Wednesday, August 27, 2014

အမျိုးသမီးများတွင် အဖြစ်များဆုံး ရင်သားကင်ဆာအကြောင်း သိထားသင့်သည်များ




မြန်မာ့ HIV

  • ၂ဝဝ၅ ခုနှစ် UNAIDS စာရင်းအရ မြန်မာပြည်မှာ HIV ကူးစက်မှု ၁.၃% (လူပေါင်း ၂ဝဝ,ဝဝဝ ကနေ ၅၇ဝ,ဝဝဝ) ရှိတယ်။

• ၂ဝဝ၈ ခုနှစ်မှာ မြန်မာပြည်မှာ MSF ဟာ Antiretroviral Therapy (ART) ဆေး အဓိကပေးနေတဲ့ အဖွဲ့အစည်း ဖြစ်လာတယ်။ ART ဆေး လူပေါင်း ၇ဝ,ဝဝဝ ရသင့်တာမှာ လူနာပေါင်း ၁၁,ဝဝဝ သာဆေးရနေကြတယ်။ ဆေးလိုသူတွေရဲ့ ၂ဝ% ထက်နည်းပြီးသာ ART ဆေးရနေကြတယ်။


• လိက်ကတဆင့် ကူးစက်မှုက အများဆုံးဖြစ်တယ်။ မြန်မာပြည်ရဲ့ တရားဥပဒေအရ လိင်နဲ့ အသက်မွေးမှုဟာ ရာဇဝတ်မှုဖြစ်တယ်။ ရန်ကုန်မြို့ တခုတည်းမှာ လိင်လုပ်ငန်း ဖွင့်ထားတဲ့ နေရာပေါင်း ၁ဝဝဝဝ ကျော် ရှိတယ်။ လုပ်ကိုင်နေသူတွေနဲ့ လာရောက်သူတွေထဲက ၇ဝ-၉ဝ% မှာ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေကြတယ်။ HIV စမ်းသပ်မှုလုပ်ထားသူ ၂၅% ထက်နည်းတယ်။


HIV and ART in Manipur အိမ်နီးချင်းပြည်နယ်က HIV သတင်း
• မြန်မာပြည်နဲ့ ဆက်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်မှာ HIV ပိုးကူးစက်ခံထားရသူပေါင်း ၄၃ဝဝဝ ကနေ ၄၄ဝဝဝ အထိရှိတယ်။
• မဏိပူပြည်နယ်မှာ လူဦးရေ ၂့၇ သန်းရှိတယ်။ HIV ကူးစက်မှု ဝ့၁၆% ရှိတယ်။
• ART ဆေးရနေသူပေါင်း ၂၂ဝဝဝ ရှိတယ်။ ART ဆေးရရှိမှု ၅ဝ% ရှိတယ်။
• HIV ပိုးရှိနေသူတွေထဲက CD4 count is 500 ထက်နည်းသူတွေကို ဆေးပေးတယ်။ အဲဒါဟာ WHO 2013 guidelines အရဖြစ်တယ်။
• ART ဆေးရနေသူတွေထဲမှာ မြန်မာပြည်က လူနာတွေလဲပါတယ်။
CD4 counts
• CD4 counts ကို WHO ကနေ မချမ်းသာတဲ့ နိုင်ငံတွေ အတွက် အဲလို ၅ဝဝ လို့ သတ်မှတ်တာဖြစ်တယ်။ နိုင်ငံတကာ လူမှုကျန်းမာရေး လမ်းညွှန်အရ CD4 count ၂ဝဝ ရှိရင် ဆေးပေးတာလဲရှိတယ်။ တချို့ ဆရာဝန်တွေက ၃၅ဝ ကနေ ၅ဝဝ ရှိရင်ဆေးပေးတာလဲ ရှိတယ်။
• ၂ဝဝ ထက်နည်းလာရင် Pneumocystis pneumonia (PCP) ခေါ်တဲ့ အခွင့်ကောင်းယူပြီး ကူးစက်တဲ့ရောဂါ ဝင်လာနိုင်တယ်။
• ၇၅ ထက်နည်းလာရင် Mycobacterium avium complex (MAC) ခေါ်တဲ့ အခွင့်ကောင်းယူပြီး ကူးစက်တဲ့ရောဂါ ဝင်လာနိုင်တယ်။
• ပုံမှန် CD4 count ၅ဝဝ ကနေ ၁,၅ဝဝ ရှိတယ်။ ဆေးထိရောက်မှုရှိရင် CD4 အရေအတွက် တက်လာမယ်။

ဒေါက်တာတင့်ဆွေ (၂ဝ-၈-၂ဝ၁၄)
ဒေါက်တာတင့်ဆွေ - မြန်မာ့ HIV


အမျိုးသမီးများတွင် အဖြစ်များဆုံး ရင်သားကင်ဆာအကြောင်း သိထားသင့်သည်များ

အမျိုးသမီးတွေမှာ အဖြစ် အများဆုံးသော ကင်ဆာတွေထဲက တစ်ခုကတော့ ရင်သားကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် ဆောလျင်စွာ သိရှိရန် လိုအပ်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ ကုသမှုတွေဟာလည်း အလွန်အရေးကြီးလှပါတယ်။ ရင်သား ကင်ဆာဟာဆိုရင် ဆောလျင်စွာ သိရှိပါက ပျောက် ကင်းအောင် ကုသနိုင် သော ကင်ဆာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ သိထားသင့်တာ လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရင်သားကင်ဆာဆိုသည်မှာ အမျိုးသမီးများ၏ ရင်သားကို နို့ထုတ်လုပ်ပေးသော အကျိတ်နို့သယ် ဆောင်ပေးသောပြွန်၊ ပြွန်နှင့်အကျိတ်ကို ထောက်ပံ့ပေးသော အဆီ တစ်သျှူး တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ရင်သား အတွင်းရှိ ထိုဆဲလ်များ အလွန်လျင် မြန်စွာ ကြီးထွားလာသောအခါ ရင်သား ကင်ဆာ ဖြစ်ပွားလာရသည်။ ပြွန် အတွင်း ၌သာဖြစ် တည်သော ကင်ဆာကို ရင်သားပြင်ပ တစ်သျှူးများသို့ ပျံ့ နှံ့ခြင်းမရှိသေးသော ကင်ဆာအဖြစ် သတ်မှတ်နိုင်၍ ထိုအဆင့်ကို ဆောလျင်စွာ ရှာဖွေ သိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ပါသည်။ ပြွန်နှင့် အကျိတ် အပြင်ပတ်လည်ရှိ ရင်သားတစ်သျှူးတွင် ဖြစ်တည်နေသော ကင်ဆာသည် ပျံ့နှံ့နေသော ကင်ဆာအဆင့်တွင် ပါဝင်၍ အချိ န်ကြာမြင့်သည်နှင့်အမျှ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများနှင့် ပြန်ရည်ကြော အကျိတ်များသို့ ပျံ့နှံ့နိုင်ပါသည်။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိသူများမှာ
- အသက် ၄ဝ နှင့် အထက်ရှိ အမျိုး သမီးများ
- မိခင် သို့မဟုတ် အစ်မတွင် ရင်သား ကင်ဆာဖြစ်ခဲ့ဖူးသော ရာဇဝင်ရှိခြင်း
- မိခင်ကိုယ်တိုင်တွင်ရင်သားတွင်ဖြစ် သော အခြားရောဂါများနှင့်ရင်သား ကင်ဆာဖြစ်ခဲ့ဖူးသော ရာဇဝင်ရှိခြင်း
- အလွန်ဆောလျင်စွာ အပျိုဖော်ဝင် ခြင်းနှင့် အလွန်နောက်ကျစွာ သွေးဆုံး ခြင်း
- သားသမီးမရှိခြင်း (သို့မဟုတ်)အသက် ၃ဝ နှစ်ကျော်မှ ပထမဦးဆုံး ကလေးရရှိခြင်း
- မိမိကိုယ်ကိုယ် ရင်သားကင်ဆာဖြစ်နိုင် ခြေရှိသူဟုယူဆသူများသည် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ရင်သားကင်ဆာ၏ လက္ခဏာများ
- ရင်သားကင်ဆာ၏ အစောပိုင်း အဆင့်တွင် နာကျင်မှု သို့မဟုတ် မည် သည့်လက္ခဏာမှ မခံစားရပါ။ ရင်သား ကင်ဆာတွင် အောက်ပါရောဂါ လက္ခဏာများ တွေ့ရှိရတတ် သည်။ရင်သားအနီးတစ်ဝိုက် သို့မဟုတ် ချိုင်းအောက်တွင် အကျိတ်အဖု စမ်းမိ ခြင်း သို့မဟုတ် ရင်သား၏ အပေါ်ယံ အရေ ပြားထူလာခြင်း
- ရင်သားအရွယ်အစားနှင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း
- နို့သီးခေါင်းမှ သွေး သို့မဟုတ် ပုံမှန် မဟုတ်သော အရည်များထွက်ခြင်း
- ရင်သားအပေါ်ယံ အရေပြားချိုင့်ဝင် ခြင်း သို့မဟုတ် မညီမညာတွန့်လိမ်ခြင်း
- နို့သီးခေါင်းယားယံခြင်း
- ရင်သားနို့သီးခေါင်း သို့မဟုတ် နို့သီး ခေါင်း အရင်းတွင် နီရဲရောင်ရမ်းခြင်း
- မကြာသေးခင် ကာလအတော အတွင်း နို့သီးခေါင်းချိုင့်ဝင်ခြင်းရင်သားကင်ဆာကိုကာကွယ်ခြင်း
- ကျန်းမာသော ဘဝနေထိုင်မှုဖြင့် နေ ထိုင်၍ ကျန်းမာသင့်တော်သော ကိုယ် အလေးချိန်ကို ထိန်းသိမ်းခြင်း (အရက် သောက်ခြင်းကို ရှောင်ရန်)
- ဟော်မုန်းပါဝင်သော ဆေးကို ကြာ ရှည်စွာသောက်သုံးခြင်းကို ရှောင်ကြဉ် ခြင်း
- ရင်သားကို မိမိဘာသာ စမ်းသပ် ကြည့်ခြင်း
- အရေးအကြီးဆုံးအနေဖြင့် ရင်သား ဓာတ်မှန်ရိုက်၍ ပုံမှန်စစ်ဆေးခြင်း

ရင်သားကင်ဆာကို ရှာဖွေစစ်ဆေးခြင်း
ရင်သားကင်ဆာ၏ အစောပိုင်း အဆင့်တွင် မည်သည့်လက္ခဏာမှ မခံစားရသည့်အတွက် ရင်သားကင်ဆာ ကို ဆောလျင်စွာ ရှာဖွေတွေ့ရှိနိုင်ရန် အလွန်အရေးကြီးသည်။ ရင်သားကင် ဆာကို (၁) စမ်းသပ်ခြင်းနှင့် (၂)ရင်သား ဓာတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်သည်။ ရင်သားကင်ဆာဖြစ်နိုင်သော အကျိတ် ဖုသည်အရည်အိတ် သို့မဟုတ် အခဲလုံး ခွဲခြားနိုင်ရန် ရင်သားဓာတ်မှန် ရိုက် ခြင်းအပြင် အာထရာဆောင်းရိုက်ခြင်း ကိုလည်းပြုလုပ်လေ့ရှိသည်။ အထက်ပါ စစ်ဆေးချက်များတွင် သံသယဖြစ်စရာ အဖြေများေ တွ့ ရှိပါက ထိုအကျိတ်ဖုကို အသားစယူ၍ အတည်ပြုနိုင်ပါသည်။ အသားစယူခြင်းသည်သာလျှင် ထို အကျိတ်ဖုသည် ကင်ဆာဖြစ်ကြောင်း အတည်ပြုနိုင်သော နည်းလမ်းဖြစ် သည်။

ရင်သားကင်ဆာကို ကုသနိုင်သော နည်းလမ်းများ
ခွဲစိတ်ကုသခြင်း၊ ကင်ဆာဖြစ်နေ သော တစ်သျှူးများကိုသာ ခွဲထုတ်ခြင်း၊ ရင်သားတစ်ခုလုံး ခွဲထုတ်ခြင်း၊ ဓာတ် ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာ ဆေးသွင်း ကုသခြင်း၊ ဟော်မုန်း ပါဝင်သောဆေးများဖြင့်ကုသခြင်း တို့ဖြစ်သည်။အထက်ပါအချက်အလက်များ ကိုMascots Healthcare မှ ကူညီ ဖြေဆိုပေးထားပါသည်။

No comments: