Sunday, December 25, 2022

အသက်၆၀ ကျော်များအတွက် အာဟာရလမ်းညွှန်

 အသက်၆၀ ကျော်များအတွက် အာဟာရလမ်းညွှန်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




အာဟာရ လိုအပ်ချက်နှင့် ပြည့်စုံမှုများကတော့ အသက်အရွယ်အလိုက် ပြောင်းလဲမှုရှိပါတယ်။ 

တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါလို့တော့ ပထမဦးဆုံး ပြောချင်ပါတယ်။ သို့သော်ငြားလည်း Healthy diet လို့ပြောရတဲ့ ကျန်းမာညီညွတ်တဲ့ အစားအစာများကတော့ မည်သည့် အသက်အရွယ်မှာမဆို စားသောက်ကြရမှာပါ။


လူတွေမှာ အသက်ကြီးလာတာနှင့်အမျှ အစားအသောက်နည်းလာပြီလို့ ဆိုနိုင်ပါတယ်။ 

အသက် ၆၀ ကျော်လာပြီဆိုလျှင် အသက်ကြီးပိုင်းကို စပြီးဝင်လာပါပြီ။ ၈၀ ကျော်၊ ၉၀ ကျော် ဆိုရင်တော့ အသက်ကြီးဆုံး အပိုင်းလို့ ပြောလို့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးရင်တော့ ငယ်သောအသက်ကြီးပိုင်းလို့ တင်စားလို့ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဒီအချိန်ကစပြီး Healthy diet, Balance diet ကို ရရှိအောင်စားဖို့ Healthy Life Style နဲ့နေတတ်ဖို့ လိုအပ်ပါတယ်။

ပထမဆုံးပြောချင်တာက အောက်ပါ အစားအစာများကို နေ့စဉ်နေ့တိုင်း စားသောက်ဖို့လိုပါတယ်။


(၁) ဟင်းသီးဟင်းရွက်ကို အရောင်စုံအောင် စားပေးပါ။

(၂) ပဲအမျိုးမျိုး၊ တို့ဖူးကို တစ်နေ့တစ်ကြိမ်

(၃) အမျှင်များသော အသီးအနှံနှင့် အရွက်များကို တနေ့ (၂) ကြိမ်

(၄) အဖြူရောင်အသား (ဥပမာ - ကြက်သား/ငါး) တို့ကို တစ်ပတ် (၃)ကြိမ်မှ (၅)ကြိမ်

အနီရောင်အသား (ဝက်/ဆိတ်/အမဲ) တို့ကို တစ်ပတ် တစ်ကြိမ်

(၅) ကြက်ဥ - တစ်နေ့ ၁ လုံးမှ ၂ လုံး

(၆) နို့နှင့် နို့ထွက်ပစ္စည်း - (ဒိန်ချဉ်) တို့ကို တစ်ရက်လျှင် အနည်းဆုံး တစ်ခွက် (200 ml)

(၇) ရေများများသောက်ပါ (တစ်ရက်လျှင် 1.5 L မှ 2 L)

(၈) အဆီများသောအစာများ၊ ဆီပြန်ဟင်းများ၊ ဘီစကွက်များ၊ အချိုရည်များ၊ အားလူး ကြော်များ၊ အမျိုးသားများအတွက် (အရက်၊ ဘီယာ) များ လျော့စားပေးဖို့ လိုအပ်ပါ တယ်။


ငါးပိ/ငါးခြောက်များ၊ သနပ်များ၊ ဝက်အူချောင်း၊ ကြက်အူချောင်းများ လျော့စား ပေးပါ။


အထက်ပါအချက်များအပြင် အောက်ပါအချက်များကိုလည်း လိုက်နာဖို့ အရေးကြီးလှပါ တယ်။


(၁) မိမိတို့၏ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပေးဖို့လိုအပ်ပါတယ်။ အဝမလွန်စေရန် ဂရုစိုက်ရပါမယ်။ အသက် ၆၀ ကျော် သူများတွင် ကြွက်သားထုထည်မှာ လျော့ကြ သွားပြီးဖြစ်လို့ ကြွက်သား၏အားမာန် (Muscle strength) တက်စေဖို့ အရေးကြီးလှ ပါတယ်။ မိမိတို့ ပြုလုပ်နိုင်မည့် အားကစား တစ်မျိုးမျိုးကို ပြုလုပ်စေချင်ပါတယ် (ဥပမာ-ယောဂကစားခြင်း/အလေးများဖြင့် အလေး မခြင်း)


(၂) အစားအစာများကိုလည်း ရွေးချယ်ပြီး စားသုံးတတ်ရန် အကျင့်လုပ်စေချင်ပါတယ်။ နည်းနည်းနှင့် အာဟာရပြည့်ဝမည့် အစာများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအစာများ ၊ကိုရွှေးချယ်စားသောက်ရပါမယ်။

"မကြိုက်လျှင်မစား၊ ကြိုက်တာဘဲစားမယ်" ဟူသော အကျင့်ဆိုး လေးများကိုလည်း ပြင်စေချင်ပါတယ်။


(၃) မိမိတို့၏ သွားများကိုလည်း ဂရုစိုက်ရပါမယ်။ မာသောအသီးများ၊ အချို့သော ဟင်းသီးဟင်းရွက်များသည် ဝါးရန်ခက်ခဲ့သည့်အပြင် ကြေညက်ရန်လည်း မလွယ်ကူ သဖြင့် ပျော့ပျော့ပြောင်းပြောင်း ဖြစ်အောင် ချက်ပြုတ် ကျွေးမွေးသင့်ပါတယ်။


(၄) များသောအားဖြင့် အသက်ကြီးလာလျှင် အသားများ မစားချင်သူများလာပါတယ်။ သွားကြားညှပ်သည်ကတစ်ကြောင်း၊ ညီနံများကိုမခံချင်လိုသူများကြောင့် အသား စားနည်းလာတတ်ပါတယ်။ သို့သော် ကြွက်သားများကို မလျော့နည်းသွားအောင် ထိန်းထားရမှာဖြစ်တဲ့အတွက် တစ်ရက်လျှင် အနည်းဆုံး ၁၀ ကျပ်သား စားသောက် ဖို့ လိုအပ်ပါတယ်။ အနီရောင်အသားများထက် အဖြူရောင်အသားများကို စားသုံး ပေးပါ။ ငါးများများစားလျှင် ပို၍ ကောင်းမွန်ပါတယ်။


မိမိတို့၏ ဇီဝကမ္မဖြစ်စဉ် (metabolism) က လူငယ်များထက် လျော့နည်းသွားပြီဖြစ်သဖြင့် တစ်နေ့လျှင် (၃) ကြိမ် စားမည့်အစား (၆) ကြိမ် စားသုံးပေးသင့်ပါတယ်။ နည်းနည်းနှင့် အကြိမ်များများ စားသင့်ပါတယ်။ အစာကြီး (၃) ကြိမ်နှင့် သရေစာ (၂) ကြိမ်၊ ညအိပ်ခါနီး အစာများ ကို စားသင့်ပါတယ်။


အသက်ကြီးသူများအတွက် အလိုအပ်ဆုံး အာဟာရဓါတ်များကတော့ -

(၁) Protein (အသားဓါတ်)

(၂) Calcium (ကယ်လ်ဆီယမ်)

(၃) Vitamin (D + B12)

(၄) Dietary fiber (အမျှင်ဓါတ်)

(၅) Potassium (ပိုတက်ဆီယမ်)

(၆) Probiotic and prebiotic

အသက်ကြီးလာသည်နှင့်အမျှ မိမိတို့၏ အစာအိမ်၊ အူလမ်းကြောင်းတွင် microbiotia ဟု ခေါ်သည့် ကျန်းမာရေး ကောင်းအောင်ဆောင်ရွက်ပေးသည့် ပိုးကောင်လေးများ လျော့နည်းသွားတတ်ပါသည်။ ထိုပိုးကောင်လေးများ ရှင်သန်နေမှသာလျှင် ကိုယ်ခံစွမ်းအားများ ကောင်းမွန်ခြင်း၊ ဝင်ရောက်လာသည့် ပိုးမွှားများကို တိုက်ခိုက်နိုင်ခြင်း ၊ ၀မ်းချုပ်ခြင်းမှ ကင်း‌ဝေးခြင်း စသည့်တို့ ဖြစ်နိုင်ပါလိမ့်မည်။ 

သို့အတွက်ကြောင့် Prebotic, Probiotic ပေါကြွယ်ဝသည့် အစာများဖြစ်သည့် ငှက်ပျောသီး၊ ဒိန်ချဉ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် စသည့် အစာများကို နေ့တိုင်း စားသုံးပေးရန် လိုအပ်ပါတယ်။ 

သို့မဟုတ်ပါက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ သတိမေ့သည့်ရောဂါများ ဝင်ရောက်လာမည် မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေလိမ့်မည်။


စားသောက်မှုနည်းပါနေလျှင် (သို့မဟုတ်) ပြည့်စုံအောင်မစားနိုင်လျှင် supplement ခေါ် ဖြည့်စွက်စာများ စားသုံးပေးရန် လိုအပ်ပါတယ်။




အချုပ်အားဖြင့်ဆိုရလျှင် အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ သင့်တင့်လျောက်ပတ်သော အားကစားပြုလုပ်ပေးခြင်း၊ အရက်နှင့် ဆေးလိပ်ကို အတတ်နိုင်ဆုံး လျော့ချပေးခြင်း၊ အိပ်ရေးဝ အောင် အိပ်ခြင်း ၊ အကောင်းမြင်ဝါဒ( positive thinking) ကျင့်သုံးခြင်း စသည့် အချက်များကို လိုက်နာကျင့်သုံးမည်ဆိုလျှင် ပျော်ရွှင်ခြင်းများစွာနှင့် မိမိတို့ ချစ်ခင်နှစ်သက်သူများနှင့် နှစ်ပေါင်းများစွာ ဖြတ်သန်းနိုင်ပါလိမ့်မည်။


   ဒေါက်တာဝင်းဝင်းမြင့် 

(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)


Credit: Healthylife Magazine 


Friday, December 23, 2022

စိတ်ကောင်းရှိတဲ့သူ

 စိတ်ကောင်း’ရှိ’တဲ့သူ ဆိုတာ မရှိဘူး၊ စိတ်ကောင်း များများ’ဖြစ်’အောင် ကြိုးစားနေတဲ့သူပဲ ရှိတယ်။


◾️◾️◾️◾️◾️◾️◾️




ကျွန်တော်တို့တွေ ပြောလေ့ရှိကြပါတယ်။ သူကတော့ စိတ်ကောင်းရှိတယ်၊ သူကတော့ စိတ်ကောင်းမရှိဘူး စသဖြင့်ပေါ့။ စိတ်ကောင်းရှိတယ်ဆို ဒီလူဟာ သူတစ်ပါးအပေါ် မယုတ်မာတတ်ဘူး၊ ကူညီတတ်တယ်၊ လှူဒါန်းလေ့ရှိတယ် စသဖြင့် နားလည်ထားကြတယ်။


▪️တကယ်တော့ စိတ်ဆိုတာ 'အရှိတရား' မဟုတ်ဘူး။ 'အဖြစ်တရား' ။ 


ဂစ်တာသံလေးနဲ့ ဥပမာပေးမယ်။ ဂစ်တာသံဆိုတာ နဂိုကတည်းက ဂစ်တာထဲမှာ ရှိနေတာ မဟုတ်ဘူး။ ကြိုးနဲ့ လက်နဲ့ ထိလိုက်မှ ပေါ်လာတာ။ ပြီးရင် ဘယ်လောက်မှလည်း မကြာဘူး။ ခဏနေတော့ ပျောက်သွားတာပဲ။ ပျောက်သွားတာက တစ်နေရာရာ ရောက်သွားတာလား ဆိုတော့လည်း မဟုတ်ဘူး။ ပျက်ကို ပျက်သွားတာ။ ခဏလေးမှာ ဖြစ်ပေါ်လာလိုက်၊ ခဏလေးမှာ ပျောက်ပျက်သွားလိုက်နဲ့ မွေးကတည်းကနေ သေသည်ထိ တရစပ် ဖြစ်နေတာကို စိတ်လို့ ခေါ်တယ်။ 


မြစ်ရေနဲ့လည်း ဥပမာ ပေးကြသေးတယ်။ မျက်စိရှေ့မှာ မြင်နေရတာ မနေ့ကလည်း ဒီမြစ်၊ ဒီနေ့လည်း ဒီမြစ်ပဲ ဆိုပေမဲ့ တကယ်တမ်းကျ မတူတော့ဘူး။ မနေ့က မြစ်က မရှိတော့ဘူး။ အခုမြစ်သည် အသစ်။ မြစ်တစ်ခုထဲကို နှစ်ကြိမ်ခုန်မဆင်းနိုင်ဘူး ဆိုတဲ့ စကားလိုပဲ။ ခုနက ကိုယ့်ကို ထိပြီး စီးဆင်းသွားတဲ့ မြစ်ရေက အခုမရှိတော့ဘူး။ အခု ထိနေတာ နောက်ထပ်မြစ်ရေအသစ်။ အဲ့ဒါလေးကလည်း ထိပြီးတာနဲ့ စီးဆင်းသွားမယ်။ နောက်ထပ် မြစ်ရေအသစ်က ကိုယ့်ကို လာထိမယ်။


ဂစ်တာကနေ ဂစ်တာသံ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်ပေါ်နေသလို၊ မြစ်ရေတွေ စဉ်ဆက်မပြတ် စီးဆင်းနေသလို၊ ကျွန်တော်တို့ဆီမှာလည်း စိတ်တွေက တစ်ခုပြီးတစ်ခု ဖြစ်လိုက်၊ ပျက်သွားလိုက်၊ နောက်တစ်ခု အသစ်ထပ်ဖြစ်လိုက်နဲ့ ဖြစ်နေတယ်။ ပဋ္ဌာန်း (၂၄ ပစ္စည်း) မှာပါတဲ့ အနန္တရ ပစ္စယော ဆိုတာ အဲဒါကို ခေါ်တာ။ စိတ်ရဲ့ သဘာဝကို အဲ့လိုမြင်ထားဖို့ လိုတယ်။ 


▪️အဲ့လိုမြင်ထားမှ Mental hygiene ဆိုတဲ့ သဘောတရားကို သိသွားလိမ့်မယ်။ လူရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးလိုပဲ စိတ်ကိုလည်း သန့်ရှင်းအောင် ထားဖို့ လိုလာတယ်။


Personal hygiene မှာ ဒီနေ့ သွားတိုက်ပြီးပြီဆိုလို့ မနက်ဖြန် တိုက်စရာ မလိုတော့ဘူးလို့မှ မရှိတာ။ ဒီနေ့လည်း လုပ်ရမယ်။ မနက်ဖြန်လည်း လုပ်ရမယ်။ သန်ဘက်ခါလည်း လုပ်ရမယ်။ မသေမချင်းကို လုပ်သွားရမယ်။ မလုပ်တဲ့နေ့ ပြန်ညစ်ပတ်မှာပဲ။ 


စိတ်သည်လည်း ဒီအတိုင်းပဲ။ ငါ့မှာ စိတ်ကောင်းရှိတယ်ဆိုရင် ဒါက တစ်သက်လုံး တည်မြဲနေမှာ၊ ဘာမှ ထပ်လုပ်စရာ၊ ကြိုးစားစရာ မလိုတော့ဘူး ထင်သွားမယ်။ မဟုတ်ဘူး။ တစ်ကိုယ်ရည် သန့်ရှင်းရေးလိုပဲ၊ ဒီနေ့လည်း သန့်ရှင်းရမယ်။ မနက်ဖြန်လည်း သန့်ရှင်းရမယ်။ သန်ဘက်ခါလည်း သန့်ရှင်းရေး လုပ်ရမယ်။ ဘယ်တော့ထိလဲဆို သေသည်ထိပဲ။ မလုပ်တာ ကြာလာတာနဲ့အမျှ ကိုယ့်စိတ်မှာ အညစ်အကြေးတွေက ပုံလာမှာပဲ။ 


ဒါကြောင့် Mental hygiene သည် Event မဟုတ်ဘူး။ Process ဖြစ်တယ်။ တစ်ကြိမ်တစ်ခါလောက် လုပ်ရမှာမျိုး မဟုတ်ဘူး။ စဉ်ဆက်မပြတ် လုပ်သွားရမဲ့ ကိစ္စ။ 


▪️စိတ်ကောင်းရှိတယ်ဆိုတဲ့သူတွေ ပြန်စဉ်းစားကြည့်ကြည့်။ ကိုယ့်စိတ်ဟာ အမြဲတမ်း ကောင်းနေသလား။ ဒီနေရာမှာ ဗုဒ္ဓအလိုအရ စိတ်ကောင်းဆိုတာ ဘာလဲ သိဖို့ လိုတယ်။ သူများအပေါ် မယုတ်မာတတ်ရုံပဲ မဟုတ်ဘူး။ 


- ဖြစ်သင့်တာထက် ပိုလိုချင်တဲ့ လောဘ၊ 

- ပျက်စီးစေလိုတဲ့ ဒေါသ၊ 

- မနာလို ဝန်တိုမှု ဆိုတဲ့ ဣသာ မစ္ဆရိယ၊ 

- ထောင်လွှားမှု ဆိုတဲ့ မာန၊ 

- ပျံ့လွင့်ခြင်းဆိုတဲ့ ဥဒစ္စ စတဲ့ စိတ်အညစ်အကြေးတွေ ကင်းစင်နေတာကိုမှ စိတ်ကောင်းလို့ ခေါ်တယ်။ 


ဒီပေတံနဲ့ ကြည့်လိုက်ရင်ကျ ကျွန်တော်တို့မှာ မကောင်းတဲ့စိတ်တွေ မကြာခဏ ဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဒေါသထွက်လိုက်၊ လောဘတက်လိုက်၊ နှမြောတွန့်တိုလိုက်၊ မနာလိုစိတ်တွေ ဖြစ်လိုက်၊ စိတ်တွေက အတိတ်ကိုရောက်လိုက်၊ အနာဂတ်အကြောင်း တွေးလိုက်နဲ့ ဖြစ်နေကြတာ။ 


အစားအစာတစ်ခုဟာ အဆိပ်တော့ မပါဘူးဆိုပေမဲ့ အောက်ပြုတ်ကျထားလို့ သဲတွေပေနေတယ်ဆိုလည်း လူကို ဘေးဖြစ်စေတာပဲ။ ကိုယ့်စိတ်ဟာလည်း အဲဒီအတိုင်းပဲ။ မယုတ်မာတတ်ဘူး ဆိုပေမဲ့ ဒေါသတွေ၊ မနာလိုမှုတွေ၊ မာန်မာနတွေနဲ့ ဖြစ်နေမယ်၊ တစ်ချိန်လုံး ပျံ့လွင့်ပြီး တည်ငြိမ်မှုမရှိ ဖြစ်နေမယ်ဆိုလည်း ဒီစိတ်ဟာ ကိုယ့်ကို ပူလောင်စေပါတယ်။ 


▪️ဒါကြောင့် ကိုယ့်စိတ်ကို အမြဲတမ်း သတိနဲ့စောင့်ကြည့်၊ ဆန်းစစ်နေပြီး မကောင်းတဲ့စိတ်တွေ ပေါ်လာတိုင်း ထိန်းသိမ်းမယ်။ ကောင်းတဲ့စိတ်တွေ ဖြစ်လာအောင် ကြိုးစားမယ်။ လေ့ကျင့်မယ်။ ထပ်ထပ်ဖြစ်နေအောင် ပွားများမယ်။ ဒီလိုကြိုးစားဖို့ လိုတယ်။ 


မာနဆိုတဲ့ ထောင်လွှားမှု ပေါ်လာတဲ့အခါ အနိစ္စ မတည်မြဲခြင်းသဘောကို နှလုံးသွင်းလိုက်။ ရုပ်ရည်ကြောင့်ပဲ မာန်တက်တက်၊ ပညာ၊ ရာထူး၊ နာမည်ကျော်ကြားမှု၊ ပိုက်ဆံ၊ ဘာကြောင့်ပဲ မာနတွေ တက်နေပါစေ၊ တစ်နေ့ ဒါတွေက ပြီးဆုံးသွားမှာပဲ ဆိုတာကို သတိရနေရင် မာနတွေ လျော့သွားလိမ့်မယ်။ 


ဒေါသတွေ အဖြစ်များရင် မေတ္တာများများပွား။ ကိုယ်ဒေါသဖြစ်နေတဲ့သူဆီကို ပွားခိုင်းတာ မဟုတ်ဘူး။ မေတ္တာစိတ် မဖြစ်တဲ့အပြင် လူသတ်ချင်စိတ်တွေပါ ပေါ်လာလိမ့်မယ်။ ဒါကြောင့် မေတ္တာပို့မဲ့သူဟာ ရိုးသားဖို့ လိုတယ် ပြောတာ။ တခြားသူတွေကို အရင်မေတ္တာပို့။ အတော်လေး စိတ်အေးချမ်းလာမှ ကိုယ်မုန်းနေတဲ့သူဆီပါ မေတ္တာထားနိုင်အောင် လုပ်။ (ပုဂ္ဂိုလ်ရေးအမုန်းလောက်ကို ပြောတာ၊ မိစ္ဆာဘီလူးကို မေတ္တာထားနေဖို့တော့ မပါဘူး။ သူ့ကို မေတ္တာပို့နေခြင်းက တခြားလူတွေကို သေပါစေ ထိုင်ဆုတောင်းနေတာနဲ့ အတူတူပဲကိုး။)


စိတ်က ပျံ့လွင့်နေတယ်ဆို သတိကောင်းအောင် လေ့ကျင့်။ Mindfulness ရှိအောင် Meditation များများလုပ်။ 


ကိုယ့်စိတ်မှာ မုန်းတီးမှုအစား သူ့ရဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ ကရုဏာတရားတွေ များများဖြစ်အောင်၊ 

လောဘအစား သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပေးကမ်းရက်ရောခြင်း (Generosity) တွေ များများဖြစ်အောင်၊ 

ဣသာ မစ္ဆရိယအစား သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မုဒိတာတရားတွေ များများဖြစ်အောင် ကြိုးစား။ 


ဒါဆို စိတ်အညစ်အကြေးတွေ နည်းလာပြီး ကိုယ်တိုင်လည်း အေးချမ်းလာမယ်။ တန်ဖိုးရှိတဲ့ အလုပ်တွေကိုလည်း လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ 


▪️ဓမ္မ - အဓမ္မ၊ သူတော်ကောင်း - လူယုတ်မာ ဆိုပြီး ခွဲကြသလို စိတ်ကိုလည်း စိတ်ကောင်း - စိတ်ယုတ်မာ ဆိုတာနဲ့တင် မရပ်လိုက်ပါနဲ့။ အညစ်အကြေး ဆိုတဲ့ ရှုထောင့်ကနေပါ ကြည့်ပါ။ မယုတ်မာဘူး ဆိုပေမဲ့ အညစ်အကြေးတွေ ရှိနေရင်လည်း စိတ်အေးချမ်းကြည်လင်မှုကို ရမှာ မဟုတ်ပါဘူး။ စိတ်ဆိုတာကလည်း စဉ်ဆက်မပြတ် ဖြစ်နေတဲ့အရာမို့ သူ့ကို သန့်ရှင်းအောင် လုပ်ဖို့ကိစ္စကလည်း တစ်ကြိမ်တစ်ခါနဲ့တင် မရဘူး။ အမြဲလုပ်သွားဖို့ လိုပါတယ်။ 


ဒါကြောင့် လောကမှာ စိတ်ကောင်း’ရှိ’တဲ့သူ ဆိုတာ မရှိပါဘူး၊ စိတ်ကောင်း များများ’ဖြစ်’အောင် ကြိုးစားနေတဲ့သူပဲ ရှိတယ်လို့ ပြောရတာပါ။


ဒေါက်တာ ဖြိုးသီဟ

၁၅.၅.၂၀၂၂

Monday, December 19, 2022

မြန်မာရှေးဘုရင်မင်းဆက်များ

 မြန်မာရှေးဘုရင်မင်းဆက်များ




●ပထမတကောင်းမင်းဆက်၊

●ဒုတိယတကောင်းမင်းဆက်၊

●သရေခေတ္တရာပထမမင်းဆက်၊

●သရေခေတ္တရာဒုတိယမင်းဆက်၊

●ပုဂံမင်းဆက်၊

●ပင်းယမင်းဆက်၊

●စစ်ကိုင်းမင်းဆက်၊

●မဂဒူး မင်းဆက်၊

●အင်း၀မင်းဆက်၊

●တောင်ငူမင်းဆက်၊

●မွန်မင်းဆက်၊

●ရခိုင်မင်းဆက်၊

●ညောင်ရမ်းမင်းဆက်၊

●ကုန်းဘောင် မင်းဆက်


■ပထမ-တကောင်းမင်းဆက်■

----------------------------------

ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့်သာကီ၀င်မင်းသားတစ်ပါး ဖြစ်သည်။ထိုမင်းသား ၏ အဘိုးသည် သာကီ၀င် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည် သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။


မင်းဆက်(၃၃)ဆက်

------------------------

1. အဘိရာဇာ

2. (သား) ကံရာဇာငယ်

3. (သား) ဇမဗြူဒီပရာဇာ

4. (သား) သင်္ဃသရာဇာ

5. (သား) ဝိပ်ပန်နရာဇာ

6. (သား) ဒေ၀တရာဇာ

7. (သား) မုနိကရာဇာ

8. (ဘထွေး) နာဂရာဇာ

9. (ညီ) ဣန္ဒရာဇာ

10. (သား) သမုတိရာဇာ

11. (သား) ဒေ၀ရာဇာ

12. (သား) မဟိန်ဒရာဇာ

13. (သား) ဝိမလရာဇာ

14. (သား) သီဟနုရာဇာ

15. (သား) မင်္ဂလရာဇာ

16. (သား) ကံသရာဇာ

17. (သား) ကလိင်္ဂရာဇာ

18. (သား) သင်းတွဲရာဇာ

19. (သား) သီဟဠရာဇာ

20. (ညီ) ဟံသရာဇာ

21. (သား) ဝရရာဇာ

22. (သား) အလောင်းရာဇာ

23. (သား) ကောလကရာဇာ

24. (သား) သူရိယရာဇာ

25. (သား) သင်ကြီးရာဇာ

26. (သား) တိုင်းချစ်ရာဇာ

27. (သား) မဓုရာဇာ

28. (သား) မင်းလှကြီးရာဇာ

29. (သား) သံသုသီဟရာဇာ

30. (သား) ဓနင်္ဂရာဇာ

31. (သား) ဟိန်ဒရာဇာ

32. (သား) မောရိယရာဇာ

33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။

*(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။


■ဒုတိယ-တကောင်းမင်းဆက်■

------------------------------------

အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော သာကီ၀င်မင်းတစ်ပါးသည် သာကီ၀င်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ထိုနေရာက(၁၇) မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။ နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတ ကို အိမ်ရှေ့မင်း အပ်နှင်း၏။ ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည် ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို နှိမ်နင်းပြီးသောအခါ မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေ ခေတ္တရာ) ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။ ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။




မင်းဆက်(၁၇)ဆက်

------------------------

1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း

2. သတိုးတိုင်းသ ရာဇာမင်း

3. သတိုးရထားရမင်း

4. သတိုးတံခွန်ရမင်း

5. သတိုးလှံပျံရမင်း

6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)

7. သတိုးဂဠုန်ရမင်း

8. သတိုးနဂါးရမင်း

9. သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ-မောင်ပေါက်ကျိုင်း)

10.သတိုးရဟောလာမင်း

11.သတိုးပေါင်းရှည်မင်း

12.သတိုးကျောက်ရှည်မင်း

13.သတိုးဆင်လောက်မင်း

14.သတိုးဆင်ထိန်းမင်း

15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား

16.သတိုးမင်းကြီးမင်း

17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။


■သရေခေတ္တရာ-ပထမမင်းဆက်■

---------------------------------------

ဧရာဝတီမြစ်၏ အောက်ပိုင်း (အကြေအရပ်)တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ် ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ် အတွင်း မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။ ဦးကြီးရသေ့နှင့် တွေ့သည်။ ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာ၀ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေသည်။ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။ မြို့တော်မှာ (ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။ သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာ၀တွင် သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင် (တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘောဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ (ဘုန်းကြီး ကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။ မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍ မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။


မင်းဆက်(၂၇)ဆက်

------------------------

1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484)

2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478)

3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)

4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)

5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)

6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)

7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)

8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)

9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)

10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)

11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)

12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98)

13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)

14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)

15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)

16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9)

*[သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။]

17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)

18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)

19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)

20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37)

21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40)

22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47)

23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)

24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)

25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)

26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)

27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)

*[ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။]


■သရေခေတ္တရာ-ဒုတိယမင်းဆက်■

-----------------------------------------

မင်းဆက်(၂၀)

1. သီဟသူ

2. (ညီ) ကျစွာ

3. စောရန်နောင်

4. မျက်နှာရှည်

5. မထီးလို (လု)

6. လုပ်ပြာ (ဖျာ)

7. စုကတေး

8. မင်းရဲကျော်စွာ

9. သီဟသူ

10.စောရွှေခွက်

11.နရပတိ

12.(သာယာ၀တီ)

13.မင်းကြီးဆင်များ

14.ညီတော်သတိုး

15.မင်းစောဆင်ဖြူရှင်

16.သားတော် မင်းတရား

17.နရပတိ

18.မင်းခေါင်

19.မင်းတရားကျွန်တော် သတိုး

20.သတိုးမင်းစော


■ပုဂံမင်းဆက်■

-------------------

မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါ၀င်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။

၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို

(က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊(ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အ ထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်


မင်းဆက် (၅၈)ဆက်

------------------------

(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)

(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)

(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)

(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)

(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)

(၆) ပိုက်သေဉ်လည် (ကောဇာသက္ကရာဇ် ၂၄၆ နှစ်)

(၇) သေဉ်လည်ကြောင်(ကောဇာသက္ကရာဇ်၂၆၆-နှစ်)

(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)

(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)

(၁၀) မုက္ခမန် အမတ် (၂) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)

(၁၁) သူရဲ အမတ် (၃) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)

(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ- ၄၁၆-နှစ်)

(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)

(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)

(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)

(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)

(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)

(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)

(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)

(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)

(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)

(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)

(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)

(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)

(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)

(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)

(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)

(၂၈) သိန်ခွန် (သိန်းစွန်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၉၆)

(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)

(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)

(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)

(၃၂) ထွန်လတ် (မွန်လတ်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၁၄၇)

(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)

(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)

(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)

(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)

(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)

(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)

(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)

(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)

(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)

(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)

(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)

(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)

(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။

(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)

(၄၇) မင်းရှင်စော <ထီးနန်းမရ>

(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)

(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)

(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)

(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)

(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)

(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)

(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>

(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကို၀င်ရောက်တိုက်ခိုက်သည်။

(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)

(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)

(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄) [2]


သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှာ ရှမ်းညီနောင်သုံးဦးဖြစ်သည်။


■ပင်းယမင်းဆက်■

-----------------------

ပင်းယမင်းဆက် (၆)ဆက်

------------------------------

1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)

2.မင်းဆက်(၁) တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း

3.(၂) ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း

4.(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း

5.(၄) ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း

6.(၅) နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း

7.(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း


■စစ်ကိုင်းမင်းဆက်■

-------------------------

စစ်ကိုင်းမင်းဆက် (၇)ဆက်

--------------------------------

(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀)

(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆)

(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)

(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)

(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)

(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)

(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1]


စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။


■မဂဒူး မင်းဆက်■

-----------------------

မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉)

အေဒီ (၁၁) ရာစုတွင် သု၀ဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမ မှ ဒုန်၀န်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှူံးပြန်သဖြင့် ဟံသာ၀တီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။ ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်း၀တွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။


မဂဒူးမင်းဆက် ၁၈ ဆက်

-----------------------------

1.ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆)

2.ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)

3.စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)

4.စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)

ဇိတ်ပွန်(၇ ရက်)

5.စောအဲကံကောင်း(၄၉ ရက်)

6.ဗညားအဲလော(၁၃၃၁-၁၃၄၈)

7.ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)

8.ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)

9.ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)

10.ပထမဗညားရံ(၁၄၂၆-၁၄၄၆)

11.ဗညားဗရူး(၁၄၄၆-၁၄၅၀)

11.ဗညားကျန်းထော(၁၄၅၀-၁၄၅၃)

12.လိပ်မွတ်ထော(၇ လ)

13.ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂)

14.ဓမ္မစေတီ(၁၄၇၂-၁၄၉၂)

15.ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)

16.သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)


ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၄င်းတို့မှာ ဟံသာ၀တီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမမှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။


■အင်း၀မင်းဆက်■

------------------------

အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃-ရာစု အလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံး၀ သြဇာမရှိတော့နောက်တွင် တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ တစ်နယ်တစ်မင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက် ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်း၀နန်းတည်ကာအင်း၀မင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်း၀မင်းဆက်မှ မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။ တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်း၀ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာ၀တီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။


အင်း၀မင်းဆက် ၃၀ ဆက်

------------------------------

(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)

(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)

(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား)

(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)

(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)

(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)

(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း)

(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)

(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)

(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)

(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ)

(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ)

(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း)

(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား)

(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား)

(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း)

(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်)

(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ)

(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)

(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)

(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)

(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)

(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)

(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)

(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)

(၂၆)နရာ၀ရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း)

(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)

(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ)

(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)

(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာ၀တီပါမင်း)


■တောင်ငူမင်းဆက်■

---------------------------

တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာ၀တီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာ၀တီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။

ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်း ပါ၀င်ပါတ်သတ်မှု ရှိနေပြသောကြောင့် ဖြစ်သည်။


တောင်ငူရာဇ၀င်အကျဉ်း

-----------------------------

သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီညို လက်ထက်တွင်ဖြစ်သည်။


သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာ၀တီကို အောင်နိုင်ပြီး ဟံသာ၀တီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။


တပင်ရွှေထီး ဟံသာ၀တီကို အောင်နိုင်ပြီးဟံသာ၀တီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။


ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။


နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာ၀တီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။


သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်း၀မှ အနောက်ဖက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။


တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာနှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။


တောင်ငူမင်းဆက် ၈ ဆက်

-------------------------------

မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)

တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)

မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)

တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)

ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)

နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)

မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)

နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။


■ညောင်ရမ်းမင်းဆက်■

----------------------------

တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။


ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၄င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်း၀၊ပြည်၊တောင်ငူ၊ဟံသာ၀တီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။


ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်း၀ကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။


ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။


နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်၀န်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်း၀ကိုပါသိမ်းယူကာ အင်း၀ဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာ၀တီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။


ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။


ညောင်ရမ်းမင်းဆက် (၁၁)ဆက်

-------------------------------------

(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)

(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)

(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)

(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)

(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)

(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)

(၇)နရာ၀ရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)

(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)

(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)

(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)

(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)


■ကုန်းဘောင် မင်းဆက်■

------------------------------

ဖြစ်ပေါ်လာပုံ

ခရစ် ၁၇၅၂ ခု၊ မတ်လ (၁၁) ရက်နေ့တွင် ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ ခရစ်(၁၇၃၃-၅၂) နှင့် မိဘုရားတို့ ဟံသာဝတီသို့ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသည် အစုအစည်းမဲ့သော အခြေအနေသို့ ရောက်ရှိခဲ့တော့သည်။ သို့ကလို အဘက်ဘက်မှ ယိုယွင်းပျက်စီးပြိုလဲနေသော နိုင်ငံတော်ကြီးကို တတိယအကြိမ် တလုံးတစည်းတည်း စုစည်းတည်ထောင် စုရုံးနိုင်ခဲ့သူမှာ မုဆိုးဖို (ရွှေဘို)မှ ရွာသူကြီး ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားကြီး ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းမြတ်သည် ပထမဦးစွာ မြန်မာနိုင်ငံတော်ကို စည်းရုံးနိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းခဲ့၍ အရှေ့တောင်အာရှတွင် မြန်မာ့အာဏာဆက်သည် ကျယ်ပြန့်ခဲ့သည်။ အလားတူပင် ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယအကြိမ် အလောင်းမင်းတရားတို့သည်လည်း ပထမအကြိမ် အနော်ရထာမင်းမြတ်ကဲ့သို့ပင် နိုင်ငံတော်ကြီးကို စည်းရုံးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်၏ အာဏာဆက်ကိုလည်း ကျယ်ပြန့်နိုင်ခဲ့ကြသည်။


အင်းဝနေပြည်တော် မပျက်မီကပင် မုဆိုးဖိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး မိုးညင်းမင်းတရားအဆက် မုဆိုးဖိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင်အကြီးအကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်းထင်ပေါ်ခဲ့၍ အင်းဝပျက်ပြီးသောအခါ ၁၇၅၂ ခု၊ ဧပြီလ (၉)ရက်နေ့တွင် မုဆိုးဖိုမြို့သူကြီး ဦးအောင်းဇေယျထံသို့ မွန်အင်အားစု လာရောက် သစ္စာပေးသည်။ တစ်နေ့တည်းမှာပင် ကွေ့မင်းဂုဏ္ဏအိန်အဖွဲ့လည်း လာရောက် သစ္စာပေးသည်။ ယင်းသို့ သစ္စာပေးသည်ကို ဥပါယ်တံမျဉ်ဖြင့် ငြင်းပယ်၍ခရစ် ၁၇၅၂ ခု၊ ဧပြီလ (၁၇)ရက်နေ့ မြို့သူကြီး ဦးအောင်ဇေယျသည် အလောင်းမင်းတရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်အဖြစ် ခံယူခဲ့လေသည်။ သို့ကလို ကုန်းဘောင်းမင်းဆက်ကို မြန်မာသက်ကရာဇ် ၁၁၁၅ ခုနှစ် တွင် တည်ထောင်သည်ကို အမှတ်ရလွယ်ကူစေရန် ဥဩအော်မြည် ကုန်းဘောင်တည် ဟူ၍ မှတ်သားထားခဲ့ကြလေသည်။


ဘာကြောင့်ခေါ်

ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓာတ်မြတ်ဓာတ်ထူးဖြစ်သော ဂဗ္ဘေ ဓာတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။


ဦးမောင်မောင်တင် (K.S.M.A.T.M) ပြုစုသော 'ရွှေနန်းသုံး ဝေါဟာရအဘိဓာန်' တွင် 'ကုန်းဘောင်မြို့'ခေါ်ဝေါ်ခြင်းအကြောင်းကား မုဆိုးဖိုမြို့အရှေ့ အလောင်းစည်သူမင်းတည်ထားခဲ့သော ကုန်းဘောင်ရိုး၊ တောင်မြောက်တန်းလျက်ရှိသော ကုန်းဘောင်ရိုးကိုစွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ကုန်းဘောင်ပြည်ကြီးဟူ၍လည်း ကျော်စောထင်ရှားခဲ့သည်။ အလောင်မင်းတရားကြီးမှသည် သီပေါမင်းတိုင်အောင် ဤကုန်းဘောင်မင်း ဦးအောင်ဇေယျမှ စတင် ပေါက်ဖွားခဲ့ခြင်း ဖြစ်၍ ' ကုန်းဘောင်ဆယ့်တစ်ဆက်' ဟူ၍ သုံးနှုန်းလေ့ရှိကြသည်။ ကုန်းဘောင်ဟုခေါ်ခြင်း အခြားအကြောင်းမှာ အလောင်းမင်းတရားကြီး၏ ဘိုးတော်ဘီတော်အနွယ်ကား မဟာသမ္မတမင်းမှစ၍ အာဒိစဝံသထိအနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော်ဖြစ်ပေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းကို ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး သတိုးအနွယ်တော် ပျက်လေသည်။ ဟံသာဝတီမွန်မင်းတို့ကား ရေနှင့်တူ၏။ ထိုရေကိုဖြတ်သန်းလွှမ်းမိုး၍ အလောင်းမင်းတရားကြီး၏ ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ အလောင်းမင်းတရားကြီးကား 'ကုန်းဘောင်' နှင့်တူသဖြင့် မင်းတရားကြီး၏ သားတော်အစဉ် မြေးတော်အဆက်ကို'ကုန်းဘောင်မင်းဆက်' ဟု နောင်အခါ ထင်ရှားလာသည်။


ကုန်းဘောင်မင်းဆက် လင်္ကာ

ကုန်းဘောင်မင်းဆက်မှာ အလောင်းမင်းတရားကြီး နန်းတက်သော သက္ကရာဇ် ၁၁၁၅ခု (ခရစ် ၁၇၅၃ ခုနှစ်) မှ ကုန်းဘောင်မင်းဆက် (၁၁)ဆက် မြောက်ဖြစ်သော သီပေါမင်းတရား အင်္ဂလိပ်လက်သို့ပါတော်မူသော သက္ကရာဇ် ၁၂၄၇ ခု(ခရစ် ၁၈၈၅ ခု) အထိ နှစ်ပေါင်း (၁၃၂) နှစ်ကာလကို ကုန်းဘောင်ခေတ် ဟူ၍ ပိုင်ခြား သတ်မှတ်ခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်တို့၏ နန်းတက်နှစ်နှင့် နန်းသက်ကို နောင်လာနောက်သားတို့ အလွယ်တကူမှတ်မိစေရန် ရည်ရွယ်၍ လင်္ကာဖြင့် မှတ်တမ်းတင်ထားလေသည်။


အ-အာ-အောင်လား၊လောင်းဘုရား၊ ရွှေဘိုရှစ်နှစ်ထား (၁၁၁၄ ခုနှစ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျသည် နန်းတက်၍ ရွှေဘိုတွင် ရှစ်နှစ်နန်းစံသည်)


အိမ်-အား- ကျားခေါ်၊ သားနောင်တော်၊သုံးနှစ်ရွှေဘိုပျော် (၁၁၂၂ ခုနှစ်တွင် သားဖြစ်သူနောင်တော်နန်းတက်၍ ရွှေဘိုတွင် ၃ နှစ် နန်းစံသည်)


ဦး-အောင်-ချီ-မူ၊ ညီဆင်ဖြူ၊ ဆယ့်သုံးရွှေဘိုအင်းဝယူ (၁၁၂၅ ခုတွင် ညီတော်ဆင်ဖြူရှင် ရွှေဘိုနှင့်အင်းဝတစ်လှည့်စီ ၁၃ နှစ်နန်းစံသည်)


အုံ-အူ-စား-ရူး၊ သားစဉ့်ကူး၊ ငါးနှစ် အင်းဝမြူး။ (၁၁၃၈ ခုတွင် သားတော် စဉ့်ကူးမင်း အင်းဝတွင်၅ နှစ်နန်းစံ သည်)


အိမ်-ဦး၊ လှော်-ဆား၊ နောင်တော်သားရက်မောင်မောင် အင်းဝထား။(၁၁၄၃ ခုတွင် နောင်တော်ကြီးမင်း၏သား (ဖောင်းကားစားမောင်မောင် အင်းဝတွင် ၇ ရက် နန်းစံသည်)


လောင်းဘုရားသားဘိုးတော်ကား ထိုနှစ်တောင်မြို့သွား( သုံးဆယ့်ရှစ်နှစ်)ထား။(၁၁၄၃ ခု တွင်အလောင်းဘုရား၏သား ဘိုးတော်မင်းသည် တောင်မြို့ (အမရပူရ) တွင် ၃၈ နှစ် နန်းစံသည်)


အုံး-အား- ရေး- အီး၊မြေးဘကြီး၊ ဆယ့်ရှစ်အင်းဝမှီး။(၁၁၈၁ ခုနှစ် မြေးတော်ဘကြီးတော်မင်းသည် အင်းဝတွင် ၁၈ နှစ် နန်းစံသည်)


အောင့်-အီး-ဟီ-ဟောင် ညီကုန်းဘောင်၊ ကိုးနှစ်မြို့ရှောင် (၁၁၉၉ ခုတွင် ညီတော်ကုန်းဘောင်မင်းသည် တောင်မြို့(အမရပူရ)တွင် ၉ နှစ် နန်းစံသည်)


အခေါင်နားရန်၊ သားပုဂံ၊ ခြောက်နှစ်တောင်မြို့ခံ။ (၁၂၀၈ ခုတွင် သားတော် ပုဂံမင်းသည် တောင်မြို့(အမရပူရ)တွင် ၆ နှစ် နန်းစံသည်)


အင်း-ကံ-အားလုံး၊ ညီမင်းတုန်း (ဆ- ဝီ) မန်းမြို့ကုန်း (၁၂၁၄ ခုတွင် ညီတော် မင်းတုန်းမင်းသည် မန္တလေးတွင် ၂၆ နှစ် နန်းစံသည်)


အုတ်-ကုန်း-လူနှော၊ သားသီပေါ ခွန်နစ်မန်းမြို့ပျော်။ (၁၂၄၀ ပြည့်နှစ်တွင် သားတော်သီပေါမင်း မန္တလေးမြို့တွင် ၇ နှစ် နန်းစံသည်) အင်း-ကော-လိပ်-တက်၊ မန်းမြို့ပျက်၊ နန်းသက်ကုန်ခဲ့ပြီ။( ၁၂၄၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကုန်ခဲ့ပြီဖြစ်သည်။)


ကုန်းဘောင်မင်းဆက်တွင် မင်း (၁၁) ပါးရှိသည်။ ယင်းမင်းတို့၏ အမည်နှင့် အုပ်စိုးခဲ့သောကာလများကို အောက်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နယ်ချဲ့၏လက်အောက်သို့ ထိုကုန်းဘောင်မင်းများမှ မင်းသုံးပါးလက်ထက်တွင်တစ်စတစ်စနှင့် တစ်နိုင်ငံလုံးကျရောက်ခဲ့ခြင်း ဖြစ်သည်။ (၇) ဆက်မြောက် စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက်တွင် ရခိုင်နှင့် တနင်္သာရီတို့ကျရောက်ခဲ့ပြီး (၉) ဆက်မြောက် ပုဂံမင်းလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝက် အောက်ပိုင်းကျရောက်ခဲ့ပြန်သည်။ (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင်မူ တစ်နိုင်ငံလုံးကျရောက်ခဲ့တော့သည်။ ပုဂံခေတ် မင်းခွေးချေးလက်ထက်တွင် တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့ရာ ပုသိမ်မြို့အထိဆုတ်ခွာပြေးခဲ့ရသဖြင့် မင်းခွေးချေးကို 'တရုတ်ပြေးမင်း'ဟု ခေါ်ခဲ့သည်။ အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက်တွင် မွန်တို့၏လက်အောက်သို့ကျရောက်ခဲ့သဖြင့် ထိုမင်းကို ဟံသာဝတီရောက်မင်းဟုခေါ်ခြင်း ဖြစ်သည်။


ပုဂံခေတ် တရုတ်ပြေးမင်းလက်ထက်တွင် မြန်မာနိုင်ငံတော် အထက်ပိုင်းသာလျှင် တရုတ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်းဝခေတ် ဟံသာဝတီရောက်မင်း လက်ထက်တွင်မူ တိုင်းရင်သား အချင်းချင်းဖြစ်သော မွန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ခြင်းသာဖြစ်သည်။ ကုန်းဘောင်ခေတ် သီပေါမင်းလက်ထက်တွင် အဂင်လိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ခြင်းမှာ ယခင် ကုန်းဘောင်မင်းနှစ်ပါး (စစ်ကိုင်းမင်းနှင့်ပုဂံမင်း)၏ လက်ထက်တွင် ကျရောက်ခဲ့ပြီးဖြစ်သောမြန်မာနိုင်ငံ သုံးပုံနှစ်ပုံမှ လက်ကျန်တစ်ပုံပါသွားပြီး တစ်ပြည်လုံးအနေအထားနှင့် ကျရောက်ခဲ့ခြင်း ဖြစ်သည်။


(အမည်ငါးမျိုး)

ကုန်းဘောင်မင်းဆက် စတင်ရာ ရွှေဘိုမြို့ကို 'ငါးမည်ရပြည်ရွှေဘို'ဟု ခေါ်ဝေါ်ကြသည်။ ၎င်းငါးမည်မှာ(၁) ရန်ကြီးအောင်၊(၂) ကုန်းဘောင်၊ (၃) ရွှေဘို၊(၄) မုဆိုးဖို၊(၅) ရတနသိင်္ဃ ဟူ၍ ဖြစ်သည်။ မုဆိုးဖိုတွင် အလောင်းမင်းတရား မင်းအဖြစ်သို့ ရောက်ရှိပြီး ၁၁၁၅ ခုနှစ်တွင် မြို့နန်းတည်သောအခါတွင်မှရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ မုဆိုးဖို၊ ရတနသိင်္ဃ ဟူသော ကျန်လေးမည်သည် 'မုဆိုးဖို' ဟူသော ပင်စည်ပင်ရင်းမှ ဝေဆာ၍ဖြာထွက်ခဲ့သော အကိုင်းအခက်များသာ ဖြစ်ကြသည်။ သို့ဖြစ်၍ ကုန်းဘောင်မင်းဆက်ကို မုဆိုးဆက်ဟုလည်း ခေါ်သည်။ ပင်ရင်းမူလဖြစ်သော 'မုဆိုးဖို' အကြောင်းကို 'ကုန်းဘောင်မင်းဆက် မဟာရာဇဝင်ကြီး' ပထမတွဲ စာမျက်နှာ (၆၇) တွင်- "ဘေးလောင်းတော် နရပတိစည်သူမင်းတရားကြီး တိုင်းခွင်လှည့်လည်တော်မူသောအခါ ဤအရပ်သို့ရောက်လျှင် ငပိုအမည်ရှိသော မုဆိုးအား ပိုမြေနယ်နိမိတ် အပိုင်းအခြား ပေးအပ်၍ ဗောင်းဝန်းတိုက်အရပ်တွင် ဗောင်းဝန်းတော်ကိုထားသည်" ဟုရှိသည်။ ထို့ကြောင့် မုဆိုးဖိုသည် ပုဂံနရပတိစည်သူမင်း (ဒုတိယစည်သူ) ၏ လက်ထက်မှစ၍ ပေါ်ထွန်းလာသည်ဟု ဆိုရမည်။


ဦးကုလား၏ 'မဟာရာဇဝင်တော်ကြီး' ပထမတွဲ စာမျက်နှာ (၂၆၉) တွင်မူ- "နန်းစဉ်စာရင်းချုပ်ကြီးတွင် စစ်မက်ရေးရာ ပေါ်ပေါက်လာပါက စစ်သားစုဆောင်းပေးရသော အင်အားသတ်မှတ်ချက်အလိုက် သုံးသိန်းပြုမြို့ မှသည် နှစ်ကျိပ်ပြုမြို့အထိ စာရင်းတွင် နှစ်ရာပြုမြို့ (၁၃)မြို့တွင် မုဆိုးဖိုမြို့ပါဝင်လျက်ရှိသည်" ကို တွေ့ရှိရလေသည်။ မည်သို့ပင်ဆိုစေ မုဆိုးဖိုအမည်သည် ရွှေဘိုမြို့၏ မူလအမည် ဖြစ်သည်။ ပုဂံခေတ်ကျောက်စာများတွင်မုဆိုးဖို ဟူ၍ တွေ့ရှိရသည်။ အချို့ကျောက်စာများတွင် မုဆိုးပို ဟူ၍လည်း တွေ့ရသေးသည်။ မုဆိုးငပိုအား မြေနယ်နိမိတ် အပိုင်းအခြားပေးအပ်ရာမှ မုဆိုးငပိုကို အစွဲပြု၍ မုဆိုးပိုမှ မုဆိုးဖို ဖြစ်လာသည်ဟု ဆိုသည်။ အဂင်လိပ်သံအမတ် ကပ်ပတိန် ဂျော့ဘေကာ၏ ရတနာသိဃင်ခရီးသွားမှတ်တမ်း၌ မုဆိုးဖိုကား အလောင်းမင်းတရားကြီးစိုးစံသော နေပြည်တော် ဖြစ်သည်။ အုတ်မြေသားတို့ဖြင့် လုပ်သော မြို့ရိုးဝိုင်းရံထားသည့် နန်းမြို့ဖြစ်သည်။ မြို့ရိုးသည် (၁၂) ပေထုရှိပြီး ပေ (၂၀)မြင့်၏။ မြေမြို့ရိုးတစ်ဖက်စီ ၌ အလျားသည် အလှမ်း တာတစ်ထောင်ရှိမည်ဟု ကျွန်ုပ် ခန့်မှန်းမိသည်။ စတုဂံတံတိုင်းခတ်နန်းမြို့ ဖြစ်သည်။ နန်းမြို့တွင်း ၌ အိမ်ထောင်စုလေးထောင်ခန့် ရှိသည်။ မြစ်ရိုးမှ အတွင်းဘက်(၁၂) မိုင်အကွာ ညီညာသောမြေပြင်တွင် တည်ထားသောနန်းမြို့ဖြစ်သည်။ သို့သော် သဲမြေ၊ ဆားမြေ အလွန်ပေါသည်။ နေရာအနှံ့အပြား ၌ မြေမည်းများကို တွေ့ရ၏။ ယင်းမြေမည်းကို ကျိုချက်လိုက်ပါက ဆားများစွာ ထွက်သည်။ အနီးအနားဒေသများမှ အနည်းငယ် လုပ်အားစုက်ထုတ်လိုက်ရုံမျှနှင့် ယမ်းစိမ်းအမျိုးကောင်းရသည်။ လူများများ၏ လုပ်အားကိုသုံးလျှင် ယမ်းစိမ်း အမြောက်အမြား ရနိုင်သည်" ဟူ၍ ဖော်ပြထားသည်။


"ရတနာသိင်္ဃ" ဟူ၍ မှည့်ခေါ်ရခြင်းအကြောင်း မှာ ရတနာများစုဝေးရာဆုံရာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မဟာအတုလယသဓမ်မရာဇာဂုရုဆရာတော်ကြီး၏ နန်းစဉ်ပုစ်ဆာအဖြေတွင် " သိင်္ဃ ဆိုသည် ဆုံသည့်ရပ်" ဟုဖြေဆိုခဲ့၏။ မြို့တော်တည်ပြီး နှစ်ပေါင်း (၇၉) နှစ်အကြာ စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက် သီရီမဟာနန္ဒသင်္ကြန်မတ်ကြီး ရေးသားပြုစုသော 'သာသနာဝံသစာတမ်း' အရ 'သိင်္ဃ' ဟူသော ပါဠိဘာသာဖြင့် (လျင်သော) အနက်ကို ဟောသဖြင့် ထိုမင်း၏စည်းစိမ်သည် (မရှည်)စသည်ဖြင့် သိင်္ဃဟုမသင့်၊ သိခင်ဖြစ်သင့်ကြောင်း စောဒကတက်ခဲ့၏။ မည်သို့ဆိုစေ သိင်္ဃကို စတုတ်ထအက်ခရာ (ဃ) ဖြင့် ရေးသားခြင်းသာလျှင် သမိုင်းကြောင်းအရ အမှန်အကန်ဆုံးဖြစ်သည်။ 'ရန်ကြီးအောင်မြို့'ဟု ခေါ်ဝေါ်ခြင်းအကြောင်းမှာ အေဒီ ၁၇၅၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှစ၍ အလောင်းမင်းတရားကြီး မင်းဧကရာဇ်အဖြစ်ယူတော်မူကာ ရန်သူအပေါင်းအား အောင်မြင်ရာဖြစ်သောကြောင့် ဆိုသည်။ 'ရွှေဘိုမြို့'ဟု ခေါ်ဝေါ်ခြင်းမှာ မုဆိုးဖိုအမည်ကို ကဏ်ဏသုခဖြစ်စေရန် ရွှေဖို၊ ရွှေပို ဟူ၍ တင်စားခေါ်ဆိုရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အထက်ဖော်ပြပါ မြို့အမည်ငါးမျိုးမှာ ထင်ရှားသော်လည်း လူသိနည်းသော အမည်တစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ပါဠိဘာသာအားဖြင့် မှည့်ခေါ်ထားသော 'အယုဇ်ဈပူရ'ဖြစ်သည်။ အလောင်းမင်းတရားကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်များတွင် 'အယုဇ်ဈပူရမည်သော ရတနာသိဃင်ကုန်းဘောင်ရွှေပြည်ကြီး' ဟူ၍ အမြဲသုံးစွဲသည်။ ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီးနှင့် မင်းတုန်းမင်းတရားကြီးရေးထိုးခဲ့သော ကျောက်စာများတွင် အယုဇ်ဈပူရ ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။ အယုဇ်ဈပူရ၏အဓိပ်ပာယ်မှာ "စစ်ထိုးခြင်းငှာ မတတ်ကောင်းသောပြည်" ဟူ၍ ဖြစ်သည်။ ကုန်းဘောင်မင်းဆက်သည် မြန်မာသမိုင်း၌ နောက်ဆုံးမင်းဆက်ဖြစ်၍ လည်းကောင်း၊ မင်းဆက်မများဘဲမှတ်သာရန်လွယ်ကူ၍ လည်းကောင်း ယခုတိုင် မြန်မာတိုင်းလိုပင် လက်ချိုးရေတွက် ပြသနိုင်သည်။ ကုန်းဘောင်မင်းဆက်(၁၁) ဆက်ကို အလွယ်တကူရေတွက်ရန် အောက်ပါတေးတပ်ကို ရေးဖွဲ့ ထားလေသည်။


(ကုန်းဘောင်မင်းဆက်တေးထပ်)

ဦးအောင်ဇေယျအမှူးမြောက်ထူးတစ်ယောက်တင်မူ၊

(ဦးလောက်) ပ ဘုရင်တစ်ဆူ၊

ဆင်ဖြူရှင်စခန်း

စဉ့်ကူးမင်းကောင်းစားမီ၊

ဖောင်းကားညီလုတဲ့ ရွှေနန်း၊

ဦးဝိုင်းပ ပထမခေါင်ပျော်၊

မြနောင်တော်ရေဖျန်းအမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊ရွှေစာတမ်းဖွဲ့ပြန်၊

ကုန်းဘောင်ပျော်နေလိုဝင်း၊

ရွှေမင်းသားမြတ်ပုဂံချမ်းအေးဖို့ ပန်း မွှေးပန်၊

မန္တလေးစံတောင်လက်ရုံးရယ်နှင့်မင်းတုန်းမင်း

သီပေါအရှင် ထီးနန်းနှင့်ပလ်လင် ဆယ့်တစ်ဆက်အုပ်စိုးတင့် မုဆိုးဘုရင်စခန်းမို့လေး။

ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာအချက်များ လည်းပါဝင်သည်။ ဝမ်းသာစရာအကြောင်းများလည်း ပါဝင်သည်။ ကုန်းဘောင်းမင်းဆက် ၌ မင်း (၁၁)ပါးရှိရာ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ်ပါဝင်သလို မင်းသာမန်၊ မင်းညံ့များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက် ၌ ထင်ရှား၍ မြန်မာတို့ ဂုဏ်ယူဝင့်ကြွားလောက်သော မင်းများမှာအလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း (ဘိုးတော်ဘုရား)နှင့်ပဉ္စမသင်္ဂါယနတင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်ခဲ့သည်။ သာသနာရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီးငါးကြီးစားသောက်မှု၊ အရက်သေစာသောက်စားမှုတို့ကို တားမြစ်ခဲ့သည်။


ယင်းခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိ နှင့်စာဆိုတော်များ အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြင်ကွန်းတောင်ပေါ်ကျောင်းဆရာတော် ဓမ္မဝိလာသ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ ဦးထွန်းညို၊ ရှင်တေဇောသာရ၊ အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်၊ ခေမာစာရမထေရ်၊ အမတ်ရာဇဗလ၊ ကျုံးဝန်ဘုမ္မဇေယျသင်္ကြန်၊ အမတ်လက်ဝဲဘိနန္သူ၊ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် အစရှိသော ဓမ္မသတ်ဆရာကြီးများ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ဦးတိုး၊ ကျည်းကန်ရှင်ကြီး၊ ဝက်မစွတ်၊ နဝဒေး၊ မင်းကြီးကတော် ခင်ဆုံ၊ စာဆိုတော်ဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ အနောက်နန်းမတော် မမြလေး၊ လှိုင်ထိပ်ခေါင်တင် အစရှိသော စာဆိုတော်များ၊ ဦးကြင်ဥ၊ ဦးပုည အစရှိသော ပြဇာတ်ရေးဆရာများ ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တေးထပ်၊ လေးဆစ်သဖြန်၊ ဘောလယ်၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းကြီးများ စသည်တို့ မြန်မာစာပေတွင် သစ်ဆန်းပေါ်ထွက်လာသည်။


ကုန်းဘောင်ခေတ် ဂီတစာဆိုတော်များအနက် မင်းလက်ဝဲနော်ရထာဘွဲ့ခံ ဦးနေ၊ ဦးလွန်းပြေ၊ စာဆိုတော် ဦးမြတ်လှ၊ အမတ်မင်းသိဂင်ရ၊ စာဆိုတော် မယ်လုပ်၊ဇေယျပတေ့အမတ်၊ ရွှေလိုက်စာရေးဦးမင်းအောင်၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မြဝတီမင်းကြီး ဦးစ၊ ပခန်းမင်းသားကြီး၊ သံတော်ဆင့် ဦးအောင်ပန်း၊ မင်းသားမောင်ကုတ်တေး၊ ဆိုင်းဆရာကြီး ဦးယား၊ စာဆိုဦးတရုတ်၊ မြင်စိုင်းမင်းသား၊ မြစ်ဝိုင်းမင်းသမီး၊ ပြင်စည်မင်းသား၊သာယာဝတီဦးဝိုင်း၊ ဦးကျောက်ခဲ၊ ဆောမြို့စား မင်းဦးစီး၊ စုံနံ့သာမြိုင်ဦးကြော့၊ စာရေးတော်ကြီး ဦးမောင်ကလေး၊ တဘက်ဆွဲရွစား ဦးမြတ်ရစ်၊ မောင်မောင်ဘ၊ မောင်မောင်ဘေ၊ ဆရာမွှန်းကြီး၊ တောင်သမန်လယ်စား ဦးဖေငယ်၊ ဒေဝဣန်ဒာ မောင်မောင်ကြီး၊ ဦးတေနောင်၊ ကန်နီစစ်ကဲ မင်းထင်ရာဇာ၊ မင်းကျော်ရာဇာ၊ နားခံတော်ဝေါကြီးမှူးဦးချုံ၊ စင်တော်ကြီးမင်းသား ဦးသာပြော စသည်တို့ မှာ ထင်ရှားလေသည်။ ကုန်းဘောင်ခေတ်၏ ပညာရေးနှင့် စပ်လျဉ်း၍ မြန်မာစာပေ သာမက ပြင်သစ်စာပေ၊ အဂင်လိပ်စာပေများကိုလည်း လေ့လာလိုက်စားကြသည်။ မန်တလေးမြို့တွင် အဂင်လိပစာသင်ကျောင်းပင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် စစ်မှုထမ်းများကို ဘောင်းဘီများဝတ်ဆင်၍ အီတလီလူမျိုး၊ ပြင်သစ်လူမျိုးဆရာများနှင့် ကြပ်မတ် သင်ကြားစေသည်။ ရှေးအခါက မင်းမှုထမ်းကိစ်စအတွက် ခြေလျင်တော်၊ လှေလျင်တော် များကိုသာ အသုံးပြုသော်လည်း ၁၂၃၅ ခု (၁၈၇၃ ခုနှစ်)မှစ၍ ကြေးနန်းရုံတော်များ ပေါ်လာသည်။ မင်းတုန်းမင်းလက် ထက် ၌ စက်မှုလက်မှုလုပ်ငန်းများကို သင်ကြားရန် နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သည်။ နေပြည်တော်တွင် ရက်ကန်းရုံတော်ကြီး၊ ဆန်ကြိတ်ရုံများ၊ လက်နက်လုပ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ ဖန်ချက်ရုံ၊ မဲနယ်စက်ရုံ၊ ဒဂငါ်းစက်ရုံ စသည်ဖြင့် စက်မှုလက်မှုရုံပေါင်း (၅၀) ကျော်တို့ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့အပြင်မန်တလေး ရတနာပုံနန်းမြို့ အတွင်း ၌ စာပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်ဝေသော 'ရတနာပုံနေပြည်တော်သတင်းစာ 'အမည်ဖြင့် သတင်းစာပင် ပေါ်ပေါက်နေလေပြီ။ ကုန်းဘောင်ခေတ်တွင် ယဉ်ကျေးမှုဘက် ၌လည်း တိုးတက်လာသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုဟုဆိုရာ ၌ အလှအပကို ဖန်တီးသမျှ ပညာရပ်များသာမက လူတို့၏အတွင်းစိတ်ကို လှပစေရန် ပြုပြင်ဖန်တီးပေးသော ကိုးကွယ်ယုံကြည်မှုများလည်း အကျုံးဝင်လေသည်။ ကုန်းဘောင်ခေတ်တွင် အရေးပါသော ဘာသာကြီးသုံးခုမှာ ဗုဒ်ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ်စလာမ်ဘာသာတို့ ဖြစ်သည်။ ဗုဒ်ဓသာသနာသည် မင်းနှင့်ပြည်သူအများစု ကိုးကွယ်သောဘာသာဖြစ်ပြီး ထေရဝါဒဗုဒ်ဓဘာသာမှာ အင်အားအကောင်းဆုံး ဖြစ်သည်။ သို့သော် ဂါထာမန်တရား၊ လက်ဖွဲ့၊ အင်းအိုင်၊ခါးလှည့်၊ယတြာ အစရှိသော မဟာယန ဗုဒ်ဓဘာသာအလေ့အထများကိုလည်း လက်ခံလျက်ရှိကြောင်း တွေ့ရ၏။ ဗုဒ်ဓဘာသာတွင် အတင်ဂိုဏ်းနှင့် အရုံဂိုဏ်း ကွဲပြားမှုသည် ညောင်ရမ်းခေတ်မှစတင်ပြီး ကုန်းဘောင်ခေတ်အထိ ရှိနေခဲ့၏။ သကင်န်းကို ပခုံးတစ်ဖက်မှာ တင်သွင်းလိုသော ရဟန်းသံဃာများက အတင်ဂိုဏ်းတွင် ပါဝင်ပြီး သကင်န်းကို လုံလုံခြုံခြုံရုံပြီးသွားမှသာလျှင် ဝိနည်းတော်နှင့်ညီသည်ဟုယူဆသော ရဟန်းများက အရုံဂိုဏ်းဝင်များ ဖြစ်ကြ၏။ ညောင်ရမ်းခေတ်ဘုရင်များက ၎င်းင်းပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ နောင်တော်ကြီး (ဒီပဲယင်းမင်း) မင်းလက်ထက်တွင်လည်း အတင်ဂိုဏ်းကိုပင် အသိအမှတ်ပြုခဲ့၏။ ဆင်ဖြူရှင် (မြေဒူးမင်း) မင်းမှာလည်း စစ်မက်များတိုက်ခိုက်နေရသဖြင့် ၎င်းင်းပြဿနာ မဖြေရှင်းနိုင်ခဲ့ပေ။ စဉ့်ကူးမင်းလက်ထက်တွင် ဂိုဏ်းနှစ်ခုမှပုဂ်ဂိုလ်များကို အချေအတင်ပြောစေခဲ့သော်လည်း ဘုရင်က ပြတ်ပြတ်သားသား အဆုံးအဖြတ်မပေးနိုင်ခဲ့ပေ။ ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက်တွင် နှစ်ဖက်ပုဂ်ဂိုလ်များ အချေအတင်ပြောစေသောအခါ အရုံဂိုဏ်းက ပိုင်နိုင်စွာ ပြောဆိုနိုင်သဖြင့် အရုံဂိုဏ်းကို မှန်ကန်သောဂိုဏ်းအဖြစ် အသိအမှတ်ပြုခဲ့၏။ ဗဒုံမင်းသည် ပြတ်သား၍ အတွေးအခေါ်အယူအဆကောင်းသူ ဖြစ်သည်။ ၎င်းင်းလက်ထက်မှာပင် သာသနာပြုရာထူး ပေါ်ပေါက်ခဲ့သည်။ မင်းတုန်းမင်းသည် ၎င်းင်းလက်ထက်တွင် ဗုဒ်ဓသာသနာကို တည်တံ့ခိုင်မြဲသန့်ရှင်းစေရန် ရည်ရွယ်သောအားဖြင့် ပဉ်စမသဂငါ်ယနာ တင်ခဲ့၏။ ခရစ်ယာန်သာသနာသည် ပေါ်တူဂီများနှင့် အတူ (၁၅) ရာစုမှစ၍ ရောက်လာခဲ့သည်ဟု ယူဆရန်ရှိသည်။ ပေါ်တူဂီတို့သည် လက်နက်အသစ်များ ကိုင်တွယ်တတ်သဖြင့် ဘုရင်တို့က မြှောက်စားခဲ့ကြ၏။ တောင်ငူခေတ်တွင် ရိုမင်ကတ်သလစ် သာသနာဝင်ဂိုဏ်းမှ သာသနာပြုများ အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ကြ၏။ ၎င်းင်းတိုမှာ သိပ်ပံပညာ၊ ဆေးပညာကျွမ်းကျင်သူများ ဖြစ်သောကြောင့် သာသနာပြုရာတွင် အခွင့်သာကြလေသည်။ ညောင်ရမ်းခေတ်တွင် ငစင်ကာ အုပ်ချုပ်နေသော သန်လျင်သိမ်းပိုက်ပြီးနောက် ခရစ်ဘာသာဝင်များကို စစ်ကိုင်းခရိုင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့၊ မုံရွာ၊ အမြင့်၊ နဘက် စသည့် ရွာ(၁၆) ရွာတွင် နေရာချထားပေးခဲ့ကာ မိမိတို့အစုနှင့် နေထိုင်ကြပြီးသာသနာပြုပုဂ်ဂိုလ်များလည်း မကြာခဏရောက်ကြ၏။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ကျမ်းစာလေ့လာခွင့်များ ရရှိခဲ့ကြ၏။ ကုန်းဘောင်ခေတ်ဦးပိုင်း ဟံသာဝတီကို အလောင်းမင်းတရား အောင်မြင်သောအချိန်တွင် မွန်တို့ဘက်မှဘက်မှ ပါဝင်ကူညီခဲ့သော ပြင်သစ်များကို အထက်မြန်မာနိုင်ငံ နဘက်၊ ချောင်းဦး စသောရွာများ အပါအဝင် (၁၂)ရွာ၌ နေရာချပေးခဲ့၏။ သာသနာပြုပုဂ်ဂိုလ်များက လက်တင်ဘာသာသင်ကြားပေးပြီး ပညာထူးချွန်သူများကို ရောမသို့ ပညာသင်ရန် စေလွှတ်ခဲ့လေသည်။ ၁၈၁၃ ခုတွင် နှစ်ခြင်းဂိုဏ်းမှ ဆရာယုဒသန် (ဒေါက်တာဂျပ်ဆင်) ရောက်လာပြီး သာသနာပြုလုပ်ငန်း စတင်ခဲ့၏။ ၎င်းင်းကိုယ်တိုင် မြန်မာစာပေကိုလေ့လာ၍ 'မြန်မာ- အဂင်လိပ်အဘိဓာန်'ကို ပြုစုခဲ့၏။ ၎င်းင်းဂိုဏ်းမှ သာသနာပြုပုဂ်ဂိုလ်များသည် အိမ်ထောင်ပြုခွင့်ရှိသဖြင့် ဇနီးပါလာသောကြောင့် သာသနာပြုလုပ်ငန်း ပိုမိုအောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ဇနီးများက မပြည့်စုံသော ကလေးသူငယ်များကို ကျွေးမွေးပြုစု၍ ပညာပေးခြင်း စသော လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိကြ၏။ အောက်မြန်မာနိုင်ငံတွင် သာသနာပြုကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တွင် အဂင်လိကန်ဂိုဏ်းမှ သာသနာပြု ဒေါက်တာမတ် (ဆရာမှတ်ကြီး) ကို မန်တလေးသို့ ခေါ်ယူ၍ မြေနေရာနှင့် ငွေကြေး ထောက်ပံ့ခဲ့၏။ သာသနာပြုခွင့်၊ ကျောင်းဖွင့်ခွင့်ပေး၏။ အဓိကရည်ရွယ်ချက်မှာ သားတော်များကို အဂင်လိပ်စာသင်ကြားနိုင်ရေးပင် ဖြစ်သည်။ အစ်စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာထက်စော၍ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု ဆိုနိုင်သည်။ ပုဂံကျောက်စာအချို့တွင် ' ပန်သိယ်'၊' ပသည်' ဟု ရေးသားထားသဖြင့် ပုဂံခေတ်ကပင် အစ်စလာမ်ဘာသာဝင်များ ရှိလိမ့်မည်ဟု ဆိုနိုင်လေသည်။ ကုန်းဘောင်ခေတ် ရောက်သောအခါ မွတ်စလင်အများအပြား ရှိနေလေပြီ။ မဏိပူရမှလာသော မွတ်စလင်များကို' အက်ကပတ် ' ဟု ခေါ်ပြီး မြန်မာမွတ်စလင်များကို ' ဇေတပါဒီ ' ဟု ခေါ်လေ့ ရှိသည်။ စစ်မှုရေးရာနှင့် ကုန်သွယ်မှုတွင် ထူးချွန်သူများ ဖြစ်၏။ အက်ကပတ်မြင်းအစုသည် လွန်စွာ ထင်ရှားသော မြင်းမှုထမ်းများ ဖြစ်လေသည်။ အလောင်းဘုရားလက်ထက်မှ စ၍ မွတ်စလင်များ တိုးတက်လာရာ ဘိုးတော်ဘုရားလက်ထက်တွင် မွတ်စလင်စစ်မှုထမ်းများကို ညောင်ရမ်း၊ မိတ်ထီလာ၊ ရမည်းသင်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ မြေဒူး၊ ဒီပဲရင်း စသော ဒေသများ၌ နေမြေ၊ စားမြေပေးသည့် အပြင် အခွန်လွတ်ခွင့်လည်း ပေးခဲ့၏။ မွတ်စလင်တို့၏ ကုလားပျိုသေနတ်အစုမှာ ထင်ရှား၍ ဘုရင်၏ ယုံကြည်မှုခံယူရသူများဖြစ်သောကြောင့် နန်းတော်စောင့်တပ်၊ ကိုယ်ရံတော်တပ်များအဖြစ် အမှုထမ်းခဲ့ကြရ၏။ ၎င်းင်းတို့အတွက် ဗလီဆောက်လုပ်ရာတွင် ဘုရင်ကိုယ်တိုင် ရွှေပန်နက်စိုက်ပေးခဲ့ကြောင်း သိရပေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အိန်ဒိယသို့ သတင်းထောက်လှမ်းရန် စေလွှတ်ခံရသူများမှာလည်း မွတ်စလင်များပင် ဖြစ်ကြပြီးအထင်ရှားဆုံးမှာ ဦးရွှေတုတ် ဖြစ်၏။ မင်းတုန်းမင်းလက်ထက်တွင် ကြွယ်ဝသော မွတ်စလင်များကို ဘုရင်က သူဌေးဘွဲ့ပေးအပ်ခဲ့၏။ ဘုရင်က သဘေငာ်ဝယ်ယူအသုံးပြုသောအခါတွင် ဘုရင့်သဘေငာ်ကပ်ပိန်အဖြစ် အမှုထမ်းသော ဦးမြနှင့် လက်နက်ရုံ ကြီးကြပ်သူဦးပွင့်တို့မှာ မွတ်စလင်များပင် ဖြစ်သည်။ အထက်ပါ ဘာသာကြီးသုံးခုအပြင် ရှေးအခါက စ၍ အမြစ်တွယ်လာခဲ့သော နတ်နဂါးကိုးကွယ်မှုနှင့် ဗြဟ်မဏအယူဝါဒများလည်း ကုန်းဘောင်ခေတ်တွင် ဆက်လက် ရှင်သန်လျက်ပင် ရှိပေသည်။ ကုန်းဘောင်ခေတ်တွင် ဘာသာယုံကြည်ကိုးကွယ်မှုများ တိုးတက်ထွန်းကားခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ဗိသုကာ၊ပန်းချီ၊ပန်းပု အစရှိသည့် အနုပညာရပ်များ နယ်ပယ်၌ လည်း ထွန်းကားခဲ့သည်ကို တွေ့ရလေသည်။ ဗိသုကာပညာရပ်နှင့် နှီးနွယ်နေသော ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်၊ ပန်းပု၊ ပန်းချီ ပညာရပ်များ များစွာတိုးတက် ထွန်းကားလာခဲ့သည်။

 ကုန်းဘောင်ခေတ်ပန်းချီပညာနှင့် ပတ်သက်၍ ရွှေရေးပန်းချီ၊ ယွန်းထိုးပန်းချီ၊ဆေးရေးပန်းချီ ဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်လေသည်။ ယွန်းထိုးပန်းချီမှာ ပုဂံခေတ်မှခတ်ခဲ့သော ပညာရပ် ဖြစ်သည်။ ယွန်းထည်ပေါ်တွင် ကညစ်ဖြင့်ရေးခြစ်ပြီး ဆေးရောင်သွင်းသော အတတ်ပညာ ဖြစ်၏။ ကုန်းဘောင်ခေတ်တွင် လူသုံးပစ်စည်းအဖြစ် ယွန်းထည်များကို ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြသည်။ အဆင့်အတန်းအမြင့်ဆုံး ပင်မပန်းချီပညာရပ်မှာ ဆေးရေးပန်းချီ ဖြစ်သည်။ ၎င်းင်းပညာသည် ကမ်ဘာသုံးပန်း ချီပညာဖြစ်ပြီး ပုဂံခေတ်မှစ၍ အဆင့်အတန်းမြင့်ခဲ့လေသည်။ မြန်မာ- ဆေးရေးပန်းချီသည် ကနုတ်(ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ကြာဖူး စသည်တို့ပုံကို အခွေအလိပ်များအဖြစ် ရေးဆွဲခြင်းပြီး ခြူးပန်းခြူးနွယ်ဟူ၍လည်း သိရှိကြ၏။ )' နရီ ' (မိန်းမရုပ်ရေးဆွဲခြင်းကို ဆိုလိုသော်လည်း နောက်ပိုင်းတွင် လူရုပ်အမျိုးမျိုးရေးဆွဲခြင်း ပါဝင်လာ၏။)' ကပီ ' (မျောက်ရုပ် ဟု အဓိပ်ပာယ်ရှိသော်လည်း ဘီလူး၊ ဂဠုန်၊ နဂါး စသော အရုပ်များကို ကနုတ်ပန်းများနှင့် ရောနှောရေးဆွဲခြင်း ဖြစ်သည်။) ' ဂဇာ ' (ဆင်၊ မြင်းစသော တိရစ်ဆာန်များကို ကနုတ်ပန်း စသော အဆင်တန်ဆာမပါ ရိုးရိုးရေးဆွဲခြင်း ဖြစ်သည်။) ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများတွင် အနီးအဝေး၊ အလင်းအမှောင် မှန်ကန်မှုမရှိ၊ ဆေးရောင်အမျိုးအစားလည်း နည်းပါးသော်လည်း ခေတ်နှောင်းပိုင်းတွင် အဆင့်အတန်းမြင့်မားလာပြီး အနီးအဝေး၊ အလင်းအမှောင်၊ ဆေးရောင်များ ကောင်းမွန်လာသည်ကို တွေ့ရလေသည်။ ကုန်းဘောင်ခေတ်တွင် ဆေးရေးပန်းချီအမှုထမ်းများကို ပန်းချီတော်အဖြစ် ခန့်ထား၍ အဆောက်အအုံများအပြင် မိဘုရား၊သားတော်၊ သမီးတော်များ ဗဟုသုတပွားများစေရေးအတွက် လေ့လာကြည့်ရှုမှတ်သားရန် ငါးရာ့ငါးဆယ် နိပါတ်ရုပ်စုံများ၊ နန်းဓလေ့မှတ်တမ်းများကို ပုရပိုက်ဖြူများတွင် ဆေးရောင်စုံဖြင့် ရေးဆွဲစေခဲ့သည်။ ကုန်းဘောင်ခေတ် မြန်မာ့ပန်းချီ၏ ထူးခြားချက်မှာ အမြင်မှန်ရေးဆွဲနည်း ဖြစ်၏။ သက်ရှိ၊ သက်မဲ့အရာဝတ်ထုများ ရေးဆွဲးရာတွင် အိမ်နံရံစသည်တို့ကို ဖောက်ထွင်းမြင်ရပုံ ရေးဆွဲခြင်းပင် ဖြစ်သည်။

 အသုံးပြုသောဆေးများမှာ အနီရောင်အတွက် ဟသင်ပြဒါး၊ အဝါအတွက် ဆေးဒန်း၊ အပြာအတွက် ဒုတ်ထာနှင့် မဲနယ်၊ အနက်အတွက်ကျပ်ခိုး၊ အဖြူအတွက် မြေဖြူနှင့်ထုံး တို့ဖြစ်သည်။ အစိမ်းရောင်ရရှိရန် ဆေးဒန်းနှင့် ဟသင်ပြဒါးရော၍သော်လည်းကောင်း၊ သစ်ရွက်ရည်ကိုသော်လည်းကောင်း သုံးလေ့ရှိ၏။ ၎င်းင်းပင်ရင်းဆေးရောင်များကို ရောစပ်ပြီး ပုစွန်ဆီ၊ဂဠုန်အန်ဖတ် (အညိုပုတ်) စသော အရောင်များရအောင် လုပ်ဆောင်လေ့ရှိကြ၏။ ဆီဆေးဖြင့်ရေးဆွဲရာတွင် ဆေးကို ပိုက်ဆံဆီနှင့် ရောနှောပြီး ရေးဆေးဖြင့် ရေးဆွဲသည့်အခါ တမာစေးနှင့် ရောလေ့ရှိ၏။ ပုံကြမ်းရေးဆွဲရန် မီးသွေး တောင့်ငယ်များရရှိရေးအတွက် သင့်လျော်သောအရွယ် ထင်းချောင်းငယ်များကို မီးဖုတ်ယူကြရ၏။ စုတ်တံကိုနွား၏နားအတွင်းမှ အမွေးနုများဖြင့် ပြုလုပ်ကြပေသည်။

 ကုန်းဘောင်ခေတ်တွင် ကြေးထည်ဖြင့် ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊မျက်ပါးခတ်လုပ်ငန်းများလည်း ထွန်းကားခဲ့လေသည်။ ကုန်းဘောင်ခေတ်အတွင်း အခွန်တော်များစွာ ရစေသောလုပ်ငန်းမှာ မျက်ပါးခတ်လုပ်ငန်း ဖြစ်သည်။ ရွှေကိုပါးလွှာအောင်ခတ်၍ရွှေဆိုင်းများ လုပ်သော လုပ်ငန်းဖြစ်လေသည်။ ဤအကြောင်းအရာများကား မြန်မာတို့ခေတ်ကို အမီလိုက်လာပုံ၊တိုးတက်လာပုံကို ပြသသဖြင့် ဂုဏ်ယူဖွယ်ရာများ ဖြစ်တော့သည်။

 ကုန်းဘောင်ခေတ်တွင် ဝမ်းနည်းစရာအဖြစ်အပျက်များကား နောင်တော်ကို ညီတော်များက ပုန်ကန်ခြင်း၊ ခမည်းတော်,ဘထွေးတော်များကို သားတော်၊တူတော်များက ပုန်ကန်ခြင်းများနှင့် နန်းတော်ထဲတွင် သူဘက်ငါ့ဘက် ဟူ၍ တကွဲကွဲအပြားပြား ဖြစ်နေကြခြင်းများ ဖြစ်သည်။ ကုန်းဘောင်မင်းများသည် မြို့တော်များ မကြာခဏ ရွေ့ပြောင်းခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့ကဲ့သို့ပင်လယ်ဆိပ်ကမ်းတွင် မြို့တော်မပြုလုပ်ခဲ့သဖြင့် ထွန်းကားနေသော စက်မှုလက်မှု တိုးတက်မှုများနှင့် အဆက်အသွယ်မရရှိခဲ့ပေ။ ထိုသို့မရရှိခဲ့ခြင်းပင်လျှင် မြန်မာနိုင်ငံ ဆုံးရှုံးရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ မည်သို့ဆိုစေကာမူ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မြန်မာ့မြေပေါ်၌ အဂင်လိပ်နှင့်ပြင်သစ်တို့ အပြိုင်အဆိုင် ဖြစ်နေကြသည်။ မြန်မာဘုရင်က ပြင်သစ်တို့အား အထူးအခွင့်အရေးများပေးပြီးလျှင် မဟာမိတ်စာချုပ်များ၊စီးပွားရေးစာချုပ်များ ချုပ်ဆိုသည်ကို အဂင်လိပ်တို့က အထူးမခံမရပ်ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းကို ပြင်သစ်တို့ သိမ်းပိုက်ခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးခြင်းများ ပြုလုပ်မည်ကို စိုးရိမ်မကင်းဖြစ်ကြသဖြင့် အဂင်လိပ်တို့က မြန်မာနိုင်ငံအထက်ပိုင်းကို ပြင်သစ်တို့ထက် အလျင်အမြန် လက်ဦးမှုရရှိအောင် သိမ်းယူလိုက်ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အနောက်လက်နက်နိုင်ငံကြီးများ စားခွက်လုမှုကြောင့် မြန်မာနိုင်ငံသည် ထီးသုဉ်း၊နန်းသုဉ်း၊မင်းသုဉ်းပြီးနောက် တစ်မျိုးသားလုံး ကျွန်ဘဝကရောက်ကာ မြန်မာဘုရင် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူခဲ့ရပေသည်။ ထိုအချိန်မှစ၍ မြန်မာ့သမိုင်း ၌ မြန်မာနိုင်ငံတော်ကြီးကို တပေါင်းတစည်းတည်းဖြစ်အောင် ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ ကုန်းဘောင်မင်းဆက်သည် (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင် စုံးစုံးမြုပ်ကာ မြန်မာ့သမိုင်းတွင် တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ရပေသည်။


(ကုန်းဘောင်မင်း ၁၁-ဆက် အကျဉ်း)

အလောင်းမင်းတရား

(၁)ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်)


နောင်တော်ကြီးမင်း

(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း (နောင်တော်ကြီးမင်းဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။ ၎င်းလက်ထက်တွင် အလောင်းမင်းတရား၏ရဲဘက်တော်ဟောင်း မင်းခေါင်နော်ရထာ၏ပုန်ကန်မှု နှင့် ဘထွေးတော် တောင်ငူဘုရင်ခံ မင်းရဲသိင်္ခသူတို့၏ ပုန်ကန်မှု ကဲ့သို့သော ပုန်ကန်မှုများကို အောင်မြင်စွာနှိမ်နင်းနိုင်သည်။ ထူးခြားမှုအနေဖြင့် ပုန်ကန်သူများအား သေဒဏ်မပေးဘဲ နေမြဲစားမြဲအတိုင်းသာ စားစေသဖြင့် စိတ်နှလုံးကြီးမြတ်သော မင်းအဖြစ် နှောင်းဆရာတို့သတ်မှတ်ထားသည်။


ဆင်ဖြူရှင်မင်း

(၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။ အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။


စဉ့်ကူးမင်း

(၄)သားတော် စဉ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။


ဖောင်းကားစား မောင်မောင်

(၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ နောင်တော်ကြီးဘုရား၏ သားတော် ငယ်မည် မောင်မောင်။ဖောင်းကားစား မောင်မောင် ဟုအသိများသည်။


ဗဒုံမင်း

(၆)ဗဒုံမင်း(ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၎င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။


ဘကြီးတော်

(၇)ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။


သာယာဝတီမင်း

(၈)ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား စစ်ကိုင်းမင်း ၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။


ပုဂံမင်း

(၉)သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။


မင်းတုန်းမင်း

(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။


သီပေါမင်း

(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ဗြိတိသျှကိုလိုနီကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။


#သုံးသပ်ချက်

ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။ သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၎င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။


မျှဝေသူ - Ko Ko Aung

Thursday, December 15, 2022

ပိဋကတ်မောင်ထွန်းကြိုင်

 ၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ ပိဋကတ်မောင်ထွန်းကြိုင်

wwwwwwwwwwwwwwwwwwwwwwwwwww

(Minn Yu Wai)




လွန်ခဲ့သော နှစ်ပေါင်း ၉ဝ-ကျော်ခန့်က မြန်မာဗုဒ္ဓဘာသာ လောက၌ ထူးခြားသော သူငယ်ကလေးတဦး ပေါ်ပေါက်ခဲ့ဖူးသည်။ သူသည် ဓမ္မကထိက မောင်ထွန်းကြိုင် ခေါ် ပိဋကတ် မောင်ထွန်းကြိုင် ဖြစ်သည် အသက် ၅-နှစ်ခန့် အရွယ်မျှနှင့်ပင် လူထုပရိသတ် ရှေ့မောက်၌ တရားဟောပြောနိုင်သည်။ သူဟောသော တရားမှာလည်း အလွန် နက်နဲသိမ်မွေ့သော ဗုဒ္ဓတရားတော် ဖြစ်သည်။ “လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ပါရမီဖြည့်မှ ရ၍၊ သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ဟောကြားတော် မူအပ်သော တရားတော်ကို ရိုရိုသေသေ နာကြပါခင်ဗျား။ ကျွန်တော် မောင်ထွန်းကြိုင်ကလေးကို မရိုသေကြပါနှင့် ခင်ဗျား’ဟူ၍ အစချီကာ ဟောပြောသည်။


ဟောပြောရာ၌ ဒုစရိုက် ၁ဝ-ပါး၊ ပုညကြိယာ ၁ဝ-ပါး၊ ပါရမီ ၁၀-ပါး၊ ဒွတ္တိံသ ၃၂-ပါး၊ ခန္ဓာ ၅-ပါး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ လက္ခဏရေး ၃-ပါး၊ အပါယ် ၄-ပါး၊ စေတီ ၄-ပါး၊ ဂုဏ်တော် ၉-ပါး စသည်တို့ကို ပါဠိဘာသာနှင့်တကွ မြန်မာလို အနက်ပြန်၍ ရှင်းလင်းဟောပြောသည်။ ခက်ခဲနက် နဲ သော အဘိဓမ္မာတရားကိုလည်း ရှင်းလင်း ဟောပြောသည်။ ထို့ပြင် ဗဋိစ္စသမုပ္ပါဒ် တရားတော်ကိုလည်း ရှင်းလင်း ဟောပြသည်။


“အဝိဇ္ဇာချုပ်လျှင် သင်္ခါရချုပ်ပါသည်။ သင်္ခါရချုပ် လျှင် ဝိညာဉ်ချုပ်သည်။ ဝိညာဉ်ချုပ်လျှင် နာမ်ရုပ် ချုပ်သည်။ နာမ်ရုပ် ချုပ်လျှင် သဠာယတနချုပ်သည်။ သဠာယတနချုပ်လျှင် ဖဿချုပ်သည်။ ဖဿချုပ်လျှင် ဝေဒနာချုပ်သည်။ ဝေဒနာချုပ်လျှင် တဏှာချုပ်သည်။ တဏှာချုပ်လျှင် ဥပါဒါန်ချုပ်သည်။ ဥပါဒါန် ချုပ်လျှင် ဘဝချုပ်သည်။ ဘဝ ချုပ်လျှင် ဇာတိချုပ်သည်။ ဇာတိချုပ်လျှင် မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခံ၊ ဒေါမနဿ၊ ဥပါယာသချုပ်ပါသည် ခင်ဗျား’ စသည်ဖြင့် ကျကျနန တင်ပြ ဟောပြောသည်။ ထို့ပြင် သက္ကာယ ဒိဋ္ဌိ ခွာသင့်ကြောင်းကိုလည်း….


“ငါ့ကိုယ်၊ ငါ့ရုပ်၊ ငါ့နာမ်၊ ငါ့ရွှေ၊ ငါ့ငွေ၊ ငါ့လယ်၊ ငါ့ယာ၊ ငါ့ကိုင်း၊ ငါ့ကျွဲ၊ ငါ့မြင်း၊ ငါ့ပစ္စည်း၊ ငါ့သား၊ ငါ့သမီး၊ ငါ့မယား၊ ငါ့အဆွေ၊ ငါ့အမျိုး၊ ငါသာ တတ်သည်၊ ငါသာမြတ်သည်၊ ငါသာ လိမ္မာသည်၊ ငါ့သာ ပညာရှိသည်ဆိုတာ သက္ကာယဒိဋ္ဌိကြီးပါခင်ဗျာ။ အပါယ်ကြောက်လျှင် ဒိဋ္ဌိကို ခွာကြပါခင်ဗျာ…’ စသည်ဖြင့်လည်း ဟောကြားသည်။ ကြားနာရသူတိုင်း အံ့ချီးမဆုံးရှိကြသည်။ သူသည် မြို့ရွာအများသို့ လှည့်လည် တရားဟောခဲ့သည်။ ဟိုမြို့ကဖိတ် သည်မြို့ကဖိတ်နှင့် ရှိခဲ့သည်။ အံ့ချီးဖွယ်ကောင်းသဖြင့် လူပရိသတ်သာမက ရဟန်းပရိသတ်များကပါ သူ့တရားပွဲသို့ လာရောက်ကြသည်။ ပရိသတ် ၅ဝဝဝ-ကျော် ၆ဝဝဝအထိ စည်ကားခဲ့သည်။ ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရှိ ဇရပ်များတွင် တနေ့ တနေရာစီ ရွှေ့ပြောင်း ဟောပြောခဲ့ရာ ၁၁-ရက်တိတိ ကြာခဲ့သည်။


ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့များ၌ တရားဟောစဉ် မောင်ထွန်းကြိုင်က မိမိသည် ယခင်ဘဝဟောင်းက ပန်းတနော်မြို့မှ ယွန်းကျောင်း ဆရာတော်ဘုရားကြီး ဦးပဏ္ဍိစ္စ ဖြစ်ခဲ့ဖူးကြောင်း ပြောဆိုသည်။ သို့ပြောဆိုရာမှ ဦးပဏ္ဍိစ္စ ပုံပန်းသဏ္ဌာန်နှင့် လူအမည်တို့ကိုလည်း ပြောပြသည်။ ဆရာတော် ဦးပဏ္ဍိစ္စ စီးခဲ့သော လှေအမည်ကိုလည်း ပြောပြသည်။ အားလုံး မှန်ကန်နေပေသည်။ ယွန်းကျောင်းဆရာတော် ဦးပဏ္ဍိစ္စမှာ ၁၂ဝ၇-ခုနှစ်တွင် ဖွား၍ ၁၂၇၇-ခုတွင် ပျံလွန်တော်မူခဲ့သည်။ ဝိနည်းပိဋကတ်တော်တို့ကို ကျွမ်းကျင်စွာ တတ်မြောက်သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ အထူးရိုသေပူဇော်ခြင်းကို ခံရသော ရဟန်းမြတ်ဖြစ်သည်။ မန္တလေးတွင် သီတင်းသုံးတော်မူရာမှ ၁၂၄၇-ခုတွင် သီပေါမင်း ပါတော်မူသောအခါ ပန်းတနော်မြို့ ယွန်းတိုက်ကြီးတွင် ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။


ထို့ပြင် မောင်ထွန်းကြိုင်က ထိုစဉ်က သက်ရှိထင်ရှားရှိနေသော ယွန်းကျောင်း တိုက်အုပ်ဆရာတော် ဦးဇာဂရကိုလည်း “မောင်ဇာဂရ’ဟု ခေါ်ကာ ရင်းနှီးစွာ ပြောဆို ဆက်ဆံခဲ့လေသည်။ မောင်ထွန်းကြိုင်သည် ပန်းတနော်မြို့အပိုင် မင်းဆယ်ရွာဇာတိ ဖြစ်သည်။ ၁၂၈၁-ခု၊ ပြာသိုလဆုတ် ၂-ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ အဘမှာ ကိုဘမောင်၊ အမိမှာ မမယ်ရီ ဖြစ်သည်။ ကိုဘမောင်နှင့် မမယ်ရီတို့သည် အလွန်ဆင်းရဲကြသည်။ မောင်ထွန်းကြိုင်သည် ၄-နှစ်သား အရွယ်တွင် မော်လမြိုင်ကျွန်းအပိုင်၊ ကျုံလတာ ရွာသို့ ခေတ္တပြောင်းရွှေ့ပြီး စီးပွားရှာကြသည်။ ကိုဘမောင်က ပျိုးနုတ် ကောက်စိုက် အလုပ်ကို လုပ်သည်။ မမယ်ရီက သင်ဖြူးဖျာ ယက်သည်။ ထိုနောက် မင်းဆယ်ရွာသို့ တဖန်ပြန်လာကြသည်။ လှေဖြင့် မိသားစုပြန် လာစဉ် ဘိုကလေးသို့ ရောက်သောအခါ ခေတ္တဝင်နားကြသည်။ ကိုဘမောင်တို့က မိတ်ဆွေတဦးကို သွားရောက် နှုတ်ဆက်သည်။ ထိုနောက် ပြန်လည် ထွက်ခွာမည်ပြုစဉ် မောင်ထွန်းကြိုင်က သူတော်ကောင်း အိမ်တအိမ်သို့ ပို့ပေးပါ။ တရားဟောလိုပါသည် ဆိုသည်။


သို့ဖြင့် ဦးရွှေစိုးဆိုသူ၏ အိမ်သို့ အဘကပို့ပေးရာ မောင်ထွန်းကြိုင်က တရားဟောသည်။ ထိုမှစ၍ မောင်ထွန်းကြိုင်သည် တရားများ ဟောခဲ့သည်။ ထိုစဉ်က အသက် ၄-နှစ်နှင့် ဂ-လအရွယ်သာ ရှိပေသည်။ မောင်ထွန်းကြိုင်ကို ဆရာတော်များနှင့် ရဟန်းလူထွက်များက ပါဠိ စာပေများကို မေးမြန်းကြရာ ရဲဝံ့မှန်ကန်စွာပင် ဖြေဆိုပြနိုင်ခဲ့သည်။ မေးမြန်းသော ဆရာတော်များတွင် ဆရာတော် ဦးသုဘောဂလည်း ပါဝင် သည်။ ဆရာတော် ဦးသုဘောဂမှာ တောင်တွင်းကြီးမြို့ မြောက်ဘက် ၁၂မိုင်ကွာ အရပ်ရှိ ရဟန္တာကုန်း၌ သီတင်းသုံးတော်မူသော အရှင်သူမြတ် ဖြစ်သည်။ သက်တော် ၆ဂ- နှစ်၊ ဝါတော် ၄ဂ-ဝါရှိသော တောရ ဆရာတော် ဖြစ်သည်။ ဆရာတော်ဘုရားသည် မောင်ထွန်းကြိုင် တရားဟောရာ ဓနုဖြူမြို့သို့ ကြွလာပြီး ပါဠိကျမ်းဂန်လာ စာအချို့ကို မေးမြန်းတော်မူသည်။ မောင်ထွန်းကြိုင်က မကြောက်မရွံ့ပဲ ရဲဝံ့မှန်ကန်စွာ ဖြေဆိုပြခဲ့လေသည်။


ထိုခေတ်က ပိဋကတ် မောင်ထွန်းကြိုင်၏ အမည်သည် မြန်မာတနိုင်ငံလုံး ပျံ့နှံ့ထင်ရှားခဲ့သည်။ သူ့အကြောင်းကို သတင်းစာများကလည်း ရေးသားဖော်ပြကြသည်။ စာအုပ်များ ရေးသား၍လည်း ထုတ်ဝေ ရောင်းချကြသည်။ ထို့ပြင် သူ့အကြောင်းကို ကဗျာများဖွဲ့ဆိုကြသည်။ သီချင်းများ ရေးစပ်၍လည်း သီဆိုကြသည်။ ယင်းတို့အနက် ၁၂-လမ်း ဆရာဖောင် ရေးသား၍ နာမည်ကျော် အဆိုတော် မစိန်မှုန် သီဆိုသော သီချင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။


“မြတ်ဗုဒ္ဓာ သာသနာအတွင်းပေမို့၊ လောကုတ္တရာ ဘာသာအရင်းကိုဖြင့်၊ (သြော် )စာဓမ္မခံလင်းခဲ့တာက မောင်ထွန်းကြိုင် . . . . . . . အမည်ထူးပေသည်။ ဆန်းပေသည်။ (မှန်ပါပေအတည်)။ အဘိဓမ္မာဓမ္မေသဘောကိုလ၊ သုတ်ပိနေယာ စာဖြေလို့ ဟောခဲ့တာကြောင့်၊ ပြောဖွယ် အရပ်ရပ်မှာဖြင့် ကမ္ဘာတည်၊ မြန်မာပြည်မှာဖြင့် ဓမ္မကထိက ပုဂ္ဂိုလ်ကျော်တဦး(၂)။ ထူးပေသည်။ ဆန်းပေသည်။ (မှန်ပါပေအတည်)။ တောင်ကျွန်းဇမ္ဗူဒီ၊ လက်ယာမြေမဟီ၊ ဓမ္မာရွှေစီ ရွန်းလို့လာသည်။ ပန်းတနော်မင်းဆယ်နဂရ၊ ခပင်းနယ်အဝဝ၊ စံရမမီ(၂)။ တွေးရစ်ဖို့ စကားအတည်၊ လေးနှစ်သား ဇာမနည်။ (၂)၊ ကိုဘမောင် အမည်၊ မမမယ်ရီ၊ ပတ္တမြားရွှေကြုတ်မှာ၊ အားထုတ်ခါပ အတည်။ (ရှေးဘဝကုသလအညီ၊ ၂) ဓမ္မကထိက မောင်ထွန်းကြိုင်အမည်။ ၂) ပိဋကတ်သုံးပုံ၊ နှုတ်ငုံဆောင်နိုင်ကြည်၊ ဟုတ်ပေသည်။ ဘုရားဆုပန် မင်းယောက်ျားမို့ ထက်မြက်ပေသည်။ အဘိဓမ္မာ သဒ္ဒာသွင်းလို့၊ ရင်းဝဓနတည်ကြည်၊ (၂)။ (ထူးမြတ်ပေသည်)၂။ စာဂီ အာသီ ပါရမီ၊ မြန်မာပြည်အဝှန်းမှာ၊ ထွန်းတောက်ခဲ့သည်။ (ရှေးဘဝကုသလအညီ(၂)၊ ကထိက၊ မောင်ထွန်းကြိုင်အမည်(၂) ပိဋကတ်သုံးပုံ နှုတ်ငုံခေဆာင်နိုင်ကြည်၊ ဟုတ်ပေသည်။


ဘဒ္ဒဤကမ္ဘာ မှတ်စရာတွေးကြည်၊ သဗ္ဗဗုဒ္ဓာဆုပတ္ထနာတောင်းသည်။ သတ္တဝါအပေါင်းကို အောင်ကြောင်းမျှော်ရည်၊ ရှိသမျှ တောင်းကျွန်းမဟီ၊ (၂)၊ (ရှေးဘဝကုသလအညီ) (ဓမ္မကထိက မောင်ထွန်းကြိုင်အမည် ၂)၊ ပိဋကတ်သုံးပုံ နှုတ်ငုံခေဆာင်နိုင်ကြည်။ ဟုတ်ပေသည်။ (ပတ်စာပိုး) ပိဋကတ်ရွှေစာ ပြေရွာ အတွင်းမှာလ အသေအချာ လင်းခဲ့တာက၊ ဓမ္မကထိကအခြေညီ၊ သတင်းကြားနှင့်မယုံကြည်၊ အချို့လူက ပြောကြပေသပ၊ နဂိုမူလ သဘောမှာတော့ ကုသလပါရမီ၊ ရှုကြစို့စာသာကီ ရုပ်ပုံဖိုတို ဘလောက်ကိုလ၊ အဟုတ်ပ ကြည်ညိုဖို့ ရောက်ခဲ့တာက မပြတ်မလပ်သပ တကယ် ကြည်၊ မောင်ထွန်းကြိုင်၏ ပါရမီ၊ မြန်မာပြည် ဟံသာဝတီအတွင်းမှာလ၊ ဖက်ပြိုင်လို့မသီ၊ စံတုမမီ၊ ရှေးဘဝက ကုသလပုညအတည်။ (၁၂)လမ်း ဆရာဖောင်၊ စားသွားနဝင်အေးကြည်။ (မစိန်မှုံ) ဆိုရ ပြန်တော့သည်။”


ထိုခေတ်က “ပိဋကတ်မောင်ထွန်းကြိုင်’အကြောင်း ရေးသားထုတ် စာအုပ်များတွင် “ဝိသေသထူးသော၊ ပုဂ္ဂိုလ်ထူး၊ ဓမ္မကထိက။ သုံးဘဝကူး မောင်ထွန်းကြိုင်၏ အတ္ထုပ္ပတ္တိ” အမည်ရှိ စာအုပ်မှာ စုံလင်သည်။ ယင်းကို ရန်ကုန်မြို့၊ ၁ဂ၅ ဒါလဟိုဇီလမ်း၊ မောင်မြကြည် တံဆိပ်ထု စာပုံနှိပ်တိုက်က ထုတ်ဝေသည်။ထိုစာအုပ်တွင် မောင်ထွန်းကြိုင် ၏ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း ဖော်ပြသည်။ ပန်းတနော်မြို့ ယွန်းကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကိုလည်း ဖော်ပြသည်။ မောင်ထွန်းကြိုင် ဟောပြောသော တရားအချို့ကိုလည်း ပူးတွဲပြသည်။ မောင်ထွန်းကြိုင်အကြောင်း ဖွဲ့ဆိုသော ကဗျာနှင့် သီချင်အချို့ကိုလည်း ဖော်ပြသည်။ ထို့ပြင် မောင်ထွန်းကြိုင်၏ ဓာတ်ပုံ၊ မောင့်ထွန်းကြိုင်ဖခင် ကိုဘမောင်၏ ဓာတ်ပုံ၊ ယွန်းကျောင်း ဆရာတော်ဘုရားကြီး ဦးပဏ္ဍစ္စ၏ ပုံတော်၊ ထိုစဉ်က လက်ရှိကျောင်းတိုက် ဆရာတော် ဦးဇာဂရ၏ ပုံတော်စသည်တို့ကိုပါ ဖော်ပြထားသည်။


ထိုစာအုပ်၌ မောင်ထွန်းကြိုင်၏ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖော်ပြထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“ပန်းတနော်အပိုင်၊ မင်းဆယ့်ရွာ၌၊ မကွာတကွ နေထိုင်ကြသော၊ အဘ မောင်ဘမောင်၊ အမိ မမယ်ရီတို့တွင် ၁၂၈၁ခုနှစ် ပြာသိုလဆုတ် ၂ရက်၊ အင်္ဂါနေ့ည ၉နာရီအချိန်၌၊ ဘုန်းကံ ပါရမီနှင့် ယောက်ျားအာဇာနည်ဟု ဆိုအပ်သော သတို့သား မောင်ထွန်းကြိုင်ကို ဖွားမြောက်သန့်စင် အောင်မြင်ခဲ့သည်။ မောင်ထွန်းကြိုင်မှာ အသက် ၄နှစ်နှင့် ၆ လ၊ သေးငယ် နူနယ်သော အရွယ်ကပင်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ငါးဖြာ ဓမ္မခန်၊ ရပ်နာမ်နှစ်ရပ်၊ စွဲကပ်ဒိဋ္ဌိ, ကင်းဘိသက္ကာ။ သစ္စာမလပ်၊ ပဋိစ္စသမုပ္ပါဒ်၊ ရုပ်ဓာတ်စီစဉ်၊ ဌီဘင်သဘောတို့ဖြင့် ကောင်းစွာ ကောင်းစွာ ဟောပြောနိုင်သည့်ပြင်၊ မကြောက်မရွံ့၊ စွန့်စွန့်စားစား၊ ယောက်ျားကောင်းပီပီ၊ တည်ကြည်သော သတ္တိထူး၊ သတ္တိမြတ်၊ ဂုဏ်သကတ်နှင့်လည်း ပြည့်စုံပေ၏။


မောင်ထွန်းကြိုင်မှာ၊ ရှေးပုညပါရမီ စာဂီဘုန်းကံ ။ ရင့်သန်ခဲ့ပေရာ၊ လူသာမန်တို့ ကြံစည်ခြင်းငှာမရရာသော အဘိဓမ္မာ ဒေသနာတော်ကိုလည်း၊ မိမိကိုယ်တိုင်၊ ပိုင်ပိုင် နှိုင်နိုင်၊ ကြံ့ခိုင်သော သဘောထားဖြင့် ဆန်းပြားစွာ ဟောကြားပေသည့် အတွက်၊ လေးနက်လှစွာသော ပရမတ်တရားကို မှတ်သားနာယူဖို့ရာ၊ ကြွရောက်လာကြကုန်သော လူပရိသတ် ရဟန်းပရိသတ် ပုဂ္ဂိုလ်တို့က အထပ်ထပ် ကောင်းချီးဩဘာ ပေးခြင်းကို ခံရပေသတည်း။ ဓမ္မကထိက မောင်ထွန်းကြိုင်မှာ မိမိ တရားဓမ္မ ဟောပြ နေရာတွင် ကြွရောက်သော ပရိသတ် အပေါင်းတို့က၊ ဆုတောင်း မေတ္တာပို့သလျက်၊ ဉာဏ်ပူဇော်ကြသည့် ကြေးငွေ အသပြာတို့ကို မိမိကိုယ်တိုင်၊ တရားဟော၍ ရေစက်ချပြီးနောက်၊ တဖန် ပြန်၍ ငွေကြေး အသပြာတို့ကို စွန့်ကြဲပြန်လေသည်။


ဤသူငယ်လေး နှစ်သက်သော အဝတ်မှာ သင်္ကန်းရောင်နှင့် မခြားမနား။ ဝါလဲ့လဲ့ ရှိသော အင်္ကျီရှည်ကလေးကို အမြဲဝတ်လေ့ရှိသည့်အပြင်၊ စိပ်ပုတီးကို မပြမလပ် စိပ်၍ နေလေ့ရှိ၏။ စိပ်ပုတီးကို မိမိ၏လည်တွင် အမြဲလိုပင်ဆွဲဆင်၍ ထားလေ့ရှိပေသည်။ တရား ဟောပြောမည့် နေရာသို့ ရောက်လျင်၊ မိမိဘခင် ဦးခေါင်း၌ ပေါင်းဆင်ထားသော ပဝါကို အချွတ်ခိုင်းလျက်၊ မိမိအပါးတွင် အမြဲနေစေသည်။ ယွန်းကျောင်းတိုက်အုပ် ဘုန်းတော် ကြီး ဦးဇာဂရက အမိန့်ရှိသည်မှာ မောင်ထွန်းကြိုင်မှာ အလွန်တရာမှ သေးငယ်နူနယ်သော အရွယ်ဖြစ်ရကား တရားဟောရာတွင် လွန်စွာရှည်လျားသဖြင့်၊ အသက်၏ အန္တရာယ်ဖြစ်မည် စိုး၍ တောင်းပန်သည်မှာ တနေ့လျှင် အချိန်အားဖြင့် နှစ်ကြိမ်ကျ၊ တကြိမ်လျှင် နံနက်အချိန်တွင် တနာရီခန့်မျှ၊ နေ့လယ်အချိန်၌ တနာရီခန့်မျှ ဟောပါဟု ပြောကြားပါသော်လည်း၊ မောင်ထွန်းကြိုင်က ပြန်ပြောသည်မှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက် သင်္ချေနှင့် ကမ္ဘာတသိန်း၊ ဖြည့်ဆည်းပူးမှ ရသောတရားကို ဟောပြောရပေလိမ့်မည်။ နိဗ္ဗာန်ရွှေပြည် မြတ်သို့ မရောက်သေးသမျှ ကာလပတ်လုံး၊ သံသရာဝဋ်အတွင်း နစ်မျော၍ လောက၌ ပဋိသန္ဓေ နေခြင်းဆင်းရဲ၊ အိုခြင်း ဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ တို့သည်ကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။ ဒုက္ခအမျိုးမျိုးနှင့် တွေ့ကြုံ သော ဘဝတမျိုးဖြစ်၍ ဟောရမည်ဖြစ်ကြောင်း ပြန်ပြောလေသည်။


မိမိမှာ “ဝတ်ကြောင်ပုဆိုး၊ ကောင်းကျိုးမပေး”ဆိုသော စကားကဲ့သို့ သူတော်သူမြတ်တို့ အရောင်အဝါဖြင့် မှောင်တဏှာ ကင်းရှင်းရန် တောထွက်ခြင်း တည်းဟူသော ရည်သန်ကိစ္စကိုကား ခဏခဏ ပြောဆိုလေ့ရှိကြောင်း။

မောင်ထွန်းကြိုင်မှာ ပါဠိဘာသာမှစ၍ စီကုံးဖွဲ့နွဲ့ထားသော စာမျိုးတို့ကိုပင် မိမိအလိုအလျောက် ဖတ်ပြနိုင်သည့်စွမ်းရည် ရှိသည့်ပြင်၊ အက္ခရာမှားသော စာများကိုပင်ပြင်ဆင်နိုင်သော သတ္တိထူးလည်း ရှိပေသည်။


မိမိ နာမည်ရေးလျက်၊ ၎င်းအောက်တွင် ‘သမ္မာသဗ္ဗုဒ္ဓ မတုလ’ ဟူ၍ အမြဲ ရေးသားလျက် ပါသည်။ အသင်္ခတဓာတ်၊ မြတ်သော နိဗ္ဗာန်ကို မရမီ ကာလပတ်လုံး၊ ဘုံသုံးပါး၌ ကျင်လည် မျောပါရကြကုန်သော သတ္တဝါအပေါင်းတို့အား၊ တရားဓမ္မ ဟောပြနိူင်သော ဘဝမျိုးတွင်သာ အခါမလင့်၊ အသင့်ဖြစ်ရပါ လို၏ဟု တိုတိုပင် ဆုတောင်းလေ့ရှိသည်ပြင်၊ အဆုံးစွန်သောဘဝတွင် သဗ္ဗညုတ ရွှေဉာဏ်ရှင် ဖြစ်ရပါလို၏ဟု ဆုတောင်း၏။ သူတော်ကောင်း၊ သူမြတ်လောင်းတို့၏ ဘုန်းကံ ပါရမီရှိသည့်အလျာက်၊ မိန်းမများကို လွန်စွာ ရှောင်ရှားသည်။ သူ၏ မိခင်မှတပါး အခြားသော မိန်းမများကို မိမိ အပါးသို့ လာမည်ကိုကား များစွာ စိုးရိမ်လေသည်။ လမ်းသွားသောအခါ မိန်းမများကို ဖယ်ကြပါဟု ပြောလေ့ပြောထရှိ၏။


မောင်ထွန်းကြိုင်မှာ ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့များတွင် တရားဟောနေခိုက်၊ ဆန်းကြယ်သော စကားတခွန်းကို ပြောဟောထားလေသည်။ ထိုစကားမှာ အခြားမဟုတ်။ ပန်းတနော်မြို့ကျမှ သူ၏ အဖြစ်အပျက်ကို ပြောပြမည်ဟု အနည်းငယ် ပါရှိလေသည်။ ထိုနောက် များမကြာမီ ပန်းတနော်မြို့သို့ ရောက်လာသောအခါ မိမိသည် ဆွမ်းကျွေးသော အိမ်တအိမ်မှာ နေစဉ်၊ ၎င်းဆွမ်းကျွေးသော အိမ်၌ ပန်းတနော် မြို့အရပ်ရှိ ယွန်းကျောင်းတိုက်၌ စာပို့ချလျက် နေသော၊ တိုက်အုပ် ဦးဇာဂရနှင့် အခြားဘုန်းတော်ကြီးများကို မြင်သောအခါ ဦးဇဂရကို သိသည်ဟု၊ သူ့အနီးတွင်ရှိသော လူများကို မောင်ထွန်းကြိုင်က ပြော၍ “မောင်ဇာဂရ’’ ဟု ခေါ်ပြီးလျှင် အားရရွှင်လန်းစွာ ဦးဇာဂရကိုယ်တော်၏ ပေါင်ပေါ်သို့တက်ထိုင်ပြီး အနည်းငယ် စကားများကိုပြော၍ မိမိသည် ၎င်းဦးဇာဂရကိုယ်တော် သီတင်းသုံးသော ယွန်းကျောင်းသို့ တပါတည်း လိုက်ပါလျက်၊ မိမိမွာ ရှေးဘဝက ထိုကျောင်းတွင် ဆရာတော်ကြီးဖြစ်၍ နေထိုင်ခဲ့ဖူးသည်။ မိမိ နေထိုင်ခဲ့ဖူးသော အခန်းကို အထူးတလည် ရှေးဦးစွာပြလေသည်။ မိမိ အမည်တော်မှာ ဆရာတော်ဖြစ်စဉ်က ဦးပဏ္ဍိစ္စဟု အမည် ရှိသည်ဟု ပြောပြလေသည်။


မိမိတရားဟောသွားသော မြို့ရွာဒေသများတွင် ဦးဇာဂရကိုယ်တော်ကို အထူးတလည် မိမိနှင့်တပါတည်း ပါစေလိုသော ဆန္ဒလည်း ရှိပေသည်။ သို့မှသာလျှင် ရွှင်လန်းစွာနှင့် တရားဟော ပြောပေကြောင်း၊ ထို့ပြင် ယွန်းကျောင်း ဆရာတော်ကြီးဖြစ်စဉ် တောနယ်က တပည့်လက်သားများ ပင့်၍ သွားလိုသောအခါ မိမိစီးသွားသော လှေနာမည်ကို မောင်ထွန်းကြိုင်က “ဘေဘကြီး”ဟု ရုတ်တရက်ထုတ်တ်ဖော်ပြောပြလေ၏။ ယွန်းကျောင်းအနီးအနားတွင်ရှိသည့် ကိုပီကျက်ဥယျာဉ်တွင်းရှိသော ညောင်ပင်တပင်တွင် မိမိသည် ပျံလွန်တော်မှုပြီးလျှင်ပြီးချင်း ရုက္ခစိုးနတ် ၃-နှစ်ကျော်ဖြစ်ပြီးမှ ယခုလက်ရှိ မိခင်ဝမ်းမှာ ပဋိသန္ဓေနေရ၍ ဖွားမြင်လာကြောင်း။


ထိုနောက် တဖန်ပြောပြပြန်သည်မှာ မိမိအား ယွန်းကျောင်းတိုက်ကို ပြန်အပ်ရန် ပြောသောအခါ ဦးဇာဂရ ကိုယ်တော်က မောင်ထွန်းကြိုင်သင်္ကန်ဆီး၍ ကိုရင်ကလေးဖြစ်လျှင် ကျောင်းတိုက်ကို အပ်ပါမည်ဟု ပြောထားရပေ၏။ မောင်ထွန်းကြိုင်မှာ ဆရာတော်ဖြစ်စဉ်တွင် ဘုရားဆုကို အမြဲတောင်းလေ့ရှိ၏။ ညောင်တုန်းမြို့၌ ၁၂၈၆-ခု၊ တန်ဆောင်မုန်း လကွယ်နေ့က တရားမဟောမီ ရဟန်းပရိသတ်လူပရိသတ် ၅ဝဝဝ-ကျော်၊ ၆၀ဝဝ ခန့်ရှေ့တွင် မိမိသည် ရှေးဘဝက ယွန်းကျောင်းဆရာတော်ဖြစ်ခဲ့ဖူး၍ အမည်တော်မှာ ဦးပဏ္ဍိစ္စဖြစ်ကြောင်း၊ ဦးပဏ္ဍိစ္စ ပုံသဏ္ဌာန်ကို လည်း အထူးတူအောင် ပြောပြသွားကြောင်း။


ထို့ကြောင့် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့နိုင်ငံတော်တွင် အံ့ဖွယ်သရဲထူးကဲသော ဘုန်းပါရမီ ဝသီဓာတ်ခံတို့နှင့် အမှန်ပြည့်စုံသော သူတော်ကောင်းဖြစ်သည့်အံ့တိုင်း မောင်ထွန်းကြီးမှာ လောကီအကျိုးကို စက်ဆုပ်ရွံရှာသော အလိုအာသာလည်း ရှိရကား မေတ္တာ ကရုဏာရှေ့ထားလျက် မောင်ထွန်းကြိုင်အား ရှည်လျားမြင့်ကြာ ခန္ဓာညွန့်လျက်၊ ကုသိုလ်ဆက်ဖို့ အသက်ရှည်ရာ ရှည်ကြောင်း ဆုတောင်းဆုယူ ပြုတော်မူကြပါစေကုန်သတည်း။ ဤကား ထိုစဉ်က မောင်ထွန်းကြိုင်အကြောင်း ရေးသားဖော်ပြသော အတ္ထုပ္ပတ္တိ အကျဉ်းချုပ်များထဲမှ တခုပင်ဖြစ်သည်။




မောင့်ထွန်းကြိုင်သည် သုံးနှစ်ခန့်ကျော်ကြားထင်ရှားပြီနောက် တစတစရိုးသွားကာ နာမည်တဖြည်းဖြည်း မှေးမှန်သွားသည်။ နောက်ပိုင်းတွင်သူ့အမညကို မကြားရတော့ပေ။ ထိုအတွင်း သူသည် အိန္ဒိယပြည်သို့ သွားရောက်ကာ ဘုရားဖူးသည်။ မြန်မာပြည်သို့ တော်တော်နှင့် ပြန်မလာ။ အိန္ဒိယတွင် စာပေပညာနှင့် နက္ခတ်ဗေဒပညာတို့ကို သင်ယူသည်။ ထိုနောက် မြန်မာပြည်သို့ ပြန်လာကာ မိဘများနှင့်အတူ မင်းဆယ်ရွာတွင် နေထိုင်သည်။ ထိုနောက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ဗေဒင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ဦးထွန်းကြိုင်သည် ဗေဒင်ဟောရာတွင် ဦးထွန်းကြိုင်အမည်ဖြင့် မဟုတ်။ အခြားနာမည်တခုကို ခံယူ၍ ဟောပြောခဲံသည်။

#winhlaingoo

Tuesday, December 13, 2022

မြန်မာစတိုင်လ် ပုစွန်ထုပ်ဟင်းနဲ့ ဘိန်းမုန့်စားမလား

 🥩🍋🌶😋အမဲအူကြမ်း နှင့် အမဲအူပြုပ် စွပ်ပြုပ် (Beef Maguru and Intestine Soup) 🥩🍋🌶




နေထိုင်မကောင်းလို့ နွမ်းလျ အားနည်းသလို ခံစားရလျင် အမြဲလုပ်စားဖြစ်သော  စွပ်ပြုပ်ပါ။ နှာဆီး အအေးမိ ဖျားနာ တယ့်အခါ ပူစပ်ပူရှိန်းစွပ်ပြုပ်  သောက်လျင် ချွေးထွတ်စေပြီး လူကိုလန်းဆန်းသွား စေပါတယ်။ ငရုတ်သီးအစပ် နှင့် တစ်ခြား ဟင်းခတ်အမွေးအကြိုင်တွေ စုံလင်စွာပါပြီး ကျမ်းမာရေး နှင့်လဲညီညွတ်သော  ကြောင့် ဖော်ပြလိုက်ပါတယ်ရှင်။


🍋🌶🥩ပါ၀င်ပစ္စည်းများ

အမဲအူကြမ်း ၃၀ ကျပ်သား 

အမဲပုဆိုးကြမ်း ၂၀ ကျပ်သား

အမဲအူ ၂၀ ကျပ်သား

ကြက်သွန်ဖြူ ၅ တက် (အခွံခွာ တစ်ပြားရိုက်)

ချင်း လက်တစ်ဆစ် (တပြားရိုက်ထားပါ)

ဆား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း 

နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း 

ငံပြာရည် ၁ ဇွန်း စားပွဲ ဇွန်း 

ငရုတ်ကောင်း တစ်၀က် ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးစိမ်း  ၅-၇  တောင့် (ထပ်ခြမ်းခွဲပါ)

စပါးလင် ၂ ချောင်း  (ထု ထုံးပြီးထည့်ပါ)

သံပုရာသီး ၁ လုံး (အရည်ဖျန်းစားရန်)

ရှောက်ရွက်  ၂ ခတ် (ခတ်ပါးပါးမျှင်လေးလှီးထားပါ စွပ်ပြုပ်ပေါ်ကဖြူးစားရန်)



🫕ပြုလုပ်နည်း

၁။ အိုးကြီး ထဲသို့ ပါ၀င်ပစ္စည်းများ အားလုံးထဲ့ပြီး ရေမြူပ်အောင် ထည့်ပြီး ဆူအောင် တည်ပါ။  ရေဆူလျင် မီးမျင်မျင်လေးဖြင့် ၁ နာရီလောက် ရေခမ်းတယ့်အထိတည်ပါ။ အသားနူးအိအောင် ရေ ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူအောင်တည်ပါ။ 

၂။ ရေဆူပြီး အနည်းငယ်ရေခန်း လျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခံနည်း မှ အတုံးသေးသေးတွေတုံြး့ပီး သံပုရာရည် နှင့် ရှောက်ရွက် ဖြူးပြီး လိုသလို သောက်သုံးနိုင်ပါပြီး။ 🥰


🌶ငရုတ်သီးစိမ်း နှင့် ရှောက်သီး 



သိပ်ကို အတွဲမိပါတယ။် နှစ်ခုပေါင်း ကြော်လိုက်တော့ ချင်စပ်စပ် အရသာလေး ဖြင့် ဆွဲဆောင်မှုတွေက ကြားယုံနှင့် သရေကျစေပါတယ်။ နလန်ထ ထမင်းစား ပျက်နေသူတွေ အတွက်လဲ ထမင်းမိန်စေသော ဟင်းလေးတစ်ခွက်ပါ။  ထမင်း မိန် စေတာ တကယ်ပါ။ ထမင်း ကို နှစ်ပုကန် မစားတဲ့ စည် တောင် ထမင်းနှစ်ပုကန် ကုန်ပါတယ်။ ချက် ဖြစ်အောင် ချက် စားကြည့်နော်……….❣️🌶


🌶🌶ပါ၀င်ပစ္စည်းများ

ရှမ်းငရုတ်သီးစိမ်း ၃၀ ကျပ်သား (အနေတော် လေး တွေ ညှပ်ထားပါ)

ပုစွန်ခြောက်မှုန့် ၅ ဇွန်း စားပွဲဇွန်း 

ဆား ၁ ဇွန်း လက်ဖက်ဇွန်း

မျှင်ငပိစိမ်း ၁ ဇွန်း လက်ဖက်ဇွန်း

အသီးအရွက်ဆီ ၇ ဇွန်း စားပွဲဇွန်း 

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ ၄ တက် (ထောင်းထားပါ)

အရောင်တင်မှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

နနွင်းမှုန့် တစ်၀က်ဇွန်း လက်ဖက်ဇွန်း

ရှောက်သီး ၁ လုံး (အသားများနွာထားပါ)




🫕ပြုလုပ်နည်း

၁။ မကပ်သော အကြော် အိုးထဲ သို့ ဆီ ထဲ့ ပါ။ ဆီပူ လာလျှင် နနွန်းမှုန့် နှင့် ကြက်သွန်ဖြူ၊နီ ထည့်တည်ပါ။ 

၂။ မွှေးပြီး အရောင် လှလာလျှင် ငပိ၊ အရောင်တင်မှုန့် နှင့် ငံပြာရည် ထည့်ပါ။ သိသိသာသာ မွှေးပြီး လာပါလိမ့်မယ်။ ငရုတ်သီးစိမ်း များထည့်ပြီး နွမ်းလာသည် အထိကြော်ပါ။

၃။ ပုဇွန်ခြောက်မှုန့် ကိုထဲ့ လို့ရပါပြီး။ ပြီးလျင် နွာထားသော ရှောက်သီးအသားများ ကို ထဲ့ ပြီး ဖြည်းဖြည်း နဲ့ မွှမွှ လေးမွှေပေးပါ။ ဆားထည့် ပြီး ခတ်ဖွဖွ နှံ့အောင်မွှေပါ။

၄။ ငရုပ်သီး နွမ်းလာ လျှင် ဆားမြည် ပါ။ လိုတာ ကို ထပ်ဖြည့်ပြီး ထမင်းပူပူ ဆူးပုတ် ပဲထောပတ် ဟင်းချို တို့ဖြင့် တွဲစားမယ်ဆိုလျင် အင်မတင် လိုက် ဖက်ပါတယ်။ 

*မှတ်ချက်- သက်သက်လွတ်ကြော်ချင်လျင် ဆား၊ မြေပဲဆန်တို့ဖြင့်ကြော်ရင်ရပါတယ်။ 🌶


😋🦐မြန်မာပုဇွန်ထုပ်ဟင်း (Myanmar Style King Prawn Curry) 🍤🌶




ပုဇွန်ဟင်းက ချက်ရတာမြန်သလို အရသာ အရှိဆုံးဟင်းတစ်ခွက်ဆို တာအာမခံနိုင်ပါတယ်။ ❣️

🧅ပါ၀င်ပစ္စည်းများ (ဆီသတ်ရန်) 

ကြက်သွန်ဖြူ ၅ မွှာ (ညက်ညက်လေးထောင်းထားပါ)

ကြက်သွန်နီ ၄-၅ လုံး (ညက်ညက်လေးထောင်းထားပါ)

ချင်း လက်တစ်ဆစ် (ထောင်းထားပါ)

နနွင်းမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း

ဆီ ၅ ဇွန်း စားပွဲဇွန်း

ခရမ်းချဉ်သီး ၅ လုံး (အစေ့ထုပ်ပြီး ခတ်ပါးပါး လှီးထားပါ)

ငရုတ်သီးစိမ်း ၈ တောင့်(အစေ့ထုပ်ပြီး ခတ်ကြမ်းကြမ်းလှီးထားပါ)

နံနံပင် ၃ ပင် (ခတ်ကြမ်းကြမ်းလှီးထားပါ)

ပုဇွန်နယ်နှပ်ထားရန်

ပုဇွန်ထုပ်ကြီး ၈ ကောင် (အခွံခွာထားပါ)

နနွင်းမှုန့် အနည်းငယ်

ဆား အနည်းငယ်

ငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း


🫕ပြုလုပ်နည်း

၁။ ပုဇွန်နယ်နှပ်ရန် ပါ၀င်ပစ္စည်းများ အားလုံး ဖန်ဇလုံထဲ ထည့်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါ။

၂။ မကပ်သော အိုးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျင် နံနံပင် နှင့် ငရုတ်သီးမှုန့် ကလွဲလို့ အနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ မွှေးပြီး အရောင်တက်လာလျင် ငရုတ်သီးမှုန့်ထည့်ပြီး ၆-၈ မိနစ်လောက် သေချာမွှေပြီးတည်ပါ။ ရေအနည်းငယ် ထည့်ပြီး ခရမ်းချဉ်သီး ပျော်ပြီး ရေခန်း အဆီပြန်တည့်အထိ မွှေပေးပါ။ 

၃။ ခရမ်းချဉ်သီး အနှစ်ထဲ ပုဇွန်ထည့်ပါ။ ပြီးလျင် ရေအနည်းငယ်ထည့်ပါ။ မီးအနေတော် ဖြင့် အဖုံးအုပ်ြ့ပီး ၃ မိနစ်လောက် တည်ပါ။ အသေချာ အရသာ၀င်အောင်မွှေပေးပါ။ ရေခန်းပြီး ဆီပြန်လာလျင် ဆားမြည်းပါ လိုတာထပ်ဖြည့်နိုင်ပါတယ်။ မီးပိတ်ပြီး နံနံရွက်လေးများ ဖြူးပြီး မီးဖိုပေါ်မှချပါ။ အုန်းထမင်း ၊ ထမင်းဖြူတို့ဖြင့် တွဲဖက်သုံးဆောင်လျင် အဆင်ပြေကောင်းမွန်ပါတယ်။🥳


😋🥥ဘိန်းမုန့် (Bein Mont/Myanmar Pancake)




ဘိန်းမုန့်ကို နိုင်ငံခြားသားတွေ အခေါ်အရဆိုလျင် မြန်မာ ပန်းကိတ်ပေါ့…. ဘိန်းမုန့် က နည်းနည်းဝါးရတယ်၊ ပွအိအိလေး နြေ့ပီး အပေါ်လွှာက ကြွပ်ဆတ်လေး နဲ့ အစေ့အဆန်များများ နှင့် ပေါ့ပါး စားသုံး လွယ်ကူစေပါတယ်။ ဘိန်းမုန့် ကို ဆန်မှုန့် ဖြင့်ပြုလုပ်ပြီး မုန့်အပေါ်မှာ ဘိန်းစေ့၊ ဘန်ဒါစေ့ နှင့် အုန်းသီးဖတ်ကြီးများ ဖြူး ထားပါတယ်။ စွဲကြိုက်နှစ်သက်ဖွယ် ကောင်းသော ဘိန်းမုန့် က သင့်ရဲ့ ပုံမှန် မနက်စာ ဖြစ်သွားစေရမယ်။ မြန်မာစတိုင် ဘိန်းမုန့် ကို ဆန်မှုန့် နှင့် ထန်းလျက် တို့ဖြင့် လုပ်ထားတာကြောင့် ကစီဓာတ် နှင့် သကြား ရှောင်နေကျသူများအတွက် အရမ်းအဆင်ပြေ စေပါတယ်။

🥥ပါဝင်ပစ္စည်းများ

ဆန်မှုန့် ၂၅၀ ဂရမ်

ရေ ၁၅၀ မီလီ

နို့ဆီ ၅ ဇွန်း စားပွဲဇွန်း 

နို့စိမ်း ၁၅၀ မီလီ

ကြံသကာ (သို့) ထန်းလျက်ခဲ ၁၀၀ ဂရမ် 

ကာဘိုနိတ် ဆော်ဒါ ၁/၄ ဇွန်း လက်ဖက်ဇွန်း 

ဘေကင်ပေါင်ဒါ ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

ထောပတ်ရည် ၃၀ ဂရမ်

အုန်းသီး ၂၀ ဂရမ် (ပါးပါးအပြားလေးတွေခြစ်ထားပါ)

ဘိန်းစေ့ ၃ ဇွန်း စားပွဲဇွန်း

ဆား အနည်းငယ်

ထောပတ် ၂ ဇွန်း စားပွဲဇွန်း (အိုးသုပ်ရန်)


🥥ပြုလုပ်နည်း

၁။အိုးထဲ ကို ကြံသာကာ (သို့) ထန်းလျက် နှင့် ရေ ၃၀၀ မီလီ ထည့်ပြီး မီးအနေတော် ဖြင့် ကြံသာကာ (သို့) ထန်းလျက် အရည်ပျော်တည့် အထိ တည်ပါ။ မီးပိတ် ပြီး အအေးခံထားပါ။

၂။ဆန်မှုန့်၊ထန်းလျက်ရည်၊ဆား၊ ကာဘိုနိတ် ဆော်ဒါ၊ ဘေကင်ပေါင်ဒါ၊ ထောပတ်ဆီ ထည့်ပြီး သမအောင် မွေပြီးတစ်နာရီခန့့်နှပ်ထားပါ။

၃။ မကပ်သည့် ဒယ်အိုးပြားလေးကိုအပူပေးပြီး ထောပတ်အနည်းငယ် ဖြင့် အိုးကိုလူးပေးပါ။

၄။ဖျော်ထားသောမုန့်နှစ်ကို သမအောင်မွေပြီး ဇွန်းခွက် ဖြင့်တစ်ခွက် ခပ်ထည့်ပါ။ 

၅။ မုန့်နှစ် ပူစီဖောင်းအမြူပ်လေးတွေ ပေါ်လာလျင် အပေါ်မှ ဘိန်းစေ့ နှင့် ခတ်ပါးပါးလှီးထားသော အုန်းသီး ဖတ်များ ကိုဖြူးပြီးထည့်ပါ။ထောပတ်သုပ်ပြီး အပေါ်တစ်ဖက်ကို ရွှေရောင်သန်းတယ့် အထိတယ်ဖုတ်ပါ။ 

၆။မီးဖိုပေါ်မှ ချပြီး နွေးနေအောင်ထားပြီး ကျန်မုန့်နှစ်တွေ ကိုဒီအတိုင်းပဲဆက်လုပ်ပါ။ ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

မှတ်ချက် - မီးသွေးမီး အပေါ်မီးများများ အောက်မီးနည်းနည်း နဲ့ ဖုတ်လျင်ပိုကောင်းပါသည်။ အပေါ်မီးကို ဒန်အိုးအဖုံးအပျန့်တစ်ခုပေါ်တင်ပြီးအသုံးချလို့ရပါတယ်။ ❣


Wednesday, December 7, 2022

'မြန်မာအစမြန်မာက'

 မြန်မာအစမြန်မာက

***********************





လွန်ခဲ့တဲ့ ၃ လလောက်က အင်းယားမြိုင်ကသမီးအိမ်မှာ ၂ ပတ်လောက် နေထိုင် အနားယူနေတုံး အမှတ်မထင် တွေ့ရလို့ ဖတ်ဖြစ်ခဲ့တဲ့စာအုပ်ကရာဇဝင်ပါ​မောက္ခ ဒေါက်တာသန်းထွန်း ရေးသားပြီး စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေတဲ့ "နယ်လှဲ့ရာဇဝင်(ပ+ဒု+တ ၃ တွဲပေါင်းချုပ်)"ဖြစ်ပါတယ်။(စာစီရာမှာ"လှည့်"လို့ရိုက်ပြီးကာမှ သူ့စာအုပ်ကို ပြန်ကြည့်ပြီး"လှဲ့"လို့ ပြန်ပြင်လိုက်ရပါတယ်။မြန်မာအဘိဓာန်မှာတော့"လှဲ့"ကို ရှာမတွေ့ဘူး။(ဒီနေရာမှာ ဒေါက်တာသန်းထွန်းရေးတဲ့"ငါ ပြောတဲ့ ငါ့အကြောင်း"ဆိုတဲ့ စာအုပ်ကလေးရဲ့ အမည်ကို

သတိရမိသွားတယ်)။ အဲဒိစာအုပ်ထဲက အဓိက ရွေးချယ်ဖတ်ဖြစ်တာက ပါမောက္ခ ဂျီ၊အိပ်(ချ်)လု(စ်)ရဲ့ “ရှေးကျောက်ဆည်နဲ့ မြန်မာများဝင်လာပုံ" စာတမ်းဖြစ်ပါတယ်။


ဒီစာတမ်းကို ဖတ်ချင်နေခဲ့တာ ကြာပြီ။ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ရောက်စအချိန်မှာ "မြန်မာအစ တကောင်းကမဟုတ်၊ကျောက်ဆည်က" လို့ ပါမောက္ခ လု(စ်)က စာတမ်းရေးထားကြောင်း စတင်ကြားခဲ့တယ်။နောက်ပြီး ယူနန်နယ်က မြန်မာတို့ဟာ ရှမ်းကုန်းပြင်မြင့် နတ်ထိပ်တောင်ကြားမှ မြင်းများစီးပြီး ဆင်းလာသည် ဆိုလား ပြောသံများကြားရတဲ့အခါ လူတွေအများကြီးနဲ့မြင်းတွေလည်းအမျာကြီး မြင်ယောင်ခဲ့ဖူးပါတယ်။ယခု ဖတ်ရတဲ့ စာတမ်းက အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ မူရင်းစာတမ်းတော့ မဟုတ်ပါဘူး။ဒေါက်တာသန်းထွန်း မြန်မာလို ပြန်ထားတဲ့ စာတမ်းဖြစ်ပါတယ်။


ပါမောက္ခ လု(စ်)ရဲ့စာတမ်းမှာ “မြန်မာနိုင်ငံမြေပြန့်ကို မြန်မာတို့ ဝင်ရောက်နေထိုင်ခဲ့သည့် မူလဒေသသည် တကောင်းမဟုတ်၊ကျောက်ဆည်ဖြစ်ရာ၏" ဆိုတဲ့စာသားပါ 'ပုဂံခေတ် မြန်မာနိုင်ငံ ပထဝီဝင်' အမည်ပါ စာတမ်းကို ၂၇၊၈၊၃၁ နေ့က မြန်မာသုတေသနအသင်းမှာ ဖတ်ခဲ့ဖူးပြီး အဆိုပါ ယူဆချက်ကို ယခုစာတမ်း 'ရှေးကျောက်ဆည်နှင့်မြန်မာများဝင်လာပုံ'ကို ဖတ်သည့် ၉၊၈၊၅၇ နေ့အထိ(နှစ် နှစ်ဆယ်မျှ ကာလအတွင်း)ပြောင်းလဲခြင်း မရှိသည့်ပြင် ပို၍ ပို၍ အခိုင်အမာ ယုံကြည်လာမိပါသည်" လို့ နိဒါန်းချီထားပါတယ်။


ပါမောက္ခ ဂျီ၊အိပ်(ချ်)၊လု(စ်) အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာတမ်းရဲ့မြန်မာပြန်ကို မဖတ်မီ နိဒါန်းသဘောအဖြစ် ပါမောက္ခ ဒေါက်တာသန်းထွန်း ရှင်းလင်းချက် ရေးထားတာကို အရင် ဖတ်ရပါတယ်။အဲဒီအထဲမှာ ပါမောက္ခ လု(စ်)ရဲ့အဆိုကိုသတင်းစာဆရာကြီး ဦးသိန်းမောင်(ကွယ်လွန်)နဲ့ရှေးဟောင်းသု​သေန ညွှန်ကြား​ရေးဝန် ဆရာကြီး ဦးဖိုးလတ်(ကွယ်လွန်)တို့ က ကန့်ကွက်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

"မြန်မာအစ တကောင်းက ဆိုတဲ့စကားကို ဘယ်သွား လွှင့်ပစ်ရမလဲ"လို့ ဦးဖိုးလတ်က ချေပကြောင်း ဒေါက်တာသန်းထွန်းက ရေးထားပါ တယ်။ “မြန်မာ အစ တကောင်းက ဆိုတဲ့အယူအဆကို ယုတ္တိမရှိလို့ အလေးအနက် စဥ်းစားရန်မလို၊ ​မြန်မာများဟာ ဂေါတမ ဘုရားရဲ့ သာကီဝင်မျိုးဆက်ဖြစ်လေအောင် အဘိရာဇာ၊ဓမ္မရာဇာ ပုံပြင်ကို ဖန်တီးထားခြင်းဖြစ်တယ်"လို့ လု(စ်)က သူ့စာတမ်းအစမှာ ဖော်ပြထားပါတယ်။အဘိရာဇာ၊ဓမ္မရာဇာ ပုံပြင်ကို လက်မခံနိုင်ဘူး ဆိုရင်တောင် တကောင်းဆိုတဲ့ အလွန်ရှေးကျတဲ့ မြို့ပြနိုင်ငံ တစ်နိုင်ငံ ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မဟုတ်ပါဘူး။ဒါပေမဲ့ လု(စ်)ကတော့ တကောင်းက ရှေးကဒူး(ကန်တူ)တို့ရဲ့မြို့ ဖြစ်တယ်လို့ တရုပ် 'ယွန်ရှိ'ကျမ်းကို ကိုးကားတယ်ဆိုပြီး ပြောပြန်ပါတယ်။အဲဒါကရော ဘယ်လောက်မှန်လဲဆိုတာ စိစစ်ဖို့တော့ လိုပါတယ်။


 မြန်မာအစနဲ့ပတ်သက်လို့ ပါမောက္ခ လု(စ်) အဓိက ကိုးကားတဲ့စာအုပ်က အေဒီ ၈၆၃ မှာ 'ဖန်ချော'ရေးခဲ့တဲ့ 'မန်ရှူ' ခေါ် 'နန်ကျောင်' တို့အကြောင်းစာအုပ်ပဲ ဖြစ်ပါတယ်။အဲဒီစာအုပ်မှာ 'မြန်မာ' လို့ရေးတာပါပုံမရဘူး (မြန်မာပြန်စာတမ်းမှာလည်း မတွေ့ရဘူး)။ ‘မင်း' သို့မဟုတ် 'မင်းစော' နဲ့ 'ဝန်ကျူ' လူမျိုးတို့အကြောင်း ပါတယ်လို့ဆိုတယ်။အဲဒီလူမျိုးကို လု(စ်)ရဲ့စာတမ်း (မြန်မာပြန်)မှာ 'ရှေးဦးမြန်မာ' လို့သုံးထားပြီး ဒေါက်တာ သန်းထွန်းကတော့ 'မူလဗမာ'လို့သုံးထားပါတယ်။သူတို့က 'ယုန်င်ချိန်င်(ပဝ်-ရှန်)တစ်ဝိုက်မှာ နေခဲ့တယ်လို့ ဆိုတယ်။(အဲဒီဒေသအမည်ကို ကျနော်တော့ အသံမထွက်တတ်ဘူး၊ယူနန်ဖြစ်မယ်ထင် တယ်)။ လု(စ်)ရဲ့ အဆိုကို လက်ခံသင့် မသင့် ဆုံးဖြတ်နိုင်ဖို့အတွက် အဲဒီ ဖန်ချောရဲ့စာအုပ်ကို မြန်မာသမိုင်းပညာရှင်တွေ ဖတ်ဖို့ စိစစ်ဖို့ လိုတာကတော့ အမှန်ပါပဲ။


ပါမောက္ခ လု(စ်)ရဲ့စာတမ်းကို ဖတ်ကြည့်တော့ သူ့အခေါ်  'ရှေးဦးမြန်မာ' တို့ ကျောက်ဆည်ဒေသကို ရောက်လာရခြင်းနဲ့ပတ်သက်ပြီး ရေးထားတာက “မြန်မာတို့ အဘယ်ကြောင့် မြေပြန့်သို့ ဆင်းလာကြပါသနည်း။အဖြေများမှာ လွယ်ကူပါသည်။ပဓာနအားဖြင့် နန်ကျောင်ရန်ကို ရှောင်ရှားခြင်းဖြစ်၏" တဲ့။ အဲဒီလူမျိုးစု နှစ်စုတို့ စစ်ဖြစ်တယ်ဆိုတာကို အကျယ်ရေးမထားတဲ့အပြင် စစ်ဖြစ်တာမှန်လို့ စစ်ရှုံးတဲ့လူမျိုးဖြစ်ရင်တောင် အစုလိုက်အပြုံလိုက် နေရင်းဒေသကို စွန့်ခွာပြီး တောတောင်ထူထပ်လွန်းတဲ့အပြင် အလွန်ဝေးလံလှတဲ့ ကျောက်ဆည်အထိ ထွက်ပြေးကြတယ်ဆိုတာနဲ့ပတ်သက်လို့ ပေါ်လာတဲ့မေးခွန်းတွေက အများကြီးပါ။ အရှည် မဖေါ်ပြတော့ပါဘူး၊ လူမျိုးစုအလိုက် စစ်ရှုံးဖူးတဲ့ မြန်မာ၊ ထိုင်း၊ မွန်၊ ရခိုင် တို့ကိုပဲ သာဓကအဖြစ် ကြည့်ပါတော့လို့ပဲ ပြောပါရစေတော့။


နောက်ပြီး လု(စ်)ရဲ့စာတမ်းမှာ 'ရှိကြပေမည်'၊ယာယီသတ်မှတ်ရပါသည်'၊'---ကြရမည်ဖြစ်၏'၊'ဟုဆို၏'၊'​ရှိချေမည်'၊'ကျွန်တော့အထင်'၊'ကျွန်တော်မှန်းဆမိပါသည်'၊ ‘ယူဆမိပါသည်'၊'---ဟန်ရှိ၏'၊'ဆိုရချေမည်'၊'တွေးမိပါသည်'၊'---ဖြစ်မည်လောဟုစူးစမ်းရပါသည်'၊'ယူဆ နိုင်ပါသည်'၊'ကြံဆမိပါသည်' ဆိုတဲ့ စကားရပ်များနဲ့ စာပိုဒ်များကို အဆုံးသတ်ထားတော့ သူ့စာတမ်းကို ဖတ်ရင်း ဖတ်ရင်းနဲ့ သံသယစိတ်များ ဝင်လာပါတော့တယ်။ ယခု မြန်မာနိုင်ငံလို့ခေါ်တဲ့ဒေသမှာ ကျောက်ခေတ်၊ကြေးခေတ် စတာတွေရှိခဲ့ကြောင်း၊ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းမှာ နှစ်ပေါင်း သန်းချီသက်တမ်းရှိတဲ့ လူသားရဲ့မေးရိုးတွေကို ရှာဖွေတွေ့ရှိရကြောင်း၊ (ထိုရှာဖွေတွေရှိတဲ့ ပုံတောင် ပုံညာတောင် အညာသား မေးရိုး ဆိုရင် အာဖရိက မှာ တွေ့ရတဲ့ ရှေးဦး လူသား မေးရိုးထက်တောင် အနှစ် ၄သန်းလောက် ပိုစောကြောင်း ပြင်သစ်ပညာရှင်တွေရဲ့ ကာဗွန်စမ်းသပ်တွေ့ရှိချက် အဖြစ် ဖော်ပြထားပါတယ်။) မြန်မာတွေဟာ 'တိဘက်တို-ဘားမင်း'မျိုးနွယ်စု ဖြစ်ကြောင်း၊ မြန်မာနှင့်တိဘက် ဘာသာစကားများတွင် တူညီသော ဝေါဟါရများရှိကြောင်း အစရှိတဲ့ ပြောစကားများကိုလဲ ကြားဖူးထားပြီး သမိုင်းဘာသာရပ်နဲ့ပတ်သက်လို့ နွားကျောင်းသားအဆင့်သာရှိတဲ့ ဤစာရေးသူအဖို့တော့"အမေးနွားကျောင်းသား-----" ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လု(စ်)ရဲ့စာတမ်းပါ စာတစ်ပိုဒ်ကို ဖတ်ပြီးတိုင်း မေးစရာ မေးခွန်းတွေက တစ်ပုံကြီး လိုက်လာတော့တာပါပဲ။


"လု(စ်)ရဲ့ အယူအဆ မဟုတ်နိုင်ဘူးလို့ ပြောတဲ့လူရှိရင် ပြင်းထန်တဲ့ မျိုးချစ်စိတ်ကလွဲလို့ ဘယ်နေရာမှာ ဘယ်လောက် တိကျအောင် သက်သေအထောက်အထား ပြနိုင်သလဲဆိုတာ ​​ကြည့်ရမယ်၊ မပြနိုင်ရင် 'ဖွတ်ကျား' ပဲဖြစ်မယ်"လို့ ဒေါက်တာသန်းထွန်းက ရေးတယ်။ ဒါဆိုရင် လုစ် ရဲ့ စာတမ်းကရော အထောက်အထား ဘယ်လောက် ခိုင်လုံလို့လဲလို့ မေးတဲ့လူတွေလည်း အများကြီး ရှိမှာပါ။ ဥပဒေ သဘောအရ ဆိုရင်တော့ အချင်းအရာတစ်ရပ် တည်ရှိကြောင်း အဆိုပြုသူကသာ သူ့အဆို ခိုင်လုံကြောင်း ဦးစွာ သက်သေပြရမဲ့ တာဝန်ရှိပါတယ်။နောက်ပြီး "လု(စ်) ထက်ပိုပြီး ပြည့်စုံအောင် မရှာဖွေနိုင်သေးခင် သူ့အယူအဆကိုပဲ ယာယီလက်ခံထားရဦးမယ်ဆိုတဲ့အယူအဆ ထားရမယ်"လို့ ဒေါက်တာသန်းထွန်းက ပြောပါသေးတယ်။ ဒါကိုတော့ ကျနော်က သဘောမတူနိုင်ပါဘူး။ သမိုင်းကို ဖတ်တဲ့ သာမန်စာဖတ်သူ တစ်ဦးအနေနဲ့ ကျနော်ကတော့ "ဒီသမိုင်းဆရာ/ဒီစာအုပ်က ဒီလို ရေးတယ်၊ ဟို သမိုင်းဆရာ/ဟိုစာအုပ်ကတော့ ဟိုလိုရေးတယ်"လို့ မှတ်ထားလိုက်ရုံပါပဲ။ 


သမိုင်းဆိုတာ အထောက်အထား ပြနိုင်တဲ့ အချက်တွေ ရှိသလို အဲဒီ အထောက်အထား အပေါ် အခြေခံပြီး သမိုင်းသုတေသီ၊သမိုင်းစာအုပ်/စာတမ်း ရေးသူက သူ့ထင်မြင်ယူဆချက်တွေ၊ကောက်ချက်ချ တာတွေကို ထည့်သွင်း ထားတာတွေလည်း အများကြီး ရှိတတ်တာကိုး။ နောက်ပြီး သမိုင်းဆရာတွေ မှားနိုင်တာက နှစ်ပေါင်း ရာ ထောင်ချီပြီး ကြာမြင့်ခဲ့တဲ့ကာလက ဖြစ်ရပ်တွေကို ယခုခေတ်အမြင်နဲ့ ဝေဖန်သုံးသပ်ပြီး ကောက်ချက်ချ တတ်ကြခြင်းပါပဲ။ဒါကြောင့်မို့လို့ "History is half truth" (သမိုင်းဆိုတာ တစ်ဝက်တစ်ပျက်သာ အမှန်)ဆိုတဲ့ ဆိုရိုးစကား ပေါ်လာရတာပဲ လေ။ ကမ္ဘာ့သမိုင်းကိုပဲ ကြည့်ကြည့်၊နိုင်ငံ တစ်နိုင်ငံရဲ့သမိုင်းကိုပဲကြည့်ကြည့် သမိုင်းကို ရေးရာမှာ ကာလဝေးလေ ဖြည့်ရလေ လို့ပြောရင် မမှားနိုင်ပါဘူး။

 

လု(စ်)ရဲ့စာတမ်းနဲ့ ဆက်စပ်ပြီး သူ့အကြောင်းကို သိချင်လို့ ရှာဖွေတဲ့အခါ သမိုင်းပါမောက္ခ ဦးထွန်းအောင်ချိန်ရေးသားပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ထုတ်ဝေတဲ့ FOUNDERS ဆိုတဲ့စာအုပ်မှာ တွေ့ရတယ်။သူက ဂရိ/ရောမ ရှေးဟောင်းစာပေနဲ့အင်္ဂလိပ်စာပေတို့မှာ ပထမတန်းဂုဏ်ထူးအဆင့်နဲ့ ဘွဲ့များရရှိခဲ့ပြီး ပထမဦးစွာ ၁၉၁၂ ခုနှစ်မှာ အင်္ဂလိပ်ဘာသာကထိကရာထူးနဲ့ Rangoon College ကို ရောက်လာခဲ့ပါတယ်။ဆရာကြီး ဦးဖေမောင်တင်ရဲ့ နှမ ဒေါ်တီတီနဲ့ အိမ်ထောင်ကျပြီး ၁၉၂၀ မှာ ရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်တဲ့အခါ ဗမာမနဲ့အိမ်ထောင်ပြုတယ်ဆိုတဲ့အကြောင်းနဲ့ အင်္ဂလိပ်စာပါမောက္ခရာထူးကို မပေးတါကြောင့် အင်္ဂလန်ကိုပြန်ပြီး လန်ဒန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာနမှာ  မြန်မာဘာသာနဲ့တရုပ်ဘာသာတို့ကို သင်ယူခဲ့တဲ့အပြင် မြန်မာကျောက်စာနဲ့ရှေးဟောင်းသုတေသနပညာရှင် ဘလက်ဂ်ဒင်နဲ့တွဲပြီးတော့လည်း မြန်မာကျောက်စာများကို လေ့လာခဲ့ပါတယ်။၁၉၂၃ မှာတော့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ အရှေ့ဖျားသမိုင်းဘာသာရပ်အတွက် Reader (ပါမောက္ခ အောက်အဆင့်ရာထူး)အဖြစ် ခန့်ထား​ခံရပါတယ်။


မလေးလုံရေးတဲ့ ဦးဖေမောင်တင်ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ ဖတ်ဖူးခဲ့တာလေးကို ပြန်ပြောရဦးမယ်။တစ်ညမှာ ဆရာလု(စ်)က သူ့ယောက်ဖဖြစ်သူဆရာကြီး ဦဖေမောင်တင်နဲ့ စာအကြောင်း ပေအကြောင်း ပြောဆိုနေကြတုန်း"မြန်မာစကားမှာ 'နှုတ်ဆက်' လို့ ရှိတာကြောင့် ရှေးအခါက မြန်မာ ကျားနဲ့မတို့ နှုတ်ခမ်းချင်း ဆက် (kiss) လုပ်တာမျိုး ရှိခဲ့ရမယ်"လို့ လု(စ်)ကပြောတော့ ဆရာကြီးဦးဖေမောင်တင်က မဟုတ်ကြောင်း၊ အဲလောက်အထိ အဓိပ္ပါယ် ဆွဲမယူသင့်ကြောင်း ပြန်ပြောရ သတဲ့။ဆရာလု(စ်)ရဲ့မြန်မာအစ စာတမ်းကို ဖတ်နေတုန်း အဲဒီဟာလေးကို သတိရပြီး သူဟာ သမိုင်းမှာလည်း အဲဒီလိုပဲ ကြံကြံဖန်ဖန် တွေးလေမလားလို့ တွေးမိခဲ့သေးရဲ့။


နောက်တစ်ချက်ကတော့ လု(စ်)နဲ့ဆိုင်တယ်လို့တော့ အသေအချာ ပြောလို့မရတဲ့ ဖတ်ခဲ့ဖူးတာလေးပါ။ ၁၉၇၁/၇၂ လောက်က အဲတုန်းက အစိုးရသတင်းစာ “The Working Peoples' Daily” ပါ သမိုင်းဆရာတစ်ဦးရဲ့ ဆောင်းပါးမှာ ရေးထားတာလေးပါ။ (ရေးသူအမည် အတိအကျ မမှတ်မိတော့လို့ မဖော်ပြတော့ပါ) ပုဂံအာနန္ဒာစေတီမှာ မနက် စောစော (လူ တွေမရှိတဲ့) အချိန် မျက်နှာဖြူလူမျိုးတစ်ယောက်နဲ့ သျှောင်ထုံး နဲ့ မြန်မာတိုင်းရင်းသား တစ်ယောက် တို့ဟာ မီးခွက်/မီးအိမ်ထွန်းပြီး အာနန္ဒာစေတီရဲ့အတွင်းနံရံကို လှေကားနဲ့တက်၊ မြန်မာစာနဲ့ရေးထားတဲ့  နံရံဆေးရေးစာတွေကို ဖျက်၊ အဲဒီနေရာမှာ မွန်အက္ခရာတွေနဲ့ ပြန်ရေး သတဲ့၊ မယုံရင် သွားကြည့်၊ အဲဒီ မွန်အက္ခရာတွေကို ဖျက်လိုက်ရင် မြန်မာအက္ခရာ အရေးအကြောင်းတွေကို တွေ့ရလိမ့်မယ် တဲ့။ အဲဒီလို လုပ်ရတဲ့အကြောင်း ဆောင်းပါးရှင် ရှင်းပြတာကတော့ အဲဒီမျက်နှာဖြူလူမျိုးဟာ "မြန်မာ ဆိုတာ နောက်မှဝင်လာတဲ့ လူမျိုး၊မွန်တွေကို စစ်တိုက် အနိုင်ယူပြီး မွန်ယဥ်ကျေးမှုကို သူတို့ယဥ်ကျေးမှု ဖြစ်အောင်လုပ်ထားတာ"လို့ အဆိုပြုနေသူပါတဲ့။ (ဆိုင်မဆိုင်၊ဟုတ်မဟုတ်ကိုတော့ ကျနော်လည်း မသိပါဘူး) အဲဒါကို ဖတ်ရစဥ်က ကျနော့်စိတ်ထဲမှာတော့ ဆရာလု(စ်)နဲ့သူ့လက်အောက်ဝန်ထမ်း(မွန်စာ၊ မွန် ယဥ်ကျေးမှု နဲ့ ပတ်သက်လို့ သူ့ကို ကူညီနေသူ) မွန်ယဥ်ကျေးမှုဝန်ထမ်းတစ်ဦးကို သတိရမိခဲ့တာကတော့ အမှန်ပါပဲ။လု(စ်)ရဲ့စာတမ်းမှာလည်း ကျောက်ဆည် ဒေသဟာ ရှေးအခါက မွန်တို့ရဲ့ဒေသဖြစ်ပြီး မြန်မာတို့က နောက်မှဝင်လာပြီး မွန်တို့ကို လွှမ်းမိုးသွားတဲ့သဘောမျိုးရေးထားပါတယ်။


ဒေါက်တာသန်းထွန်းကတောင် ကျန်စစ်သားဟာ မင်းမျိုးက ဆင်းသက်လာတာ မဟုတ်တဲ့ 'ငတစ်ပါးမင်း'ဖြစ် တယ်၊ မျိုးရိုး အတိအကျကို လိုက်ရှာလို့ မရ ဘူး၊ ကျောက် ဆည်ဒေသသါး ဖြစ်နိုင်တယ် ဆိုတဲ့ သဘောမျိုး ရေးထားသေး တယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော် မူလတန်းကျောင်းသား ဘဝ (၁၉၄၉ လောက်က မူလတန်းက ပဥ္စမတန်းအထိ ရှိတယ်)မှာ ကျန်စစ်သားအကြောင်း ပုံပြင်ဆန်ဆန် သင်ခဲ့ရဖူးတာလေးကို မှတ်မိနေတယ်။ ဒီလိုပါ၊ အနော်ရထာ ဘုရင်ဖြစ်ပြီးတော့ သူ့ထီးနန်းကို လုမဲ့သူဟာ ယခုအခါ မိန်းမတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်နေပြီလို့ ဗေဒင်ဟောကိန်း ထွက်တာကြောင့် အဲဒီအချိန်က ကိုယ်ဝန်ဆောင်မိန်းများအားလုံးကို သတ်စေလို့ ဘုရင်အနော်ရထာက အမိန့်ထုတ် သတဲ့။ နောင် မှာ ကျန်စစ်သားဖြစ်လာမည့်သူရဲ့ မိခင်ကတော့ အပုန်းကောင်းလို့ လွတ်သွားခဲ့ပြီး သူ့ရင်သွေးကို မွေးနိုင်ခဲ့တာကြောင့် ကလေးရဲ့အမည်ကို(သူတစ်ဦးတည်း ကျန်ခဲ့တာ ဖြစ်လို့)"ကျန်စစ်သား"လို့ ပေးခဲ့တယ်ဆိုပဲ။ ဒီပုံပြင်က စာအုပ်ထဲမှာပါတာလား၊စာသင်တဲ့ဆရာကပဲ သူကြားဖူးတာကိုပြောခဲ့တာလားဆိုတာကိုတော့ မမှတ်မိတော့ဘူး။နောက်ပိုင်းမှာတော့ဒီပုံပြင်ကို မကြားမိတော့ဘူး။


ပြောလိုတဲ့အချက်က မြန်မာ့ရာဇဝင်(အဲတုန်းက သမိုင်းလို့ မခေါ်သေး)မှာ အဲဒီလို ဒဏ္ဍာရီ ဆန်တဲ့အချက်တွေ (ဥပမာ-စူဠာသမ္ဘဝ မဟာသမ္ဘဝ၊ ပန်ပဲမောင်တင့်တယ်၊ ဗျတ်ဝိ ဗျတ္တ စသည်) လည်း ပါရှိခဲ့တော့ အင်္ဂလိပ်ကျွန်ဘဝရောက်တဲ့အခါ မျက်နှာဖြူ သမိုင်းဆရာတွေက မယုံကြည် လက်မခံနိုင်ကြလို့ သူတို့ သုတေသနလုပ်ပြီး သိရှိရတဲ့ အတိုင်း ပြန်ရေးတာရှိသလို သူတို့ ထင်မြင်ချက်၊ မှန်းဆချက်အတိုင်း ပြန်ပြင် ရေးတာမျိုးတွေလည်း ရှိခဲ့တာ ပေါ့။ အဲဒီ မှာ (သူတို့ကိုယ်တိုင် သတိမထားမိပေမဲ့ လူ့သဘာဝ အရ) သခင် ဖြစ်သူက ကျွန်ဖြစ်သူကို အထင်သေး နှိမ့်ချပြီး ရေးခဲ့တာတွေလည်း ပါနိုင်တာ ပေါ့။ အဲဒီ တုန်းကတော့ ဗမာတွေက သုတေသနလုပ်ငန်း လုပ်ကြတာလည်းသိပ်မရှိ၊သူတို့လောက်လည်း မကျွမ်းကျင်ကြ သေးတော့ မြန်မာ့သမိုင်းမှာ သူတို့သြဇာကြီးခဲ့တာ မဆန်းလှဘူးလို့ဆိုရမယ်။


လု(စ်)ကတော့ တက္ကသိုလ် အင်္ဂလိပ်စာနဲ့သမိုင်းဌာနမှာ အချိန်ကြာစွာ ဆရာ လုပ်ခဲ့တော့ အဲဒီခေတ်ကပညာတတ်အားလုံးအပေါ်မှာလည်း သူ့သြဇာ ကြီးခဲ့တာ အမှန် ပါပဲ။ သူ့သြဇာ ဘယ်လောက်ကြီးသလဲဆို သူရဲ့ "မြန်မာအစ---စာတမ်းက မြန်မာ့စွယ်စုံကျမ်းနဲ့ ကျောင်းသင် သမိုင်းစာအုပ်မှာတောင် ပါနေတဲ့အကြောင်း ဒေါက်တာသန်းထွန်းရဲ့ နိဒါန်းသဘောရေးတဲ့စာအရ သိရ တယ်။ လွတ်လပ်ရေး ခေတ်မှာတော့ လု(စ်)ရဲ့သမိုင်း ဆိုင်ရာ အယူအဆတွေကို ဆန့်ကျင်တဲ့ ဦသိန်းမောင်၊ ဦးဖိုးလတ်တို့အပြင် နာမည်ကျော် ပညာရှင်ကြီးဖြစ်တဲ့ ဒေါက်တာထင်အောင် ကပါ မျက်နှာဖြူ သမိုင်းပညာရှင်များရဲ့ အယူအဆများကို ဆန့်ကျင်တဲ့ သမိုင်းဆိုင်ရာစာအုပ်စာတမ်း များ (e.g.The Stricken Peacock, Harvey,the Imperialist,etc.)ကို အင်္ဂလိပ်ဘာသာနဲ့ ရေးခဲ့တာကြောင့် ကမ္ဘာကပါ သိခွင့်ရလာခဲ့တယ်။


ကျနော် ရေးခဲ့တာကို အခုထိ ဖတ်လာခဲ့တဲ့ စာဖတ်သူ အနေနဲ့ "ဆရာကရော လု(စ်)ရဲ့'မြန်မာအစ-----' စာတမ်းကို လက်ခံနိုင်သလား" လို့မေးခဲ့ရင် "ကျနော်က ဥပဒေသမားပဲဗျာ၊သက်သေတစ်ဦးရဲ့ ထင်မြင်ယူဆချက်ဟာ သက်သေခံမဝင်ဘူးဆိုတာကို အရိုးစွဲအောင် မှတ်ထားသူဆိုတော့ ဆရာကြီး လု(စ်)ကို​ လေးစားပါသော်လည်း သူရဲ့ အဆိုက ကျနော်ရဲ့စာ အစပိုင်းမှာ ပြောထားသလိုပဲ သံသယဝင်စရာတွေ များနေတော့ (သမိုင်းဘာသာမှာ နွားကျောင်းသား အဆင့်သာ ရှိသူ ဖြစ်လို့ လူသိရှင်ကြား မပြောရဲပေမဲ့ စိတ်ထဲမှာတော့) သူ့အယူအဆကို လက်ခံမထားပါဘူး"လို့ပဲ ဖြေရမှာပါ။


ဒါဆို "မြန်မာအစ ဆိုတာနဲ့ပတ်သက်လို့ ဆရာရဲ့ကိုယ်ပိုင် အယူအဆများ ရှိခဲ့ရင်လည်း ပြောပြပါဦး" လို့ စာဖတ်သူက ဆက်မေးမယ်ဆိုရင်လည်း ကျနော်ရဲ့ အဖြေကတော့ ဆရာကြီးသိပ္ပံမောင်ဝရဲ့ဆောင်းပါးထဲက ဇာတ်လိုက်ကြီး ဖြေတဲ့အတိုင်း ဖြေရမှာပဲ။ အဲဒီ ဆောင်းပါးကို မဖတ်ဖူးသူ အတွက် အဲဒီ ဆောင်းပါးအကြောင်း ပြောပြမှ ရှင်းမှာဆိုတော့ အဲဒီအကြောင်း ပြောပြပါမယ်။ နယ်ပိုင်ဝန်ထောက်ဖြစ်တဲ့ ဦးစိန်တင်(သိပ္ပံမောင်ဝ)က ညောင်တုန်းမြို့နယ်ထဲက "တပေကုလား"အမည်ရှိတဲ့ ရွာတစ်ရွာကို ရောက်သွားတော့ ရွာ အမည် ထူးဆန်းလို့ အမည် ဖြစ်လာရတဲ့ အကြောင်းကို မေးတယ်။ ရွာသူကြီး အပါအဝင် ဘယ်သူမှ မဖြေနိုင်ကြဘူး။ အဲဒီမှာ ဦးနောက်တိုး ဆိုသူက ထပြီးဖြေလိုက်တာက “တပေကုလားဆိုတာ တပေကုလားပဲပေါ့"တဲ့။ ကဲ- ဘယ်လောက်ရှင်းတဲ့အဖြေလဲ၊ သိပြီ ဟုတ် ? ။ကျနော်ကလည်း ထိုနည်း၄င်း၊ ထိုနည်း၄င်း ဆိုသလိုပါပဲ။ စာဖတ်သူရဲ့မေးခွန်းကို ရှင်းရှင်းပဲ ဖြေလိုက်ပါမယ် -

"မြန်မာအစ မြန်မာကပဲပေါ့" လို့။ 

ရှင်းပါတယ်နော်။ ကျေးဇူးပါ။



Credit: ဦးကျော်အေး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ရှေ့နေချုပ်ရုံး)