Friday, March 18, 2016

ဓါတ်ပုံသမားတိုင်း လေ့လာကြည့်ရှုသင့်တဲ့ YouTube Channel (၁၀) ခု



ဓါတ်ပုံသမားတိုင်း လေ့လာကြည့်ရှုသင့်တဲ့ YouTube Channel - ၁၀ ခု
================================
ဓါတ်ပုံပညာကို လေ့လာဖို့ အကောင်းဆုံး နည်းလမ်းတွေထဲမှာ YouTube ကနေ Photography နဲ့ ပတ်သတ်တဲ့ Channel တွေကို Subscribe ပြုလုပ်ပြီး ကြည့်ရှုခြင်းလည်း ပါဝင်ပါတယ် ။ 
ဖန်တီးမှု လက်ရာမြောက်တဲ့ ဓါတ်ပုံရိုက်ကူးမှု နည်းစနစ်တွေကို လက်တွေ့ကျကျ သရုပ်ပြ ရှင်းလင်းတင်ဆက်ထားတဲ့ ရုပ်သံဖိုင်တွေဟာ ဓါတ်ပုံဝါသနာရှင်တွေအတွက် များစွာအထောက်အကူဖြစ်စေနိုင်သလို ခေတ်ပေါ် ဒစ်ဂျစ်တယ်ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေကို ကိုင်တွယ် အသုံးပြုပြီး သုံးသပ်ဝေဖန်ပြထားတာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ဒါ့ကြောင့် YouTube မှာ အားပေး ကြည့်ရှုသူ အခိုင်အမာရှိပြီး Video File အသစ်တွေကိုလည်း အခါအားလျော်စွာ Upload ပြုလုပ်ပေးနေတဲ့ ထိပ်တန်း Photography Channel - ၁၀ ခုကို ဖော်ပြပေးချင်ပါတယ် ။


#1 – B&H Photo Video ( www.youtube.com/user/BHPhotoVideoProAudio )

အမေရိကားရဲ့ အကြီးဆုံး ကင်မရာအရောင်းဆိုင် ဖြစ်တဲ့ B&H က Online Store အဖြစ်နဲ့လည်း ဈေးကွက် အခိုင်အမာရှိသလို YouTube Channel အနေနဲ့လည်း အားပေးသူ ပရိတ်သတ် အများအပြားရှိပါတယ် ။ ဗီဒီယိုပေါင်း ၁၃၀၀ ကျော်လောက်တင်ထားတဲ့အတွက် ဓါတ်ပုံဝါသနာရှင်တွေအတွက် လေ့လာကြည့်ရှုလိုတဲ့ အကြောင်းအရာ ကဏ္ဍအစုံကို Channel တစ်ခုတည်းမှာ ပြည့်ပြည့်စုံစုံတွေ့ရမှာပါ ။


2# DigitalRev TV ( www.youtube.com/user/DigitalRevCom )

ဟောင်ကောင်အခြေစိုက် Online Store နဲ့ Social Network တစ်ခုဖြစ်သလို ဗီဒီယိုပေါင်း ၆၀၀ ကျော် Upload ပြုလုပ်ထားပြီး Subscriber - ၁.၄ သန်းကျော် ရှိပါတယ် ။


3# COOPH ( www.youtube.com/user/TheCooph )

COOPH ရဲ့ အဓိပ္ပါယ်အပြည့်အစုံက Cooperative of Photography ဖြစ်ပြီး ဓါတ်ပုံဝါသနာရှင်တွေအတွက် Online Magazine တွေ ထုတ်လုပ်ဖြန့်ချိနေသလို အရောင်းဆိုင်အနေနဲ့လည်း ရပ်တည်ပါတယ် ။ လက်ရှိအချိန်ထိ Upload ပြုလုပ်ထားတဲ့ Video အရေအတွက် ၁၄ ခုလောက်သာ ရှိပေမယ့် ကြည့်ရှုသူ အရေအတွက် သန်းချီရှိသလို COOPH ရဲ့ 7 Smartphone Photography Tips & Tricks အနေနဲ့ 16 Million Views ရှိတယ် ။


4# The Camera Store ( www.youtube.com/user/TheCameraStoreTV )

The Camera Store ဆိုတဲ့အမည်နဲ့ ကနေဒါနိုင်ငံက ကင်မရာအရောင်းဆိုင်ကလည်း Channel တစ်ခုပြုလုပ်ထားသလို နောက်ဆုံးပေါ် ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ Hands-on နဲ့ Review တွေကို Upload ပြုလုပ်ပေးနေပါတယ် ။


5# Phlearn ( www.youtube.com/user/PhlearnLLC )

Channel အမည်ပေးထားပုံက စိတ်ကူးကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ် ။ ဆန်းပြားတဲ့ အမည်နာမနဲ့ အတူ Post-Production တွေအတွက် ဖန်တီးမှု လက်ရာမြောက်တဲ့ Editing တွေပြုလုပ်နိုင်ဖို့ Photoshop Tutorial တွေနဲ့ Manipulation ပြုလုပ်ပုံအဆင့်ဆင့်ကို ချပြထားတယ် ။


6# The Art of Photography ( www.youtube.com/user/theartofphotography )

ဓါတ်ပုံဆရာ Ted Forbes ဖန်တီးထားတဲ့ Channel ဖြစ်ပြီး ဓါတ်ပုံပညာရပ်နဲ့ ပတ်သတ်လို့ အကြောင်းအရာ ကဏ္ဍစုံစုံလင်လင်ကို ရုပ်သံဖိုင်တွေအဖြစ်နဲ့ တွေ့မြင်ရမှာပါ ။


7# Mike Browne ( www.youtube.com/user/photoexposed )
Educator တစ်ဦးဖြစ်သူ ဓါတ်ပုံဆရာ Mike Browne ရဲ့ Channel က တခြား Channel တွေထက် ပိုပြီး စည်းစနစ်ကျကျ သရုပ်ပြရှင်းလင်းတင်ဆက်ထားတာ သတိထားမိပါတယ် ။ ဓါတ်ပုံပညာကို စတင်လေ့လာနေသူတွေ မဖြစ်မနေ ၀င်ရောက်ကြည့်ရှုသင့်သလို အပတ်စဉ် သောကြာနေ့တိုင်း Video အသစ်တွေ Upload ပြုလုပ်လေ့ရှိတယ် ။


8# SLR Lounge ( www.youtube.com/user/SLRlounge )

Photography Tutorial, Review နဲ့ Interview တွေကို အပတ်စဉ် Update ပြုလုပ်ပေးနေတဲ့ Channel တစ်ခုဖြစ်တဲ့အတွက် လေ့လာသူတွေအတွက် ကြည့်ရှုစရာ အသစ်အသစ်တွေ အမြဲမပြတ် ရှိနေမှာပါ ။


9# AdoramaTV ( www.youtube.com/user/adoramaTV )

B&H လိုပဲ အမေရိကားက နာမည်ကျော် Camera Store တစ်ခုဖြစ်သလို YouTube Channel နဲ့ ပိုပြီး လူသိများပါတယ် ။ ဗီဒီယိုပေါင်း ၁၅၀၀ ကျော်ရှိပြီး Upload ပြုလုပ်ထားတဲ့ Video တွေကို Playlist အဖြစ် ကဏ္ဍအလိုက် စုစည်းပေးထားတာကြောင့် လေ့လာလိုတဲ့ အကြောင်းအရာကို ရွေးခြယ်ပြီး ပြည့်ပြည့်စုံစုံလေ့လာနိုင်တယ် ။


10# Matt Granger ( www.youtube.com/user/thatnikonguy )

Matt Granger ဆိုတဲ့ ဓါတ်ပုံဆရာ တည်ထောင်ထားတဲ့ YouTube Channel မှာလည်း ဗီဒီယိုပေါင်း ၁၅၀၀ ကျော်ရှိပါတယ် ။ နာမည်ကျော် လူကြိုက်များတဲ့ ကင်မရာ Brand တော်တော်များများရဲ့ Product တွေအကြောင်း Tip & Trick နဲ့ Review တွေ တင်ဆက်ထားတယ် ။
 



Cyra _ (လေ့လာရေးသားမျှဝေသည်)
* Cyra | Publishing.
Read more @ www.fb.com/CyraPublishing.

No comments: