Saturday, July 24, 2021

Hospitality Industry က HR ဆိုင်ရာစိန်ခေါ်မှုကြီ

 Hospitality Industry က HR ဆိုင်ရာစိန်ခေါ်မှုကြီး

 



#စာရေးသူ_မြတ်သုတလှိုင်ဝင်း

#business_knowledges 

#HR_Management 


(၂၀၂၀၊ဇန်နဝါရီလထုတ်HR Journal မှာဖော်ပြထားတဲ့ဆရာမြတ်သုတလိူင်ဝင်းရဲ့ဆောင်းပါးကိုဖော်ပြလိုက်ပါတယ်,)


စာရှု့သူအားလုံးမင်္ဂလာပါခင်ဗျား။ တစ်ကမ္ဘာလုံး Coronavirus ကပ်ရောဂါဘေးကိုခံစားနေကြတာဟာ နှစ်ပေါက်နေပြီး၊ ယခုလိုကာလအတွင်း နိုင်ငံတစ်ကာမှာ လုပ်ဆောင်နေကြတာတွေကိုတင်ပြလိုခြင်းဖြစ်ပါတယ်။ အချို့လုပ်ဆောင်ချက်တွေဆိုရင် ကျွန်တော်တို့နိုင်ငံမှာလဲအကောင်အထည်ဖော်နေတာဟာတော်တော်လေးရင်းနှီး ပြီးအကျွမ်းတဝင်ဖြစ်နေပါပြီ။ ယခုတင်ပြချက်က အချို့အချက်တွေဟာ ဗဟုသုတအဖြစ်သော်လည်းကောင်း၊ အချို့အကြောင်းအရာတွေကတော့ တွေးစရာ စိတ်ကူးလေးတွေအဖြစ် ဆင်ချင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ 


Coronavirus ကပ်ရောဂါဘေးကျရောက်မှုက hospitality industry ကိုလှုပ်ခါသွားစေခဲ့ပါတယ်။ ဒါပေမယ့်လဲ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေမှာ အခွင့်အလမ်းတွေကတော့ရှိကြစမြဲပါ။ကမ္ဘာနဲ့ အဝှမ်း coronavirus ကပ်ရောဂါဘေးကျရောက်မှုက tsunami ရဲ့အားကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်ခြင်းခံရတဲ့အတွက် hospitality company တွေဟာ ဆက်လက် ရပ်တည်နိုင်ဖို့အတွက်တော်တော်လေး အကျပ်ရိုက်နေကြရပါတယ်။


စားသောက်ဆိုင်လုပ်ငန်းတွေမှာလဲ ယခုနှစ်အဖို့ $240 billion လောက်အရှုံးပေါ်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအလယ်လောက်မှာ စားသောက်ဆိုင်လုပ်ငန်းတွေက အကြမ်းအားဖြင့် ဝန်ထမ်း(၃)သန်း ဟာအလုပ် လက်မဲ့ဖြစ်ခဲ့ရပါပြီ၊ the National Restaurant Association ထံကရရှိတဲ့ အချက်အလက်တွေအရ ၆ပုံ၁ပုံလောက်သောစားသောက်ဆိုင်တွေက လုံးဝပိတ်သိမ်းလိုက်ရတဲ့အခြေအနေသို့ ဆိုက်ရောက်ခဲ့ကြရပါတယ်။


ဟိုတယ်လုပ်ငန်းတွေက ဝန်ထမ်း(၃၈%)ဟာ ဒီနှစ်အစောပိုင်းမှာကတည်းက အလုပ်လက်မဲ့ဖြစ်မှုကို ခံစားနေကြရပါတယ်။ ဒီနှစ်နွေရာသီမှာ ၃ပုံ၂ပုံနီးပါးသော အမေရိကန်က ဟိုတယ်တွေမှာ ဧည့်သည်တည်းခိုမှု ရာခိုင်နှုန်းမှာ (၅၀%)(သို့)အဲဒါထက်လျော့နည်းတဲ့အတွက် စရိတ်တွေကိုပေးချေနိုင်ဖို့ပင် အတော်ခက်ခဲနေ ကြရပါတယ်။


The Bureau of Labor Statistics ရဲ့ စာရင်းဇယားတွေအရ ၂၀၁၉ခုနှစ် စက်တင်ဘာလကနေ ၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်း entertainment and recreation လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့် အလမ်း (၃၁%) ပြုတ်ကျခဲ့ကြောင်းသိရပါတယ်။


Coronavirus ဆိုတဲ့ဒီရေ ကျဆင်းသွားသကဲ့သို့၊ ဆုတ်ယုတ်သွားခြင်းက လုပ်ငန်းနယ်ပယ်တွေမှာရှိကြတဲ့ human resource leaders တွေအတွက် လစာလျော့ချမှု၊ ဝန်ထမ်းဝင်ထွက်နှုန်းမြင့်တက်မှု၊ စွမ်းရည်မြင့်မားသူ တွေကိုထိန်းရ၊ ရှာဖွေရ စတဲ့ တူညီတဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့်လဲ ဗိုင်းရပ်စ် က စီးပွားရေးကို ပြန်လည်ပြုပြင်မှုတွေလဲ လုပ်ပေးပြီး၊ အခွင့်အလမ်းအသစ်တွေကိုအခြားတစ်နည်းနဲ့ ဖော်ဆောင် ပေးနေပါပြီ။ အဝေးတစ်နေရာကနေ လှမ်းအလုပ်လုပ်ခြင်းက ပုံမှန်လုပ်ရိုးလုပ်စဉ်ကဲ့သို့ ဖြစ်လာနေပါပြီ။ အလုပ်တွေကလဲ ယခင်ကနဲ့ယှဉ်ရင်ပိုပြီး၊ ပြောင်းလွယ်ပြင်လွယ်ပုံစံတွေ ဖြစ်လာကြပါပြီ။ ထမ်းဆောင်ရမယ့် တာဝန်တွေ ကလဲ ပိုမိုကျယ်ပြန့်လာခဲ့ပါပြီ။ 


စိန်ခေါ်မှုကို ကြံ့ကြံ့ခံခြင်း

“HR တွေအတွက် အလွန်ကြောက်စရာကောင်းပါတယ်၊ ဒါပေမယ့် ချဲ့ကားပြီး အမြင်ကျယ်ကျယ်ကြည့် နိုင်မယ်ဆိုရင် အနေအထားကောင်းပဲ”လို့ Burger King ကို အနှစ်(၂၀)ကြာ franchise ယူထားပြီး၊ ယခုဆိုရင် the University of South Carolina ရဲ့ the School of Hotel (Restaurant and Tourism Management) မှာ ဒါရိုက်တာ ဖြစ်နေတဲ့ Robin DiPietro ကပြောပါတယ်။ “လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်ုပ်တို့ဟာ hospitality နဲ့ tourism အတွက် လူတွေ ရှာဖွေမှုမလုပ်နိုင်ခဲ့ကြပါဘူး။ ယခုတော့ အရည်အချင်းပြည့်ဝသူတွေ ရဖို့ အတွက် အခွင့်အလမ်းတွေအများကြီးရှိလာနိုင်ပါပြီ။


ဒီလိုဆိုခြင်းက နှစ်ရှည်လများ ဝန်ထမ်းအသစ်ရှိဖွေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပြီးဖြစ် တယ်လို့တော့ မဆိုလိုပါ။ လုပ်ငန်းနယ်ပယ်တွေမှာ အစစအရာရာလျော့ချမှုတွေ လုပ်နေရတော့ Talent ဆိုင်ရာ အကျပ်အတည်းကို သက်သာရုံလောက်သာ လုပ်ဆောင်သင့်ပါတယ်။ ကုမ္ပဏီတွေ ကလဲ အလုပ်လျှောက်လွှာတွေ အများအပြားနဲ့ပိနေတော့ အဲဒီအထဲက အကောင်းဆုံးဆိုတာကို ရွေးထုတ်ရခက်ခဲပါတယ်။ Coronavirus ကြောင့် စီးပွားရေးချွတ်ခြုံကျနေပြီး၊ အတော်ရုန်းကန်နေရတဲ့အချိန်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအနေနဲ့ဝန်ထမ်း အသစ်တွေထပ်ခန့်ထားနိုင်ဖို့ လုံလောက်တဲ့ ဝင်ငွေလည်ပတ်မှုမရှိ ဖြစ်နေတတ်ပါတယ်။


တစ်ချိန်တည်းမှာပဲ hospitality industry မှာ ဝန်ထမ်းဝင်ထွက်နှုန်းမြင့်မားမှုကတော့ ဆက်လက် ဖြစ်နေဦးမှာပါ။ The Cornell University School of Hotel Administration က professor of management ဖြစ်တဲ့ J. Bruce Tracey က “Hospitality အလုပ်တွေမှာ လုပ်ခနိမ့်ပြီး၊ ကျွမ်းကျင်မှုနည်းနေပါပြီ” လို့ပြောလာ ပါတယ်။ “ကျွန်ုပ်တို့ကြုံတွေ့ရမယ့်အဓိကအခက်အခဲတစ်ခုက ပိုမိုကောင်းမွန်ပြီး၊ ဖွံ့ဖြိုးတိုးတက်ရာသို့ လှေကား ထစ်တွေကို တက်လှမ်းနိုင်ဖို့ပဲဖြစ်ပါတယ်။” ဆိုလိုရင်းက hospitality industry ဟာ အရည်အချင်း အလားသဏ္ဌာန်တူတဲ့ရာထူးတွေအတွက် အခြားသော လုပ်ငန်းနယ်ပယ်တွေနဲ့ရံဖန်ရံခါယှဉ်ပြိုင်ကြရမယ့်သဘော ဖြစ်ပါတယ်။ Hospitality လုပ်ငန်းတူသူ အချင်းချင်းအကြား၊ ရှားပါးတဲ့အချို့သော talent တွေကို ဒီနယ်ပယ်ထဲမှာပဲအပြိုင်လုနေမယ့်အစား အခြားသောနယ်ပယ်က ကျွမ်းကျင်မှုချင်း တူသူတွေ ကိုလဲ ရှာဖွေ အသုံးချနိုင်ကြောင်းကို Tracey ကရှင်းပြပါတယ်။ 


ဒီလုပ်ငန်းနယ်ပယ်ရဲ့ ထိပ်ပိုင်းမှာတာဝန်ယူနေကြသူ တွေဟာ ကျားမ၊ အယူဝါဒ၊ လူမျိုးစသဖြင့် မတူ ကွဲပြားခြားနားမှုနဲပြီး၊ ဘောင်ကျဉ်းနေခြင်းက နောက်ထပ် တာရှည်နေဦးမယ့် အခက်အခဲပဲ ဖြစ်ပါတယ်။ အောက်ခြေအဆင့်က ယာယီလုပ်သားတွေမှာ မတူကွဲပြားခြားနားသူ လူပေါင်းစုံနဲ့ လုပ်ကိုင်နိုင်ကြပြီး၊ လုပ်ငန်းလည်ပတ်မှုအဆင်ပြေနေပေမယ့်၊ စီမံခန့်ခွဲရေးအဆင့်မှာတော့အဲဒီလိုမဖြစ်နိုင်သေးတာကိုတွေ့ရပါတယ်။    


ယခုနှစ်မှာ နိုင်ငံရဲ့ လူမျိုးစွဲ ဆုပ်ကိုင်ထားမှုကို ဆန်းစစ်တဲ့အနေနဲ့ hospitality company တွေကို ၎င်းတို့ရဲ့ လုပ်သားအင်အားအခြေအနေကို ပြန်လည်သုံးသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက် ချက်ကို အထူးအလေးအနက်ထား အာရုံစိုက်တဲ့အနေနဲ့ hospitality industry ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ လုပ်ငန်း အတွင်းမှာ လုပ်သားထုနဲ့ ပတ်သက်လို့ ကမ္ဘာ့မှာရှိတဲ့ လူမျိုးအများစုကို ကိုယ်စားပြုသလားဆိုပြီး၊ Overland Park, Kan., က executive search firm ဖြစ်တဲ့ Horizon Hospitality က CEO Scott Samuels က မေးခွန်း ထုတ်လိုက်ပါတယ်။ 


စီမံခန့်ခွဲမှုအဆင့်ရာထူးတွေအတွက်မတူကွဲပြားခြားနားသူတွေကိုပိုမိုရှာဖွေသင့်ကြောင်းဟိုတယ်(၃၅)လုံး ကို လည်ပတ်လုပ်ကိုင်နေတဲ့ New York City က SBE Lifestyle Hospitality က chief culture officer ဖြစ်သူ Robert Mellwig ကဆိုပါတယ်။ ဒါ့အပြင် သူက HR တွေဟာ အဆက်အသွယ်ကျယ်ပြန့်ဖို့နဲ့ အခြားသော လုပ်ငန်းနယ်ပယ်က လူတွေကိုပါစုဆောင်းခန့်ထားသင့်တယ်လို့ အကြံပြုထားပါသေးတယ်။ 


ကုမ္ပဏီတွေကလဲ မတူကွဲပြားခြားနားတဲ့ talent တွေအများအပြား ရရှိအောင် မိမိအစီအစဉ်နဲ့ ပြုစုပျိုး ထောင်ထားဖို့လဲလိုပါတယ်လို့ Mellwig က mentoring and sponsorship program တွေမှာ ထပ်မံဖြည့်စွက် ပြောကြားထားပါသေးတယ်။ ရာထူးအနိမ့်ပိုင်းကနေပိုက်လိုင်းသွယ်တန်းထားသကဲ့သို့ ဝန်ထမ်းတွေကိုအထက်သို့ တက်လှမ်းနိုင်ဖို့အတွက် လိုအပ်တာတွေကို ပံ့ပိုးပေးရမယ့်အပိုင်းကိုကြည့်ပြီး၊ သူက “အစောပိုင်း မှာ food chain အတွက်ဝန်ထမ်းရွေးချယ်ခန့်ထားမှုပြုလုပ်ထားပေမယ့်၊ နောက်ပိုင်းဒီလုပ်ငန်းနယ်ပယ်ရဲ့ ရေရှည်ရည်မှန်း ချက်တွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အဆင့်မြင့်ရာထူးနေရာတွေကို ဖြည့်စွက်မြှင့်တင်ပေးနိုင်မယ့် ယန္တရားကို ကြည့်နိုင်ဖို့လိုပါပြီ” ဟုဆိုပါတယ်။ 


လုပ်ငန်းရှင်တွေဘက်ကလဲ ပြဿနာအခက်အခဲတွေကို ထိပ်တိုင်ရင်ဆိုင်နိုင်ဖို့ အသေအချာချိန်ဆ ဖို့လိုပါတယ်။ အမျိုးသမီးဝန်ထမ်းတွေဟာ ရာထူးတိုးမြှင့်ခြင်းခံရပြီးနောက်ပိုင်းမှာ အိမ်ထောင်ထိန်းသိမ်းမှု အကြောင်းပြချက်နဲ့ လုပ်ငန်းခွင်ကို ကျောခိုင်းထွက်ခွာသွားကြတဲ့အတွက် ကုမ္ပဏီတွေက အဆိုပါ အမျိုးသမီး ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကထွက်မသွားစေဘဲ ဆက်လက်ဆွဲထားနိုင်ဖို့ မိသားစုနဲ့ပတ်သက်တဲ့ အထောက်အပံ့ တွေ လုပ်ပေးဖို့လိုအပ်ကြောင်းကိုပါသူကမှတ်ချက်ပြုပါသေးတယ်။ 


လုပ်ငန်းရှင်တွေက မတူကွဲပြားခြားနားသူတွေကို ခန့်ထားခြင်း၊ ရာထူးတိုးပေးခြင်း၊ တို့ကိုမျှတစွာစီမံ ဆောင်ရွက်တဲ့ မန်နေဂျာတွေကို ချီးမြှင့်မှုတွေလုပ်ပေးသင့်ပါတယ်။ Tracey က “မှန်းထားတာတွေရချင်မှ ရမယ်၊ ရလာတာကိုပဲသေချာစစ်ဆေးမယ်၊ ချီးမြှောက်မှုတွေလုပ်ပေးရမယ်” လို့ဆိုပါတယ်။ 


နိုင်ငံပေါင်း(၃၅)နိုင်ငံမှာ ဟိုတယ်ပေါင်း (၇၅၀)ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Newport Beach, Calif., က Preferred Hotels and Resorts လုပ်ငန်းဟာ ထိပ်ပိုင်းခေါင်ချုပ်တွေမှာ မျိုးမတူကွဲပြားသူတွေနဲ့ ဦးဆောင် လုပ်ကိုင်လျှက်ရှိ တိုးတက်မှုတွေရရှိနေပါတယ်။ ကုမ္ပဏီရဲ့ အကြီးတန်းအမှုဆောင်ရာထူးရဲ့ (၄၄%)ဟာ အမျိုး သမီးတွေ ဖြစ်နေပြီး၊ (၁၀%)ဟာ လူမည်းတွေဖြစ်ပြီး၊ senior vice president of human resources ဖြစ်တဲ့ Greg Smith လဲ အဲဒီထဲ အပါအဝင်ဖြစ်ပါတယ်။


ဘာလျှို့ဝှက်ချက်ဖော်မူလာမှမရှိပါဘူး။ Smith က “ကျွန်ုပ်တို့ဟာ ဒီအပိုင်းကို တကယ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြလို့ပဲ” ဖြစ်ကြောင်းပြောပါတယ်။ မတူကွဲပြားခြားနားသူတွေကို ရာထူးတိုးပေးဖို့ သင့်တော်မှုမရှိ ဘူးလို့ပြောလာကြရင်လဲ ခုခံတုန့်ပြန်မယ့်အစား ဒါကဘာကိုဆိုလိုပါသလဲဆိုပြီး၊ အကြံပြုချက်ကို တောင်းခံလေ့ ရှိပါတယ်။ 


ခက်ခဲတဲ့ ဆုံးဖြတ်ချက်များ 

ပြီးခဲ့တဲ့ နွေဦးကာလ ကမ္ဘာ့ကပ်ဘေးအစပိုင်းအချိန်တုန်းက hospitality businesses တွေပိတ်လိုက်ရတဲ့ အခါပထမဦးဆုံးစိန်ခေါ်မှုတွေထဲတစ်ခုက ဝန်ထမ်းအင်အားကို ဘယ်လိုလျော့ချကြမလဲ ဆိုတာပဲဖြစ်ပါတယ်။


“ဝန်ထမ်းအင်အားလျော့တဲ့နေရာမှာ အဆင်ပြေအောင်ဘယ်လိုလုပ်မလဲ၊ အလုပ်မဖြုတ်ဘဲအလုပ်ကနေ အနားပေးထားရတဲ့ ဝန်ထမ်းတွေ၊ အလုပ်ရပ်စဲလိုက်ရတဲ့ ဝန်ထမ်းတွေ၊ ကို ဘယ်လို ဆောင်ရွက်ပေးရမလဲ၊ ကျန်ရှိ နေတဲ့ ဝန်ထမ်းတွေအနေနဲ့လဲ နောက်တစ်ကြိမ်၎င်းတို့အလှည့်ဆိုတာမျိုး စိုးရိမ်စိတ်မရှိစေဘဲ ကုမ္ပဏီအပေါ်မှာ ဆက်လက်သစ္စာရှိနေစေဖို့ဆိုတာတွေက စိန်ခေါ်မှုအကြီး ကြီးတွေဖြစ်နေပါတယ်။” လို့ Samuels ကဆိုပါတယ်။  


စီးပွားရေးနလံထဖို့ နှေးနေခြင်း (သို့)ဆောင်းရာသီမှာ coronavirus ပြန့်နှံ့ခြင်းတွေကနေ သင်ခန်းစာတွေ ယူနေရဦးမှာဖြစ်ပါတယ်။ အလုပ်ချိန်ပြောင်းတာတွေ၊ လျော့ချရတာတွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သူမှု ရှိမှ ဝန်ထမ်းတွေအနေနဲ့ မျှတမှုကို နားလည်လက်ခံနိုင်မှာဖြစ်ကြောင်း၊ Nicole Leier(senior consultant-Executive HR Consulting Group၊ Los Angeles) ကပြောပါတယ်။  


အလုပ်ကနေ ခေတ္တခဏအနားပေးခြင်းကို လုပ်သက်အပေါ်အခြေခံစဉ်းစားပေးမယ်ဆိုရင် ဝန်ထမ်းတွေ က နားလည်လက်ခံနိုင်ပါတယ်။ စားသောက်ဆိုင်တွေကလဲ ရာသီဥတုဆိုးလာတဲ့အခါ လူတွေမလာကြတော့ တဲ့ အခြေအနေမှာ ရုတ်တရက် ဝန်ထမ်းအရေအတွက်ကို ချိန်ညှိရမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာရင် အောင်မြင်စွာနဲ့ ဆောင်ရွက်နိုင်ဖို့ မူဝါဒသတ်မှတ်ချက်တွေကို ချမှတ်ထားရမှာဖြစ်ပါတယ်။ 


Los Angeles မှာ အခြေဆိုက်တဲ့ တန်ဖိုးကြီးအိမ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ Montage International က executive vice president of people ဖြစ်သူ Mandy Holloway က၊ သူမရဲ့ကုမ္ပဏီမှာ ဝန်ထမ်းအရေအတွက် ထက်ဝက်လျော့ချလိုက်ရတဲ့ အကြောင်းပြောလာပါတယ်။ သူမက လုပ်ငန်းအခြေအနေနဲ့ ဝန်ထမ်းအရေအတွက် ခန့်ထားမှု အခြေအနေကို နားလည်သဘောပေါက်ဖို့လိုပြီး၊ ဝန်ထမ်းအင်အားကို အမြဲတမ်း လိုရင်လိုသလို ပြောင်းလဲနိုင်ဖို့ ကတော့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ Montage hotels (၇)လုံးကို နွေဦးရာသီမှာပိတ်ထားခဲ့ရပြီ၊ စက်တင်ဘာလမှာ ဟိုတယ်တစ်လုံးကို ပြန်လည်ဖွင့်လှစ်ပြီး၊ ကျွန်မတို့ ဝန်ထမ်းတွေကို အနားပေးထားတဲ့အခြေအနေမှာ ဘယ်လို ကောင်းကောင်းလုပ်နိုင်မလဲဆိုတာနဲ့ ဝန်ထမ်းတွေကို ဘယ်လို စောင့်ရှောက်နိုင်မလဲဆိုတာကို လေ့လာခဲ့ကြပါ သေးတယ်။ ဥပမာ- Montage sold gift cards တွေကို အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေအတွက် အထောက်အပံ့ ဖြစ်စေဖို့ ကယ်ဆယ်ရေးရံပုံငွေထူထောင်ခြင်းတို့ကို စီစဉ်ပေးခဲ့ပါတယ်။ အလုပ်မှနားနေရတဲ့ ဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေအတွက် နေ့စဉ် (၂၄)နာရီ တယ်လီဖုန်းဖြင့် ကုသမှုခံယူနိုင်မယ့် အစီအစဉ်တွေကိုလဲ စီစဉ်ပေးထားပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ ဆေးပညာဆိုင်ရာအရင်းအမြစ်တွေကို ကြိုတင်ပြင်ဆင်ထားပါတယ်လို့ ဒီနယ်ပယ်မှာ လုပ်သက်အနှစ်(၂၀)ရှိတဲ့ Holloway က ဆိုပါတယ်။ 


ဝန်ထမ်းနဲ့ မိသားစုဟာ စားစရာတွေကို တစ်လမှာ နှစ်ကြိမ်ထောက်ပံ့ထားပြီး၊ လုပ်သားတွေဟာ အတတ်ပညာ ဆိုင်ရာတိုးတက်လာစေဖို့ အခွင့်အလမ်းတွေကိုလဲ ရရှိကြမှာဖြစ်တဲ့အပြင်၊ online ကနေ ကိုယ်ကာယလေ့ကျင့် ခန်းတွေ၊ ချက်ပြုပ်နည်းတွေကိုလဲ လေ့လာနိုင်ကြပါသေးတယ်။ 


အခြားသော business leader တွေလိုပဲ၊ Samuels က သူရဲ့ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရပါတယ်။ သူရဲ့ executive search firm ဟာ ၂၀၁၉ခုနှစ်မှာ အောင်မြင်မှုတွေကို မြင်တွေ့ခဲ့ရပေမယ့် ယခု ရာထူး(၂၉)နေရာမှာ (၉)နေရာလောက်ကိုလျော့လိုက်ရပါပြီ။  ဒီကပ်ဘေးကြီး စတင်ကတည်းက မသေချာမရေရာတာတွေနဲ့လုပ်ကိုင်နေကြရပြီး၊ ပထမဦးဆုံးမေးခွန်းက ဝန်ထမ်းတွေကို အနားပေးထားမှာလား၊ အလုပ်ကနေရပ်စဲလိုက်ကြမလားဆိုတာပဲဖြစ်ပါတယ်။


ဒီကပ်ဘေးကြီးက ဘယ်လောက်ကြာဦးမှာလဲ၊ ဝန်ထမ်းတွေကို အလုပ်ကအနားပေးထားတော့ ပြန်ဖွင့်တဲ့ အခါပြန်လာကြမှာပေါ့လို့ Samuels ကပြောပါတယ်။ ဒါပေမယ့် သေချာအတတ်တော့မပြောနိုင်ဘူးပေါ့၊ ဝန်ထမ်း တွေဘက်ကရော သေချာရဲ့လား၊ ဘေးရောကင်းကြရဲ့လား။ 


Samuels က အလုပ်ကနေထုတ်လိုက်ရတဲ့ ဝန်ထမ်းတွေအတွက် ထွက်ခွာဖို့၊ နောက်အလုပ်ရှာဖို့တွေမှာ ပါဝင်ဆောင်ရွက်နေရပြီး၊ လူတိုင်းကိုလဲ အခုလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုဘယ်ပုံချခဲ့ရတယ်ဆိုတာ တွေကို ရှင်းပြနေခဲ့ရပါတယ်။ ထွက်သွားရတဲ့ ဝန်ထမ်းတွေအတွက် ကျန်းမာရေးဆိုင်ရာခံစားခွင့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အလုပ်လက်မဲ့အခြေအနေကနေ နောက် အလုပ်အတွက် ပြင်ဆင်ရမှာတွေကိုလဲ မျှဝေပေးခဲ့ပါတယ်။


အလုပ်ကနေ နားနေရတာက အလုပ်ဖြုတ်ခံရတာထက်စာရင် ကောင်းပါသေးတယ်။ “Hospitality Industry မှာ သင်ရဲ့လုပ်သားအင်အားစုတွေ ဆုံးရှုံးမှုမခံချင်ရင် - ရွှေကဲ့သို့ တန်ဖိုး တက်လာအောင် လေ့ကျင့်သင်ကြားပေးကြပါ။” လို့ Hyatt ၊ the Century Plaza နဲ့ Waldorf Astoria တို့မှာအလုပ်လုပ်ခဲ့တဲ့ Nicole Leier ကပြောပါတယ်။


ထူးချွန်ဝန်ထမ်းတွေကိုထိန်းထားခြင်း

လုပ်သားဈေးကွက်ဟာ မသေချာဖြစ်နေပြီး၊ အလုပ်လက်မဲ့နှုန်းမြင့်မားနေချိန်မှာတောင် သေချာစွာ လေ့ကျင့်သင်ကြားပေးထားတဲ့ထူးချွန်ဝန်ထမ်းတွေကိုထိန်းထားဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ အဆုံးမှာတော့ လုပ်ငန်းထဲက ဝန်ထမ်းတွေကိုပဲ ရာထူးတိုးပေးသွားခြင်းက ဝန်ထမ်းနဲ့ ကုမ္ပဏီကို တစ်သားတည်းဖြစ်အောင် တွယ်ချိတ်ပေးနိုင်တဲ့နည်းလမ်းကောင်းဖြစ်ကြောင်း Leier က သူမ Hyatt မှာရှိစဉ် ကာလမှာ ကောင်းကောင်းကြီး မြင်တွေ့ခဲ့ရပါတယ်။


အဲဒီလိုပဲ လုပ်သားတွေကို လေ့ကျင့်မှုတွေလုပ်ပေး၊ တာဝန်တွေတိုးပေးခြင်းအားဖြင့် ၎င်းတို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးရာရောက်ပြီး၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်မှုနှုန်းကိုမြင့်မားစေပါတယ်။ Leier က Century Plaza မှာရှိစဉ်တုန်းကလဲ ဝန်ထမ်းတွေဟာ ရေရှည်ကုမ္ပဏီနဲ့လက်တွဲပြီး လုပ်ကိုင်နိုင်ကြပြီး၊ လုပ်ငန်းအတွင်းမှာလဲ တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေနဲ့လုပ်ကိုင်နေကြတာကိုလဲ တွေ့ခဲ့ရပါတယ်။ “တစ်ဦးဦးက သင့်ကို အချိန်ပေးပြီးလေ့ကျင့်ပေးမယ်၊ သင်ယူခွင့်တွေပေးမယ်ဆိုရင်၊ ဒါဟာ အဖွဲ့အစည်းအပေါ် သစ္စာစောင့် သိမှုနဲ့ အောင်မြင်အောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ထားကိုဖြစ်စေပါတယ်” လို့ Leier ကဆိုပါတယ်။


နှစ်ပတ်လည်ကိတ်မုန့်၊ gift card ၊ ရုပ်ရှင်လက်မှတ်၊ လက်ရေးမူနဲ့ ကျေးဇူးတင်အသိအမှတ်ပြုစာထုတ် ပေးခြင်း၊ စတာတွေနဲ့ နှစ်သက်လိုလားမှုတွေပြပြီး၊ ဝန်ထမ်းတွေ သစ္စာရှိလာအောင်ပြုလုပ်ပေးကြောင်း Courtney Hendricks (HR manager- Milwaukee-based Cousins Subs)ကဆိုပါတယ်။ စားသောက်ဆိုင် လုပ်ငန်းစု ကလဲလုပ်သားတွေကို ထိန်းတဲ့အနေနဲ့ hourly workers တွေကို ရာထူးအဆင့်တွေတက်အောင် လမ်းကြောင်းတွေချထားပေးရမှာဖြစ်ပါတယ်။ Hendricks ရဲ့ အထက်လူကြီးကိုယ်တိုင်က (၁၆)နှစ်သား sandwich အလုပ်သမားကနေအဆင့်ဆင့်တက်လာသူဖြစ်ကြောင်း၊ အဆင့်ဆင့်တက်နိုင်မယ့်လှေကားထစ်တွေ ထင်ထင်ရှားရှား ရှိနေရမှာဖြစ်ပါတယ်။ 


ကပ်ရောဂါဘေးက အရာရာကိုထိန်းချုပ်ထားတဲ့အချိန်မှာ Holloway က သူမရဲ့ ဝန်ထမ်းတွေအကြား တင်းကျပ်မှုတွေကို ပြေလျော့စေဖို့ စဉ်ဆက်မပြတ်ဆက်သွယ်ပြောဆိုမှုတွေ၊ လေ့ကျင့်သင်ကြားမှုတွေကို အလေး ထားဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်မတို့ဟာ ဆက်သွယ်မှုတွေကို ရပ်လိုက်လို့မရဘူး။ ကုမ္ပဏီကလဲ အပတ်စဉ် သိသင့်တာတွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးပြီး၊ လုပ်ငန်းတည်ရှိရာနေရာတိုင်းမှာ အထွေထွေမန်နေဂျာ တွေက အပတ်စဉ် online ကနေတစ်ဆင့် ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး၊ သိသင့်တာတွေပြောဆိုပေးပြီး၊ အဆက် အသွယ်မပြတ်ဘဲ၊ နွေးထွေးမှုတွေကို ခံစားနေနိုင်တဲ့အပြင်၊ ဝန်ထမ်းတွေနေထိုင်ရာအရပ်က ဒေသန္တရသတင်းတွေ ကိုလဲ ဖလှယ်ပြီးဖြစ်နေပါတယ်။ Montage က ထုတ်ပြန်ထားတဲ့ ဘေးအန္တရာယ်ကင်းရေးအစီအစဉ်ဖြစ်တဲ့ နေ့စဉ် ကိုယ်အပူချိန်စစ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးတဲ့အပြင်၊ online ကနေ personal protective gear ဝတ်ဆင်ပုံ သင်ရိုးတွေကိုလဲ ပံ့ပိုးပေးပါတယ်။ ဒါအပြင် အလုပ်တွေပြန်မဖွင့်ခင်မှာ မန်နေဂျာတွေကို ဘေးအန္တရာယ်အကြား မှာ အဘယ်ကဲ့သို့ ဦးဆောင်မှုတွေလုပ်ရမလဲဆိုတာတွေကိုလဲ ကြိုတင်လေ့ကျင့်သင်ကြားပေးထားပါသေးတယ်။  


အဝေးတစ်နေရာသို့ရွေ့ရှားခြင်း 

ရုတ်တရက်ကြီးလုပ်ငန်းတွေပိတ်လိုက်၊ ရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် hospitality company တွေက ဘယ်လိုလုပ်သားတွေက အများဆုံးလိုအပ်မလဲနဲ့ ဘယ်လိုအလုပ်တွေက အဝေးတစ်နေရာကနေ အောင်မြင် အောင်လုပ်နိုင်မလဲဆိုတဲ့ စိတ်ကူးကောင်းတွေရရှိခဲ့ပါတယ်။


လုပ်ငန်းတွေဟာ သာမာန်အခြေအနေမျိုးမဟုတ်တဲ့အချိန်မှာ အိမ်ကနေအလုပ် လုပ်နိုင်ဖို့ စီစဉ်လို့ရ နိုင်ပေမယ့် hospitality လုပ်ငန်းနယ်ပယ်ကတော့ မဖြစ်နိုင်ဘူး၊ အစီအစဉ်တွေပြန်ချဖို့အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် လုပ်လို့ရပါတယ်ဆိုပြီး Leier ကပြောပါတယ်။ 


ဘာတွေလုပ်ရမလဲ။ မူဝါဒတွေပြန်ရေးဆွဲရမှာဖြစ်ပါတယ်။ ဥပမာ- ဝန်ထမ်းတွေရဲ့ Skype လိုင်းတွေဖွင့် ပေးပြီး၊ သတ်မှတ်ထားတဲ့အချိန်တွေမှာသုံးနိုင်ဖို့၊ ဖုန်းဖြေဆိုနိုင်ဖို့နဲ့ e-mail message လက်ခံရရှိဖို့ စတာတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အနောက် ကလေးငိုသံစတဲ့ ဆူညံမှုတွေကိုတော့ နားလည်ပေးရတာပေါ့လို့ Leier ကပြောပါတယ်။ 


  Mellwig က ရေရှည်မှာ အလုပ်အတော်များများဟာ အဝေးကနေလုပ်ဆောင်နိုင်မှာဖြစ်ကြောင်းသိလာ ကြရပါပြီ၊ ဝန်ထမ်းတွေရဲ့ အလုပ်သွားလမ်းခရီးမှာ အချိန်ပေးရတာတွေကိုလဲလျော့ချနိုင်တဲ့အပြင်၊ ၎င်းတို့ရဲ့ အလုပ်နဲ့မိသားစု ဘဝဟန်ချက်ကို ထိန်းပေးနိုင်မှာဖြစ်ကြောင်းပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ ဓလေ့အပေါ်အခြေခံထားတဲ့ Cousins Subs ကဲ့သို့ ကုမ္ပဏီတွေအတွက်ကတော့ အဝေးတစ်နေရာက အလုပ်လုပ်ကြဖို့ဆိုတာ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ တစ်ပတ်လျှင် နှစ်ရက်(သို့)သုံးရက်ကို အလှည့်ကျစနစ်နဲ့ရုံးတက်ရပြီး၊ ကျန်ရက် များမှာ အိမ်ကနေအလုပ်လုပ်ကြရမှာဖြစ်ပါတယ်။ Hendricks တို့လို HR managerအတွက်ကတော့ ဝန်ထမ်းတွေ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ လုပ်သားတွေဟာ တုန့်ပြန်မှုလျင်မြန်တဲ့အတွက် နောက်ကထပ်ချပ်မကွာစစ်ဆေးနေကြဖို့ အထူးလိုအပ်လာပါပြီ။ အဝေးကနေလှမ်းအလုပ်လုပ်ကြတယ်ဆိုတော့ ဝန်ထမ်းတွေနဲ့ အဆက်အသွယ်လုပ်ရာမှာ အခက်အခဲတွေ အများကြီးရှိနိုင်သလို၊ အထူးသဖြင့် တစ်ဦးနဲ့တစ်ဦးတွေ့ဆုံပြောဆိုဆွေးနွေးမှုဆိုတာတွေ မရှိနိုင်တော့ဘူးပေါ့။ ဒါပေမယ့်လဲ ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေနဲ့ virtual meetings ပြုလုပ်ပြီး၊ လုပ်ငန်းဆောင်ရွက်နေကြရပါပြီ။ 


များပြားလှတဲ့ စိတ်ကူးအသစ်

COVID-19 ကပ်ရောဂါဘေးကြောင့် တစ်ဦးနဲ့တစ်ဦးခတ်ခွာခွာနေဆက်ဆံနေရတာလဲ တာရှည်လာတော့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို ဆန်းသစ်တီထွင်မှုတွေလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနေသလိုဖြစ်လာပါတယ်။ 


ဟိုတယ်အခန်းတွေက နေ့စဉ်သန့်ရှင်းနေရမှာဖြစ်တော့ အချို့ဆိုရင် စက်ရုပ်နဲ့ အရင်ဦးဆုံးပိုးသတ် ဆေးဖြန်းပြီးမှ housekeeper တွေက ဝင်ရောက်သန့်ရှင်းရေးလုပ်ဆောင်ကြပါတယ်။ အချို့ကြပြန်တော့ ဧည့်သည်တွေကို phone apps နဲ့ check in လုပ်ခြင်း၊ အခန်းထဲကို သော့မလိုဘဲဝင်ရောက်နိုင်ခြင်း၊ စတာတွေကို စီစဉ်ဖန်တီးပေးထားပါတယ်။ စားသောက်ဆိုင်တွေမှာလဲ menus ကို QR codes နဲ့ကြည့်ပြီး မှာနိုင်အောင်စီစဉ်ထားကြပြီ ဖြစ်ပါတယ်။  


လုပ်ငန်းတွေဟာ အခြေအနေတွေနဲ့ သဟဇာဖြစ်လာပြီး၊ တဖြည်းဖြည်းနဲ့ ရုပ်သွင်ပါပြောင်းလဲလာရပါပြီ။ ဒီလို အချင်းအရာတွေအများကြီးက ကျွန်ုပ်တို့နဲ့ရှိနေဦးမှာပါလို့ Samuels ဆိုပါတယ်။   


PANDEMIC DOWNSIZING TIPS


အကယ်၍သာ ကမ္ဘာ့ကပ်ရောဂါဘေးကျရောက်လာလို့ ဝန်ထမ်းတွေလျော့ရပြီဆိုရင် HR Professional တွေက၎င်းတို့ရဲ့အတွေ့အကြုံအပေါ်အခြေခံပြီး အောက်ပါတို့ကိုအကြံပြုထားပါတယ်၊။ 


ဝန်ထမ်းလျော့ရတော့မယ်(သို့)အိမ်မှာနားနေရတော့မယ်ဆိုရင် ပွင့်လင်းမြင်သာအောင်လုပ်ပါ။

ဝန်ထမ်းလျော့ချဖို့လိုလာပြီဆိုရင် အမျှင်တန်းမနေပဲ မြန်မြန်ဆောင်ရွက်ပါ။

ရပ်စဲခံရတဲ့ဝန်ထမ်းတွေကို နစ်နာကြေးစီစဉ်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အိမ်မှာနားနေရတဲ့ ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးပါ။

ဝန်ထမ်းတွေရဲ့အသံကိုနားထောင်ပါ။ မူဝါဒအသစ်တွေအတွက် ဝန်ထမ်းတွေရဲ့ တုန့်ပြန်မှုကို သုံးသပ်ပါ။

ဝန်ထမ်းတွေကို စာနာမှုပြပါ။ ကရုစိုက်ပါ။

 ဒီလိုလုပ်ငန်းတွေရပ်ဆိုင်းကုန်တော့ စားသောက်ဆိုင်လုပ်ငန်းတွေက ပုံသေသတ်မှတ်ချက်တွေနဲ့ ဘောက်ဆူးမျှဝေပေးတဲ့ အစီအစဉ်တွေကို စဉ်းစားလာကြပါတယ်။ မိရိုးဖလာအားဖြင့် customer တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ဝန်ထမ်းတွေဟာ customer တွေကဘောက်ဆူးပေးတာနဲ့ အဆင်ပြေကြလို့ လစာကို အနည်းငယ်သာသတ်မှတ်ပေးလေ့ရှိကြပါတယ်။ kitchen ပိုင်းက ဝန်ထမ်းတွေကြတော့ လစာမြင့်ပြီး၊ ဘောက်ဆူး မရကြပါ။ ဒီလို ဘောက်ဆူးမျှဝေ တဲ့နည်းနဲ့မှ chef တွေနဲ့ cook တွေကို အလွယ်တကူခေါ်နိုင်ဖြစ်ကြောင်းနဲ့ COVID ကလူတွေကို ဖွဲ့စည်းပုံကအစ ပြန်လည်သုံးသပ်နိုင်ဖို့အချိန်ပေးလိုက်သလိုဖြစ်လာပါတယ်လို့ Samuels ရှင်းပြပါတယ်။  


ဆောင်းရာသီကာလတွေမှာ အောင်မြင်နေကြတဲ့ စားသောက်ဆိုင်တွေက အစားအသောက်တွေကို ဝယ်သွားလို့ရအောင်နဲ့ ဆိုင်အပြင်ဘက်မှာ အပူပေးတဲ့စနစ်တွေနဲ့ နွေးနေတဲ့ ဝန်းကျင်ကို ဖန်တီးထားပေးခြင်းတို့က customer တွေကိုဆွဲဆောင်ခြင်းနည်းပဲမဟုတ်ပါလား။ 


Cousins Subs က ကပ်ရောဂါဘေးအစောပိုင်းတုန်းကတည်းက အလျင်အမြန်ပဲ လိုက်လျောညီထွေဖြစ် အောင်စီစဉ်ခဲ့ပါတယ်။ ကားပေါ်ကနေလှမ်းဝယ်လို့ရတဲ့ စားသောက်ဆိုင်ဟာ (၃၀%)ပဲရှိခဲ့ပါတယ်။ ရုတ်တရက် လိုအပ်ချက်ဖြစ်လာတော့ လမ်းဘေးပလက်ဖောင်းကနေ ကားပေါ်ကနေဝယ်လို့ရအောင် ရောင်းရတာတွေဖြစ်လာ ပါတယ်။ Hendricks က “ကျွန်ုပ်တို့ (၄၈)နာရီ အတွင်း ပလက်ဖောင်းကနေရောင်းဖို့ အကောင်အထည်ဖော်ခဲ့ ပါတယ်။” “ဒီလိုနဲ့ကျွန်တော်တို့လုပ်ငန်းကို အဆင်ပြေစေခဲ့ပါတယ်။” 


Umami Burger ၊ Sam’s Crispy Chicken နဲ့ အခြားစားသောက်ဆိုင်လုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ SBE က “ghost” (သို့) cloud kitchens—sites အဖြစ်သို့ပြောင်းလဲပြီး၊ ချက်ပြုတ်ပြီးအစားအစာတွေကို delivery သက်သက်နဲ့ပို့ဆောင်ခဲ့ပါတယ်။ SBE မှာ အမှတ်တံဆိပ်အမျိုးမျိုးရှိတော့ ဥပမာ- Krispy Rice နဲ့ Plant Nation လုပ်ငန်းတွေအတွက် အစားအစာတွေချက်ပြုတ်ခြင်းကို share kitchen စနစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ Mellwig က ကုမ္ပဏီဟာ customer တွေအတွက် အစားအစာတွေကို အဆင့်မြင့်မြင့်ပို့ပေးနိုင်ဖို့ အထူးစီစဉ်မှုတွေအပြင်၊ အရသာ အပိုင်းမှာလဲ မိသားစုပေါင်းစုံအတွက် ရွေးချယ်စရာတွေအမျိုးစုံအောင်ဖန်တီးပေးထားပါတယ်။ ဆိုင်အတွင်းစားသောက်မှုအလေ့အထက ကပ်ရောဂါဘေးကြောင့် လုံးဝရပ်သွားပေမယ့် SBE ဟာ ဝန်ထမ်းတွေနဲ့ အစီအစဉ်ပြန်ချပြီး အလျင်အမြန်ပဲ ghost kitchen စိတ်ကူးနဲ့ အစားအစာပေးပို့ခြင်းကိုဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။  


Cross-training ပြုလုပ်ခြင်းကလဲ ကုမ္ပဏီကို နာလန်ပြန်ထဖို့အတွက် နောက်ထပ် ဗျူဟာတစ်ခုဖြစ်လာ ပါတယ်။ ဝန်ထမ်းလျော့တာကိုလုပ်ရမယ်ဆိုရင်၊ ကျွမ်းကျင်ဝန်ထမ်းတွေကိုသူတို့ရဲ့ အလုပ်တာဝန်လုပ်လို့မရသေး ပေမယ့်လဲ လျော့တဲ့ထဲ ထည့်လို့မဖြစ်ပါ။  


Cross-training ပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုအရည်အချင်းတွေတက်လာမယ်ဆိုရင် ပိုပြီးပြောင်း လွယ်ပြင်လွယ်ဖြစ်လာပါလိမ့်မယ်။ ဟိုတယ်ရဲ့ front-desk clerk ကို အလုပ်ပါးနေချိန်မှာ accounting department ကိုဝိုင်းကူစေမှာ ဖြစ်တော့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေလဲ ပိုကျယ်ပြန့်လာမယ်၊ ဒါဆိုလုပ်ငန်း ဆောင်ရွက်ချက်တွေကို ဝန်ထမ်းအနည်းငယ်နဲ့လုပ်နိုင်လာပါလိမ့်မယ်။ ဒါပေမယ့် လုပ်ခလစာတွေကိုတော့ပိုပေးဖို့ လိုပါလိမ့်မယ်။ 


ယခုလိုစီးပွားရေးကျဆင်းနေချိန်မှာ ဟိုတယ်တွေအနေနဲ့ valets ၊ door people နဲ့ bell service စတဲ့ ဝန်ဆောင်မှု(၃)မျိုးအတွက် ဝန်ထမ်း(၃)မျိုးထားမယ့်အစား “welcome ambassador” ဆိုပြီး အဆိုပါဝန်ဆောင်မှု တွေကို ဆောင်ရွက်စေမှာဖြစ်ပါတယ်။ကုမ္ပဏီတွေအတွက် အခွင့်အရေးတစ်ရပ်အနေနဲ့ အလုပ်တွေ၊ ကျွမ်းကျင်မှုတွေ၊ တာဝန်တွေကို ပြန်လည်သုံးသပ်ပြီး၊ ပေါင်းစပ်ဖန်တီးမှုတွေလုပ်ခြင်းအားဖြင့် hospitality industry မှာ အင်အားအနည်းငယ်နဲ့ လုပ်နိုင်တဲ့ အတွေ့အကြုံတွေရလာပြီး၊ ပိုကောင်းတဲ့အလုပ်တွေဖြစ်လာပါပြီလို့ ဖြည့်စွက်ပြောထားပါသေးတယ်။   


တာဝန်တွေတိုးပေးခြင်းအားဖြင့် အလုပ်တွေမှာ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်း တွေကိုလဲ အခြားသောအလုပ်တာဝန်တွေကို လုပ်တတ်အောင်သင်ထားပေးမယ်ဆိုရင် ကျွမ်းကျင်မှုနယ်ပယ် ပိုကျယ်လာမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ပိုပြီးထိရောက်မှုရှိမယ်၊ ပိုကျယ်ပြန့်တဲ့အလုပ်တာဝန်တွေပေးပြီး၊   ကုမ္ပဏီနဲ့အတူ ကြီးထွားခွင့်ပေးရမှာဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်မယ်၊ ပိုပြီးတော့စိတ်ဝင်စားဖို့လဲကောင်းမယ်၊ လုပ်ခွင့်တွေလဲရမယ်၊ ဆိုရင် employee engagement ပိုမိုရရှိလာမှာဖြစ်ပါတယ်။အကယ်၍ ဝန်ထမ်းတွေသာ မပျော်တော့ဘူးဆိုရင် ဧည့်သည်တွေ အတွက် အဆင်ပြေဖို့ မစဉ်းစားနဲ့တော့ လို့ Tracey ကပြောလိုက်ပါပြီ။


Reference: 

Tamara Lytle, a freelance writer in the Washington, D.C., December 1, 2020. HR Magazine Winter 2020, SHRM HR Magazine E-Newsletter.


[Zawgyi]Hospitality Industry က HR ဆိုင္ရာစိန္ေခၚမႈႀကီး 




#စာေရးသူ_ျမတ္သုတလိႈင္ဝင္း

#business_knowledges 

#HR_Management 


(၂၀၂၀၊ဇန္နဝါရီလထုတ္HR Journal မွာေဖာ္ျပထားတဲ့ဆရာျမတ္သုတလိူင္ဝင္းရဲ့ေဆာင္းပါးကိုေဖာ္ျပလိုက္ပါတယ္,)


စာရႈ႔သူအားလံုးမဂၤလာပါခင္ဗ်ား။ တစ္ကမ႓ာလံုး Coronavirus ကပ္ေရာဂါေဘးကိုခံစားေနၾကတာဟာ ႏွစ္ေပါက္ေနၿပီး၊ ယခုလိုကာလအတြင္း ႏိုင္ငံတစ္ကာမွာ လုပ္ေဆာင္ေနၾကတာေတြကိုတင္ျပလိုျခင္းျဖစ္ပါတယ္။ အခ်ိဳ႕လုပ္ေဆာင္ခ်က္ေတြဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလဲအေကာင္အထည္ေဖာ္ေနတာဟာေတာ္ေတာ္ေလးရင္းႏွီး ၿပီးအကြၽမ္းတဝင္ျဖစ္ေနပါၿပီ။ ယခုတင္ျပခ်က္က အခ်ိဳ႕အခ်က္ေတြဟာ ဗဟုသုတအျဖစ္ေသာ္လည္းေကာင္း၊ အခ်ိဳ႕အေၾကာင္းအရာေတြကေတာ့ ေတြးစရာ စိတ္ကူးေလးေတြအျဖစ္ ဆင္ခ်င္ႏိုင္ဖို႔ ရည္ရြယ္ပါတယ္။ 


Coronavirus ကပ္ေရာဂါေဘးက်ေရာက္မႈက hospitality industry ကိုလႈပ္ခါသြားေစခဲ့ပါတယ္။ ဒါေပမယ့္လဲ အခက္အခဲေတြ၊ ၿခိမ္းေျခာက္မႈေတြမွာ အခြင့္အလမ္းေတြကေတာ့ရိွၾကစၿမဲပါ။ကမ႓ာနဲ႔ အဝွမ္း coronavirus ကပ္ေရာဂါေဘးက်ေရာက္မႈက tsunami ရဲ့အားကဲ့သို႔ ျပင္းထန္စြာ ရိုက္ခတ္ျခင္းခံရတဲ့အတြက္ hospitality company ေတြဟာ ဆက္လက္ ရပ္တည္ႏိုင္ဖို႔အတြက္ေတာ္ေတာ္ေလး အက်ပ္ရိုက္ေနၾကရပါတယ္။


စားေသာက္ဆိုင္လုပ္ငန္းေတြမွာလဲ ယခုႏွစ္အဖို႔ $240 billion ေလာက္အရႈံးေပၚေနပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလအလယ္ေလာက္မွာ စားေသာက္ဆိုင္လုပ္ငန္းေတြက အၾကမ္းအားျဖင့္ ဝန္ထမ္း(၃)သန္း ဟာအလုပ္ လက္မဲ့ျဖစ္ခဲ့ရပါၿပီ၊ the National Restaurant Association ထံကရရိွတဲ့ အခ်က္အလက္ေတြအရ ၆ပံု၁ပံုေလာက္ေသာစားေသာက္ဆိုင္ေတြက လံုးဝပိတ္သိမ္းလိုက္ရတဲ့အေျခအေနသို႔ ဆိုက္ေရာက္ခဲ့ၾကရပါတယ္။


ဟိုတယ္လုပ္ငန္းေတြက ဝန္ထမ္း(၃၈%)ဟာ ဒီႏွစ္အေစာပိုင္းမွာကတည္းက အလုပ္လက္မဲ့ျဖစ္မႈကို ခံစားေနၾကရပါတယ္။ ဒီႏွစ္ေနြရာသီမွာ ၃ပံု၂ပံုနီးပါးေသာ အေမရိကန္က ဟိုတယ္ေတြမွာ ဧၫ့္သည္တည္းခိုမႈ ရာခိုင္ႏႈန္းမွာ (၅၀%)(သို႔)အဲဒါထက္ေလ်ာ့နည္းတဲ့အတြက္ စရိတ္ေတြကိုေပးေခ်ႏိုင္ဖို႔ပင္ အေတာ္ခက္ခဲေန ၾကရပါတယ္။


The Bureau of Labor Statistics ရဲ့ စာရင္းဇယားေတြအရ ၂၀၁၉ခုႏွစ္ စက္တင္ဘာလကေန ၂၀၂၀ခုႏွစ္ စက္တင္ဘာလအတြင္း entertainment and recreation လုပ္ငန္းေတြမွာ အလုပ္အကိုင္အခြင့္ အလမ္း (၃၁%) ျပဳတ္က်ခဲ့ေၾကာင္းသိရပါတယ္။


Coronavirus ဆိုတဲ့ဒီေရ က်ဆင္းသြားသကဲ့သို႔၊ ဆုတ္ယုတ္သြားျခင္းက လုပ္ငန္းနယ္ပယ္ေတြမွာရိွၾကတဲ့ human resource leaders ေတြအတြက္ လစာေလ်ာ့ခ်မႈ၊ ဝန္ထမ္းဝင္ထြက္ႏႈန္းျမင့္တက္မႈ၊ စြမ္းရည္ျမင့္မားသူ ေတြကိုထိန္းရ၊ ရွာေဖြရ စတဲ့ တူညီတဲ့ အခက္အခဲျပႆနာေတြကို ရင္ဆိုင္ေနၾကရပါတယ္။ ဒါေပမယ့္လဲ ဗိုင္းရပ္စ္ က စီးပြားေရးကို ျပန္လည္ျပဳျပင္မႈေတြလဲ လုပ္ေပးၿပီး၊ အခြင့္အလမ္းအသစ္ေတြကိုအျခားတစ္နည္းနဲ႔ ေဖာ္ေဆာင္ ေပးေနပါၿပီ။ အေဝးတစ္ေနရာကေန လွမ္းအလုပ္လုပ္ျခင္းက ပံုမွန္လုပ္ရိုးလုပ္စဉ္ကဲ့သို႔ ျဖစ္လာေနပါၿပီ။ အလုပ္ေတြကလဲ ယခင္ကနဲ႔ယွဉ္ရင္ပိုၿပီး၊ ေျပာင္းလြယ္ျပင္လြယ္ပံုစံေတြ ျဖစ္လာၾကပါၿပီ။ ထမ္းေဆာင္ရမယ့္ တာဝန္ေတြ ကလဲ ပိုမိုက်ယ္ျပန႔္လာခဲ့ပါၿပီ။ 


စိန္ေခၚမႈကို ႀကံ့ႀကံ့ခံျခင္း

“HR ေတြအတြက္ အလြန္ေၾကာက္စရာေကာင္းပါတယ္၊ ဒါေပမယ့္ ခ်ဲ့ကားၿပီး အျမင္က်ယ္က်ယ္ၾကၫ့္ ႏိုင္မယ္ဆိုရင္ အေနအထားေကာင္းပဲ”လို႔ Burger King ကို အႏွစ္(၂၀)ၾကာ franchise ယူထားၿပီး၊ ယခုဆိုရင္ the University of South Carolina ရဲ့ the School of Hotel (Restaurant and Tourism Management) မွာ ဒါရိုက္တာ ျဖစ္ေနတဲ့ Robin DiPietro ကေျပာပါတယ္။ “လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ကြၽႏ္ုပ္တို႔ဟာ hospitality နဲ႔ tourism အတြက္ လူေတြ ရွာေဖြမႈမလုပ္ႏိုင္ခဲ့ၾကပါဘူး။ ယခုေတာ့ အရည္အခ်င္းျပၫ့္ဝသူေတြ ရဖို႔ အတြက္ အခြင့္အလမ္းေတြအမ်ားႀကီးရိွလာႏိုင္ပါၿပီ။


ဒီလိုဆိုျခင္းက ႏွစ္ရွည္လမ်ား ဝန္ထမ္းအသစ္ရိွေဖြရာမွာ ႀကံဳေတြ့ရတဲ့ အခက္အခဲေတြကို ေျဖရွင္းၿပီးျဖစ္ တယ္လို႔ေတာ့ မဆိုလိုပါ။ လုပ္ငန္းနယ္ပယ္ေတြမွာ အစစအရာရာေလ်ာ့ခ်မႈေတြ လုပ္ေနရေတာ့ Talent ဆိုင္ရာ အက်ပ္အတည္းကို သက္သာရံုေလာက္သာ လုပ္ေဆာင္သင့္ပါတယ္။ ကုမၸဏီေတြ ကလဲ အလုပ္ေလ်ွာက္လႊာေတြ အမ်ားအျပားနဲ႔ပိေနေတာ့ အဲဒီအထဲက အေကာင္းဆံုးဆိုတာကို ေရြးထုတ္ရခက္ခဲပါတယ္။ Coronavirus ေၾကာင့္ စီးပြားေရးခြၽတ္ၿခံဳက်ေနၿပီး၊ အေတာ္ရုန္းကန္ေနရတဲ့အခ်ိန္မွာ ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ေတြအေနနဲ႔ဝန္ထမ္း အသစ္ေတြထပ္ခန႔္ထားႏိုင္ဖို႔ လံုေလာက္တဲ့ ဝင္ေငြလည္ပတ္မႈမရိွ ျဖစ္ေနတတ္ပါတယ္။


တစ္ခ်ိန္တည္းမွာပဲ hospitality industry မွာ ဝန္ထမ္းဝင္ထြက္ႏႈန္းျမင့္မားမႈကေတာ့ ဆက္လက္ ျဖစ္ေနဦးမွာပါ။ The Cornell University School of Hotel Administration က professor of management ျဖစ္တဲ့ J. Bruce Tracey က “Hospitality အလုပ္ေတြမွာ လုပ္ခနိမ့္ၿပီး၊ ကြၽမ္းက်င္မႈနည္းေနပါၿပီ” လို႔ေျပာလာ ပါတယ္။ “ကြၽႏ္ုပ္တို႔ႀကံဳေတြ့ရမယ့္အဓိကအခက္အခဲတစ္ခုက ပိုမိုေကာင္းမြန္ၿပီး၊ ဖြံ႔ၿဖိဳးတိုးတက္ရာသို႔ ေလွကား ထစ္ေတြကို တက္လွမ္းႏိုင္ဖို႔ပဲျဖစ္ပါတယ္။” ဆိုလိုရင္းက hospitality industry ဟာ အရည္အခ်င္း အလားသဏၭာန္တူတဲ့ရာထူးေတြအတြက္ အျခားေသာ လုပ္ငန္းနယ္ပယ္ေတြနဲ႔ရံဖန္ရံခါယွဉ္ၿပိဳင္ၾကရမယ့္သေဘာ ျဖစ္ပါတယ္။ Hospitality လုပ္ငန္းတူသူ အခ်င္းခ်င္းအၾကား၊ ရွားပါးတဲ့အခ်ိဳ႕ေသာ talent ေတြကို ဒီနယ္ပယ္ထဲမွာပဲအၿပိဳင္လုေနမယ့္အစား အျခားေသာနယ္ပယ္က ကြၽမ္းက်င္မႈခ်င္း တူသူေတြ ကိုလဲ ရွာေဖြ အသံုးခ်ႏိုင္ေၾကာင္းကို Tracey ကရွင္းျပပါတယ္။ 


ဒီလုပ္ငန္းနယ္ပယ္ရဲ့ ထိပ္ပိုင္းမွာတာဝန္ယူေနၾကသူ ေတြဟာ က်ားမ၊ အယူဝါဒ၊ လူမ်ိဳးစသျဖင့္ မတူ ကြဲျပားျခားနားမႈနဲၿပီး၊ ေဘာင္က်ဉ္းေနျခင္းက ေနာက္ထပ္ တာရွည္ေနဦးမယ့္ အခက္အခဲပဲ ျဖစ္ပါတယ္။ ေအာက္ေျခအဆင့္က ယာယီလုပ္သားေတြမွာ မတူကြဲျပားျခားနားသူ လူေပါင္းစံုနဲ႔ လုပ္ကိုင္ႏိုင္ၾကၿပီး၊ လုပ္ငန္းလည္ပတ္မႈအဆင္ေျပေနေပမယ့္၊ စီမံခန႔္ခြဲေရးအဆင့္မွာေတာ့အဲဒီလိုမျဖစ္ႏိုင္ေသးတာကိုေတြ့ရပါတယ္။    


ယခုႏွစ္မွာ ႏိုင္ငံရဲ့ လူမ်ိဳးစြဲ ဆုပ္ကိုင္ထားမႈကို ဆန္းစစ္တဲ့အေနနဲ႔ hospitality company ေတြကို ၄တို႔ရဲ့ လုပ္သားအင္အားအေျခအေနကို ျပန္လည္သံုးသပ္မႈေတြ စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ထိုသို႔ ေဆာင္ရြက္ ခ်က္ကို အထူးအေလးအနက္ထား အာရံုစိုက္တဲ့အေနနဲ႔ hospitality industry ကုမၸဏီေတြဟာ ၄တို႔ရဲ့ လုပ္ငန္း အတြင္းမွာ လုပ္သားထုနဲ႔ ပတ္သက္လို႔ ကမ႓ာ့မွာရိွတဲ့ လူမ်ိဳးအမ်ားစုကို ကိုယ္စားျပဳသလားဆိုၿပီး၊ Overland Park, Kan., က executive search firm ျဖစ္တဲ့ Horizon Hospitality က CEO Scott Samuels က ေမးခြန္း ထုတ္လိုက္ပါတယ္။ 


စီမံခန႔္ခြဲမႈအဆင့္ရာထူးေတြအတြက္မတူကြဲျပားျခားနားသူေတြကိုပိုမိုရွာေဖြသင့္ေၾကာင္းဟိုတယ္(၃၅)လံုး ကို လည္ပတ္လုပ္ကိုင္ေနတဲ့ New York City က SBE Lifestyle Hospitality က chief culture officer ျဖစ္သူ Robert Mellwig ကဆိုပါတယ္။ ဒါ့အျပင္ သူက HR ေတြဟာ အဆက္အသြယ္က်ယ္ျပန႔္ဖို႔နဲ႔ အျခားေသာ လုပ္ငန္းနယ္ပယ္က လူေတြကိုပါစုေဆာင္းခန႔္ထားသင့္တယ္လို႔ အႀကံျပဳထားပါေသးတယ္။ 


ကုမၸဏီေတြကလဲ မတူကြဲျပားျခားနားတဲ့ talent ေတြအမ်ားအျပား ရရိွေအာင္ မိမိအစီအစဉ္နဲ႔ ျပဳစုပ်ိဳး ေထာင္ထားဖို႔လဲလိုပါတယ္လို႔ Mellwig က mentoring and sponsorship program ေတြမွာ ထပ္မံျဖၫ့္စြက္ ေျပာၾကားထားပါေသးတယ္။ ရာထူးအနိမ့္ပိုင္းကေနပိုက္လိုင္းသြယ္တန္းထားသကဲ့သို႔ ဝန္ထမ္းေတြကိုအထက္သို႔ တက္လွမ္းႏိုင္ဖို႔အတြက္ လိုအပ္တာေတြကို ပံ့ပိုးေပးရမယ့္အပိုင္းကိုၾကၫ့္ၿပီး၊ သူက “အေစာပိုင္း မွာ food chain အတြက္ဝန္ထမ္းေရြးခ်ယ္ခန႔္ထားမႈျပဳလုပ္ထားေပမယ့္၊ ေနာက္ပိုင္းဒီလုပ္ငန္းနယ္ပယ္ရဲ့ ေရရွည္ရည္မွန္း ခ်က္ေတြအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ အဆင့္ျမင့္ရာထူးေနရာေတြကို ျဖၫ့္စြက္ျမႇင့္တင္ေပးႏိုင္မယ့္ ယႏၲရားကို ၾကၫ့္ႏိုင္ဖို႔လိုပါၿပီ” ဟုဆိုပါတယ္။ 


လုပ္ငန္းရွင္ေတြဘက္ကလဲ ျပႆနာအခက္အခဲေတြကို ထိပ္တိုင္ရင္ဆိုင္ႏိုင္ဖို႔ အေသအခ်ာခ်ိန္ဆ ဖို႔လိုပါတယ္။ အမ်ိဳးသမီးဝန္ထမ္းေတြဟာ ရာထူးတိုးျမႇင့္ျခင္းခံရၿပီးေနာက္ပိုင္းမွာ အိမ္ေထာင္ထိန္းသိမ္းမႈ အေၾကာင္းျပခ်က္နဲ႔ လုပ္ငန္းခြင္ကို ေက်ာခိုင္းထြက္ခြာသြားၾကတဲ့အတြက္ ကုမၸဏီေတြက အဆိုပါ အမ်ိဳးသမီး ဝန္ထမ္းေတြကို လုပ္ငန္းခြင္ကထြက္မသြားေစဘဲ ဆက္လက္ဆြဲထားႏိုင္ဖို႔ မိသားစုနဲ႔ပတ္သက္တဲ့ အေထာက္အပံ့ ေတြ လုပ္ေပးဖို႔လိုအပ္ေၾကာင္းကိုပါသူကမွတ္ခ်က္ျပဳပါေသးတယ္။ 


လုပ္ငန္းရွင္ေတြက မတူကြဲျပားျခားနားသူေတြကို ခန႔္ထားျခင္း၊ ရာထူးတိုးေပးျခင္း၊ တို႔ကိုမ်ွတစြာစီမံ ေဆာင္ရြက္တဲ့ မန္ေနဂ်ာေတြကို ခ်ီးျမႇင့္မႈေတြလုပ္ေပးသင့္ပါတယ္။ Tracey က “မွန္းထားတာေတြရခ်င္မွ ရမယ္၊ ရလာတာကိုပဲေသခ်ာစစ္ေဆးမယ္၊ ခ်ီးေျမႇာက္မႈေတြလုပ္ေပးရမယ္” လို႔ဆိုပါတယ္။ 


ႏိုင္ငံေပါင္း(၃၅)ႏိုင္ငံမွာ ဟိုတယ္ေပါင္း (၇၅၀)ဖြင့္လွစ္လုပ္ကိုင္ေနတဲ့ Newport Beach, Calif., က Preferred Hotels and Resorts လုပ္ငန္းဟာ ထိပ္ပိုင္းေခါင္ခ်ဳပ္ေတြမွာ မ်ိဳးမတူကြဲျပားသူေတြနဲ႔ ဦးေဆာင္ လုပ္ကိုင္လ်ွက္ရိွ တိုးတက္မႈေတြရရိွေနပါတယ္။ ကုမၸဏီရဲ့ အႀကီးတန္းအမႈေဆာင္ရာထူးရဲ့ (၄၄%)ဟာ အမ်ိဳး သမီးေတြ ျဖစ္ေနၿပီး၊ (၁၀%)ဟာ လူမည္းေတျြဖစ္ၿပီး၊ senior vice president of human resources ျဖစ္တဲ့ Greg Smith လဲ အဲဒီထဲ အပါအဝင္ျဖစ္ပါတယ္။


ဘာလ်ိႈ႔ဝွက္ခ်က္ေဖာ္မူလာမွမရိွပါဘူး။ Smith က “ကြၽႏ္ုပ္တို႔ဟာ ဒီအပိုင္းကို တကယ္ႀကိဳးပမ္း ေဆာင္ရြက္ခဲ့ၾကလို႔ပဲ” ျဖစ္ေၾကာင္းေျပာပါတယ္။ မတူကြဲျပားျခားနားသူေတြကို ရာထူးတိုးေပးဖို႔ သင့္ေတာ္မႈမရိွ ဘူးလို႔ေျပာလာၾကရင္လဲ ခုခံတုန႔္ျပန္မယ့္အစား ဒါကဘာကိုဆိုလိုပါသလဲဆိုၿပီး၊ အႀကံျပဳခ်က္ကို ေတာင္းခံေလ့ ရိွပါတယ္။ 


ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္မ်ား 

ၿပီးခဲ့တဲ့ ေနြဦးကာလ ကမ႓ာ့ကပ္ေဘးအစပိုင္းအခ်ိန္တုန္းက hospitality businesses ေတြပိတ္လိုက္ရတဲ့ အခါပထမဦးဆံုးစိန္ေခၚမႈေတြထဲတစ္ခုက ဝန္ထမ္းအင္အားကို ဘယ္လိုေလ်ာ့ခ်ၾကမလဲ ဆိုတာပဲျဖစ္ပါတယ္။


“ဝန္ထမ္းအင္အားေလ်ာ့တဲ့ေနရာမွာ အဆင္ေျပေအာင္ဘယ္လိုလုပ္မလဲ၊ အလုပ္မျဖဳတ္ဘဲအလုပ္ကေန အနားေပးထားရတဲ့ ဝန္ထမ္းေတြ၊ အလုပ္ရပ္စဲလိုက္ရတဲ့ ဝန္ထမ္းေတြ၊ ကို ဘယ္လို ေဆာင္ရြက္ေပးရမလဲ၊ က်န္ရိွ ေနတဲ့ ဝန္ထမ္းေတြအေနနဲ႔လဲ ေနာက္တစ္ႀကိမ္၄တို႔အလွၫ့္ဆိုတာမ်ိဳး စိုးရိမ္စိတ္မရိွေစဘဲ ကုမၸဏီအေပၚမွာ ဆက္လက္သစၥာရိွေနေစဖို႔ဆိုတာေတြက စိန္ေခၚမႈအႀကီး ႀကီးေတျြဖစ္ေနပါတယ္။” လို႔ Samuels ကဆိုပါတယ္။  


စီးပြားေရးနလံထဖို႔ ေနွးေနျခင္း (သို႔)ေဆာင္းရာသီမွာ coronavirus ျပန႔္ႏွံ႔ျခင္းေတြကေန သင္ခန္းစာေတြ ယူေနရဦးမွာျဖစ္ပါတယ္။ အလုပ္ခ်ိန္ေျပာင္းတာေတြ၊ ေလ်ာ့ခ်ရတာေတြကို ေဆာင္ရြက္ရာမွာ ပြင့္လင္းျမင္သူမႈ ရိွမွ ဝန္ထမ္းေတြအေနနဲ႔ မ်ွတမႈကို နားလည္လက္ခံႏိုင္မွာျဖစ္ေၾကာင္း၊ Nicole Leier(senior consultant-Executive HR Consulting Group၊ Los Angeles) ကေျပာပါတယ္။  


အလုပ္ကေန ေခတၲခဏအနားေပးျခင္းကို လုပ္သက္အေပၚအေျခခံစဉ္းစားေပးမယ္ဆိုရင္ ဝန္ထမ္းေတြ က နားလည္လက္ခံႏိုင္ပါတယ္။ စားေသာက္ဆိုင္ေတြကလဲ ရာသီဥတုဆိုးလာတဲ့အခါ လူေတြမလာၾကေတာ့ တဲ့ အေျခအေနမွာ ရုတ္တရက္ ဝန္ထမ္းအေရအတြက္ကို ခ်ိန္ၫွိရမွာျဖစ္ပါတယ္။ အဲဒီလိုျဖစ္လာရင္ ေအာင္ျမင္စြာနဲ႔ ေဆာင္ရြက္ႏိုင္ဖို႔ မူဝါဒသတ္မွတ္ခ်က္ေတြကို ခ်မွတ္ထားရမွာျဖစ္ပါတယ္။ 


Los Angeles မွာ အေျခဆိုက္တဲ့ တန္ဖိုးႀကီးအိမ္ယာလုပ္ငန္းလုပ္ကိုင္တဲ့ Montage International က executive vice president of people ျဖစ္သူ Mandy Holloway က၊ သူမရဲ့ကုမၸဏီမွာ ဝန္ထမ္းအေရအတြက္ ထက္ဝက္ေလ်ာ့ခ်လိုက္ရတဲ့ အေၾကာင္းေျပာလာပါတယ္။ သူမက လုပ္ငန္းအေျခအေနနဲ႔ ဝန္ထမ္းအေရအတြက္ ခန႔္ထားမႈ အေျခအေနကို နားလည္သေဘာေပါက္ဖို႔လိုၿပီး၊ ဝန္ထမ္းအင္အားကို အၿမဲတမ္း လိုရင္လိုသလို ေျပာင္းလဲႏိုင္ဖို႔ ကေတာ့ စိန္ေခၚမႈပဲျဖစ္ပါတယ္။ Montage hotels (၇)လံုးကို ေနြဦးရာသီမွာပိတ္ထားခဲ့ရၿပီ၊ စက္တင္ဘာလမွာ ဟိုတယ္တစ္လံုးကို ျပန္လည္ဖြင့္လွစ္ၿပီး၊ ကြၽန္မတို႔ ဝန္ထမ္းေတြကို အနားေပးထားတဲ့အေျခအေနမွာ ဘယ္လို ေကာင္းေကာင္းလုပ္ႏိုင္မလဲဆိုတာနဲ႔ ဝန္ထမ္းေတြကို ဘယ္လို ေစာင့္ေရွာက္ႏိုင္မလဲဆိုတာကို ေလ့လာခဲ့ၾကပါ ေသးတယ္။ ဥပမာ- Montage sold gift cards ေတြကို အလုပ္ထုတ္ခံရတဲ့ ဝန္ထမ္းေတြအတြက္ အေထာက္အပံ့ ျဖစ္ေစဖို႔ ကယ္ဆယ္ေရးရံပံုေငြထူေထာင္ျခင္းတို႔ကို စီစဉ္ေပးခဲ့ပါတယ္။ အလုပ္မွနားေနရတဲ့ ဝန္ထမ္းေတြနဲ႔ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ဝန္ထမ္းေတြအတြက္ ေန့စဉ္ (၂၄)နာရီ တယ္လီဖုန္းျဖင့္ ကုသမႈခံယူႏိုင္မယ့္ အစီအစဉ္ေတြကိုလဲ စီစဉ္ေပးထားပါတယ္။ အဲဒီလိုေဆာင္ရြက္ႏိုင္ဖို႔ ေဆးပညာဆိုင္ရာအရင္းအျမစ္ေတြကို ႀကိဳတင္ျပင္ဆင္ထားပါတယ္လို႔ ဒီနယ္ပယ္မွာ လုပ္သက္အႏွစ္(၂၀)ရိွတဲ့ Holloway က ဆိုပါတယ္။ 


ဝန္ထမ္းနဲ႔ မိသားစုဟာ စားစရာေတြကို တစ္လမွာ ႏွစ္ႀကိမ္ေထာက္ပံ့ထားၿပီး၊ လုပ္သားေတြဟာ အတတ္ပညာ ဆိုင္ရာတိုးတက္လာေစဖို႔ အခြင့္အလမ္းေတြကိုလဲ ရရိွၾကမွာျဖစ္တဲ့အျပင္၊ online ကေန ကိုယ္ကာယေလ့က်င့္ ခန္းေတြ၊ ခ်က္ျပဳပ္နည္းေတြကိုလဲ ေလ့လာႏိုင္ၾကပါေသးတယ္။ 


အျခားေသာ business leader ေတြလိုပဲ၊ Samuels က သူရဲ့ ဝန္ထမ္းေတြနဲ႔ပတ္သက္ၿပီး ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ခဲ့ရပါတယ္။ သူရဲ့ executive search firm ဟာ ၂၀၁၉ခုႏွစ္မွာ ေအာင္ျမင္မႈေတြကို ျမင္ေတြ့ခဲ့ရေပမယ့္ ယခု ရာထူး(၂၉)ေနရာမွာ (၉)ေနရာေလာက္ကိုေလ်ာ့လိုက္ရပါၿပီ။  ဒီကပ္ေဘးႀကီး စတင္ကတည္းက မေသခ်ာမေရရာတာေတြနဲ႔လုပ္ကိုင္ေနၾကရၿပီး၊ ပထမဦးဆံုးေမးခြန္းက ဝန္ထမ္းေတြကို အနားေပးထားမွာလား၊ အလုပ္ကေနရပ္စဲလိုက္ၾကမလားဆိုတာပဲျဖစ္ပါတယ္။


ဒီကပ္ေဘးႀကီးက ဘယ္ေလာက္ၾကာဦးမွာလဲ၊ ဝန္ထမ္းေတြကို အလုပ္ကအနားေပးထားေတာ့ ျပန္ဖြင့္တဲ့ အခါျပန္လာၾကမွာေပါ့လို႔ Samuels ကေျပာပါတယ္။ ဒါေပမယ့္ ေသခ်ာအတတ္ေတာ့မေျပာႏိုင္ဘူးေပါ့၊ ဝန္ထမ္း ေတြဘက္ကေရာ ေသခ်ာရဲ့လား၊ ေဘးေရာကင္းၾကရဲ့လား။ 


Samuels က အလုပ္ကေနထုတ္လိုက္ရတဲ့ ဝန္ထမ္းေတြအတြက္ ထြက္ခြာဖို႔၊ ေနာက္အလုပ္ရွာဖို႔ေတြမွာ ပါဝင္ေဆာင္ရြက္ေနရၿပီး၊ လူတိုင္းကိုလဲ အခုလိုခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြကို ဘယ္လိုဘယ္ပံုခ်ခဲ့ရတယ္ဆိုတာ ေတြကို ရွင္းျပေနခဲ့ရပါတယ္။ ထြက္သြားရတဲ့ ဝန္ထမ္းေတြအတြက္ က်န္းမာေရးဆိုင္ရာခံစားခြင့္နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ၊ အလုပ္လက္မဲ့အေျခအေနကေန ေနာက္ အလုပ္အတြက္ ျပင္ဆင္ရမွာေတြကိုလဲ မ်ွေဝေပးခဲ့ပါတယ္။


အလုပ္ကေန နားေနရတာက အလုပ္ျဖဳတ္ခံရတာထက္စာရင္ ေကာင္းပါေသးတယ္။ “Hospitality Industry မွာ သင္ရဲ့လုပ္သားအင္အားစုေတြ ဆံုးရႈံးမႈမခံခ်င္ရင္ - ေရႊကဲ့သို႔ တန္ဖိုး တက္လာေအာင္ ေလ့က်င့္သင္ၾကားေပးၾကပါ။” လို႔ Hyatt ၊ the Century Plaza နဲ႔ Waldorf Astoria တို႔မွာအလုပ္လုပ္ခဲ့တဲ့ Nicole Leier ကေျပာပါတယ္။


ထူးခြၽန္ဝန္ထမ္းေတြကိုထိန္းထားျခင္း

လုပ္သားေဈးကြက္ဟာ မေသခ်ာျဖစ္ေနၿပီး၊ အလုပ္လက္မဲ့ႏႈန္းျမင့္မားေနခ်ိန္မွာေတာင္ ေသခ်ာစြာ ေလ့က်င့္သင္ၾကားေပးထားတဲ့ထူးခြၽန္ဝန္ထမ္းေတြကိုထိန္းထားဖို႔က အေရးအႀကီးဆံုးျဖစ္ပါတယ္။ အဆံုးမွာေတာ့ လုပ္ငန္းထဲက ဝန္ထမ္းေတြကိုပဲ ရာထူးတိုးေပးသြားျခင္းက ဝန္ထမ္းနဲ႔ ကုမၸဏီကို တစ္သားတည္းျဖစ္ေအာင္ တြယ္ခ်ိတ္ေပးႏိုင္တဲ့နည္းလမ္းေကာင္းျဖစ္ေၾကာင္း Leier က သူမ Hyatt မွာရိွစဉ္ ကာလမွာ ေကာင္းေကာင္းႀကီး ျမင္ေတြ့ခဲ့ရပါတယ္။


အဲဒီလိုပဲ လုပ္သားေတြကို ေလ့က်င့္မႈေတြလုပ္ေပး၊ တာဝန္ေတြတိုးေပးျခင္းအားျဖင့္ ၄တို႔ရဲ့ ဂုဏ္ကို ျမႇင့္တင္ေပးရာေရာက္ၿပီး၊ ဝန္ထမ္းေကာင္းေတြကို ထိန္းထားႏိုင္မႈႏႈန္းကိုျမင့္မားေစပါတယ္။ Leier က Century Plaza မွာရိွစဉ္တုန္းကလဲ ဝန္ထမ္းေတြဟာ ေရရွည္ကုမၸဏီနဲ႔လက္တြဲၿပီး လုပ္ကိုင္ႏိုင္ၾကၿပီး၊ လုပ္ငန္းအတြင္းမွာလဲ တစ္ဦးနဲ႔တစ္ဦး စာနာစိတ္ေတြနဲ႔လုပ္ကိုင္ေနၾကတာကိုလဲ ေတြ့ခဲ့ရပါတယ္။ “တစ္ဦးဦးက သင့္ကို အခ်ိန္ေပးၿပီးေလ့က်င့္ေပးမယ္၊ သင္ယူခြင့္ေတြေပးမယ္ဆိုရင္၊ ဒါဟာ အဖြဲ႔အစည္းအေပၚ သစၥာေစာင့္ သိမႈနဲ႔ ေအာင္ျမင္ေအာင္လုပ္ေပးမယ္ဆိုတဲ့စိတ္ထားကိုျဖစ္ေစပါတယ္” လို႔ Leier ကဆိုပါတယ္။


ႏွစ္ပတ္လည္ကိတ္မုန႔္၊ gift card ၊ ရုပ္ရွင္လက္မွတ္၊ လက္ေရးမူနဲ႔ ေက်းဇူးတင္အသိအမွတ္ျပဳစာထုတ္ ေပးျခင္း၊ စတာေတြနဲ႔ ႏွစ္သက္လိုလားမႈေတျြပၿပီး၊ ဝန္ထမ္းေတြ သစၥာရိွလာေအာင္ျပဳလုပ္ေပးေၾကာင္း Courtney Hendricks (HR manager- Milwaukee-based Cousins Subs)ကဆိုပါတယ္။ စားေသာက္ဆိုင္ လုပ္ငန္းစု ကလဲလုပ္သားေတြကို ထိန္းတဲ့အေနနဲ႔ hourly workers ေတြကို ရာထူးအဆင့္ေတြတက္ေအာင္ လမ္းေၾကာင္းေတြခ်ထားေပးရမွာျဖစ္ပါတယ္။ Hendricks ရဲ့ အထက္လူႀကီးကိုယ္တိုင္က (၁၆)ႏွစ္သား sandwich အလုပ္သမားကေနအဆင့္ဆင့္တက္လာသူျဖစ္ေၾကာင္း၊ အဆင့္ဆင့္တက္ႏိုင္မယ့္ေလွကားထစ္ေတြ ထင္ထင္ရွားရွား ရိွေနရမွာျဖစ္ပါတယ္။ 


ကပ္ေရာဂါေဘးက အရာရာကိုထိန္းခ်ဳပ္ထားတဲ့အခ်ိန္မွာ Holloway က သူမရဲ့ ဝန္ထမ္းေတြအၾကား တင္းက်ပ္မႈေတြကို ေျပေလ်ာ့ေစဖို႔ စဉ္ဆက္မျပတ္ဆက္သြယ္ေျပာဆိုမႈေတြ၊ ေလ့က်င့္သင္ၾကားမႈေတြကို အေလး ထားေဆာင္ရြက္လ်ွက္ရိွပါတယ္။ ကြၽန္မတို႔ဟာ ဆက္သြယ္မႈေတြကို ရပ္လိုက္လို႔မရဘူး။ ကုမၸဏီကလဲ အပတ္စဉ္ သိသင့္တာေတြကို အခ်ိန္နဲ႔တစ္ေျပးညီထုတ္ျပန္ေပးၿပီး၊ လုပ္ငန္းတည္ရိွရာေနရာတိုင္းမွာ အေထြေထြမန္ေနဂ်ာ ေတြက အပတ္စဉ္ online ကေနတစ္ဆင့္ ဝန္ထမ္းေတြနဲ႔ ေတြ့ဆံုၿပီး၊ သိသင့္တာေတြေျပာဆိုေပးၿပီး၊ အဆက္ အသြယ္မျပတ္ဘဲ၊ ေနြးေထြးမႈေတြကို ခံစားေနႏိုင္တဲ့အျပင္၊ ဝန္ထမ္းေတြေနထိုင္ရာအရပ္က ေဒသႏၲရသတင္းေတြ ကိုလဲ ဖလွယ္ၿပီးျဖစ္ေနပါတယ္။ Montage က ထုတ္ျပန္ထားတဲ့ ေဘးအႏၲရာယ္ကင္းေရးအစီအစဉ္ျဖစ္တဲ့ ေန့စဉ္ ကိုယ္အပူခ်ိန္စစ္ေပးျခင္းတို႔ကိုေဆာင္ရြက္ေပးတဲ့အျပင္၊ online ကေန personal protective gear ဝတ္ဆင္ပံု သင္ရိုးေတြကိုလဲ ပံ့ပိုးေပးပါတယ္။ ဒါအျပင္ အလုပ္ေတျြပန္မဖြင့္ခင္မွာ မန္ေနဂ်ာေတြကို ေဘးအႏၲရာယ္အၾကား မွာ အဘယ္ကဲ့သို႔ ဦးေဆာင္မႈေတြလုပ္ရမလဲဆိုတာေတြကိုလဲ ႀကိဳတင္ေလ့က်င့္သင္ၾကားေပးထားပါေသးတယ္။  


အေဝးတစ္ေနရာသို႔ေရြ့ရွားျခင္း 

ရုတ္တရက္ႀကီးလုပ္ငန္းေတြပိတ္လိုက္၊ ရပ္ဆိုင္းလိုက္ရၿပီးတဲ့ေနာက္ hospitality company ေတြက ဘယ္လိုလုပ္သားေတြက အမ်ားဆံုးလိုအပ္မလဲနဲ႔ ဘယ္လိုအလုပ္ေတြက အေဝးတစ္ေနရာကေန ေအာင္ျမင္ ေအာင္လုပ္ႏိုင္မလဲဆိုတဲ့ စိတ္ကူးေကာင္းေတြရရိွခဲ့ပါတယ္။


လုပ္ငန္းေတြဟာ သာမာန္အေျခအေနမ်ိဳးမဟုတ္တဲ့အခ်ိန္မွာ အိမ္ကေနအလုပ္ လုပ္ႏိုင္ဖို႔ စီစဉ္လို႔ရ ႏိုင္ေပမယ့္ hospitality လုပ္ငန္းနယ္ပယ္ကေတာ့ မျဖစ္ႏိုင္ဘူး၊ အစီအစဉ္ေတျြပန္ခ်ဖို႔အခ်ိန္ယူရမွာျဖစ္ပါတယ္။ ဒါေပမယ့္ လုပ္လို႔ရပါတယ္ဆိုၿပီး Leier ကေျပာပါတယ္။ 


ဘာေတြလုပ္ရမလဲ။ မူဝါဒေတျြပန္ေရးဆြဲရမွာျဖစ္ပါတယ္။ ဥပမာ- ဝန္ထမ္းေတြရဲ့ Skype လိုင္းေတြဖြင့္ ေပးၿပီး၊ သတ္မွတ္ထားတဲ့အခ်ိန္ေတြမွာသံုးႏိုင္ဖို႔၊ ဖုန္းေျဖဆိုႏိုင္ဖို႔နဲ႔ e-mail message လက္ခံရရိွဖို႔ စတာေတြ ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ အေနာက္ ကေလးငိုသံစတဲ့ ဆူညံမႈေတြကိုေတာ့ နားလည္ေပးရတာေပါ့လို႔ Leier ကေျပာပါတယ္။ 


  Mellwig က ေရရွည္မွာ အလုပ္အေတာ္မ်ားမ်ားဟာ အေဝးကေနလုပ္ေဆာင္ႏိုင္မွာျဖစ္ေၾကာင္းသိလာ ၾကရပါၿပီ၊ ဝန္ထမ္းေတြရဲ့ အလုပ္သြားလမ္းခရီးမွာ အခ်ိန္ေပးရတာေတြကိုလဲေလ်ာ့ခ်ႏိုင္တဲ့အျပင္၊ ၄တို႔ရဲ့ အလုပ္နဲ႔မိသားစု ဘဝဟန္ခ်က္ကို ထိန္းေပးႏိုင္မွာျဖစ္ေၾကာင္းေျပာပါတယ္။ ပူးေပါင္းေဆာင္ရြက္မႈဆိုတဲ့ ဓေလ့အေပၚအေျခခံထားတဲ့ Cousins Subs ကဲ့သို႔ ကုမၸဏီေတြအတြက္ကေတာ့ အေဝးတစ္ေနရာက အလုပ္လုပ္ၾကဖို႔ဆိုတာ စိန္ေခၚမႈပဲျဖစ္ပါတယ္။ ဝန္ထမ္းေတြဟာ တစ္ပတ္လ်ွင္ ႏွစ္ရက္(သို႔)သံုးရက္ကို အလွၫ့္က်စနစ္နဲ႔ရံုးတက္ရၿပီး၊ က်န္ရက္ မ်ားမွာ အိမ္ကေနအလုပ္လုပ္ၾကရမွာျဖစ္ပါတယ္။ Hendricks တို႔လို HR managerအတြက္ကေတာ့ ဝန္ထမ္းေတြ၊ အထူးသျဖင့္ ငယ္ရြယ္တဲ့ လုပ္သားေတြဟာ တုန႔္ျပန္မႈလ်င္ျမန္တဲ့အတြက္ ေနာက္ကထပ္ခ်ပ္မကြာစစ္ေဆးေနၾကဖို႔ အထူးလိုအပ္လာပါၿပီ။ အေဝးကေနလွမ္းအလုပ္လုပ္ၾကတယ္ဆိုေတာ့ ဝန္ထမ္းေတြနဲ႔ အဆက္အသြယ္လုပ္ရာမွာ အခက္အခဲေတြ အမ်ားႀကီးရိွႏိုင္သလို၊ အထူးသျဖင့္ တစ္ဦးနဲ႔တစ္ဦးေတြ့ဆံုေျပာဆိုေဆြးေနြးမႈဆိုတာေတြ မရိွႏိုင္ေတာ့ဘူးေပါ့။ ဒါေပမယ့္လဲ ကုမၸဏီေတြဟာ ဝန္ထမ္းေတြနဲ႔ virtual meetings ျပဳလုပ္ၿပီး၊ လုပ္ငန္းေဆာင္ရြက္ေနၾကရပါၿပီ။ 


မ်ားျပားလွတဲ့ စိတ္ကူးအသစ္

COVID-19 ကပ္ေရာဂါေဘးေၾကာင့္ တစ္ဦးနဲ႔တစ္ဦးခတ္ခြာခြာေနဆက္ဆံေနရတာလဲ တာရွည္လာေတာ့ လုပ္ငန္းလည္ပတ္မႈပံုစံေတြကို ဆန္းသစ္တီထြင္မႈေတြလုပ္ေဆာင္ဖို႔ လႈံ႔ေဆာ္ေပးေနသလိုျဖစ္လာပါတယ္။ 


ဟိုတယ္အခန္းေတြက ေန့စဉ္သန႔္ရွင္းေနရမွာျဖစ္ေတာ့ အခ်ိဳ႕ဆိုရင္ စက္ရုပ္နဲ႔ အရင္ဦးဆံုးပိုးသတ္ ေဆးျဖန္းၿပီးမွ housekeeper ေတြက ဝင္ေရာက္သန႔္ရွင္းေရးလုပ္ေဆာင္ၾကပါတယ္။ အခ်ိဳ႕ၾကျပန္ေတာ့ ဧၫ့္သည္ေတြကို phone apps နဲ႔ check in လုပ္ျခင္း၊ အခန္းထဲကို ေသာ့မလိုဘဲဝင္ေရာက္ႏိုင္ျခင္း၊ စတာေတြကို စီစဉ္ဖန္တီးေပးထားပါတယ္။ စားေသာက္ဆိုင္ေတြမွာလဲ menus ကို QR codes နဲ႔ၾကၫ့္ၿပီး မွာႏိုင္ေအာင္စီစဉ္ထားၾကၿပီ ျဖစ္ပါတယ္။  


လုပ္ငန္းေတြဟာ အေျခအေနေတြနဲ႔ သဟဇာျဖစ္လာၿပီး၊ တျဖည္းျဖည္းနဲ႔ ရုပ္သြင္ပါေျပာင္းလဲလာရပါၿပီ။ ဒီလို အခ်င္းအရာေတြအမ်ားႀကီးက ကြၽႏ္ုပ္တို႔နဲ႔ရိွေနဦးမွာပါလို႔ Samuels ဆိုပါတယ္။   


PANDEMIC DOWNSIZING TIPS


အကယ္၍သာ ကမ႓ာ့ကပ္ေရာဂါေဘးက်ေရာက္လာလို႔ ဝန္ထမ္းေတြေလ်ာ့ရၿပီဆိုရင္ HR Professional ေတြက၄တို႔ရဲ့အေတြ့အႀကံဳအေပၚအေျခခံၿပီး ေအာက္ပါတို႔ကိုအႀကံျပဳထားပါတယ္၊။ 


ဝန္ထမ္းေလ်ာ့ရေတာ့မယ္(သို႔)အိမ္မွာနားေနရေတာ့မယ္ဆိုရင္ ပြင့္လင္းျမင္သာေအာင္လုပ္ပါ။

ဝန္ထမ္းေလ်ာ့ခ်ဖို႔လိုလာၿပီဆိုရင္ အမ်ွင္တန္းမေနပဲ ျမန္ျမန္ေဆာင္ရြက္ပါ။

ရပ္စဲခံရတဲ့ဝန္ထမ္းေတြကို နစ္နာေၾကးစီစဉ္ေပးပါ။ ျဖစ္ႏိုင္မယ္ဆိုရင္ အိမ္မွာနားေနရတဲ့ ဝန္ထမ္းေတြကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ေပးပါ။

ဝန္ထမ္းေတြရဲ့အသံကိုနားေထာင္ပါ။ မူဝါဒအသစ္ေတြအတြက္ ဝန္ထမ္းေတြရဲ့ တုန႔္ျပန္မႈကို သံုးသပ္ပါ။

ဝန္ထမ္းေတြကို စာနာမႈျပပါ။ ကရုစိုက္ပါ။

 ဒီလိုလုပ္ငန္းေတြရပ္ဆိုင္းကုန္ေတာ့ စားေသာက္ဆိုင္လုပ္ငန္းေတြက ပံုေသသတ္မွတ္ခ်က္ေတြနဲ႔ ေဘာက္ဆူးမ်ွေဝေပးတဲ့ အစီအစဉ္ေတြကို စဉ္းစားလာၾကပါတယ္။ မိရိုးဖလာအားျဖင့္ customer ေတြနဲ႔ ထိေတြ့ဆက္ဆံရတဲ့ဝန္ထမ္းေတြဟာ customer ေတြကေဘာက္ဆူးေပးတာနဲ႔ အဆင္ေျပၾကလို႔ လစာကို အနည္းငယ္သာသတ္မွတ္ေပးေလ့ရိွၾကပါတယ္။ kitchen ပိုင္းက ဝန္ထမ္းေတြၾကေတာ့ လစာျမင့္ၿပီး၊ ေဘာက္ဆူး မရၾကပါ။ ဒီလို ေဘာက္ဆူးမ်ွေဝ တဲ့နည္းနဲ႔မွ chef ေတြနဲ႔ cook ေတြကို အလြယ္တကူေခၚႏိုင္ျဖစ္ေၾကာင္းနဲ႔ COVID ကလူေတြကို ဖြဲ႔စည္းပံုကအစ ျပန္လည္သံုးသပ္ႏိုင္ဖို႔အခ်ိန္ေပးလိုက္သလိုျဖစ္လာပါတယ္လို႔ Samuels ရွင္းျပပါတယ္။  


ေဆာင္းရာသီကာလေတြမွာ ေအာင္ျမင္ေနၾကတဲ့ စားေသာက္ဆိုင္ေတြက အစားအေသာက္ေတြကို ဝယ္သြားလို႔ရေအာင္နဲ႔ ဆိုင္အျပင္ဘက္မွာ အပူေပးတဲ့စနစ္ေတြနဲ႔ ေနြးေနတဲ့ ဝန္းက်င္ကို ဖန္တီးထားေပးျခင္းတို႔က customer ေတြကိုဆြဲေဆာင္ျခင္းနည္းပဲမဟုတ္ပါလား။ 


Cousins Subs က ကပ္ေရာဂါေဘးအေစာပိုင္းတုန္းကတည္းက အလ်င္အျမန္ပဲ လိုက္ေလ်ာညီေထျြဖစ္ ေအာင္စီစဉ္ခဲ့ပါတယ္။ ကားေပၚကေနလွမ္းဝယ္လို႔ရတဲ့ စားေသာက္ဆိုင္ဟာ (၃၀%)ပဲရိွခဲ့ပါတယ္။ ရုတ္တရက္ လိုအပ္ခ်က္ျဖစ္လာေတာ့ လမ္းေဘးပလက္ေဖာင္းကေန ကားေပၚကေနဝယ္လို႔ရေအာင္ ေရာင္းရတာေတျြဖစ္လာ ပါတယ္။ Hendricks က “ကြၽႏ္ုပ္တို႔ (၄၈)နာရီ အတြင္း ပလက္ေဖာင္းကေနေရာင္းဖို႔ အေကာင္အထည္ေဖာ္ခဲ့ ပါတယ္။” “ဒီလိုနဲ႔ကြၽန္ေတာ္တို႔လုပ္ငန္းကို အဆင္ေျပေစခဲ့ပါတယ္။” 


Umami Burger ၊ Sam’s Crispy Chicken နဲ႔ အျခားစားေသာက္ဆိုင္လုပ္ငန္းေတြကိုလုပ္ကိုင္ေနတဲ့ SBE က “ghost” (သို႔) cloud kitchens—sites အျဖစ္သို႔ေျပာင္းလဲၿပီး၊ ခ်က္ျပဳတ္ၿပီးအစားအစာေတြကို delivery သက္သက္နဲ႔ပို႔ေဆာင္ခဲ့ပါတယ္။ SBE မွာ အမွတ္တံဆိပ္အမ်ိဳးမ်ိဳးရိွေတာ့ ဥပမာ- Krispy Rice နဲ႔ Plant Nation လုပ္ငန္းေတြအတြက္ အစားအစာေတြခ်က္ျပဳတ္ျခင္းကို share kitchen စနစ္နဲ႔ ေဆာင္ရြက္ခဲ့ပါတယ္။ Mellwig က ကုမၸဏီဟာ customer ေတြအတြက္ အစားအစာေတြကို အဆင့္ျမင့္ျမင့္ပို႔ေပးႏိုင္ဖို႔ အထူးစီစဉ္မႈေတြအျပင္၊ အရသာ အပိုင္းမွာလဲ မိသားစုေပါင္းစံုအတြက္ ေရြးခ်ယ္စရာေတြအမ်ိဳးစံုေအာင္ဖန္တီးေပးထားပါတယ္။ ဆိုင္အတြင္းစားေသာက္မႈအေလ့အထက ကပ္ေရာဂါေဘးေၾကာင့္ လံုးဝရပ္သြားေပမယ့္ SBE ဟာ ဝန္ထမ္းေတြနဲ႔ အစီအစဉ္ျပန္ခ်ၿပီး အလ်င္အျမန္ပဲ ghost kitchen စိတ္ကူးနဲ႔ အစားအစာေပးပို႔ျခင္းကိုေဆာင္ရြက္ခဲ့တာပဲျဖစ္ပါတယ္။  


Cross-training ျပဳလုပ္ျခင္းကလဲ ကုမၸဏီကို နာလန္ျပန္ထဖို႔အတြက္ ေနာက္ထပ္ ဗ်ူဟာတစ္ခုျဖစ္လာ ပါတယ္။ ဝန္ထမ္းေလ်ာ့တာကိုလုပ္ရမယ္ဆိုရင္၊ ကြၽမ္းက်င္ဝန္ထမ္းေတြကိုသူတို႔ရဲ့ အလုပ္တာဝန္လုပ္လို႔မရေသး ေပမယ့္လဲ ေလ်ာ့တဲ့ထဲ ထၫ့္လို႔မျဖစ္ပါ။  


Cross-training ျပဳလုပ္ေပးျခင္းအားျဖင့္ ဝန္ထမ္းေတြရဲ့ကြၽမ္းက်င္မႈအရည္အခ်င္းေတြတက္လာမယ္ဆိုရင္ ပိုၿပီးေျပာင္း လြယ္ျပင္လြယ္ျဖစ္လာပါလိမ့္မယ္။ ဟိုတယ္ရဲ့ front-desk clerk ကို အလုပ္ပါးေနခ်ိန္မွာ accounting department ကိုဝိုင္းကူေစမွာ ျဖစ္ေတာ့ ဝန္ထမ္းေတြရဲ့ အေတြ့အႀကံဳေတြလဲ ပိုက်ယ္ျပန႔္လာမယ္၊ ဒါဆိုလုပ္ငန္း ေဆာင္ရြက္ခ်က္ေတြကို ဝန္ထမ္းအနည္းငယ္နဲ႔လုပ္ႏိုင္လာပါလိမ့္မယ္။ ဒါေပမယ့္ လုပ္ခလစာေတြကိုေတာ့ပိုေပးဖို႔ လိုပါလိမ့္မယ္။ 


ယခုလိုစီးပြားေရးက်ဆင္းေနခ်ိန္မွာ ဟိုတယ္ေတြအေနနဲ႔ valets ၊ door people နဲ႔ bell service စတဲ့ ဝန္ေဆာင္မႈ(၃)မ်ိဳးအတြက္ ဝန္ထမ္း(၃)မ်ိဳးထားမယ့္အစား “welcome ambassador” ဆိုၿပီး အဆိုပါဝန္ေဆာင္မႈ ေတြကို ေဆာင္ရြက္ေစမွာျဖစ္ပါတယ္။ကုမၸဏီေတြအတြက္ အခြင့္အေရးတစ္ရပ္အေနနဲ႔ အလုပ္ေတြ၊ ကြၽမ္းက်င္မႈေတြ၊ တာဝန္ေတြကို ျပန္လည္သံုးသပ္ၿပီး၊ ေပါင္းစပ္ဖန္တီးမႈေတြလုပ္ျခင္းအားျဖင့္ hospitality industry မွာ အင္အားအနည္းငယ္နဲ႔ လုပ္ႏိုင္တဲ့ အေတြ့အႀကံဳေတြရလာၿပီး၊ ပိုေကာင္းတဲ့အလုပ္ေတျြဖစ္လာပါၿပီလို႔ ျဖၫ့္စြက္ေျပာထားပါေသးတယ္။   


တာဝန္ေတြတိုးေပးျခင္းအားျဖင့္ အလုပ္ေတြမွာ ေျပာင္းလြယ္ျပင္လြယ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဝန္ထမ္း ေတြကိုလဲ အျခားေသာအလုပ္တာဝန္ေတြကို လုပ္တတ္ေအာင္သင္ထားေပးမယ္ဆိုရင္ ကြၽမ္းက်င္မႈနယ္ပယ္ ပိုက်ယ္လာမွာျဖစ္ပါတယ္။ ဝန္ထမ္းေတြကို ပိုၿပီးထိေရာက္မႈရိွမယ္၊ ပိုက်ယ္ျပန႔္တဲ့အလုပ္တာဝန္ေတြေပးၿပီး၊   ကုမၸဏီနဲ႔အတူ ႀကီးထြားခြင့္ေပးရမွာျဖစ္ပါတယ္။ ပိုမိုက်ယ္ျပန႔္မယ္၊ ပိုၿပီးေတာ့စိတ္ဝင္စားဖို႔လဲေကာင္းမယ္၊ လုပ္ခြင့္ေတြလဲရမယ္၊ ဆိုရင္ employee engagement ပိုမိုရရိွလာမွာျဖစ္ပါတယ္။အကယ္၍ ဝန္ထမ္းေတြသာ မေပ်ာ္ေတာ့ဘူးဆိုရင္ ဧၫ့္သည္ေတြ အတြက္ အဆင္ေျပဖို႔ မစဉ္းစားနဲ႔ေတာ့ လို႔ Tracey ကေျပာလိုက္ပါၿပီ။


Reference: 

Tamara Lytle, a freelance writer in the Washington, D.C., December 1, 2020. HR Magazine Winter 2020, SHRM HR Magazine E-Newsletter.

No comments: