Tuesday, June 5, 2007

Someone who hate to a good guy!

လူကောင်းကိုမုန်းသောသူများ
''မိဘတွေလက်ထက်ကပြောကြတယ်။ ကောက်သော်စားမလောက်၊ ဖြောင့်သော်စားမကုန်တဲ့။ ရိုးသားတဲ့လူကိုလူတိုင်းချစ်ပြီးလူလိမ်ကို လူတိုင်းမုန်းသတဲ့။ မရိုးသားသူကို မရိုးသားသူချင်းတောင် မကြိုက်ဘူးတဲ့။ လူလိမ်ချင်းတောင် လိမ်တာကို မကြိုက်ဘူးတဲ့။ ကိုယ့်ကိုလာလိမ်တာကို လူလိမ်တောင် ကိုယ်ချင်းစာပြီးကြိုက်တာမရှိဘူးတဲ့။ အင်း.. တကယ် ဟုတ်ရဲ့လား .... . . . ''


မိဘတွေလက်ထက်ကပြောကြတယ်။ ကောက်သော်စားမလောက်၊ ဖြောင့်သော်စားမကုန်တဲ့။ သည်ခေတ် မှာတော့ ပြောင်းပြန်ဆိုတာတွေ့နေရပါတယ်။ လူလိမ်လူကောက်တွေဘယ်လိုစားသာနေပြီး လူရိုးလူဖြောင့် တွေဘယ်လိုနှိပ်ကွပ်ခံနေရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ရိုးသားတဲ့လူကို လူတိုင်း ချစ်ပြီးလူလိမ်ကို လူတိုင်းမုန်းသတဲ့။ မရိုးသားသူကို မရိုးသားသူချင်းတောင် မကြိုက်ဘူးတဲ့။ လူလိမ်ချင်း တောင် လိမ်တာကို မကြိုက်ဘူးတဲ့။ ကိုယ့်ကိုလာလိမ်တာကို လူလိမ်တောင် ကိုယ်ချင်းစာပြီးကြိုက်တာ မရှိဘူးတဲ့။ အင်း.. တကယ် ဟုတ်ရဲ့လား။ စဉ်းစားမိသမျှ အိပ်မက်ပရိသတ်ကိုဝေမျှလိုက်ပါတယ်။ အိပ်မက်ပရိသတ်ကလည်း ပိုသိတာလေးတွေကို ပြန်လည်မျှဝေပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

အလိမ်ခံနေကြသူ အမျိုးမျိုးရှိတာကိုတွေ့နေရပါတယ်။

(၁) ရိုးသားလွန်းလို့ဖြစ်စေ၊ လိမ်သူလောက်မပါးနပ်လို့ ဖြစ်စေ အလိမ်ခံနေရမှန်းမသိလို့ အလိမ်ခံရသူ
(၂) အလိမ်ခံနေရမှန်းသိသိကြီးနဲ့မတတ်သာလို့ မကျေမချမ်းနဲ့အလိမ်ခံရသူ
(၃) အမှန်တရားကို ရင်မဆိုင်ရဲလို့ ကျေကျေနပ်နပ်အလိမ်ခံရင်း ရောလိမ်ပေးနေသူ
(၄) ဘယ်လောက်တောင် ဆက်လိမ်မလဲလို့ လိမ်နည်းအားလုံးကိုသိချင်လို့ မသိချင်ယောင်ဆောင်ပြီး အလိမ်ခံနေသူ (ထပ်ရှိသေးရင်ပြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ )

အဲလိုလိမ်နေသူတွေ၊ အလိမ်ခံနေရသူတွေကြားမှာ တခါတလေမက အမှန်တရားဟာ မျက်နှာငယ်ရပါ တယ်။

ရိုးသားတဲ့လူကို လူတိုင်းချစ်တယ်ဆိုတာမဟုတ်တာလဲ ကြုံတွေ့လာရပါတယ်။ ရိုးသားသူကိုဘာကြောင့် လူတွေမုန်းသလဲလို့ ဆွေးနွေးကြည့်ကြတော့

၁. မရိုးသားသူရဲ့ မရိုးသားတဲ့အကြောင်းတွေက ရိုးသားသူရဲ့ ရိုးသားတဲ့အကြောင်းတွေနဲ့တွေ့မှ၊ ယှဉ်ကြည့် မိမှ မကောင်းမှန်း ပိုပေါ်လွင်ထင်ရှားလာလို့
၂. ရိုးသားချင်ယောင်ဆောင်မှုတွေကလည်း လက်တွေ့မှာ တကယ်ရိုးသားတဲ့လူရဲ့လုပ်ရပ်တွေကို ရေရှည် မှာ မယှဉ်နိုင်လို့
၃. သူတို့မရိုးမသားနဲ့ လုပ်သမျှ၊ ပြောသမျှ ပတ်ဝန်းကျင်ကသိပြီး ခွဲခြားနိုင်နေပြီး ကိုယ့်ကိုဆေးဖော် ကြော ဖက်မလုပ်တော့ဘဲ ရိုးသားသူကိုပဲ ဆက်ဆံတာကို မနာလိုမရှုစိမ့်လို့ (ထပ်ရှိသေးရင်ပြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ )

သူတကာကို စေတနာကောင်းအရင်းခံနဲ့ အကျိုးအမြတ်မမျှော်ကိုးပဲ သန့်သန့်လေးကူညီနေတဲ့ စေတနာ့ ၀န်ထမ်းတွေကို သူတကာကိုဗိုလ်ကျနှိပ်စက်နေတဲ့လူတွေက တအားမုန်းတာကိုလည်း တွေ့ကြုံဖူးပါတယ်။ ဘာကြောင့်ဖြစ်နိုင်သလဲဆိုရင်

၁. သူတို့ယုတ်မာတာကို စေတနာ့ဝန်ထမ်းတွေနဲ့နှိုင်းယှဉ်မိပြီး လူသိသာလို့
၂. လူတွေကသူတို့ကိုလေးစားကြည်ညိုနေတာ သို့မဟုတ် ကြောက်ရွံ့နေတာကိုခံချင်လို့
၃. ဒါပေမယ့် သူတို့လိုချင်တာကို လူတွေဆီကနေ မရနိုင်ဘဲ စေတနာ့ဝန်ထမ်းတွေကို လူတွေကလေးစား ကြည်ညိုနေတာကိုမရှုစိမ့်လို့၊ မကြည့်နိုင်လို့
၎. အဲလိုမုန်းလို့သူတို့က ဒုကပေးလေ၊ အဲသည့်စေတနာ့ဝန်ထမ်းတွေကို တခြားလူတွေက အကာအကွယ်၊ အကူအညီတွေပေးလေဖြစ်နေတာကို ပိုမခံရပ်နိုင်ဖြစ်လာလို့
၅. သူတို့ဆိုးတေယုတ်မာလို့ သူတို့ကိုမလေးစားနိုင်တဲ့ ဆေးဖော်ကြောဖက်မလုပ်တဲ့သူတွေကို မလုပ်ရ ကောင်းလားလို့ စိတ်ဆိုးလာလို့ (ထပ်ရှိသေးရင်ပြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ )

No comments: