Thursday, August 21, 2014

အရည်မရ အဖတ်မရစကား (Blah, Blah, Blah)



ရှေးရှေးကတည်းက ဘာသာစကားတိုင်းမှာ တစ်ပါးသူက ကိုယ့်ကိုပြောနေတဲ့စကားကို ပမာမခန့်ပြုတဲ့သဘောကို ဆောင်တဲ့ အဓိပ္ပါယ်မဲ့သော အသံများကို ထွင်ခဲ့ကြပါတယ်။

barbarian ဆိုတဲ့ စကားလုံးထဲမှာ bar-bar-bar ဆိုတဲ့ ရှေးဂရိတွေရဲ့ အဓိပ္ပါယ်မရှိသော အသံကိုတောင်မှ လက်ဆင့်ကမ်းအမွေဆက်ခံခဲ့ကြပါတယ်။ Online ဝေါဟာရသမိုင်း အဘိဓာန် (OED) အရ barbaros ဆိုတဲ့ ဝေါဟာရဟာ နိုင်ငံခြားသားတစ်ယောက်ယောက်ရဲ့ နားမလည်နိုင်တဲ့စကားကို ပဲ့တင်ထပ်ထားတဲ့ မြည်သံစွဲ အလင်္ကာ ပုံစံရှိတယ်လို့ဆိုပါတယ်။

United States မှာ အရည်မရ အဖတ်မရစကားကို ဖော်ပြတဲ့ အများဆုံးသုံးတဲ့ အသံကတော့ "blah" ပဲ ဖြစ်ပါတယ်။
"အဓိပ္ပါယ်မရှိသော၊ လေးနက်မှုမရှိသော (သို့) ဟန်များသောအပြော (သို့) အရေး၊ မဟုတ်တရုတ်၊ ပေါက်ကရ" လို့ အဓိပ္ပါယ်ရတဲ့ blah ကို OED မှာ အစောဆုံးမှတ်တမ်းတင်ခဲ့တာကတော့ 1981 ပဲဖြစ်ပါတယ်။

Blah ကို အနှစ်သာရမရှိတဲ့ စကားဆိုတဲ့ သဘောကို ဆောင်တဲ့အခါ blah ကို ထပ်ခါ ထပ်ခါ ရွတ်ပါသည်။
  • When big data is just so much "blah, blah, blah"
    (အရေးပါတဲ့ အချက်အလက်တွေက ဒီလောက်တောင်ပဲ blah, blah, blah တဲ့အခါ)
  • Getting past "Blah, Blah, Blah, when talking to prospects.
    (အလားအလာရှိတဲ့သူတွေနဲ့ စကားပြောတဲ့အခါ blah, blah, blah ကို ကျော်လွှားရတယ်)

တစ်ခါတစ်ခါ ကျတော့ blah တစ်လုံးတည်းရဲ့ အဓိပ္ပါယ်က "တူသောအရာ" ဖြစ်ပါတယ်။
  • "I've been overwhelmed by the amount of fabber in the world – it's a vast cloud of blah.
    (ကမ္ဘာပေါ်မှာရှိတဲ့ ပေါက်ကရစကားတွေရဲ့ အရည်အတွက်ကြောင့် ကျွန်တော် အံ့အားသင့်မိပါတယ်။ အဲဒါကတော့ blah တွေနဲ့ ဖုံးလွှမ်းနေတာပါပဲ။)

အများကိန်းနာမ် (plural noun)ဖြစ်တဲ့ "the blahs"ကတော့ "စိတ်မချမ်းမြေ့တဲ့ အခြေအနေ"လို့ အဓိပ္ပါယ် ရပါတယ်။You've got the blahs ဆိုရင် သင်ဟာ မျှော်လင့်ချက်ကင်းမဲ့နေတာ မဟုတ်ပေမဲ့ စိတ်ကတော့ နေလို့ မကောင်းတဲ့ အခြေအနေပါ။

နာမ၀ိသေသန (adjective) အနေနဲ့သုံးတဲ့အခါ "blah" ရဲ့ အဓိပ္ပါယ်က နုံသော၊ ထိုင်းမှိုင်းသော၊ ၀န်လေး သောပဲ ဖြစ်ပါတယ်။
  • What to do when to do when you feel blah about your job.
    (သင့်အလုပ်နဲ့ ပတ်သက်လို့ ၀န်လေးနေတဲ့အခါ လုပ်ရမဲ့အရာ)

မကြာသေးခင်ကမှ blah, blah, blah ဟာ သတင်းထဲမှာ စတင်ပါလာခဲ့ပါတယ်။ အကြောင်းရင်းကတော့ အော်ရီဂန်မြို့ (Oregan) မှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးက တခြားကိုယ်စားလှယ် လောင်းတစ်ဦးပြောတဲ့ စကားကို စိတ်မ၀င်စားကြောင်းပြတဲ့အနေဖြင့် ထိုသူပြောသော တကယ့်စကားလုံး တွေကို မရေးဘဲ blah, blah, blah လို့ ရေးတဲ့ သတင်းထောက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရာက နေပြီး သတင်းထဲပါသွားတာဖြစ်ပါတယ်။

ဒီနေ့အထိ ရုပ်မြင်သံကြားမှာပါတဲ့ အဓိပ္ပါယ်မဲ့တဲ့ အသံတွေကို အရှည်ဆုံးရွတ်ဆိုတဲ့ အခန်းကတော့ ကြော်ငြာတစ်ခုမှာ မင်းသား Gary Oldman က တယ်လီဖုန်းကို နားမှာ တပ်ပြီး "blah, blah, blah" ကို မနားတမ်း ၅ စက္ကန့်ဆက်တိုက် ပြောသွားတဲ့အခန်းပဲ ဖြစ်ပါတယ်။

ဒီလို အဓိပ္ပါယ်မရှိတဲ့အသံ နောက်ထပ် အစုတစ်စုကတော့ yada, yada, yada ပဲ ဖြစ်ပါတယ်။ ဒီရွတ်ဆိုသံရဲ့ မူကွဲတွေကိုတော့ OED မှာ ၁၉၄၇ ကတည်းက စတင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီအသံကို Jerry Seinfeld ၏ ဖျော်ဖြေတင်ဆက်မှုမှာ ပထမဦးဆုံး ကြားခဲ့ရတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ "ပြောဖို့ရာ အလွန်ငြီးငွေ့စရာ ကောင်းတဲ့ အချက်အလက်တွေ" လို့ နားလည်လိုက်ပါတယ်။
Dailywritingtips.com မှ Maeve Maddox ၏ Blah, Blah, Blah ကို ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။ 

No comments: