Sunday, March 13, 2016

လေ့လာသုံးသပ်သူတွေ စိုးရိမ်ကြီးစေတဲ့ တရုတ်အစိုးရခြေလှမ်း




လေ့လာသုံးသပ်သူတွေ စိုးရိမ်ကြီးစေတဲ့ တရုတ်အစိုးရခြေလှမ်း
**********************************************
ပြည်စုံ (IN'D)

ပေကျင်းရဲ့ နိုင်ငံရေးအခြေအနေ က လတ်တလော လပိုင်းအ တွင်းမှာ သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ လစ်ဘရယ် အတွေးအမြင်ရှိသူ အတော် များများကတော့ တရုတ်အစိုးရအပေါ် စိုး ရိမ်စိတ် ရှိလာခဲ့ပါတယ်။ သူတို့ စိုးရိမ်နေ ကြတာကတော့ ရှီကျင့်ပင်အစိုးရအနေနဲ့ အာဏာရှင်ဆန်တဲ့ အစိုးရအုပ်ချုပ်မှု စနစ် ဆီကို သိသိသာသာ ဦးတည်နေတာကိုပါ။

တရုတ်နိုင်ငံရဲ့ စီးပွားရေး အ ခြေအနေက ဝေဖန်ပြစ်တင်စရာ အခြေအ နေမျိုး ရောက်ရှိနေချိန်မှာ ကွန်မြူနစ်ပါတီ ဝင် သုံးထောင်နီးပါးဟာ မြို့တော် ပေကျင်း ရဲ့ အမျိုးသား ပြည်သူ့ကွန်ဂရက်အတွင်းမှာ အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။ တရုတ် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ဆက်လက်ကျဆင်းနေဆဲပါ။ ဒါဟာ တရုတ် အစိုးရကို စိတ်မချမ်းမြေ့ ဖြစ်စေနိုင်တဲ့အ ထိ မဟုတ်သေးပါဘူး။ အကြောင်းကတော့ တရုတ်အစိုးရအနေနဲ့ လူထု အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူနေမှု အဆင့်အတန်း မီစေရေးအတွက် စီးပွားရေးကဏ္ဍကို အ တက်ဘက် ပြန်လည်ဦးလှည့်နိုင်ဖို့ ဒေါင်း တင်မောင်းတင် ဆောင်ရွက်လာနိုင်တဲ့အ တွက် ဖြစ်ပါတယ်။

အမေရိကန် စီးပွားရေးညွှန်း ကိန်းပြ အေဂျင်စီ သြသိပ ကတော့ တရုတ် နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို တည်ငြိမ် တဲ့ အဆင့်ကနေ အကျဘက်ရောက်တဲ့အ ဆင့်ကို ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ စီးပွားရေး သုတေ သနအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ နှု့ က တရုတ် စီးပွားရေးပိုင်း ဒါရိုက်တာ လီကွမ်ကလည်း တရုတ်နိုင်ငံ စီးပွားရေးအတွက် အထိခိုက် ဆုံးအချိန်ဖြစ်တယ်လို့ ပြောပါတယ်။ လီကွမ် က ပြီးခဲ့တဲ့ ဆယ်စုနှစ် ကာလတစ်ခုအတွင်း မှာ ရင်ဆိုင်ခဲ့ရတဲ့ စီးပွားရေး အကျပ်အတည်း တွေထက် ၂ဝ၁၆ ခုနှစ် တရုတ်စီးပွားရေး အခြေအနေက ပိုပြီးဆိုးလိမ့်မယ်လို့ သုံး သပ်ပါတယ်။

တကယ်လို့သာ တရုတ်နိုင်ငံ ရဲ့ စီးပွားရေး ကျဆင်းမှုက ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ရင် တရုတ်အစိုးရတိုင်း ကြောက် လန့်တတ်ကြတဲ့ လူထုအြုံ<ွကမှု ဖြစ်လာနိုင် ခြေ ရှိနေပါတယ်။ တကယ်လို့ အခုလိုအ ခြေအနေမျိုး ဖြစ်လာခဲ့ရင် သမ္မတရှီကျင့် ပင် အစိုးရရဲ့ မူဝါဒပိုင်းတွေကလည်း တစ် မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ သမ္မတ ရှီကျင့်ပင်ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ် လောက်က သူ့ရဲ့ ရွေးချယ်မှုမှန်ကန်တဲ့ လုပ် ဆောင်ချက်နဲ့ ချဉ်းကပ်မှု အသစ်တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ တစ်နေ့မှာ ရှီကျင့်ပင် က ကွန်မြူနစ်ပါတီရဲ့ အဓိက သတင်းစာ လုပ်ငန်း၊ နိုင်ငံပိုင် သတင်းအေဂျင်စီနဲ့ နိုင်ငံ ပိုင် ရုပ်သံသတင်းဌာနတို့ဆီကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

သွားရောက်ခဲ့တဲ့ နေရာတိုင်းမှာ ရှီကျင့်ပင်က ညွှန်ကြားခဲ့တာကတော့ အစိုး ရရဲ့ ဆောင်ရွက်မှုတွေနဲ့ နိုင်ငံရေးမူဝါဒပိုင်း တွေ လေးစားလိုက်နာမှုရှိပြီး ကွန်မြူနစ် ပါတီအပေါ် သစ္စာစောင့်သိကြဖို့ ဖြစ်ပါတယ်။ ဒါဟာ တရုတ်သမ္မတ ရှီကျင့်ပင်အနေနဲ့ အ စိုးရရဲ့ ရုပ်သံလိုင်း၊ သတင်းစာ အေဂျင်စီတွေ အပေါ်မှာ သူ့ရဲ့ဦးဆောင်မှုနဲ့ ပါတီအပေါ် သစ္စာစောင့်သိဖို့ အတိုဆုံးနဲ့ လိုရင်းကို တောင်း ဆိုမှု ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေနဲ့ ရှီကျင့်ပင်ရဲ့ လုပ် ဆောင်မှုတွေအပေါ်မှာ တချို့ကတော့ စိတ် မသက်မသာ ရှိလာကြပါတယ်။ 

ရှီကျင့်ပင်အနေနဲ့ မော်စီတုန်း ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးအသစ်ရဲ့ လမ်း စဉ်အတိုင်း အာဏာရှင်ဆန်ဆန် အတိုက်အ ခံတွေကို နှိပ်ကွပ်ချေမှုန်းဖို့ ခြေလှမ်းပြင်လာ မှာကို စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ အစိုးရ ထောက်ခံတဲ့သူတွေရဲ့ အမြင်ကတော့ ဆန့် ကျင်ဘက်ပါပဲ။ အစိုးရထောက်ခံတဲ့ အထက် တန်း ကျောင်းဆရာတစ်ဦးကတော့ အခုလို အမြင်တွေကို ကန့်ကွက်ပါတယ်။
ကျောင်းဆရာ ဝမ်ယုကိုင်ကတော့ လက်ရှိ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေ ကို ဖြေရှင်းဖို့အတွက် အစိုးရရဲ့ တင်းမာလာ တဲ့ သဘောထားဟာ သင့်တော်မှု ရှိတယ် လို့ ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ လက် ရှိ နိုင်ငံရေးအခြေအနေကို ရင်ဆိုင်ဖြေရှင်း ဖို့ အားကောင်းတဲ့ အစိုးရတစ်ရပ် လိုအပ် တယ်လို့ ထင်မြင်ချက်ပေးပါတယ်။

သမိုင်းဆရာ ဇန်လီဖန်ကတော့ အစိုးရအနေနဲ့ အာဏာရှင်ဆန်တဲ့ လက္ခဏာ တွေပြသလာတာက သူတို့အနေနဲ့ အင်အား ဆုတ်ယုတ်လာတယ်လို့ ယူဆနေတဲ့အတွက် ကြောင့် ဖြစ်တယ်လို့သုံးသပ်ပါတယ်။

လီဖန်က ရှီကျင့်ပင်ဟာ ကွန်မြူ နစ်ပါတီရဲ့ ကြီးစိုးမှု ဆုတ်ယုတ်သွားမှာကိုစိုး ရိမ်နေပြီး သူကိုယ်တိုင် သူ့နေရာကို အစား ထိုးခံရမှာ စိုးရိမ်လာပုံရတယ်လို့ ယူဆပါ တယ်။ အခုလို စိုးရိမ်မှုက ရှီကျင့်ပင် အနေ နဲ့ သူ့ရဲ့အာဏာကို ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာနိုင်တယ်လို့ လီဖန်ကခန့်မှန်း ပါတယ်။

လီဖန်က ရှီကျင့်ပင်ဟာ အခုဆို ရေထဲမှာ ရေမကူးတတ်တဲ့ လူတစ်ယောက် နဲ့ တူနေပြီး တွေ့ရာကို ဆွဲကိုင်ဖို့ အသင့်ရှိ နေတယ်လို့ ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံရဲ့ စီးပွား ရေး အကျပ်အတည်းနဲ့ အစိုးရရဲ့ သဘော ထားတင်းမာလာတဲ့ အုပ်ချုပ်မှုပိုင်းအတွက် ထင်မြင်ချက်တွေကတော့ အမျိုးမျိုး ကွဲပြား နေကြဆဲပါ။ တရုတ်အစိုးရအနေနဲ့ တကယ် ပဲ အာဏာရှင် ဆန်လာတော့မှာလား ဆို တာကိုတော့ ဝေခွဲရ ခက်စေပါတယ်။

သမ္မတ ရှီကျင့်ပင်ရဲ့ အနေအ ထားကို သုံးသပ်ကြည့်ရင်တော့ သူဟာအ ခွင့်အလမ်းသာတဲ့ ခေါင်းဆောင်တစ်ဦးလို့ ဆိုရနိုင်ပါတယ်။ သူ့မှာ လူကြိုက်များတဲ့ ထောက်ခံမှုရှိနေပြီး အစိုးရလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ သူ့ရဲ့ ရန်သူတွေ အားလုံး ကို လတ်တလော ရှင်းလင်းသုတ်သင်ရေး လည်း လုပ်ထားနိုင်ခဲ့ပါတယ်။ နာမည်ကြီး လာတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကမ်ပိန်းကလည်း ရှီကျင့်ပင်ကို ပါတီတွင်း တခြားပြိုင်ဘက်တွေက ကျော်တက်နေရာ ယူဖို့ အခွင့်အလမ်းမျိုးတွေ မပေးထားပါ ဘူး။ ဒါပေမဲ့ သမ္မတရှီကျင့်ပင်ရဲ့ သဘောထား ကတော့ ဆတ်ဆတ်ထိမခံ ရှိနေတုန်းပါ။

ဟောင်ကောင်က စာအုပ်ထုတ် ဝေရောင်းချသူ ၅ ဦး ဖမ်းဆီးခံရတဲ့ အဖြစ် က သမ္မတရှီကျင့်ပင်အစိုးရရဲ့ သဘောထား ကို ပိုပြီးထင်ရှားစေခဲ့ပါတယ်။ ဟောင်ကောင် စာအုပ်ထုတ်ဝေသူ ၅ ဦးဟာ တရုတ်အစိုး ရ ထိပ်တန်းပိုင်းရဲ့ အာဏာလုကြတဲ့ အခြေ အနေတွေကို ဖော်ပြရေးသားထားတဲ့ စာ အုပ်တွေကို ဖြန့်ချိခဲ့ပြီးမှာ ပြီးခဲ့တဲ့ အောက် တိုဘာလက ပျောက်ဆုံးခဲ့ကြတာပါ။
အခုလို အစိုးရအတွင်းပိုင်း အာ ဏာ ရုန်းကန်မှု အခြေအနေတွေ လူသိရှင် ကြား ပေါက်ကြားစေခဲ့တာက ရှီကျင့်ပင် အ စိုးရအတွက် စိုးရိမ်တုန်လှုပ်စရာ ဖြစ်စေခဲ့ တာ သိပ်တော့ မဆန်းလှပါဘူး။ တရုတ် အစိုးရရဲ့ လျှို့ဝှက်ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ စာ အုပ်ထုတ်ဝေသူတွေထဲက လေးဦးကတော့ မကြာသေးခင်ကာလအတွင်း ရုပ်သံအစီ အစဉ်တစ်ခုမှာ ပေါ်ထွက်လာခဲ့ပြီး ရာဇဝတ် မှုတွေ ကျူးလွန်မှု ရှိခဲ့တယ်လို့ ဝန်ခံခဲ့ကြ ပါတယ်။ တစ်ဖက်မှာလည်း ကွန်မြူနစ်ပါတီ အနေနဲ့ စာအုပ်ထုတ်ဝေသူတွေကို အမျက် ဒေါသကြီးစေခဲ့တာက ထင်ရှားနေပါတယ်။

တရုတ်အစိုးရဟာ တကယ်ပဲ အာဏာရှင်ဆန်တဲ့ အစိုးရပုံစံကို ဦးလှည့် လာပြီလားဆိုတာကတော့ အမြင်ကိုယ်စီနဲ့ ငြင်းခုံကောင်းနေကြဆဲပါ။

(Flower News Journal, 12-11)

No comments: