ကာ တရားဘာဝနာလုပ်ငန်းများကို ကြိုးပမ်းအားထုတ်တော်မူလေသည်။ 


၁၂။ ဆရာတော်၏ ဟောဟန်များ


ဆရာတော်သည် လူတို့၏စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင် အညှီအတွယ် များ ရှင်းလင်းအောင် ကြိုတင်ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိသည်။ 

မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ရှိတော်မမူဘဲ၊ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ ဟောပြောလေ့ရှိသည်။ 

ဝိပဿနာအလုပ် မခိုင်သေးမီ တစ်သံသရာလုံးက စွဲချက် နာလာခဲ့ရသော ဒိဋ္ဌိများကို အရင်ခွာလှီးတော်မူလေသည်။ သို့မှလည်း တရားခရီးပေါက်သည်ဟု ယူဆတော်မူလေသည်။ 

ဒိဋ္ဌိကိုမခွာဘဲ ဒိဋ္ဌိတန်းလန်းနဲ့ ဝိပဿနာရှုလျှင် (ဒုဗ္ဗလဝိပဿနာ) အားနည်းသော ဝိပဿနာ ဖြစ်၍ မဂ်ဖိုလ် မရောက်နိုင်။ ထိုဒိဋ္ဌိအစွဲမှာလည်း ပဋိစ္စသမုပ္ပါဒ်ကိုသာ နာနာဖိ၍ ထပ်ချည်တလဲလဲ နားစွဲအီသွားအောင် ဟောတော်မူလေသည်။ 

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မိုးကုတ်ဆရာတော်ရဲ့ တရားစာအုပ်တွေကို ဖတ်ကြည့်မိတော့မှ ပဲ နားလည်တော့တယ်ဟု စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများကပင် ချီးကျူးရလောက်အောင် ရှင်းလင်း လှပါပေ၏။ 

မိလိန္ဒမင်းကြီး လက်ထက်တော်အခါတွင် ရဟန္တာ အများပင်ရှိသော်လည်း "ရှင်နာဂသိန်" သည်သာလျှင် ဥပမာ၊ ဥပမေယျ၊ ယုတ္တိ သာဓကတို့ဖြင့် ဖြေရှင်းနိုင်သကဲ့သို့ပင် ရှိတော့သည်။ 

အပြောအဟော အကတ်အသတ် နေရာများကိုပင် ရှင်းလင်းလွယ်ကူအောင် ဟောပြပေးတော် မူတတ်သဖြင့် ဒီခေတ် မြန်မာနိုင်ငံ၏ "အရှင်ကုမာရကဿပ" ပင်ဖြစ်၍ သာလွန်သူကို မဆိုထားဘိ အလားတူပေါ်ထွက်ရန်ပင် မလွယ်ပါချေ ... ဟု ယနေ့ထင်ရှားနေသော စာမျက်နှာ ၆၈၀ ခန့်ရှိ မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတွင် တအံ့တသြချီးကျူးထားသည်ကို ဖတ်ရှုရပါသည်။ 


၁၃။ မင်းကွန်းကမိုးကုတ်ချောင်း


ဆရာတော်သည် ၁၂၈၆ ခုနှစ်မှစ၍ အစ်မကြီး ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သူ ဒေါ်ဝိစာရီ တို့၏ ပင့်လျှောက်ချက်ကို လက်ခံတော်မူကာ ဆောင်းရာသီလေးလတွင် မင်းကွန်းမိုးကုတ်ချောင်း၌ စာဝါများပို့ ချတော်မူလေသည်။ ထိုမင်းကွန်း မိုးကုတ်ချောင်း၌ ဆရာတော်ကို အစွဲပြုလျက် ဇရပ်တန်ဆောင်း၊ ဂူကျောင်းပြာသာဒ်၊ ရေတွင်းရေကန်များ တစ်နေ့တစ်ခြား စည်ကားလာလေတော့ သည်။ 


၁၄။ လယ်တီဆရာတော်ကြီး၏ ပလ္လင်ပေါ်သို့ မိုးကုတ်ဆရာတော် ရောက်ရှိခြင်း


အချိန်ကား အောက်ပြည်အောက်ရွာ ဒေသများတွင် အဘိဓမ္မာ တရားပွဲကြီးများ အလွန်ခေတ် စားလာသော အချိန်အခါ ဖြစ်လေသည်။ လယ်တီဆရာတော်နှင့်တကွ တပည့်ကြီးများဖြစ်ကြသော လယ်တီဦးပဒုမ သေက္ချတောင် ဦးတိလောကစသော နိုင်ငံကျော် ဓမ္မကထိက မထေရ်ကြီးများ တစ်ပါးဆင်း တစ်ပါးတက်ဖြင့် ဟောကြားတော်မူလေ့ရှိကြသည်။ 

၁၂၉၁ ခုနှစ်တွင်မူ၊ ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာဘုရား၌ နှစ်စဉ်ကျင်းပမြဲ အဘိဓမ္မာ တရားပွဲအတွက် စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်တီဦးပဒုမဆရာတော်အား လာရောက်ပင့်ကြ ရာ ဆရာတော် ဦးဒုမက "ငါ့မှာ သွက်ချာပါဒဖြစ်နေပြီ၊ ငါတရားမဟောနိုင်တော့ဘူး၊ ဒါပေမယ့် မင်းတို့ အဘိဓမ္မာတရားပွဲနှင့် ထိုက်တန်တဲ့ ကိုယ်တော်လေး တစ်ပါးတော့ ငါတွေ့ထားတယ်၊ ဝါကတော့ ၁၀-ဝါ လောက်ပဲရှိသေးတယ်" ဟုဆိုကာ မိုးကုတ်ဆရာတော်ကို ညွှန်ကြားလိုက်လေတော့ သည်။ နောက်နှစ် ၁၂၉၂ ခုနှစ်ကစတင်၍ နှစ်စဉ်တပေါင်းလဆန်း ၈ ရက်နေ့တိုင်း ညောင်လေးပင် တရားပွဲကြီးသို့ ကြွရောက် ချီးမြှောက်တော်မူရလေသည်။


ညောင်လေးပင်တရားပွဲတွင်


ဘုန်းကြီးက စာပေကိုသာ ပို့ချနေတာပါ၊ ယခုလို မဏ္ဍပ်ကြီးတွေ ထိုးပြီး မဟောဖူးသေး ပါဘူး" ဟု ခပ်ရို့ရို့ဖြင့် စတင်ပွဲထွက်လာခဲ့သော်လည်း "မိုးကုတ်ဆရာတော်၏ အဘိဓမ္မာပန်းဝတ် ရည်" ကို ညောင်လေးပင် ဒါယကာ ဒါယိကာမများနှင့်တကွ တရားနာပရိသတ် အားလုံးတို့သည် စွဲမှတ်၍သာ နေကြလေတော့၏။ 

မူလပဏ္ဏာသမဟာဂေါသိင်္ဂသုတ်၌ အဘိဓမ္မာကို ဆွေးနွေးဟောကြားနိုင်သော ရဟန်းသည် သာလျှင် အင်ကြင်းတော ပမာသာသနာတော်အား တင့်တယ်စေနိုင်သူဖြစ်သည်ဟု အရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးက သူ၏ ထင်မြင်ချက်ကို ဟောပြတော်မူဖူး၏။ 

အဋ္ဌကထာ ဆရာကလည်း အဘိဓမ္မာသဘာဝကို ဟောပနိုင်သော ဓမ္မကထိကသာလျှင် သာသနာ့ကျက်သရေဆောင် ဓမ္မကထိကအစစ် ဖြစ်ကြောင်းကို ဖွင့်ဆိုတော်မူလေသည်။ 

ရှေးအခါက အဆိုပါညောင်လေးပင်မြို့ တရားပွဲကား နှစ်စဉ်နှစ်တိုင်း ဇာတ်ရုပ်သေးများဖြင့် ကျင်းပလေ့ရှိကြရာ လယ်တီဆရာတော် ဘုရားကြီးက ... 

"တစ်နှစ် တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ မလုပ်ကြပါနဲ့ကွာ" ဟု မိန့်ဆိုတော်မူရာမှ ပေါ်ပေါက် လာခဲ့သော အဘိဓမ္မာတရားပွဲကြီး ဖြစ်လေသည်။ စင်စစ် ထိုပလ’င်သည်ကား လယ်တီဆရာတော် ဘုရားကြီး၏ တစ်ခုတည်းသော ဓမ္မာသနတရားပလ’င်တော်ပင် ဖြစ်လေသည်။ 

အစားထိုး၍ မရလောက်တော့ဘူးဟု ထင်မှတ်နေကြရာမှ မိုးကုတ်ဆရာတော်သည် လယ်တီ ဆရာတော်ကြီး၏ အဘိဓမ္မာအမွေအနှစ် ပဋိပတ်အမွေကို ဆက်လက်လွှဲပြောင်းယူလိုက်ကာ နိုင်ငံကျော်ဓမ္မကထိကအဖြစ်သို့ တစ်ဟုန်ထိုးအရှိန်မြှင့်ကာ ရောက်လာခဲ့ပေသည်။ 

ထိုအချိန်မှစ၍ ဝနပ္ပဂုမ္ဗေသုံးထွေပိဋကတ် ငါးရပ်နိကာယ် ရောင်စုံခြယ်သော အသွယ်သွယ် အဖုံဖုံ ပန်းရဂုံမှ ထုံနံ့သင်းကြည်ပန်းဝတ်ရည်တို့ကို ကိုယ်တော်တိုင် ဝအီအောင် သောက်စို့ပြီးကာမှ ဝေနေယျများစွာတို့အတွက် အဘိဓမ္မာပျားလဘို့ရည်တို့ကို သောက်စို့မကုန်အောင် တည်ခင်း၍ ကျွေးတော်မူလေသတည်း။


၁၅။ မိုးကုတ်ဆရာတော်၏ ဉာဏဒဿန ဝိသုဒ္ဓိ 

၁၂၉၄ ခုနှစ်မှစတင်ကာ ဆရာတော်သည် မိုးကုတ်မြို့မှ ကျောင်းဒါယကာကြီး ဦးလယ်+ ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ နှစ်စဉ်ပင် <ကရောက်တော်မူကာ တရားဟောတော်မူရသည်။ တရားနာ ပရိသတ်များ တစ်နေ့တစ်ခြား များပြားကာ ပန်ချာပီ၊ ဂူဂျာရတိစသော လူမျိုးခြားများပင် ဝိပဿနာစခန်းသို့ ဝင်ရောက်လာကြလေသည်။ 

၁၃၁၆ ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့က မိုးကုတ်မြို့တွင် "မင်္ဂလာတိုက်" ဟု ကမ္ပည်းထိုးကာ တိုက်ကျောင်းဆောက်လုပ်လှူဒါန်းတော်မူ၏။ 

(၁၃၀၃ ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိုးကုတ်မြို့၌ သီတင်းသုံး နေထိုင်တော်မူ လေသည်)။ 

ဆရာတော်သည် မည်သည့်မြို့၌ပင် သီတင်းသုံးသုံးနေ့စဉ်အချိန်ဇယားကို အတိအကျ ရေးဆွဲ နေထိုင်လေ့ရှိ၏။ ဘုရားဝတ်ပြုချိန်၊ တရား ဘာဝနာပွားများချိန်၊ တရားဟောနေချိန်၊ စာချချိန်၊ လမ်းလျှောက်ချိန်၊ ဆွမ်းဘုန်းပေးချိန်များကို အတိအကျပင် ပြုလုပ်တော်မူသည်မှာ အလွန်ထူးခြား တော်မူလှသည်။ 

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူ ကာ စစ်ဘေးစစ်ဒဏ်မှ ပို၍ စိတ်ချရန် မိုးကုတ်မြို့နှင့် ၄ မိုင်ခန့် ဝေးသောဘော်ဘတန့်ရွာသို့ <ကရောက်သီတင်းသုံးရပြန်လေသည်။ 

ဘောဘတန့်ရွာသည် ပေ ၄၀၀၀ ကျော်မြင့်သော တောင်ပေါ်ရွာကလေး ဖြစ်သည်။ သဘာ၀ အလျှောက် ဖြစ်နေသော ကျောက်လိုဏ်ဂူများရှိလေရာ ဆရာတော်အတွက် အခွင့်ကောင်းကြီးတစ်ခု ဖြစ်နေတော့၏။ 

ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံစသော ဆွမ်းဒါယိကာမများကလည်း တရားနာရင်း တရားထိုင်ရင်း ဝတ်ပြုရင်း ထိုရွာကလေးသို့ ပြောင်းရွှေ့လာကြပြန်ရာ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆို သကဲ့သို့ ဖြစ်သွားတော့၏။ 

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက သေကြ ကြေကြ ငတ်ကြ လုကြ စားရမယ့်သောက်ရမယ့် ဝတ်ရမယ့် ဝိပတ္တိကာလဆိုးကြီးကား ဆရာတော်အတွက် သမ္ပတ္တိဆိုက်လျက်ရှိတော့သည်။ 

အချိန်အခါနှင့် ဘဝတန်ဖိုးကို သိကြသူတို့အတွက် ခေတ်ကြီးသည် အမြဲတမ်းကောင်းနေတော့ ၏။ ကံပေးသမျှ မိမိတို့နေထိုင်ရသော ဌာနသည်လည်း နိဗ္ဗာန်ဆိပ်ဦးပင် ဖြစ်တော့၏။ 

ဘော်ဘတန့်ရွာရှိ သယံဇာတကျောက်ဂူကြီးသည်လည်း ဆရာတော်၏ နိဗ္ဗာန်ဆိပ်ဦး တရားထူးရရာဌာနကြီးတစ်ခု ဖြစ်ခဲ့ရလေသည်။ 

စာချရမှု၊ ဟောပြောရမှု၊ သံဃာအုပ်ချုပ်ရမှု စသော ပလိဗောဓ အနှောင်အဖွဲ့တို့ကြောင့် ဝိပဿနာလုပ်ငန်းအလုပ် မတွင်ခဲ့သော ဆရာတော်အား ဒုတိယကမ္ဘာစစ်ကြီးသည် ဓားထမ်း၍ စောင့်ပေးနေသကဲ့သို့ ရှိတော့၏။ 

ဒုတိယကမ္ဘာစစ်ကြီးသာ အကယ်၍မဖြစ်ခဲ့သော် ဆရာတော်၏ ရဟန်းကိစ္စသည် ထိုမျှစောစီး စွာ ပြီးကောင်းမှပြီးတန်ရာ၏။ 

၁၆။ ဆရာတော်၏ ထူးဆန်းသောအိပ်မက် 

ဒုတိယကမ္ဘာစစ်ကြီး ပြီးစအချိန် တစ်ခုသောညတွင် ဆရာတော်သည် အိမ်မက်တစ်ခုကို မက်လေသည်။ 

"သီဟိုဠ်ကျွန်းသို့ ကောင်းကင်မှပျံ<ကကာ မဟာစေတီကြီးကို ဖူးမြော်ကန်တော့၍ စေတီတော် ကြီးကို ပြုပြင်သန့်ရှင်းလျက် သာသနာပြုရသည်" ဟု မြင်မက်တော်မူလေသည်။ 

များမကြာမှီမှာပင် သီဟိုဠ်ကျွန်း မဟာစေတီ ဂေါပကအဖွဲ့မှ ဆရာတော်ထံသို့ တောင်းပန် လျှောက်ထားသော စာတစ်စောင် ရောက်ရှိလာ၏။ ထိုစာ၏ အဓိပ္ပါယ်မှာကား၊ ချမ်းသာ<ကယ်ဝသော အရှင်ဘုရား၏ ဒါယကာများအား ဟောပြောကာ စိန်ဖူးတော်ကပ်လှူရန် အကြောင်းပင်ဖြစ်လေသည်။ အဖိုးအနဂ္ဃ ထိုက်တန်သော စိန်ဖူးတော်ကြီးကို ကျောက်မျက်ရတနာများ စီခြယ်ကာ တင်လှူနိုင်ခဲ့၏။ 

၁၃၀၇ ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့်အထူးသဖြင့် မိုးကုတ်က တပည့် ဒါယကာ၊ ဒါယိကာမများကို နှိုးဆော်ကာ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်၌လည်း ရတနာစိန် ဖူးတော်ကို တင်လှူတော်မူခဲ့လေသည်။ ထိုအချိန်မှစ၍ ဆရာတော်၏အိပ်မက်အတိုင်း အထွဋ်အထိပ် သို့ ဆိုက်ရောက်တော်မူကာ သာသနာပြုနိုင်သော အရည်အချင်းများ လုံးဝဥဿုံပြီးပြည့်စုံ သွားလေ တော့သည်။ 

၁၃၁၄ ခုနှစ်တွင် အမရပူရသို့ပြန်<ကတော်မူကာ သံဃာမွေးမြူ စာချမှုများကို ရပ်ဆိုင်းတော်မူ ၍ တရားဟောမှုကိုသာ ဦးစားပေးလျက် ပဋိစပတ္တိသာသနာကို ပြုတော်မူလေသည်။ 

မင်္ဂလာမဂ္ဂင်ရိပ်သာဟုပင် ကမ္ပည်းတပ်ကာ တရားဌာနကြီးတစ်ခုဖွင့်တော်မူ၏။ ယောဂီများ အတွက် နေရာကျောင်းကန် ဇရပ်များလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လုပ်လှူဒါန်းကြလေ သည်။ 

ဆရာတော်၏ တရားပွဲတိုင်းတွင်ကား၊ ကားကြီးကားငယ်တို့ဖြင့် တရားနာပရိသတ်ကြိတ် ကြိတ်တိုးကာ ဘုရားပွဲတော်ကြီးတမျှ စည်ကားနေလေတော့၏။ 


၁၇။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း


၁၃၂၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် (၈-၇-၆၂) နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် တော်လှန်ရေးအစိုးရ သာသနာရေးဦးစီးဌာနမှ လှူဒါန်းဆက်ကပ်သည့် (၁၉၆၂) ခုနှစ် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူသည်။ 

ရန်ကုန်မြို့သို့ <ကရောက်ရာ၌ လမ်းခရီးတွင် ညောင်လေးပင်မြို့မှ ဒါယကာ ဒါယိကာမများ လည်း လိုက်ပါလျက်ရှိရာ ရှေးယခင်နှစ်များ ကဲ့သို့ပင် တရားဟော ကြွရောက်တော်မူပါရန် လျှောက်ထားကြသောအခါ ...။ 

]]အေး ... ငါ့ရဲ့ရုပ်နာမ် မပြိုကွဲသေးလို့ အကြောင်းညီညွတ်လျှင် ချီးမြှင့်ရမှာပေါ့၊ အမြန်ဆုံး တရားပေါက်အောင် အားထုတ်ကြ၊ ခန္ဓာကိုယ်ကြီးကဖြင့် သေဘက်ကို ဒုန်းစိုင်းနေပြီ}} ဟု ဆုံးမတော်မူ၏။ 

ရန်ကုန်မြို့သို့ရောက်ရှိခိုက် တရားများကိုလည်း ယခင်ကကဲ့သို့ပင် ဟောပြောချီးမြှောက်တော် မူလေသည်။ 

တစ်နေ့သောအခါ မြန်အောင် ဦးတင်၊ ဟင်္သာတ ဦးမြတို့နှင့် လမ်းလျှောက်<ကတော်မူရာ ဟင်္သာတ ဦးမြအေး "ဝေဒနာကျော်အောင်လုပ်ထား၊ အသေက ဦးသွားလိမ့်မယ်နော်၊ လိုရင်းကိုပြော နေတယ်"ဟု သတိပေးတော်မူ၏။ 

ထိုနှစ် အမရပူရမြို့ ပုထိုးတော်ကြီးအနီး စင်္ကြံလျှောက်သွားရင်း နောက်ကအတူပါလာသော ဦးစောမောင်အား "ငါရန်ကုန်က ပြန်လာတာ တစ်လပဲရှိသေးတယ်၊ ဟင်္သာတဦးမြ တစ်ယောက်တော့ သေပြီ"ဟု မိန့်တော်မူ၏။ 

ဦးမြကား "တပည့်တော်လို ပန်းနာသမားက သေခဲပါတယ်"ဟုပင် လျှောက်ထားလိုက်သေး ၏။ (သူတော်ကောင်း ပုဂ္ဂိုလ်ကြီးတို့၏ မနောအဇ္ဈသယကား သိဖို့ခက်ခဲလှသည်။ အနီးကပ်နေသော် လည်း သိချင်မှသိကြသည်။ ဗြောင်ဖွင့်၍ပြောသော်လည်း မရိပ်စားမိကြ)။ 

မောင်စောမောင်၊ သူတော်ကောင်းများ ပြောတဲ့စကားကို လေးလေးနက်နက်မှတ်နော်၊ အကြောင်းမဲ့ မပြောဘူး။ 

"ရန်ကုန်က ဒါယကာ ဒါယိကာမတွေ ငါ့ဆီအရောက် နောက်ကျသကွာ}}ဟု လမ်းလျှောက်ရင်း အမိန့်ရှိရာ ... 

ဦးစောမောင်က ... "အရှင်ဘုရား ရှေ့နှစ်ရန်ကုန်ကြွဦးမှာလား" ဟု လျှောက်ထားသောအခါ ... 

"ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ"ဟု မိန့်တော်မူ၏။ 

ထိုနှစ် တော်သလင်းလဆန်းပိုင်းတွင် (ညီ) ဝမ်းကွဲတော်စပ်သူ (ဦးဘတုတ်) အား ရိပ်သာအတွင်း ဈေးထောင့်လမ်းမှာ အနည်းငယ် ပျက်ယွင်းနေသဖြင့် "မောင်ဘတုတ် ဒီလမ်းကို ကောင်းကောင်းမွန်မွန် ပြင်ထားတာ မြင်သွားချင်တယ်၊ မြန်မြန်ဂရိုက်ပြင်စမ်း" ဟု ဆရာတော်သည် စကားအဆန်းများကို မိန့်တော်မူလေသည်။ 

ညတစ်ညတွင် တပည့် ၅ ယောက်အား ဝတ်ဖြည့်ခံတော်မူစဉ် ... 

"မောင်လှဘူး၊ ငါ့အခန်းထဲမှာ ေ>မတစ်ကောင်ရှိတယ်၊ မင်းဖမ်းပြီး ဘေးကင်းရာသို့ သွားလွှတ်ချေ" ဟု မိန့်တော်မူသည်။ 

အခန်းတံခါးကို လှည့်ပတ်ရှာဖွေရာ မတွေ့ဘဲရှိနေ၍ ဆရာတော်က "ဒီမှာ မင်းမမြင်ဘူး လားကွ၊ အဲဒီလက်ကိုင်ကွင်းမှာ" ဟု ထပ်မံ၍ မိန့်တော်မူပြန်သည်။ 

ဝတ်ဖြည့်နေသူ တပည့် ၅ ဦးတို့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ေ>မကိုမမြင်တွေ့မိကြချေ။ 

ဦးလှဘူးသည် လက်ကိုင်ကွင်းကို သွားရောက်ကြည့်ရှုသောအခါ ေ>မမှာ မာန်ဖီနေသည်ကို တွေ့မြင်ရလေသည်။ 

ေ>မတစ်ကောင်လုံး ရဲရဲနီနေ၍ ဆေးဝါးကုသရာ၌ အဆိပ်ကိုပင်နိုင်လှသော ဦးလှဘူးသည်ပင် ထိတ်လန့်သွားတော့၏။ 

အလွန်ရှားပါး၍ အဆိပ်ပြင်းထန်သော အရပ်အခေါ် (မြွေပဒါး) မျိုးဖြစ်သည်။ ဦးလှဘူးလည်း အိုးတစ်လုံးတွင်ထည့်ကာ လွှတ်လိုက်ရလေသည်။ 

နောက်မှ စဉ်းစားမိသည်ကား အထက်ပါမြွေသည် အလွန်ပြောင်ချောနေသော အခန်းတံခါးကို ဘယ်လိုများ တက်ရောက်နေနိုင်ပါသလဲ။ 

(မာန်နတ်၏ကိုယ်စားလှယ် နဂါးမင်းလာရောက်၍ ပင့်လျှောက်ခြေင်းပင်ဖြစ်ပါလိမ့်မည်။ စင်စစ်ကိုမြွေသည် နဂါးပင်တည်း။)

တော်သလင်းလကုန်လောက်တွင် ကျောင်းဒါယကာ ဦးကျော်သိန်းအား "မောင်ကျော်သိန်း မင်းလဲ ဒီလိုလာနေဦး၊ အခြားအရောင်းအဝယ်တွေ ကိစ္စတွေကို ဘာမှမလုပ်နဲ့ဦး၊ ကဲ ... လာ မောင်ကျော်သိန်း၊ ဒီရိပ်သာအတွင်းက အဆောက်အအုံတွေ လျှောက်ကြည့်ရအောင်"ဟု ခေါ်သွားကာ လျှောက်ကြည့်တော်မူရင်း "ဒီအဆောက်အအုံတွေ အမြန်ပြီးအောင်လုပ်၊ ငါကြည့်သွားချင်တယ်" ဓမ္မာရုံအပေါ်ထပ်သို့ ပြန်ရောက်သည့်အခါတွင်လည်း "ဒီအဆောက်အအုံတွေ ပြီးစီးပြီး နေသားတကျရှိ နေတာကို ငါကြည့်သွားချင်တယ်" ဟု ပန်းရန်ဆရာ ဦးလှနှင့် ဦးကျော်သိန်းတို့အား မိန့်တော်မူ၏ ဆရာတော်ကား ကျန်းမာဝြဖိုးလျက်ပင် ရှိသည်။ ရန်ကုန်ကြွမည်ဟု ထင်ကြ၏။ 


၁၈။ သီတင်းကျွတ်လပြည့်နေ့


သီတင်းကျွတ်လပြည့်နေ့ တရားဟောတော်မူရာ "သီတင်းကျွတ်ပြီဆိုတာ သေခါနီးသွားတာပဲ လို့ မှတ်ပါ" ဟု ဆုံးမတော်မူ၏။ "သစ္စာသိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်ရားလိုသေးသလား၊ ကိုယ့်ကိုယ် ကို သိအောင်လုပ်ပါ၊ သိလို့ရှိရင် အိမ်ကိုမှာခဲ့၊ ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့လို့၊ သေမှ အရှက်ကွဲမခံ နှင့်" စသည်ဖြင့် "သပိတ်သွတ်လွတ် တရားလို့မှတ်" ဟု ဆိုကာ သေခြင်းဘေးကြီးကို ညွှန်ပြတော်မူ ၏။ ထို့နောက် "ဒကာ ဒကာမတွေ ဒီကျောင်းပေါ်မှာ အလောင်းကောင် အသုဘကြီး တင်ထားရင် ဘာတွေထွက်လာမလဲ" ဟု လပြည့်နေ့တရားကို ဟောကြားတော်မူ၏။ 

၁၉။ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်


ည (၁၂) နာရီ အချိန်တွင် ဆရာတော်အခန်းတွင်းမှ တစ်စုံတစ်ယောက်နှင့် စကားပြောနေသံ ကို မသဲမကွဲကြားနေရ၏။ အခန်းအပြင်ဘက်တွင် အိပ်နေသော ဦးလှဘူးက နားစွင့်နေခိုက် ဆရာတော်၏ အခန်းတွင်းမှ အလင်းရောင်ကြီးများ ပေါ်ထွက်လာသည်ကို တွေ့ရသဖြင့် ပို၍အံ့အား သင့်ကာ ရှိနေ၏။ သို့နှင့် ဦးလှဘူးက နောက်ညတွင် ဝတ်ပြုသူအား သတိဝီရိယထား၍ စောင့်ကြည့် ကြရန် မှာထားတိုင်ပင်ကြ၏။ 

၂၀။ သီတင်းကျွတ် လပြည့်ကျော် (၂)


ရန်ကုန်မှ ဝန်ကြီးဟောင်းများဖြစ်ကြသော မြန်အောင်ဦးတင် ဦးအောင်ဇံဝေနှင့် ကျားပျံ ဦးသန်းမောင်တို့လည်း ရောက်ရှိလာကြရာ အထူးဦးစားပေးဟောပြောတော်မူ၏။ 

"ဦးတင် ဘာပူစရာရှိသတုံး၊ ဦးသန်းမောင်လဲ အသက်တော်တော် ကြီးပြီ၊ ဦးတင်လဲ အသက်ကြီးပြီ၊ ဦးအောင်ဇံဝေ ဘုန်းကြီးတို့လဲကြီးပြီ၊ နောက်ကို ဒီသာသနာမရှိတော့ဘူး၊ ကွယ်တော့မယ်၊ ဘယ့်နှယ်ကြောင့် ကွယ်ရသတုံး ဘုရားလို့မေးလို့ရှိရင် ကွယ်ချိန်တန်လို့ ကွယ်တာပေါ့၊ ရထားကထွက်ခါနီးနေပြီ၊ မီရုံကလေးရှိတယ်၊ တက်မိရုံကလေးရှိတယ်၊ ရထားထွက်လု နီးပြီဆိုတာ ရိပ်မိကြပလား၊ ဒီသနာမရှိကြတော့ဘူး၊ ကွယ်တော့မယ်" ဟူ၍လည်းကောင်း ဟောတော် မူပြန်သည်။ 

ည (၁၂) နာရီအချိန်တွင် ဝင်းထိန်သောအလင်းရောင်ကို တွေ့မြင်ရပြန်သည်။ အခန်းတွင်းမှ လည်း စကားပြောသံကြားရ၍ ဦးလှဘူးက အခန်းတံခါးကိုဖွင့်ကြည့်ရာ ဆရာတော်အား ထိုင်လျက် ပင်ဖူးတွေ့ရ၏။ 

ဦးလှဘူးက "ဆရာတော် ဘယ်သူနှင့်စကားပြောနေတာလဲဘုရား" ဟု လျှောက်ထားသော အခါ "လှဘူးရာ၊ မင်းကလဲ သိရက်သားနှင့် ထပ်မေးနေပြန်ပါပြီ" ဟုသာ မိန့်တော်မူလေသည်။ 

ဦးလှဘူးစိတ်ထဲတွင် မတင်မကျရှိသော်လည်း နောက်ထပ် မလျှောက်ဝံ့ဘဲ အခန်းအပြင်ဘက် သို့ ထွက်လာခဲ့ရ၏။ ဆရာတော်ကား ခန္ဓာဝန်ချတော့မည်၊ နတ်ဗြဟ္မာတို့ကပင် နှုတ်ခွန်းဆက် တရားနာလာနေပါပြီကော။ 

၂၁။ သီတင်းကျွတ် လပြည့်ကျော် (၃) ရက်


မိုးကုတ်မြို့မှ ဦးချစ်လှနှင့် ဇနီးတို့ရောက်ရှိလာကြ၏။ (၃) ရက်နေ့ သားရှင်ပြု (၄) ရက်နေ့ ကထိန်ခင်းရန်ဖြစ်သည်။ ကျောင်းတိုက် ဇရပ်တိုင်းတွင် ဧည့်သည်များ ပြည့်ညပ်လျက်ရှိသည်။ 

ထိုညတွင်လည်း ဆရာတော်၏ ကျောင်းပေါ်သို့ မီးလုံးကြီးများဆင်းသွားရာ မကြာမီ ဝင်းခနဲ အရောင်ကြီးပျံတက်သွားသည်ကို ကထိန်အတွက် ချက်ပြုတ်နေကြသူများ တွေ့မြင်ကြရပြန်၏။ 

ညပိုင်း ခပ်စောစောက ဆရာတော်အား ဝတ်ပြုပြီးအချိန်တွင် ဦးတင်ငွေ၊ ဦးကြည်၊ ဦးချစ်စိန်၊ ဦးတင်တို့အား "မနက်ဖြန် သီတင်းကျွတ် လဆုတ် (၄) ရက်နေ့ နံနက် (၅) နာရီအရောက် အားလုံး လာခဲ့ကြ ဘယ်ကလောက်အရေးကြီးကြီး အကြောင်းရှိတယ်" ဟု မိန့်တော်မူ၍ ဦးတင်ငွေ အိမ်ရောက်လျှင်ရောက်ခြင်း ဦးစောမောင်ကိုပြောရာ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဦးစောမောင်တို့ အိမ်သားအားလုံးဆရာတော်ထံ ရောက်ရှိလာကြတော့၏။ 

၂၂။ သီတင်းကျွတ် လပြည့်ကျော် (၄) ရက်

 ဆရာတော်၏ နောက်ဆုံး တစ်နေ့တာ




ဤနေ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ ဗုဒ္ဓဟူးနေ့။ 

ရှင်ပြုကထိန်ပွဲရှိနေ၍ မင်္ဂလာတိုက်၌ ရဟန်းရှင်လူအစည်ကားဆုံးနေ့ဖြစ်သည်။ ဆရာတော်က ယမန်နေ့ကပင် ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့်တရားဟောခဲ့ပြီးဖြစ်သည်။ နံနက် (၅) နာရီခန့် တွင် ကျောင်း အစ်မကလေး ဒေါ်တင်လှနှင့် ဒေါ်ဥမ္မာတို့ ကွေကာအုပ်ဖျော်၍ ဆရာတော်ကျောင်းသို့ ၀င်လာကြသည်။

ကျောင်းအစ်မ ဒေါ်တင်လှအား "ဟဲ့ ... တင်လှ၊ သွား ... ငါ့အိပ်ရာပြင်ထားချေစမ်း" ဟု အချိန်မဟုတ် မခိုင်းစဖူးခိုင်း၍ ဒေါ်တင်လှ အံ့အားသင့်နေ၏။ လူတွေကရှုပ် ပင်ပန်းလှသဖြင့် အနားယူချင်၍ဟု သာထင်သည်။ 

"တင်လှ နင်တို့အသက်အများကြီးငယ်သေးတယ်၊ လောကဓံတိုက်ခတ်ဖို့ အများကြီးရှိသေး တယ်" စသည်ဖြင့် သံသရာခရီးသည် အကြောင်းနှင့် မှီခိုအားထားရာ သစ်ပင်ကြီးအကြောင်းဟောရင်း ပြောရင်း "ဟဲ့ တင်လှ၊ သစ်ပင်အိုကြီးဟာ ဘယ်သူနဲ့တူသလဲ" ဟု မေးလေသည်။ 

ဒေါ်တင်လှက "မှန်ပါ၊ သစ်ပင်အိုကြီးဟာ ဆရာတော်ဘုရား အမိန့်ရှိဖူးတဲ့အတိုင်း ဆရာတော် ဘုရားနှင့်တူပါတယ် ဘုရား" ဟု လျှောက်ထားရ၏။ 

တစ်ဖန် ကိုကျော်သိန်းကိုခေါ်၍ "ကျော်သိန်း လာ ...၊ ဒီရှေ့တိုးဦး၊ မင်း သေသေချာချာ နားထောင်၊ မင်း ငါမရှိတဲ့နောက် မင်းမှာ လောကဓံအမျိုးမျိုး အတိုက်ခံရလိမ့်မယ်၊ မနိုင် နိုင်အောင် တရားကိုရှုပေးထား၊ မင်းမှာ ရှိသမျှပစ္စည်းများကို Óဏ်နှင့်စွန့်လွှတ်ထား၊ ပေးစရာ ရှိတဲ့အေ<ကးများ လဲ ပေးလိုက်ကြားလား၊ လောကဓံလှိုင်းပိမယ်" ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှ ပြန်လှန်၍ မလျှောက်ထားဝံ့ကြ။ ရုပ်လက္ခဏာနှင့် အသံတော်သည် အရင်ကအတိုင်းပင်ရှိ၍ မည်သို့ ဟု မထင်တက်အောင် ရှိနေကြ၏။ 

သို့နှင့်ပြန်လာပြီးလျှင် (အမြဲ၀တ်ပြုနေသူ) ရှေ့မီနောက်မီ ဦးသာဆိုင်အား အကျိုးအကြောင်း ကို ပြောပြရာ "ဆရာတော် ရန်ကုန်<ကမလို့ ဖြစ်မှာပေါ့" ဟုသာ မှတ်ချက်ချလေသည်။ 

မှန်ပါပေ၏။ ဆရာတော်ကား ရန်ကုန်ဌာနသို့ <ကပေတော့မည်။ ဆရာတော်သည် ကွေကာ အုပ်ဘုန်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေးအတွက် <ကသွားလေသည်။ 

မိုးကုတ်မြို့မှ ဦးချစ်လှ ဒေါ်သောင်းတို့က သားရှင်ပြုကထိန် ဆွမ်းကျွေးအတွက် နံနက် (၆) နာရီမှာစ၍ မင်္ဂလာရာမကျောင်းတိုက်တွင် သံဃာတော် အပါး (၂၀၀) ဆွမ်းကပ်လှူကြ၏။ ဆရာတော်ကား မဘုန်းပေး။ ဆရာတော်ကြီးများအပါးတွင် တရားအာရုံဖြင့် နေထိုင်တော်မူလေသည်။ 

သံဃာတော်များ ဆွမ်းဘုန်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းများကို လိုက်၍ လိုက်၍ ဆက်ကပ်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပြန်<ကမည်ဖြစ်ရာ ဆရာတော်သည် တိုက်ကျောင်းပေါ်မှဆင်းလျက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့၀တ်ပြုကာ ကားများ အပေါ်သို့ အရောက် ရွှင်လန်း၀မ်းမြောက်စွာ အခေါက်ခေါက်အခါခါ သွားချည်ပြန်လှည့် နှုတ်ဆက်တော်မူ လေသည်။ 

အလှူပွဲကြီးပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ရိပ်သာဘက်သို့ ကူးလာ၏။"အင်း ... ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ"ဟု မိန့်တော်မူရာ ဦးလှဘူးက နားမလည်၍ "မင်းတယ်အတဲ့ကောင်ပဲ"ဟုသာ ပြုံး၍ မိန့်တော်မူလေသည်။ 

နောက် ဒေါ်တင်လှအား ကော်ဖီကပ်ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှ ရောက်လာ၏။ ကော်ဖီ ဘုဉ်းပေးပြီးလျှင် – တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူးထွေထွေ မမက်ဖူးလား" ဟု မေးတော်မူ၏။

ဒေါ်တင်လှက ရိပ်သာထဲမှာ စေတီကြီးတစ်ဆူအနီး၌ ဆရာတော် တရားရှုမှတ်နေရာ စေတီကြီးမှာ မီးခိုးများအူ၍ ဖောင်းရစ်မှ တအိအိ ပြိုကျလာရာ ဆရာတော်အပေါ်ပိကျသော်လည်း ဆရာတော်မှာ မည်သို့မျှ မဖြစ်ကြောင်း လေဆာက်ထားလေသည်။ 

ထိုအခါ ဆရာတော်က "ဟ ... တင်လှရ၊ နင့်အိပ်မက်က တယ်စမ်းပါကလား၊ ပုဗ္ဗနိမိတ်ဆို တာ ဒီလိုဖြစ်ပေါ်စမြဲပဲ၊ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကိုနာနာဖိပြီး အားထုတ်ကြ" ဟု အမိန်ရှိလေ သည်။ ထို့နောက် ခဏစောင့်ဦးဟု ပြောကာ အခန်းတွင်းသို့ <ကသွား၏။ ပြီးလျှင် သင်္ကန်းလဲကာ စောစောက၀တ်ရုံထားသော ဧကသီသင်းပိုင်နှင့် အံသကိုဋ်တစ်ထည်ကို ကိုင်လျက်ထွက်လာ၏။ 

"ရော့ ... ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွားပြီး၊ သိမ်းထား၊ ရေလျှော်မပစ်နှင့်"ဟု မိန့်ကာ ပေးတော်မူလိုက်လေသည်။ 

၎င်းင်းနေ့နံနက်ပိုင်း (၁၁) နာရီခွဲတွင် ကော်ဖီနှင့် ဆွတ်ပြုတ် ဘုဉ်းပေးတော်မူသေး၏။ ဆရာတော်သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံတော်မူသေးသည်။ ဆရာတော် ဟောပြော သော စကားများကို နားမလည်ရှာကြ၊ အံ့အားသင့်စရာတွေချည်း ဖြစ်နေတော့၏။ 

ဆရာ၀န်ခေါ်ရန် ဒကာများက လျှောက်ထားကြရာ " ကိစ္စမရှိပါဘူး မနေ့က ပန်ကာလေမိ သွားလို့ အခိုးနည်းနည်းငုပ်တာပါ၊ အဲလေ ဆရာ၀န်ပင့်ချင်လဲ တစ်နာရီခွဲမှ ပင့်ကြ" ဟု မိန့်တော်မူ၏ ရုပ်လက္ခဏာနှင့် အသံတော်ကား ပကတိအတိုင်းပင်။ 

ခန္ဓာ၀န်ကြီး တယ်ပြီးလေးတာပဲ၊ "ကဲ ... ဦးသန်းမောင်၊ ကျုပ်ကို ၀မ်းချူပေးစမ်းပါဦး" ဟု ဆိုကာ ကုဋီသို့ ကိုယ်တိုင်<ကတော်မူသည်။ အတန်ကြာသောအခါ ပရိသတ်အများအပြား ကျောင်းပေါ် သို့ ရောက်လာကြ၏။ 

၁၂ နာရီ ကျော်ကျော်လောက်တွင် ဒေါက်တာဆိုနီနှင့် ဆရာ၀န်ကြီး စောမြမောင်တို့လည်း ရောက်ရှိလာကြ၏။ "ကဲ ... နောက်ထပ် ဆေးထိုးစရာရှိရင် ထိုးကြ၊ အချိန်မရှိတော့ဘူး၊ မင်းတို့ဆေးလဲ ဘာမျှမတတ်နိုင်ပါဘူး"


အချိန်ကား နေ့တစ်နာရီရှိလေပြီ 

အားငယ်သော မျက်နှာများနှင့် ရဟန်းရှင်လူများ စိုးရိမ်တကြီး ကြည့်ရှုဖူးမြော်နေကြစဉ် "ကဲ ... အားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမယ့် ဝေဒနာကို ကြည့်ထားကြ၊ ဒီခန္ဓာရှိရင် ဒီဝေဒနာကို သတ္တဝါအပေါင်းတိုင်းခံစားရမယ်" ဟု မိန့်တော်မူပြီးလျှင် 

ခပ်သိမ်းသတ္တဝါ၊ များသူငါကား၊ မရဏမင်း၊ သူ့လက်တွင်းသို့၊ မယွင်းမှန်စွာ၊ အနိစ္စချည်း၊ ကာလဘယ်ခါ၊ ဘယ်နေ့မှာဟု ချိန်ခါနေ့ရက် ချိန်းအချက်လျှင်၊ သက်သက်ဘယ်မှာ၊ မရှိပါခဲ့၊ မှန်စွာ မုချ၊ သေကြရလိမ့်၊ မြင်ကြခုပင်၊ သေပွဲ၀င်ခဲ့၊ ယခင်ရှေးခါ၊ ထိုနည်းသာတည်း၊ သတ္တဝါထုံးတမ်း၊ စဉ်လာလမ်းမို့ ဖြောင့်တန်းသေချာ၊ မလွတ်ပါတည်း - 

ဟူသော "ဓမ္မသံဝေဂ" ရှိခဲ့သော်လည်း ... 

အရိယာသခင် အရှင်သူမြတ်တို့သည် ဒီဘ၀ ဒီခန္ဓာ၌ အစွဲအလမ်း ကင်းတော်မူကြ၏။ အကယ်၍ ထိုစွဲလမ်းမှု ဥပါဒါန်ရှိသေးလျှင်သာ နောင်ဘ၀ နောက်ခန္ဓာသည် ဇာတိဟူသော ဖြစ်ပေါ်မှု ဥပါဒါန်ဖြစ်ပေါ်ရန် ထင်ရှားပေသည်။ လောင်စာသိမ်း၍ ငြိမ်းလေပြီးသော မီးသည် အဘယ်အရပ်သို့ ရောက်သွားသည်ဟု မဆိုရလေသကဲ့သို့ ... 

မိုးကုတ်ဆရာတော် ဘုရားကြီးသည်လည်း ခန္ဓာနှင့် ဥပါဒါန်အ<ကင်း အကျန်မရှိတော့ဘဲ ... 

၁၃၂၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ နေ့တစ်နာရီ မိနစ် (၂၀) အချိန်တွင် (အနုပါဒိသေသ) ခန္ဓာဇာတ်သိမ်း၍ အ<ကင်းမဲ့ အေးငြိမ်းတော်မူခြင်းသာ ဖြစ်ပါသတည်း။ 

၂၃။ နောက်ဆက်တွဲထူးခြားချက်များ


(က) သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ ည (၉) နာရီအချိန်တွင် ဥတုဇရုပ်ကလာပ် တော်အတွင်းသို့ ဆေးများသွင်းရာ ပေါင်ရင်း သွေးကြောမှ ပကတိ အရှင်ကောင်ကဲ့သို့ သွေးစိမ်းများ တရှင်ရှင်ထွက်၍ အပေါ်သို့ လေးလက်မခန့် ထောင်ပန်းနေခြင်းများ။ 

ဆက်လက်၍ (၇) ရက်လုံးလုံး ဆေးများသွင်းရာ သွေးများပန်းထွက်နေပြန်ခြင်း။ 

(ခ) ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၀) ရက် နေ့ နိဗ္ဗာန်ကျောင်းချကာ၊ ၁၃၂၄ ခု၊ ပြာသိုလဆန်း (၉) ရက်နေ့ (၁၂) နာရီအချိန် နိဗ္ဗာန်ကျောင်းမှ သာဓုကိဠနသဘင်သို့ အလောင်း တော်ကို ပို့ဆောင်ကြသည်။ 

၂၄။ တတိယအကြိမ် ပျားစွဲပြန်ခြင်း


၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း (၁၄) ရက်နေ့ ညနေ (၂) နာရီ အချိန်တွင် ရုပ်ကလာပ်တော်ကို ဗဟိုမဏ္ဍပ်မှ ဦးကျော်သိန်း - ဒေါ်တင်လှတို့၏ ဧည့်ခံမဏ္ဍပ်သို့ ပင့်ဆောင်လာကြစဉ် လူအုပ်ကြီး အပေါ်မှ ပျားကောင်များပျံသန်းလိုက်လာပြီးလျှင် ရုပ်ကလာပ်မရောက်မီ အချိန်ပိုင်းတွင် မဏ္ဍပ်မုတ်ဆိပ်တွင် ပျားစွဲပြန်သည်။ (အလောင်းတော် မကြွလာမီ ၂ မိနစ်အတွင်းဖြစ်သည်။) 

မိုးကုတ်ဆရာတော်နှင့်ပျားသည် တတိယအကြိမ်မြောက် အမှတ်အသားကြီး တစ်ခုဖြစ်လာ သည်။ 

ပြာသိုလဆန်း (၁၅) ရက် (လပြည့်နေ့) ညနေ (၂း၃၀) နာရီအချိန်တွင် မီးသင်္ဂြိုဟ်မည်ရှိရာ ရုပ်ကလာပ်တော်မှာ ပကတိကျိန်းစက်နေသကဲ့သို့ အသားအရေများ ဝါ၀င်းပျော့အိနေပြီး မျက်လုံး တော်မှာ ပကတိအတိုင်း အကြည်ဓာတ်မပျက်ဘဲ တည်ရှိနေလေသည်။ 

၂၅။ မီးသင်္ဂြိုဟ်ခြင်း


လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရာ လူထုပရိသတ်မှာ နှစ်သိန်းနီးပါးရှိသည်။ ဤကဲ့သို့ ရှိနေသော ကြောင့် ရုပ်ကလာပ်တော်ကို မီးမသင်္ဂြိုဟ်ရက်ဘဲရှိနေကြရာ၊ သံဃာတော်များ တစ်ထပ်၊ မီးသတ်ရဲ ဘော်များ တစ်ထပ်၊ ပြည်သူ့ရဲတပ်ဖွဲ့တစ်ထပ် ဤကဲ့သို့ အထပ်ထပ် ၀န်းရံ၍ မီးသင်္ဂြိုဟ်နံ့သာထင်း များကို ရုပ်တရက်မီးမစွဲဘဲရှိနေပြန်၏။ 

ထိုအခြေအနေတွင် သံဃာတော်တစ်ပါးက ဓာတ်ဆီပုံးလိုက်ပက် ဖြန်းလိုက်သောအခါ မီးတောက်တက်မလာဘဲ မီးခိုးလုံးများသာ ဝုန်းခနဲ ထွက်လာပြီးနောက် အချိန်အတော်ကြာမှ ဖြုန်းခနဲ မီးထတောက်သဖြင့် သံဃာတော်များ အုတ်ပလ’င်ပေါ်မှ ဆင်းပြေးရလေတော့သည်။ 

၂၆။ ရုပ်ကလာပ်မှ အပုပ်နံ့မထွက်ခြင်း


ဆရာတော်၏ ရုပ်ကလာပ်တို့ကို မီးသင်္ဂြိုဟ်ရန် စီစဉ်နေသော်လည်း အပုပ်နံ့လုံး၀မထွက်ဘဲ ရှိနေ၏။ 

နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။ (သုတ္တနိပါတ် အဋ္ဌကထာ၊ အာမဂန္ဓ နှာ – ၃၀၃) 

နိက္ကိလေသာနံ၊ အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တို့၏။ မတသရီရမ္ပိ၊ ပရိနိဗ္ဗာန်စံပြီး သော အတ္တဘောကိုယ်သည်လည်း၊ ဒုဂ္ဂန္ဓံ၊ အပုပ်နံ့သည်။ နဟောတိ၊ မထွက်ပါချေ။ထို့ကြောင့် ရဟန္တာသေလျှင် အပုပ်နံ့မထွက်။ 

၂၇။ ဓာတ်တော်များတွေ့ရှိခြင်း


ည (၉) နာရီ အချိန်လောက် အပူဓါတ်လျော့ချိန်တွင် အုတ်ပလ္လင်မှ တွေ့ရှိရသမျှသော အရာ၀တ္ထုများကို သိမ်းကျုံးကာ အိတ်များနှင့်ထည့်ပြီးလျှင် ဦးအောင်ကျော် ယခု (အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး) တို့မှ ကြီးမှူး၍ ကျောင်းတိုက်သို့ လုံခြုံရေးအတွက် အမြန်ပို့လိုက်ရ၏။ 

နံနက်လင်းသောအခါ အထူးကြပ်မတ်ပြီး အစောင့်များချထားသော်လည်း ဓါတ်တော်များ ဖူးတွေ့ရသဖြင့် လူထုကြီးမှာ အလုအယက် တိုးဝှေ့ယူကြရာ အုတ်ပလ’င်ပါ ပျက်စီးသွားတော့သည်။ 

ဓါတ်တော်များ ကျတော့မှပဲ ရဟန္တာမှန်း သိရှိကြတော့၏။ ရဟန္တာ အရှင်မြတ်တို့မှာ ဤမျှလောက်ပင် သိုသိပ်တော်မူကြပါပေ၏။


၂၈။ ပြာသိုလပြည့်ကျော် (၃) ရက်


ရိပ်သာကျောင်းအတွင်း ပို့ထားသော ပစ္စည်းများကို တပည့် ဒါယကာ၊ ဒါယိကာမများနှင့်ရဟန်းသံဃာတော်များ ရှေ့မှောက်တွင် ရှာဖွေကြသောအခါ မီးမစွဲဘဲကျန်နေသော သူငယ်အိမ်မပျက် မျက်လုံးတော်အစုံနှင့် ချိတ်ဆက်ဆက်နေသော လက်ဆစ်အရိုးတော်များ ဓာတ်တော်များ၊ သွးတော် များကို ဖူးတွေ့ရလေသည်။ 

ထိုအခါကျတော့မှပင် လွန်ခဲ့သော (၇)လခန့်က မိန့်ဆိုတော်မူခဲ့သော စကားတော်တရား တော်များကိုလည်းကောင်း၊ သီတင်းကျွတ် လပြည့်နေ့က ဟောကြားတော်မူသော "ငါသေလျှင် သပိတ် မသွတ်နှင့်" ဟူသော တရားတော်၏ အဓိပ္ပါယ်ကိုလည်းကောင်း နှလုံးပိုက်မိကြတော့သည်။


ရဟန်းရှင်လူတို့သည် ထိုအခါကျမှပင် အလွန်ကျေးဇူးများမြတ်သော လောကုတ္တရာ ရတနာ မြတ်ကြီးဖြစ်ကြောင်း အလေးအနက် ယုံကြည်၍ ဝိုင်းအုံပူဇော်၍မပြီး ချီးကျူးတသ၍ မကုန် ကျေးဇူး ဂုဏ်ကို အောက်မေ့၍ မဆုံးနိုင်အောင် ရှိကြတော့သည်။


စာကြွင်း ။     ။ မူလဘူတ မျှဝေသူ မသိသောကြောင့် ဘယ်သူဘယ်ဝါဆိုတာ မရည်ညွှန်းနိုင်တာပါ။ စာလုံးပေါင်း Fonts အမှားများ ပါခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။

No comments: