Thursday, February 4, 2016

Misuse and Abuse of Prescription Drugs




ပို့စ်တခု = Hein Thura January 11 at 6:06am တောင်ဥက္ကလာ အထက ၃/၁ က ၉-၁ဝ တန်း ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ ရပ်ကွက်ထဲက ၂ဝ-၂၅ အရွယ်ကောင်လေး၊ ကောင်မလေးတွေ ဒီဆေးကဒ်တွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ အလွယ်တကူလဲဝယ်ရတယ်။ ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာ ရောင်းတယ်။ တ/ဥ ရဲစခန်းကို အကြိမ်ကြိမ် PH ဆက်လဲ ရှောင်ဖယ် ရှောင်ဖယ်နဲ့။့ ဆေးဝါးကွပ်ကဲရေးကို PH ဆက်ပြန်တော့လဲ 199 နဲ့တိုင်ပင်တဲ့ ခေါင်းရှောင်တယ်။ 199 ဆက်တော့ ပိတ်ထားတယ်။ ရက်ကွက်ရုံးပြောတော့ ကလေးတွေကိုဆုံးမတဲ့။့

Terco-D ဆေးကို ထိုင်းနိုင်ငံကထုတ်တယ်။ ATC Classification = R05FA02 ဘိန်းကနေထုတ်လုပ်ထားတဲ့ ချွဲထွတ်စေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်တယ်။ Dextromethorphan HBr 15 mg, guaifenesin 100 mg, terpin hydrate 130 mg ဆေးတွေပါဝင်နေတယ်။ အသည်းရောဂါ၊ ပန်းနာရောဂါနဲ့ သိပ်ငယ်တဲ့ကလေးတွေကို မပေးရပါ။ Thai FDA Category အဆင့် D လို့သတ်မှတ်ထားတယ်။ မူးဝေတဲ့သတ္တိရှိတယ်။ ဆေးစွဲစေတယ်။

ဘေးထွက်ဆိုးကျိုးများ
ခေါင်းမူးမယ်။ အစာခြေလမ်းကသိကအောင့်ဖြစ်မယ်။ စိတ်တက်ကြွစေမယ်။ စိတ်ရှုတ်ထွေးစေမယ်။ အသက်ရှူမှုကို အားနည်းစေမယ်။ ပျို့-အန်၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အိပ်ချင်၊ စိတ်ဂနာမငြိမ်၊ မျက်စိမှတ်ထားရင် သူများမမြင် မကြားရတာမျိုး မြင်ကြားမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၃ ဆကနေ ၂ဝ ဆအထိသောက်ရင် -
အကောင်းတွေလို့ထင်မြင်နေမယ်။ အားပြည့်နေသလိုထင်မှတ်ရမယ်။ ကိုယ်ကိုယ်ကိုယုံကြည်မှု ရှိသင့်တာထက်ပိုမယ်။ ဆောက်တည်ရာမရဖြစ်မယ်။ အိပ်မရဖြစ်မယ်။ စကားတွေအမြန်ပြောနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ မျက်လုံးက ငေးကြည့်နေမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၁၅ ဆကနေ ၇၅ ဆသောက်မိရင် -
သူများမမြင်မကြားရတာမျိုး မြင်ကြားမယ်။ စိတ်မြင်အစည်းပြေသလိုဖြစ်လာမယ်။ အန်မယ်။ အမြင်တွေဝေဝါးနေမယ်။ သူငယ်အိမ်ပိုကျယ်လာမယ်။ ချွေးပြန်မယ်။ ကိုယ်ပူမယ်။ သွေးဖိအားကျမယ်။ အသက်ရှူနှေးလာမယ်။ နှလုံးခုန် မြန်လာမယ်။ ဝမ်းလျှောမယ်။ ဆီးအိမ်တင်းနေမယ်။ အိပ်ငိုက်နေမယ်။ ကြွက်သားတွေအလိုလိုလှုတ်နေမယ်။ အကောင်းတွေလို့သာ ထင်မြင်နေမယ်။ အာရုံခံမှုပြောင်းမယ်။ ဘာမှန်းမှမသိဖြစ်လာမယ်။ မျက်စိကမမြင်နိုင်တော့ဘူး။ မျက်စိကို စူးစိုက်လို့မရတော့ဘူး။ အရေပြားအနီကွက်တွေထွက်လာမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၆

CoughSyrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း 


သမီးအမျိုးသားက တရုတ်ကထုတ်တဲ့ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို မူးယစ်ဆေးအဖြစ်သုံးစွဲနေပါတယ်ဆရာ။ သူဆေးသုံးတာ တနှစ်ခွဲလောက်ရှိပါပြီ။ သမီးသူ့ ကိုဆေးဖြတ်စေချင်ပါတယ် ။ သူကတော့ ဆေးပြတ်ချင်စိတ်မရှိပါ။ သူအရမ်းမေ့တတ်လာပါတယ် ။ ဒီလိုမူးယစ်ဆေးသုံးရင် ဘယ်လိုဆိုးကြိုးတွေဖြစ်လာနိုင်ပါသလဲဆရာ။ သူ့ကို ဆေးပြတ်အောင် သမီးဘေးကနေဘာတွေ အတတ်နိုင်ဆုံးလုပ်ပေးလို့ ရပါသလဲ။

တရုပ်ကလာတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှ ဘယ်ဆေးပါသလဲ မသိသေးပါ။ အိန္ဒိယကလာတဲ့ ချောင်းဆိုး ပျောက်ဆေးကတော့ လူငယ်-လူကြီးတွေစွဲနေကြတဲ့ Phensedyl (ဖင်စီဒိုင်း) ဖြစ်တယ်။ ချောင်းဆိုးနေသူကို ဆရာဝန်က တနေ့မှာ 5-10 ml သာသောက်စေပါတယ်။

ဆေးစွဲဖြတ်ဘို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဘို့ကပဌမဖြစ်တယ်။ စိတ်အထူးကုဆရာဝန်က ကူပေးနိုင်ပါတယ်။ ကိုယ့်မှာ ပြဿနာရှိနေတယ်လို့သိလာရင် ဦးဆုံးခြေလှမ်းဖြစ်တယ်။ မလွယ်ဘူးဆိုတာလဲ သိထားပါ။ ငါဖြတ်နိုင်ရမယ်လို့ ဆုံးဖြတ်နိုင်ရင် မုချပြတ်ပါတယ်။

ဆေးဖြတ်ခြင်းဟာ အပျော်တမ်းသမားအရည်အချင်းနဲ့မရပါ။ ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။ မသက်မသာရှိနေမယ်။
ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရင် သူရဲကောင်းဖြစ်တယ်။ ဆေးရည်သောက်ချိန်မှာ ဒါကိုသာတန်းတနေမှာဘဲ။ တခြား အာရုံနဲ့အလုပ်တခုခုကို အစားထိုးပါ။

ချောင်းဆိုးပျောက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ ဆေးကုဘို့သုံးတာမှာ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်အောင်နဲ့ ရင်ကြပ်တာသက်သာဘို့ ရောဂါမတူလို့ ချောင်းဆိုးပျောက်ဆေးထဲမှာ ပါတဲ့ဆေးတွေကလဲ မတူပါ။ ချောင်းဆိုး ပျောက်ဆေးတွေကိုစွဲကြတာ ကနေ့ခေတ်မှာ နေရာတကာမယ်ရှိတယ်။ စိတ်ပြော့သူတွေစွဲကြတဲ့ ချောင်းဆိုး ပျောက်ဆေးတွေထဲမှာ Drixoral Cough Liquid Caps, Robitussin AC, Dectuss, Phenergan with Codeine, Phensedyl, and Pherazine with Codeine စတဲ့ ချောင်းဆိုးပျောက်ဆေးတွေ အပါအဝင်ဖြစ်တယ်။ ဆေးဖြစ်လို့ အန္တရာယ်မရှိဘူးထင်ရပေမဲ့ ရှိပါတယ်။ စွဲလာတယ်။ ဖြတ်ဘို့ ခက်တယ်။

Dextromethorphan (DXM) ပါတဲ့ဆေးသောက်ရင် အစမှာ သာယာမှုရတယ်။ ပိုပြီးစွဲသွားစေတယ်။ THC ဆေးဟာ ဆေးခြောက်နဲ့တူတယ်။ ဒါကြောင့် ရေတိုမှာ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်မယ်၊ ကြွက်သားတွေ အားပြော့နေမယ်၊ မဟုတ်ပဲနဲ့ ကောင်းတယ်ပဲထင်နေမယ်။

ဘေးထွက်-ဆိုးကျိုးတွေကို ဝယ်ယူတယ်ဆိုတာ ဒီစွဲလမ်းမှုကိုပြောတာဖြစ်တယ်။ ဝမ်းနဲပြီး စိတ်ဓါတ်ကျခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အတုနဲ့အစစ်ကိုမခွဲတတ်ခြင်း၊ မတ်တပ်ရပ်ရင်မူးဝေခြင်း၊ ကိုယ်ပူလိုက်၊ ချမ်းလိုက်ဖြစ်ခြင်း၊ ဆောက်တည်ရာမရ၊ ထိန်းသိမ်းမနိုင်ဖြစ်ခြင်း၊ စိတ်ဝေဒနာဖြစ်ခြင်း၊ မှတ်ဥာဏ်မေ့ခြင်း၊ ကြွက်သားတွေထိန်းလုပ်ရမှာတွေ မလုပ်နိုင်ခြင်း၊ အရေပြားအနီပြင်ထွက်ခြင်းနဲ့ လိင်စိတ်နည်းပါးလာခြင်းတွေဖြစ်မယ်။

ဆေးဖြတ်လက္ခဏာတွေ = အိပ်မရတာ၊ (စိုးရိမ် + စိတ်ကျ + မသက်မသာဖြစ်ခြင်း)၊ စိတ်ဓါတ်ကျခြင်းတွေ ဖြစ်မယ်။ စိတ်ဓါတ်ကျတာက အဆိုးဆုံး ဖြစ်တယ်။ ညပိုင်းဆို တုန်တုန်ရီရီဖြစ်မယ်။ စိတ်ဝေဒနာသည်လိုနေမယ်။

SSRI စိတ်မကျဆေး၊ Yohimbe တိုင်းရင်းဆေး၊ MAO inhibitors စိတ်မကျဆေးတွေနဲ့ Antihistamines (Claritan) အလာဂျီဆေးတွေနဲ့ ရောမိရင် သေစေနိုင်တယ်။ ကိုယ်ဝန်ဆောင်နေတုံးသောက်ရင် အထဲကကလေးကိုသက်ရောက်မယ်။

ဆေးစွဲသူတိုင်း ဖြတ်ဘို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဘို့ကပဌမဖြစ်တယ်။ ကိုယ့်ကျန်းမာရေးအတွက် ဆရာဝန်ဆီ အကူအညီတောင်းရခြင်းဟာ လုပ်သင့်တဲ့ ကောင်းတဲ့အလုပ်သာဖြစ်တယ်။ အောက်ကျနောက်ကျအလုပ်မျိုး မဟုတ်ပါ။

ချစ်လို့ လက်ထပ်ပေါင်းသင်းထားတဲ့ ဇနီးမယားကနေ ဆေးဖြတ်စေချင်နေတယ်။ သမီးရည်းစားဘဝမှာ ဒီတောင်ကို မောင်ဖြိုပါ့မယ် မြင်းမိုရ်မို့လားဆိုတာမျိုး ပြောလေ့ရှိကြတယ်။ ဆေးဖြတ်ရတဲ့တောင်ကိုသာ ဖြိုပြလိုက်ပါလားဗျာ။

ဒေါက်တာတင့်ဆွေ

Misuseand Abuse of Prescription Drugs တရားဝင်ဆေး တလွဲသုံးခြင်း 

ကျွန်တော့်ပို့စ်တခုဖြစ်တဲ့ Terco-D ဆေးမှာ ဆက်ဖြည့်ရေးစရာပေါ်လာပါတယ်။ တာဝန်ရှိဆရာဝန်တဦးကနေ အကြံပြုလို့ပါ။

တရားဝင်ထုတ်တဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီသုံးလို့ရတဲ့အကြောင်း ပြောပါရစေ။ ဆေးတွေမှာ ဘိန်းကနေထုတ်တာတွေလည်းရှိပါတယ်။ မဖြစ်မနေသုံးရပါတယ်။ ဥပမာ ကင်ဆာဝေဒနာ အကြီးအကျယ် ခံစားနေရသူတွေ၊ သေလုမျောပါး နာကျင်မှုနဲ့ ရုပ်ပိုင်း စိတ်ပိုင်းဒေဒနာခံစားနေရသူတွေကို မူးယစ်နွယ်ဆေးတွေ မဖြစ်မနေပေးရပါတယ်။ ဆရာဝန်တွေက (အက်သစ်) ခေါ် ကျင့်ဝတ်အရ ဆေးညွှန်ပေးရပါတယ်။

အခုလိုချောင်းဆိုးပျောက်ဆေးကိုလည်း ပေးသင့်သူတွေကို ဆေးကို အသက်၊ ရောဂါကိုကြည့်ပြီး ဆရာဝန်ကနေ ဆေးညွှန်နဲ့ ပေးနိုင်ပါတယ်။ Misuse တလွဲသုံးခြင်းက နောက်အကြောင်းအရာတခုပါ။ အဲလိုအဖြစ်တွေက နိုင်ငံတိုင်းမှာ ရှိပါတယ်။ အရေးယူတာ၊ ကာကွယ်တားဆီးတာက နောက်အကြောင်းအရာတခုပါ။ တရားဝင်ဆေးတွေကို တရားမဝင် မူးယစ်ဆေးတွေနဲ့ တန်းတူတော့ ထားလို့မရပါ။

FDA ကနေတရားဝင်ခွင့်ပြုထားတဲ့ဆေးကို နည်းလမ်းတကျ (ဆေးလက်မှာနဲ့ဝယ်ရတာနဲ့ အလွတ်ဝယ်နိုင်) ဝယ်သုံးရင် Misuse တလွဲအသုံးပြုတယ်လို့မခေါ်ပါ။ သူ့အတွက် ဆရာဝန်ကညွှန်မထားတာကို ရောင်းရင် ဝယ်သုံးရင်တော့ တလွဲသုံးတာ မည်ပါတယ်။ ဆရာဝန်ညွှန်တြ့အတိုင်းထက်ပိုသုံးရင်လည်း တလွဲသုံးဖြစ်တယ်။ အဲဒီထဲမှာ euphoric feeling စိတ်ကို ပျော်စေတဲ့သတ္တိရှိတဲ့ဆေးတွေပါဝင်တယ်။ အိပ်ပျော်စေတဲ့ဆေးလည်းပါတယ်။ နာတာသက်သာစေတဲ့ ဆေးတွေလည်း ပါတယ်။ အဲလိုသုံးတာမှန်သမျှ ကျန်းမာရေးကိုထိခိုက်စေပါမယ်။

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိသေးတယ်။ Opioids ဘိန်းပါတဲ့ဆေးကိုတလွဲသုံးရင် သေဆုံးတဲ့အထိဖြစ်နိုင်တယ်။
Benzodiazepines ဆေးမျိုးကိုတလွဲသုံးရင် ဆေးဖြတ်လိုက်ရင် တက်တာဖြစ်လာနိုင်တယ်။ Attention deficit hyperactivity disorder (ADHD) အတွက်သုံးတဲ့ဆေးကနေ သွေးတိုးစေမယ်။

ဒီလိုဆေးတလွဲသုံးတဲ့ပြဿနာကကြီးမားပါတယ်။ အမေရိကန် Substance Abuse and Mental Health Services Administration (SAMHSA) ဖက်ဒရယ်ကျန်းမာရေးအေဂျင်စီ ၂ဝဝ၈ အစီရင်ခံစာအရ အသက် ၁၂ နှစ်အဖထက် ၅၂ သန်း တသက်မှာ အနည်းဆုံးတကြိမ်ဆေးတလွဲသုံးနေကြတယ်လို့ဆိုပါတယ်။ ၁၉၉၈ ကနေ ၂ဝဝ၈ အထိ ၄ဝဝ% တိုးလာပါသတဲ့။ ဆေးတွေက ဘိန်းပါတဲ့ အနာသက်သာဆေးတွေကများတယ်။
Centers for Disease Control and Prevention (CDC) ဌာနလေ့လာမှုတခုအရ အထက်တန်း (၁၂ တန်းအထိ) ကျောင်းသား ၅ ယောက်မှာ ၁ ယောက် ဆရာဝန်လက်မှတ်မပါတဲ့ဆေးမျိုးသုံးစွဲတယ်လို့ တွေ့ရတယ်။ အဲတာက ၁၉၉၂ ကနေ ၂ဝဝ၈ အထိဆိုရင် ၂ဝ% လျော့ကျလာပါတယ်။

အများဆုံးတလွဲသုံးကြတာ ဆေးအမျိုးအစား (၄) မျိုးရှိတယ်။
(၁) Pain relievers အနာအကိုက်သက်သာဆေးတွေ၊ (၂) Tranquilizers စိတ်ငြိမ်ဆေးတွေ၊ (၃) Stimulants စိတ်ကြွဆေးတွေနဲ့ (၄) Sedatives အိပ်ဆေးတွေဖြစ်ပါတယ်။

အမေရကန် ၃၅ သန်းတို့ဟာ ဘိန်းပါတဲ့အနာအကိုက်သက်သာဆေး Hydrocodone (Vicodin), Oxycodone (OxyContin, Percodan, Percocet) နဲ့ Fentanyl (Duragesic) ဆေးတမျိုးမျိုးကို တသက်မှာ တခါတော့ သုံးဘူးကြတယ်။

၂၁့၅ သန်းဟာ စိတ်ငြိမ်ဆေး Diazepam (Valium), Alprazolam (Xanax) နဲ့ Clonazepam (Klonapin) တမျိုးမျိုးကို တသက်မှာ တခါတော့သုံးဘူးကြတယ်။

၂၁့၂ သန်းဟာ စိတ်ကြွဆေး Amphetamine (Adderall), Methylphenidate (Ritalin, Concerta, and Daytrana), နဲ့ Methamphetamine (ယာဘ) ဆေးတမျိုးမျိုးကို တသက်မှာ တခါတော့သုံးဘူးကြတယ်။ ၁၃ သန်းလောက်ဟာ (ယာဘ) ဆေးသုံးတယ်။

၉ သန်းဟာ အိပ်ဆေး Amobarbital (Amytal), Pentobarbital (Nembutal) နဲ့ Secobarbital (Seconal) ဆေးတမျိုးမျိုးကို တသက်မှာ တခါတော့သုံးဘူးကြတယ်။

ထိန်းချုပ်ရေးလုပ်ရင် အဖက်ဖက်ကကြည့်ရမယ်။ သတင်းပူလောင်တာလေးတခုနဲ့ ဆေးမီးတိုနဲ့တော့ ကုစားလို့မရပါ။ အမေရိကန်လို ဥပဒေစိုးမိုးမှု အားကောင်းတဲ့နိုင်ငံမှာတောင် ခက်ခဲလှပါတယ်။ မြန်မာပြည်မှာ ဆေးဝါးတလွဲသုံးခြင်းကို ကိုင်တွယ်ဘို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ တရားဝင်ဆေးတွေနဲ့ တရားမဝင်ဆေးတွေကိုလည်း ခွဲခြားနားလည်ရပါမယ်။


ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၆
 

Wednesday, February 3, 2016

♪ “iDevice များအားပညာရေးအတွက် အသုံးပြုခြင်း” ♫



မိုဘိုင်းနည်းပညာဟာကျွန်တော်တို့ရဲ့ လေ့လာသင်ကြားမှုပုံစံတွေနဲ့ဆက်သွယ်မှုပုံစံတွေကိုပြောင်းလဲပစ်ခဲ့ပြီး အဲဒီ ပြောင်းလဲမှုတွေနဲ့အလိုက်သင့်နေထိုင်နိုင်ဖို့ပြင်ဆင်ပြောင်းလဲရမှာဖြစ်ပါတယ်။ဒီတော့ ကျွန်တော်တို့အနေနဲ့အသစ်အသစ်ဖြစ်လာသောပညာရေးအတွက် လိုအပ်သောToolများကိုဖော်ပြပါမယ်။ ဒီဆောင်းပါးမှာတော့ပညာရေးအတွက်အခြေခံမရှိမဖြစ်လိုအပ်လာပြီဖြစ်တဲ့ iPhone နဲ့iPad တွေကို ဘယ်လိုမျိုး
အကျိုးရှိရှိသုံးနိုင်မလဲဆိုတာတွေကိုဖော်ပြလိုက်ပါတယ်။

အင်တာနက်တွေမပေါ်မီကဆိုရင်သင့်အနေနဲ့ informationတွေရရှိနိုင်ဖို့စာကြည့်တိုက်များကိုသွားရောက်ရှာဖွေရမှာ ဖြစ်ပါတယ်။ ယနေ့အခါမှာတော့အဲဒီလိုသွားနေစရာမလိုဘဲအင်တာနက်မှာပဲ online စာကြည့်တိုက်တွေကိုဝင်ရောက်ကြည့်ရှု နိုင်ပြီဖြစ်ပါတယ်။ ဒီတော့ပညာသင်ကြားမှုပုံစံဟာကျောင်းဝန်းတစ်ခုအတွင်းမှာပဲရှိမနေနိုင်တော့ဘဲနေရာအနှံ့ဖြန့်ကျက်လာပါတော့တယ်။ဘယ်နေရာမှာပဲမဆိုပေါ့။တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ပါမောက္ခတွေကိုယ်တိုင် သင်ကြားပြသပေးနေတဲ့သင်ခန်းစာတွေကိုသင့်ရဲ့iPhone,iPadတွေထဲမှာ ပဲလေ့လာနိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ ကျွန်တော့်အနေနဲ့ Apple က ရနိုင်မယ့် ပညာရေးနဲ့
ပတ်သက်တဲ့Resourcesတွေကိုရရှိနိုင်ဖို့ အတွက်စုစည်းဖော်ပြသွားမှာ
ဖြစ်ပါတယ်။အွန်လိုင်းမှာသင်ယူနိုင်မယ့်Resourceတွေကိုမိမိတို့ရဲ့iPhone,
iPadတွေထဲမှာထည့်သွင်းထားနိုင်စေဖို့အတွက်ပါ။


iPadနဲ့iPhoneတွေအတွက် ပညာရေးအထောက်အကူပြုappsပေါင်း 10,000
ကျော်လောက်ရှိပြီးယင်းတို့ကိုရှာဖွေရလွယ်ကူနိုင်စေရန်အတွက် Appleက Online
Directoryတစ်ခုကိုပြုလုပ်ထားကာအကြိုက်ဆုံးသောAppsကို ရွေးချယ်ပေးထားသည်။
Main Pageမှာတော့ iPad နှင့်iPhone တို့အတွက်
Appsကိုတင်ပေးထားပြီးအမျိုးအစားအလိုက်ခွဲခြားထားသည်ကိုတွေ့ရသည်။ခွဲခြားထားသောအမျိုးအစားများ မှာEnglish
Language Arts, Mathematics, Science, History and Geography, Language
Development , Art , Music and Creativity,Reference, Productivity and
Collaboration , Accessibility စသဖြင့်ခွဲခြားထားပြီး Visual
ပိုင်းနဲ့အသံပိုင်းတွေပါဝင်တဲ့ အတွက် ပိုမိုအဆင်ပြေစွာလေ့လာသုံးစွဲနိုင်မှာ
ဖြစ်ပါတယ်။ Category တိုင်းမှာ Subcategories တွေများစွာလည်းရှိပါတယ်။
ဥပမာအားဖြင့်ဆိုရင် Science မှာသူ့ရဲ့Subcategoriesတွေဖြစ်တဲ့Astronomy,
Earth Science , Chemistry , Life Science
နဲ့Physicsစတဲ့ဘာသာရပ်ကွဲပေါင်းများစွာ အတွက်ခွဲခြားထားပါတယ်။

ဒီAppsတွေက ကျွန်တော်တို့သမားရိုးကျသုံးစွဲနေတဲ့ ပြဌာန်းစာအုပ်တွေမှာ
မလုပ်နိုင်တဲ့အပိုင်းတွေအများကြီးပါဝင်တာကိုတွေ့ရမှာပါ။ဥပမာအားဖြင့် The
Elements: A Visual Exploration ($ 13.99 , app2.me/2654)
မှာဆို Periodic Table ရဲ့Eletmentတွေကို
3Dနဲ့ကြည့်ရှုလို့ရနိုင်ကာလှည့်ပတ် ကြည့်ရှုလို့
ရနိုင်မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် elementsတွေရဲ့ properties တွေနဲ့
အသုံးချပုံတွေကို video clipsတွေနဲ့လည်းကြည့်ရှုနိုင် မှာဖြစ်ပါ တယ်။

Massive Open Online Courses(MOOCS) တွေဟာအနာဂတ်ရဲ့အဆင့်မြင့်
ပညာဆည်းပူးဖို့နေရာတွေပဲဖြစ်မှာပါ။တက္ကသိုလ်ကြီးတွေကသူတို့ရဲ့
ကျောင်းသင်ခန်းစာတွေကို Web ပေါ်မှာတင်ထားကြပြီး Free အနေနဲ့
ရနိုင်ပါတယ်။ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့နာမည်ကျော်ပါမောက္ခများ
ကိုယ်တိုင်သင်ကြားပေးလျှက်ရှိပါတယ်။MOOCSနဲ့ပတ်သက်ပြီးနာမည်
ကျော်ကြားတာတွေကတော့ Udacity(udacity.com), နဲ့ EdX(edx.org) တို့ပဲဖြစ်ပြီးCourseraမှာဆိုရင်ဘာသာရပ်ပေါင်းစုံလင်စွာတွေ့နိုင်မှာပါ။

Courseraမှာဆိုရင် 10ပတ်ကြာသင်ကြားရမယ့် သင်ခန်းစာများကို တွေ့နိုင်
မှာဖြစ်ပြီး video lecturesတွေ၊assignmentsတွေ၊online discussion တွေ၊
examsတွေနဲ့စနစ်တကျသင်ကြားပေးပြီး certificate တွေလည်းရရှိမှာ ဖြစ်ပါတယ်။
coursesတော်တော်များများက Web Base ဖြစ်ပြီး သင်ခန်းစာ များ
ကိုvideoဖိုင်များနဲ့သင်ကြားရာမှာအပြန်အလှန်ဆွေးနွေးနိုင်ဖို့အတွက်
လည်းစီစဉ်ပေးထားပါတယ်။
သင်ခန်းစာများကိုအမျိုးအစားအလိုက်
32မျိုးခွဲခြားထားပြီးပညာရပ် အမျိုးအစားများဖြစ်တဲ့ Art, Business,
Economic,Film,Law,Life Sciences နဲ့ Statistics
တွေလိုမျိုးပညာရပ်တွေပါဝင်ပါတယ်။အခြားသောHarvard, Standford,Princeton,MIT
စတဲ့ကမ္ဘာကျော်တက္ကသိုလ်များဟာလည်း MOOCs
စနစ်များကိုဖွင့်လှစ်သင်ကြားလျှက်ရှိပါတယ်။ကံကောင်းတာ
တစ်ခုကတော့အဲဒီလိုမျိုးတကယ့်ကောင်းမွန်တဲ့educational resources
တွေကိုiPhoneနဲ့iPadတွေမှာရရှိနိုင်မှာဖြစ်ပါတယ်။အဲဒီအတွက် CoursePad
ဆိုတဲ့appကိုfreeအဖြစ်ရရှိနိုင်မှာဖြစ်ပါတယ်။ http://bit.ly/13M34zI မှာ
downloadလုပ်ပြီးဗီဒီယိုLectureတွေကိုOfflineလေ့လာနိုင်စေမှာဖြစ်ပါတယ်။
Notesတွေ၊lecture slidesတွေလိုမျိုးmaterialsတွေကိုလည်းရရှိနိုင်မှာပါ။
CourseတွေကိုCoursera websiteမှာလေ့လာနိုင်မှာဖြစ်ပေမယ့်appနဲ့
iPad,iPhoneတွေမှာတင်ပြီးသုံးစွဲမယ်ဆိုရင်တော့ materialsတွေကို offline
အနေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။

Udacityကိုလည်းမိမိတို့ရဲ့Devicesများမှတိုက်ရိုက်သုံးစွဲနိုင်မှာဖြစ်ပြီးCorusesတွေကFreeပါ။ဒါပေမယ့်လည်း Courseraလောက်တော့
Categoriesတွေနဲ့
Coursesတွေမများလှပါဘူး။Udacityမှာပါဝင်တဲ့Categoriesတွေကတော့
Business,ComputerScience,Mathematicsနဲ့Physicsတို့ပဲဖြစ်ပါတယ်။

(Free, app2.me/5006)
Appleရဲ့ iTunes U ကတော့တကယ့်သုတရတနာသိုက်ကြီးတစ်ပါးပါ။
ပညာရေးအတွက်ဘာသာရပ်ပေါင်းစုံလေ့လာနိုင်စေဖို့ Full Coursesတွေ
ရနိုင်ပါတယ်။videoဖိုင်တွေ၊audioဖိုင်တွေ၊ebooksတွေအားလုံးFreeပါပဲ။Apple က
iTunes U ကိုကမ္ဘာ့အကြီးဆုံး၊အစုံလင်ဆုံးပညာရေးonline catalog
ကြီးလို့တင်စားထားပါတယ်။ဒီနှစ်အစောပိုင်းတုန်းကထုတ်ပြန်ကြေငြာချက်
များအရiTunesUရဲ့Contentပေါင်း 1 billion လောက်ကို downloadလုပ်ပြီးပြီ
လို့ဆိုပါတယ်။Appleရဲ့အဆိုအရဆိုရင် Duke,Yale,Cambridgeနဲ့ Oxford
လိုမျိုးကမ္ဘာကျော်တက္ကသိုလ်တွေအပါအဝင် တက္ကသိုလ်ကောလိပ်ပေါင်း 1200ကျော်နဲ့
K-12 Schoolsပေါင်း1200ကျော်လောက်တို့ကသူတို့ရဲ့
coursesတွေကိုiTunesUမှာတင်ထားကြတယ်လို့ဆိုပါတယ်။iTunes U အနေဖြင့်
educational materialsပေါင်း 16 categories ခန့်ခွဲထားပြီး Art &
Architecture မှသည် Teaching & Learning ဘာသာရပ်များအထိရှိသည်။
အဆိုပါiTunesUကိုကွန်ပျူတာDesktopများမှ iTunesကိုinstallပြီးသုံးစွဲ
နိုင်သလို iPad,iPhoneတို့တွင်လည်းiTunesUAppမှသုံးစွဲနိုင်မှာလည်း
ဖြစ်ပါတယ်။ Course materialများကိုရှာဖွေနိုင်ရန် keyword ကို Search box
မှာရိုက်ထည့်ကာရှာဖွေနိုင်မှာပါ။သင်ရွေးချယ်လိုက်တဲ့Courseတွေက
သင့်ရဲ့libraryထဲရောက်သွားမှာပါ။iBooksသုံးစွဲသလိုပဲပေါ့။

(Free, app2.me/5005)
၁၀မိနစ်စာဗီဒီယိုသင်ခန်းစာအတိုလေးတွေ ၄၀၀၀ကျော်လောက်ကို လေ့လာနိုင်
မှာဖြစ်ပြီးMathematics,Medicine,Finance,Physics, Astronomy,Art History
နှင့်အခြားသောဘာသာရပ်များစွာပါဝင်သည်။
အဆိုပါသင်ခန်းစာတိုလေးများသည်အခြေခံပညာအဆင့်နှင့်အထက်တန်း
ကျောင်းသားများအတွက်ရည်ရွယ် ပြီးလေ့ကျင့်ခန်းများစွာကိုလည်း
ထည့်သွင်းပေးထားသည်။ဒီKhanAcademyကိုShalmanKhanကYouTube မှာ
2004ကတည်းကmathနဲ့ science ဘာသာရပ်များအတွက် Postများ
တင်ခဲ့ရာမှစတင်ခဲ့ပြီးKhanကfundစိုက်ထုတ်ပေးထားပါတယ်။Khan
Academyရဲ့သင်ခန်းစာတွေကိုရယူလေ့လာ နိုင်ဖို့ Appsများရှိပါတယ်။Khan
AcademyမှOfficialappလည်းပေးထားပြီးထောင်ပေါင်းများစွာသောဗီဒီယိုဖိုင်အားလုံးကိုAccessလုပ်နိုင်မှာ ပဲဖြစ်ပါတယ်။iPadဗားရှင်းအနေနဲ့သုံးစွဲမယ်ဆိုရင်လည်းဗီဒီယိုဖိုင်များကိုတစ်ဖိုင်ချင်းDownloadချလို့ရနိုင် မှာဖြစ်သလို
offlineအနေနဲ့လည်းတစ်ခုလုံးကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Unofficial အနေနဲ့ Khan Archiverappကိုလည်းFreeရနိုင်ပြီး app2.me/6607
မှာရယူနိုင်ပါမယ်။iPhoneအတွက် algebra,chemistry
စတဲ့သီးခြားဘာသာရပ်အလိုက်စီရှိနေတဲ့appလေးတွေလည်း50ကျော်ရှိကာkhan
academyမှvideoဖိုင်များကိုရယူနိုင်မှာဖြစ်ပါတယ်။

(Free, app2.me/6016)
ယခုအထိပြောလာခဲ့တာတွေကFreeတွေချည်းပါပဲ။Udemyကတော့ခြားနားပါတယ်။Official
Udemyappကတော့ free ရပါတယ်။သို့သော်လည်းပဲ
Catalogမှာပဲဝင်တဲ့Coursesပေါင်6း000ကျော်ကတော့Freeရတာရော၊
အခကြေးငွေပေးရတာတွေရောပါဝင်ပါတယ်။ဥပမာအားဖြင့် paid course
တွေအနေနဲ့အချို့ကိုဖော်ပြရမယ်ဆိုရင် Marketing က $48.99, Begineer’s course
on creating iPhone and iPadappsက $28.99နဲ့ Photography course က $38.99
တို့ပဲဖြစ်ပါတယ်။Udemyကလည်းon-demand online
coursesတွေနဲ့ပတ်သက်ပြီးအကြီးဆုံးသောနေရာတစ်ခုလို့ဆိုထားပါတယ်။Udemy
Appကဗီဒီယိုဖိုင်များကိုတိုက်ရိုက်ကြည့်ရှုနိုင်သလို Offline အနေနဲ့ လည်း
ကြည့်ရှုနိုင်ပါတယ်။ကိုယ်ကြည့်နေတဲ့နေရာကိုရပ်ထားပြီးနောက်မှ
ပြန်ကြည့်ချင်တယ်ဆိုရင်လည်းရပ်ထားလို့ ရပါတယ်။

(Free, app2.me/3154)
TED ကတော့ အထူးသဖြင့်အလွန်လေးနက်တဲ့ideaတွေကိုနားထောင်နိုင် စေဖို့ပါ။
စွန့်ဦးတီထွင်သူတွေ၊နယ်ပယ်တစ်ခုမှာထူးချွန်ပေါက်မြောက်သူတွေ
ကသူတို့ရဲ့စိတ်ကူးစိတ်သန်းတွေနဲ့အတွေးအခေါ်တွေကိုဟောပြောကြမှာဖြစ်ပြီးနိုဘယ်ဆုရပညာရှင်များစွာ လည်းပါဝင်ပါတယ်။TEDဆိုတာကတော့Technology,Entertainment,
Design ဆိုတာကိုအတိုချုပ်ခေါ်ထားတာ ဖြစ်ပါတယ်။
ပညာရေးနယ်ပယ်မှအထင်ကရပုဂ္ဂိုလ်များ၊techgeniusesများ၊ medical
mavericksများ၊business gurusများနဲ့ music legendsများရဲ့
ဟောပြောချက်များကိုနားထောင်နိုင်မှာဖြစ်ပါတယ်။ဗီဒီယိုဖိုင်ပေါင်း1400
ကျော်ကိုလေ့လာနိုင် မှာဖြစ်ပါတယ်။

(Ref:Get an iEducation, The Best Apps and Online Resources by Jim Karpen)


ငြိမ်းချမ်း(BE-IT)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal