Monday, April 10, 2017

မိန်းကလေးတွေက လူပျိုထက် ဘာလို့ များအိမ်ထောင်သည်ယောကျာ်းကို စွဲလမ်းမိတာဘာကြောင့်လဲ ?



(၁) လူပျိုတွေထက် အိမ် ထောင်သည်ယောကျာ်းကပိုစီးပွားရှာနိုင်တယ်ထင်လို့ လား
တကယ်က စီးပွားရှာနိုင်တယ်မရှာနိုင်ဘူးဆိုတာ တစ်ယောက်ချင်းစီအရည်အချင်းနဲ့ သက်ဆိုင်ပါတယ် ။
လူပျိုထက် စီးပွားရှာနိုင်အားနည်းလို့ မိသားစုအဆင်မပြေတဲ့  အိမ်ထောင်သည်တွေအများကြီးရှိပါတယ် ။
ဒီတော့တွေးရမှာက အပျိုတစ်ယောက်အနေနဲ့ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုမက်မောစွဲလမ်းတာက သူ့ ကိုရေများများလောင်း (ငွေများများပေး)လို့ ဖြစ်နိုင်တယ် ။
မပေးနိုင်တဲ့ နေ့ ကော … အဲ့ ဒီ့ အိမ်ထောင်သည်ကြီးကို ခွာမှာလားဒါဆို စဉ်းစားဖို့ လိုပါပြီ ။
အမိဟာကိုယ့်ကိုယ်ကိုတန်ဖိုးဖြတ်နေတာကိုယ့်ကိုယ်ကိုလူမသိသူမသိတဲ့  ပြည့်တန်ဆာဘ၀ထဲသွပ်သွင်းနေတာပါ ။
ပိုက်ဆံရလို့ ကပ်တယ်ဆိုကတည်းက အဲ့ မိန်းမက ပြည့်တန်ဆာပဲ ပြည့်တန်ဆာသည်သာငွေကြေးအလို့ ငှာ ယောကျာ်းတွေနဲ့ ပလူးပရောနေတာပါ ။
.
(၂) လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးချောတယ်ခန့် ညားတယ် ထင်လို့ လား
ဒါကလဲ သူတို့ ရဲ့ နေထိုင်မှု နဂိုရုပ်ရည်နဲ့ ဆိုင်ပါတယ် ။
အိမ်ထောင်သည်ဖြစ်မှပိုခန့် ညားလာတယ်
သပ်ရပ်လာတယ်ဆိုတာက သူ့ အိမ်ထောင်ရှင်မရဲ့ အရည်အချင်းပါ ။
သပ်ရပ်သန့် ရှင်းနေဖို့ အတွက်လျှော်ဖွတ်မီးပူတိုက်ကို
သူ့ အိမ်ထောင်ရှင်မက ကိုယ်တိုင်မလုပ်ပေးတောင် စီမံခန့် ခွဲထားတာပါ ။
ရုပ်ကိုမက်တဲ့ အမိ သူအိုသွားရင်ကော သဘောကျအုံးမှာလား စွဲလမ်းအုံးမှာလား
အမိလဲအဲ့လိုစိတ်ရှိတယ်ဆို အမိဝင်တိုးတာကိုလက်သင့်ခံတဲ့
သကောင့်သားအိမ်ထောင်သည်လည်းအမိလို ရုပ်အလှမက်တဲ့ စိတ်ရှိနေနိုင်တယ်ဆိုတာ သတိပြုပါ ။
.
(၃) လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးကြင်နာ ဂရုစိုက်တတ်လို့ လား ။

ကြင်နာဂရုစိုက်တယ်ဆိုတာက အဲ့ ဒီလူရဲ့အကျင့်နဲ့ ဆိုင်ပါတယ် ။ နောက်ပြီး အိမ်ထောင်သည်ယောကျာ်းမှမဟုတ်ဘူး လူပျိုတွေလဲကြင်နာတတ်သလို ဂရုစိုက်တတ်ပါတယ် ။ဒါပေမဲ့  နှာဘူးအိမ်ထောင်သည်က သာမန်လူပျိုထက်တော့ မိန်းကလေးတယောက်ကို ဘယ်လိုကျုံးသွင်းရမယ် ကညုရမယ်ဆိုတာ ပိုနားလည်မှာဖြစ်သလို သာမန်လူပျိုထက်တော့ လက်ရဲနှုတ်ရဲမှာပါပဲ ။ သူက အိမ်ထောင်သည်လေ .. မိန်းမတစ်ယောက်နဲ့ တစ်အိမ်တည်းကာလကြာရှည်နေဖူးပါတယ် ။ လူပျိုဘယ်လောက်ရှုပ်ရျုပ် ပွေရှုပ်တဲ့အိမ်ထောင်သည်ကို မမီပါဘူး ။ အဲ့ အတွက် အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ရဲ့ ကြင်နာမှုအပေါ်သာယာပြီး ငါ့ကိုသူ သိပ်ကြင်နာတာ သိပ်ချစ်တာပါပဲလို့ မထင်ပါနဲ့  .. သင် သူ့ အိမ်ထောင်ရှင်မဘ၀မရောက်သေးဘူးမို့ တစ်နည်းး သူနဲ့ တစ်အိမ်တည်းမနေရသေးဘူးမို့ ပါ ။ ခဏတာဟန်ဆောင်တာလောက် ဖုန်းထဲက လေနဲ့ ကြင်နာတာလောက်တော့ လူပျိုတွေလဲလုပ်တတ်ပါတယ် ။မလုပ်တာပဲရှိတာပါ ။
.
(၄) လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးနားလည်မှုရှိတယ်လို့ ထင်လို့ လား
သူက အိမ်ထောင်သည်ယောကျာ်းဆိုတာ မမေ့ပါနဲ့  ။ သူသည် အိမ်ထောင်သည် မယားငုတ်တုတ်နဲ့ အိမ်ထောင်သည်ဖြစ်တဲ့ အတွက် အမြီးတစ်တန်းတန်းပါနေမဲ့ သူ့ ရဲ့ အိမ်ထောင်သည်ဆိုတဲ့ နာမည်ဆိုးအရှိန်ကြောင့် နားလည်ပေးနေတာလဲ ဖြစ်နိုင်ပါတယ် ။ နားမလည်နိုင်ရင်တောင် နားလည်ပေးပါလိမ့်မယ် ။ အမိဟာ သူ့ မယားမှမဖြစ်သေးတာပဲ ။ အလိုက်အထိုက်နေမှ သူလိုချင်တာရမယ် ။ သူလိုနေတာ ဆက်ရနေမယ်လေ ။ လူပျိုတွေကတော့ နားလည်ပေးချင်မှ နားလည်ပေးနိုင်မယ် အိမ်ထောင်သည်ယောကျာ်းလောက်တော့ ဘယ်နားလည်ပေးနိုင်ပါ့မလဲ ..။
.
(၅) လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီး sexy ကျတယ်လို့ ခံယူလို့ လား (P.s မိန်းကလေးအချို့ အဲ့လိုခံယူတာမြင်ဖူးပါတယ်)

ဒီလိုတွေးတဲ့ အမိကို ဘယ်လိုအမြင်နဲ့ကြည့်ရမလဲဆိုတာ တွေးမရဖြစ်မိတယ် ။ အိမ်ထောင်သည်ယောကျာ်းမှမဟုတ် အဲ့ကိစ္စ စိတ်ဝင်စားတဲ့ ယောကျာ်းတိုင်း sexy ကျနိုင်ပါတယ် ။ စိတ်ဝင်စားမှုပေါ်မှာပဲမူတည်တယ် ။ မိန်းကလေးတစ်ယောက်အနေနဲ့ အဲ့လို sexy ကျတဲ့ယောကျာ်းနဲ့ ပလူးရှလူးထချင်ရင်တော့ အမိအနေနဲ့ ပြည့်တန်ဆာလုပ်စားသင့်တယ် ။ sexy ကျတဲ့ နှာဘူး ပုရိသ ယောကျာ်းပေါင်းများစွာ အိမ်ထောင်သည် လူပျို တစ်ခုလပ် မုဆိုးဖိုများစွာနဲ့ တွေ့ ဖို့ အခွင့်အရေးရှိတယ်လေ ။ သူများအိမ်ထောင် သူများမိသားစုကိုတော့ အမိရဲ့ တဏှာစိတ်သက်သက်ကြောင့် မဖျက်စီးပါနဲ့  ။
.
(၆)လူပျိုတစ်ယောက်ရနိုင်ဖို့ အရည်အချင်း မရှိလို့ လား ။

ဘယ်လိုအကြောင်းဘယ်လိုစိတ်ကြောင့် အိမ်ထောင်သည်ယောကျာ်းကိုစွဲလမ်းမိတာဖြစ်ပစေ ၊ အကြမ်းအားဖြင့်တော့ အမိဟာ လူပျိုတစ်ယောက်ကို မရနိုင်လို့  အိမ်ထောင်သည်ယောကျာ်းကို ထောင်ဖမ်းတယ်လို့ ပဲ သတ်မှတ်ခြင်းခံရပါမယ် ။ ဒါကို မကျေမနပ်မဖြစ်လေနဲ့ ပြောခဲ့ ပြီးပါကောလားး အိမ်ထောင်သည်ဟာ လူပျိုထက်တော့ အချစ်နယ်ပယ်မှာ တစ်ဆင့်နိမ့်ပါတယ်လို့  ။ လူပျိုတစ်ယောက်ကိုရနိုင်လျက် အိမ်ထောင်သည်ကိုမှ တမ်းတမ်းစွဲမိနေပြီဆိုရင်တော့ အမိမှာရောဂါတစ်မျိုးမျိုးစွဲကပ်နေပြီဆိုတာ သေချာပါတယ် ။ အဲ့ ရောဂါနာမည်က ကြောင်တောင်နှိုက်ချင်တဲ့ ရောဂါ ၊ မယားငယ်ခံချင်တဲ့ ရောဂါ တစ်နည်း သူများလင်တပြီးရုးတဲ့  မပိုင်လင်တရူးရောဂါပါ။
.
(၇ )၀ါသနာ ဗီဇ လား ပတ်ဝန်းကျင်ကြောင့်လား

ဝါသနာအရဆိုရင်တော့ အမိ စိတ်ဓါတ်အဆင့်ကို ပြန်တိုင်းသင့်ပါတယ် ။ ၀ါသနာဆိုတာ သူတပါးကိုမထိခိုက်စေရဘူးလေ ၊ ဗီဇ ဆိုရင်တော့ အမိရဲ့ မိဘမျိုးရိုးကို လိုက်ဖွေရှာရလိမ့်မယ် မျိုးရိုးလိုက်တာပဲလားလို့ ပေါ့ ။ ဘယ်လိုပဲပတ်ဝန်းကျင်က မကောင်းပစေ သူတို့ ပြောတဲ့ အတိုင်းလုပ်ဖို့ သူတို့ လုပ်တဲ့ အတိုင်းလိုက်ကျင့်ဖို့ သင့်မသင့် ဆုံးဖြတ်ရွေးချယ်တာက အမိနဲ့ ပဲဆိုင်တယ် ။ ကိုယ်တိုင်က သာယာချင်နေတာကို ၀န်ခံရလိမ့်မယ်။
.
(၈) ၀ဋ်ကြွေးးကြောင့်လား 

ဝဋ်ကြွေး ဆိုတဲ့ စကားက မပြောချင်ဆုံးစကားပဲ ။ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကို စွဲလမ်းမိတာ ၀ဋ်ကြွေးတဲ့လား ။ ၀ဋ်ကြွေးကြောင့် စွဲလမ်းမိသွားတာပါတဲ့ လား ။ ကမ္ဘာ့ ရယ်စရာအကောင်းဆုံးဟာသ မှတ်တမ်းထဲ အဲ့ စကားထည့်ပေးရမယ် ။ အမိကို အပိုင်ဖမ်းလိုက် ဗလက္ကာရပြုလိုက်ပြီး သိမ်းပိုက်ထားလို့ မယားငယ် ကီပင်ဘ၀ရောက်သွားတယ် အဲ့ ဒီ့ အိမ်ထောင်သည်ယောကျာ်းက မတရားသိမ်းပိုက်တယ်ဆိုရင် ၀ဋ်ကြွေးလို့ ပြောရင် တော်သေးတယ် ။ အခု အမိကစွဲလမ်းနေတာ အမိကမပြတ်နိုင်တာက ၀ဋ်ကြွေးတဲ့ လား။
.
*** အိမ်ထောင်သည်ယောကျာ်းတစ်ယောက်အပေါ် စိတ်ညွတ်နေပြီ စွဲလမ်းနေပြီဆိုရင် ဒီ ၈ ချက်ကို ကိုယ့်ဘာသာကိုယ်ပြန်မေးပြီး တွေးကြည့်ပါ ။ ပြီးရင်ထည့်တွက်ရမှာက အမိရဲ့ အရှက်တရားနဲ့ ပက်သက်တဲ့ အသိစိတ် အမိခေါင်းထဲမှာဘယ်လောက်ကျန်သလဲ တိုင်းတာသင့်တယ် ။ အရှက်မရှိဘူးဆိုရင် ဆက်တိုးပေါ့ ။ ရှက်တတ်တယ်ဆိုရင်တော့ ဆင်ခြင်သင့်တာ ဆင်ခြင်လိမ့်မယ် ။ ဘာသာကိုးကွယ်မှုတွေတော့ထည့်မပြောတော့ပါဘူး ။ မှတ်သင့်တာကတစ်ခုပါပဲ ။ အမိလုပ်သလို တခြားမိန်းမတစ်ယောက်လဲလုပ်နိုင်တယ်ဆိုတာပါပဲ ။ အမိအခု သူတပါးလင်ကို စွဲလမ်းတယ်ဆို အမိလိုပဲတခြားမိန်းမတစ်ယောက်ကလဲ သူ့ ကို စွဲလမ်းမယ် ။ အဲ့သလိုပဲ အမိနဲ့ဆုံစဉ် အမိအပေါ်သူတိမ်းညွှတ်တယ်ဆို အမိမဟုတ်တဲ့ တခြားမိန်းမဆိုရင်လဲတိမ်းညွတ်မှာပါပဲ ။ ဒါဟာ ဘာသာကိုးကွယ်မှု နဲ့ မဆိုင်တဲ့  လူတိုင်းနဲ့ ပဲဆိုင်တဲ့ နိယာမပါ ။***
.
### အထက်ပါအချက်တွေက အပျိုတစ်ယောက်က အိမ်ထောင်သည်ယောကျာ်းတွေကို စွဲလမ်းတဲ့ အကြောင်းတွေဖြစ်ပြီး အိမ်ထောင်သည်ယောကျာ်းက တိမ်းညွတ်တဲ့ အခြေအနေပါ ။ ကိုယ့်ကို မတိမ်းညွတ်ပဲ အိမ်ထောင်ရှင်မကို သစ္စာရှိတဲ့  အိမ်ထောင်သည်ယောကျာ်း ကို စွဲလမ်းတဲ့ သူတွေကိုတော့ တစ်ခုပဲပြောချင်ပါတယ် ။ ကိုယ့်အဆင့်ကိုယ်သိ ကိုယ့်နေရာကိုယ်သိ မဖြစ်နိုင်တာမမှန်းနဲ့  ယောကျာ်းရှားနေတယ်လို့ ထင်ရင် သတ္တ၀ါ အများအပြားရှိပါသေးတယ် ။ ရိုင်းမှာစိုးလို့ မပြောတော့ဘူး ကိုယ့်ဘာသာကိုယ် ဥာဏ်မီသလောက်တွေးကြည့်ပါ ။ သူတပါးရဲ့ သာယာတဲ့ မိသားစုဘ၀ကို မဖျက်ဆီးပါနဲ့  ။ သူ့ ဘာသာသူ မသာယာရင်လဲ နဂိုအတိုင်းပဲရှိပါစေ အမိကြောင့်တော့ မပြိုပျက်ပါစေနဲ့။
Credit:ပျိုမေတို့ သိစေဖို့

No comments: