Wednesday, May 5, 2010

Gmail အကောင့်နှစ်ခု တစ်ပြိုင်တည်း ဖွင့်လို့ ရပြီဗျို့ ........

gmail အကောင့်နှစ်ခုကို တစ်ပြိုင်တည်း သုံးချင်ပါတယ်ဆိုပြီး တစ်မေးတည်းမေးနေကြသူများအတွက်ပါ ..ဘယ်လိုလဲဆိုတော့ တစ်ခုကို mozilla နဲ့ ဖွင့်ပြီး နောက်တစ်ခုကို IE နဲ့ ဖွင့်မှာပါ
(လွယ်လိုက်တာနော်)အဲ့ဒါဆို ကျွန်တော့်ကို ၀ိုင်းပြီး မေတ္တာပို့ ကြပါလိမ့်မယ်.. ဒါပေမဲ့ အဲ့လိုပဲတကယ်လုပ်ရမှာပါ .ဒါပေမဲ့ မတူညီတဲ့browser နှစ်ခုပေါ်မှာ မဟုတ်ပါဘူး Firefox browser
တစ်ခုတည်းမှာပဲ tab နှစ်ခုနဲ့ gmail ကိုဖွင့်ပါမယ်..

tab တစ်ခုက သူ့ ရဲ့  firefox tab ဖြစ်ပြီး နောက်တစ်ခု က IE ရဲ tab နဲ့ ဖွင့်မှာပါ ....firefox ရဲ့  add-on လေးတစ်ခုပေါ့ဗျာ. IE Tab ပါတဲ့ . အရင်ဆုံး ဒီမှာအရင်ဆုံးသွားယူပြီး install လုပ်လိုက်ဗျာ.. သူကတော့ တစ်ခြားfirefox ရဲ့  add-on တွေနဲ့မတူပဲ သူ့ ရဲ့  icon လေးကို manual(ကိုယ့်ဟာကိုယ်) ဆွဲတင်ပေးရမှာပါ .. တစ်ခြားadd-on တွေဆိုmozillaကို restart ချလိုက်တာနဲ့icon လေးဖြစ်ဖြစ် သက်သက် bar တစ်ခုဖြစ်ဖြစ်ပေါ်နေတတ်လို့ ပါ ..install လုပ်ပြီးသွားရင် အရင်ဆုံးfirefox ရဲ့ navigation toolbar ပေါ်မှာ right click နှိပ်ပြီး အောက်ဆုံးက customizeဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြီးရင်နောက်ဆုံးက icon လေးကို အခုလိုဖြစ်အောင်ဆွဲတင်ပေးလိုက်ပါ
..



ကဲ .. အဲ့ icon လေးပေါ်မှာ left click တစ်ချက်နှိပ်လိုက်ရင်တော့ လက်ရှိ ပွင့်နေတဲ့ဆိုဒ်ကို mozilla tab ကနေie tab အဖြစ်ပြောင်းပေးမှာပါ middle click ဆိုရင်တော့ လက်ရှိဖွင့်ထားတဲ့ဆိုဒ်ကိုပဲ နောက်ထပ် ie tab တစ်ခု
ခွဲပြီး ဖွင့်ပေးပါလိမ်မယ်.. right click နှိပ်လိုက်ရင်တော့ သူရဲ့  option dialogbox လေးတစ်ခု ကျလာပါလိမ့်မယ်သူ့ မှာအခုလိုမျိုး icon လေး နှစ်ခုရှိပါတယ်.. အပေါ်က ကျွန်တော်ပြထားတဲံ့တစ်ခုကကျွန်တော်က လက်ရှိဆိုဒ်ကို firefox tab နဲ့ ဖွင့်ထားတာပါ အဲ့ဒါကို ie tabကိုပြောင်းမဲ့အနေနဲ့ ပြထားတာပါ



နောက် icon တစ်ခုကတော့ ie tab နဲ့ ဖွင့်ထားပြီး firefox tab ကိုပြန်ပြောင်းမယ်လို့ပြတာပါgmail အကောင့်နှစ်ခု တစ်ပြိုင်တည်းဖွင့်ဖို့ ဆိုရင်တော့ အရင်ဆုံး https://mails.google.com ကို အရင်ဆုံး
ဖွင့်လိုက်ပါ ပြီးရင် IE tab icon လေးပေါ်ကို right click တစ်ချက်နှိပ်လိုက်ပါ ..အဲ့ဒါဆိုရင် နောက်ထပ် mail တစ်ခုဟာ ie logo လေးနဲ့ tab တစ်ခုမှာသွားပွင့်ပါလိမ့်မယ်. ဒီလိုလေးပေါ့ဗျာ...



အဲ့ဒါဆိုရင် အဆင်ပြေပြေနဲ့ mail အကောင့်နှစ်ခုကို တစ်ပြိုင်တည်း ဖွင့်လို့ရနိုင်ပါပြီ ..... အဆင်ကြပါစေခင်ဗျာ..
မနေ့ က ပျင်းပျင်းနဲ့  ဟိုမွှေ ဒီမွှေ မွှေရင်း ဒီဟာလေးကို IT Men Blog မှာရှာတွေ့သွားလို့  ပြန် share ပေးလိုက်ရပါတယ်.... မသိသေးသူများအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ...


စာကြွင်း၊ ၊ အသုံးပြုသူများရဲ့ တုန့်ပြန်မှုတစ်ခုက -

ကျွန်တော်ပဲ လုပ်တာမှားလို့လားမသိဘူး...site တစ်ခုကို i.e ပြောင်းလိုက်တာ ကျန်တာတွေပါအကုန် i.e ဖြစ်သွားတယ်...လုပ်လို့ ရ၀ူး.....

ဟား ဟား ရပြီ။.....
အကုန်လုံး ie ပြောင်းသွားတယ် ဆိုရင် ie tab မှာ Right Click နှိပ်ပြီး... external application မှာ path ကို Mozilla Firefox ပေးလိုက်ရင် အဆင်ပြေပြေ သုံးလို့ ရမှာပါ...စမ်းကြည့်ကြပါအုံး

Ref: www.m51a.com

No comments: