Friday, February 8, 2008

The Sea

ပင်လယ်


ပင်လယ်ဆိုတာ
ချောင်းတွေမြစ်တွေ ပေါင်းဆုံရာပါ....
ချောင်းတွေမြစ်တွေ
စီးဆင်းနေသရွေ့
ပင်လယ်ရဲ့ နေ့တွေဆိုတာ
ရှင်သန်တောက်ပနေမှာပါ.....

ချောင်းတွေမြစ်တွေဟာ
သူတို့ပိုင်ဆိုင်တဲ့ ရေတွေကိုသာမက
နုန်းတွေအနည်အနှစ်တွေကိုပါ
ပြီးတော့ စွန့်ပစ်လိုက်ကြတဲ့
အမှိုက်သရိုက် အညစ်အကြေးတွေကိုပါ
ပင်လယ်ထဲကိုသွန်ချ
အမှန်ကတော့ ပင်လယ်ဆိုတာ
ချောင်းတွေမြစ်တွေ မလိုချင်တဲ့ အရာကိုပါ
ယူငင်လက်ခံရတဲ့သူပါ....

တကယ်တော့...
ပင်လယ်ဆိုတာ ငါးသတ္တ၀ါတွေရဲ့ ပျော်စံရာပါ.....
တကယ်လို့
ပင်လယ်သာမရှိရင်
ငါးတွေရဲ့ ၀ိညာဉ်
ပျော်ရွှင်မှုကင်းစင်နေလိမ့်မယ်......

ပြီးတော့ ပင်လယ်ဆိုတာ
တဖြည်းဖြည်းကြီးမားလာတဲ့အခါ
သမုဒ္ဒရာဖြစ်သွားမှာပါ........

တကယ်တော့
ပင်လယ်ဆိုတာ
သမုဒ္ဒရာရဲ့ အဆုံးပေါ့....
သမုဒ္ဒရာလည်း
ပင်လယ်ရဲ့ အစပေါ့....

တကယ်တော့
လူ့ဘ၀ဆိုတာ
ချောင်းက စသလား ၊မြစ်ကစသလား
ပင်လယ်မှာဆုံးသလား....
သမုဒ္ဒရာမှာဆုံးသလား.......

လူ့ဘ၀ဆိုတာ
သမုဒ္ဒရာ ၀မ်းတစ်ထွာ
ပင်လယ်ပြာပြာ မိုးပြာပြာ......

(မြဘုန်းထက်)

No comments: