ပြည်သူ့ရှေ့နေများအလိုရှိသည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မနေ့ည ၈နာရီသတင်းမှာ မြောက်ဥက္ကလာပ လူငယ်၁၉ယောက်နဲ့ ပဲခူးလူငယ်၄ယောက်ကို ဧပြီလ ၈ရက်နေ့က စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းက ပြည်သူတွေအတွက် တကယ်ကို အမင်္ဂလာသတင်းတစ်ပုဒ်ပါပဲ။ တစ်ဆက်တည်းမှာ စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်ဆိုတဲ့ message ကို သွယ်ဝိုက်ပေးပို့ပြီး "Death Penalty" ဆိုတဲ့ စကားလုံးနဲ့ ပြည်သူလူထုကို အကြောက်တရားထည့်ဖို့ ကြိုးစားလာတာ ထင်ရှားပါတယ်။ မြဝတီကလုပ်ဇာတ်ထွင်ပြီး ထုတ်လွှင့်တယ်လို့ ယူဆရတဲ့အမှုဖြစ်စဉ်ကို ပြောရရင် "ဗိုလ်ကြီးထက်အောင်ကျော်နဲ့ မောင်သန့်စင်ထွေးတို့ စီနင်းလိုက်ပါလာတဲ့ အနက်ရောင်မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီးထက်အောင်ကျော် ကိုင်ဆောင်တဲ့ ပစ္စတိုသေနတ်တစ်လက်၊ MAHUအမျိုးအစား iconတစ်လုံးတို့ကို လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီးထက်အောင်ကျော်နဲ့ မောင်သန့်စင်ထွေးတို့အား နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်နဲ့ကန်ခြင်းကြောင့် ၎င်းတို့မှာ ဒဏ်ရာအသီးသီးရရှိပြီး မောင်သန့်စင်ထွေး သေဆုံးခဲ့ရသည်" ဟုစွပ်စွဲကာ မြောက်ဥက္ကလာပ လူငယ်၁၉ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၉၆/၃၉၇ အရ ဧပြီလ ၈ရက်နေ့မှာ သေဒဏ်အမိန့်ချမှတ်လိုက်တဲ့အမှုပါ။ လက်ရှိအချိန်ထိတော့ မြောက်ဥက္ကလာပ လူငယ်၁၉ယောက်အကြောင်းကိုပဲ သိရပြီး ပဲခူးလူငယ်၄ယောက်နဲ့ ပတ်သက်တဲ့ သတင်းအစအနကိုတော့ မသိရသေးပါဘူး။ အရင်ဆုံး ဒီလူငယ်၂၃ ယောက် အစွဲခံရတဲ့ရာဇသတ်ကြီးပုဒ်မ ၂ ခုအကြောင်းကို အတိုချုံးရှင်းပြပါမယ်။
ရာဇသတ်ကြီးပုဒ်မ ၃၉၆
===================
▪️လူသတ်မှုပါသောဓားပြမှု (Dacoity With Murder)
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ ဓားပြမှုကို ပူးပေါင်းကျူးလွန်သောသူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော သူများအနက် တစ်ဦးတစ်ယောက်သောသူသည် အဆိုပါ ဓားပြမှုကျူးလွန်ရာ၌ လူသတ်မှုကိုပါ ကျူးလွန်လျှင် ထိုသူအသီးသီးကို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ဆယ်နှစ်အထိထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်ရမည်။
ဒီပုဒ်မရဲ့ စီရင်ထုံးတွေအရ ဓားပြတစ်ဦးက လူသတ်ပါက သူနဲ့အတူလိုက်ပါလာတဲ့ ကျန်ဓားပြအားလုံး လူသတ်ဓားပြမှု ကျူးလွန်းရာရောက်ပြီး လူသတ်ဓားပြအဖြစ် ပြစ်ဒဏ်စီရင်ခံရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၃၉၇
===================
▪️သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ အားထုတ်မှုပါသော လုယက်မှု သို့မဟုတ် ဓားပြမှု။
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ လုယက်မှုကိုဖြစ်စေ၊ ဓားပြမှုကိုဖြစ်စေ၊ ကျူးလွန်သောအခါတွင် ပြစ်မှုကျူးလွန်သူသည် တစ်ဦးတစ်ယောက်သောသူကို အပြင်းအထန်နာကျင်စေလျှင် သို့မဟုတ် တစ်ဦးတစ်ယောက်သောသူအား သေစေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း အားထုတ်လျှင် ထိုသူကိုချမှတ်သော ထောင်ဒဏ်သည် ခုနှစ်နှစ်အောက်မလျော့စေရ။
ဒီပုဒ်မနဲ့သက်ဆိုင်တဲ့ စီရင်ထုံးတစ်ခုဖြစ်တဲ့ Nga Sein V. King-Emperor [Vol. III, LBR, 121] မှာတော့ "ဓားပြတိုက်ရာတွင် လူဆိုးတစ်ဦးက လှံဖြင့်ထိုး၍ အပြင်းအထန်ဒဏ်ရာရစေရာတွင် ကျန်လူဆိုးများတွင် တာဝန်ရှိမရှိ နှင့်စပ်လျဉ်း၍ ပုဒ်မ၃၉၇တွင် ထိုသူကို (such offender) ဟုသုံးထားသဖြင့် အပြင်းအထန်ဒဏ်ရာရစေသူသာလျှင် ပုဒ်မ ၃၉၇ နှင့်အကျုံးဝင်သည်" လို့ စီရင်ထုံးဖွဲ့ထားပါတယ်။ သို့သော် ပုဒ်မ ၃၉၆နဲ့တွဲပြီး တရားစွဲခံရတာဖြစ်တဲ့အတွက် တကယ်ကျူးလွန်သူရော၊ လိုက်ပါလာသူပါ အားလုံးပြစ်မှုကျူးလွန်သူတွေ ဖြစ်ကုန်ပါတယ်။
ဒါကတော့ မြောက်ဥက္ကလာပ လူငယ်၁၉ဦးနဲ့ ပဲခူးလူငယ်၄ဦးကို အကြမ်းဖက်စစ်အုပ်စုက စွဲလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ၂ခုအကြောင်း အတိုချုံးရှင်းပြတာပါ။ ဆက်လက်ပြီး မြန်မာနိုင်ငံသမိုင်းကြောင်းမှာ စစ်ခုံရုံးမှာ သေဒဏ်ချမှတ်ခံရသူ တစ်ဦးအကြောင်း တင်ပြချင်ပါတယ်။
စစ်ခုံရုံး၌ သေဒဏ်သင့်ခဲ့သူ
=====================
စစ်ခုံရုံးဆိုတာ စင်စစ်အားဖြင့် စစ်ဘက်ဆိုင်ရာတရားရုံးနဲ့ ဝိသေသလက္ခဏာကွဲပြားပါတယ်။ စစ်ဘက်ဆိုင်ရာတရားရုံးတွေက စစ်မှုထမ်းတွေကျူးလွန်တဲ့ပြစ်မှုတွေအတွက် တရားစွဲဆွဲတဲ့နေရာပဲဖြစ်တယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်နေလူသုံးဦးအား သတ်ဖြတ်တဲ့အတွက် စစ်သားခြောက်ဦးကို ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့တာတွေရှိသလို၊ ရိုဟင်ဂျာဆယ်ဦးကို သတ်ခဲ့တဲ့ စစ်သားခုနှစ်ဦးကိုလည်း ရုံးတင်ခဲ့တာမျိုးရှိပါတယ်။
စစ်ခုံရုံးဆိုတာကတော့ မာရှယ်လော သို့မဟုတ်
စစ်အုပ်ချုပ်ရေးကာလအတွင်းမှာ အရပ်သားတွေကို တရားစွဲဆိုချင်လို့ကို အထူးရာဇဝတ်ခုံရုံးအဖြစ်နဲ့ စစ်တပ်က ယာယီထူထောင်ထားတဲ့ ခုံရုံးကို ရည်ညွှန်းပါတယ်။
မြန်မာနိုင်ငံဝယ် စစ်ခုံရုံးမှာ သေဒဏ်ပေးခံရပြီး အမှန်တကယ် စီရင်ခြင်းခံရတဲ့ နောက်ဆုံးပုဂ္ဂိုလ်မှာ ဆလိုင်းတင်မောင်ဦးပါ။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန်အရေးအခင်း တို့ရဲ့ ဦးဆောင်သူဖြစ်တဲ့အတွက် ၁၉၇၆ ခုနှစ်၊ မတ် (၂၃) ရက်နေ့မှာ ဖမ်းဆီခံရပါတယ်။ ကိုယ်တော်မှိုင်း ရာပြည့်မတိုင်ခင် တစ်ရက်အလိုမှာ ဖမ်းဆီးခံရတာပါ။ အင်းစိန်ထောင်အမှောင်တိုက် နံပါတ် (၁) တွင် ချုပ်နှောင်ပြီး စစ်ခုံရုံးတင်ကာ သေဒဏ်ပေးခဲ့ပါတယ်။ စစ်ခုံရုံးတွင် ပြင်ဆင်ချက်တင်ပါက အပြစ်လျှော့ပေးနိုင်ပေမယ့် "မင်းတို့စစ်ဖိနပ်အောက်မှာ ဒူးမထောက်နိုင်ဘူး" ဟု ပြန်ပြောခဲ့ပါတယ်။ နောက်သုံးလအကြာ ၁၉၇၆ ခုနှစ်၊ ဇွန် (၂၆) ရက်မှာတော့ အင်းစိန်ထောင်မှာပဲ ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။
ထိုအမှုပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်ကိုမဖျက်သိမ်းခဲ့ပဲ ဆယ်စုနှစ် အတော်ကြာ သေဒဏ် ဆက်လက်ချမှတ်ခဲ့သော်လည်း တကယ်မကွပ်မျက်ဘဲ ထောင်တွင်းအကျဉ်းချ အပြစ်ပေးခြင်းမျိုးသာ ပြုလုပ်ခဲ့ပါတယ်။ ရာဇသတ်ကြီးအရလည်း သေဒဏ်ချမှတ်တဲ့ အခါ ချက်ချင်းသတ်လို့မရအောင် အဆင့်များစွာနဲ့ ကန့်သတ်ထားပါသေးတယ်။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အတည်ပြုပေးရသလို၊ နိုင်ငံတော်သမ္မတအနေနဲ့ကလည်း အတည်ပြုမိန့်ချဖို့ လိုအပ်ပါတယ်။ သေဒဏ်ချမှတ်ခံရသူအနေနဲ့လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံ ဝင်လို့ရပါတယ်။ ဒီလုပ်ထုံးလုပ်နည်းအတွက် အချိန်ကာလအားဖြင့်လည်း နှစ်နဲ့ချီပြီးတော့ကိုကြာပါတယ်။ သို့သော် ယခုအခါ အတိတ်က အဖြစ်ဆိုး တဖန်လည်လို့ ပြည်သူတွေအပေါ် မတရားဥပဒေတွေနဲ့ ပုဒ်မတွေတပ်ပြီး မျှတသောတရားခွင်အခွင့်အရေး (fair trial rights) တစ်ခုမှမရဘဲ သေဒဏ်တကယ်ပေးတော့လေမလား အလွန်စိုးရိမ်ရပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ပြစ်ဒဏ်ချမှတ်ခြင်း
=================================
အခုစစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ၃/၂၀၂၁ အရ သေဒဏ်ကို အတည်ပြုဖို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌမှာ အာဏာရှိပါတယ်။ ထိုလုပ်ပိုင်ခွင့်အောက်မှာမှ နစကဥက္ကဌအနေနဲ့ ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ပေးတာ၊ ပြစ်ဒဏ်ကို လျှော့ပေါ့တာ၊ အခြားသော ပိုနိမ့်တဲ့ ပြစ်ဒဏ်အမျိုးအစားကို ပြောင်းပေးတာ၊ ဒါမှမဟုတ် စစ်ခုံရုံးဆုံးဖြတ်တဲ့အတိုင်းပဲ အတည်ပြုပေးတာတို့ကို လုပ်ရမှာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားတဲ့ မြို့နယ်တွေမှာ ပြစ်မှု ၂၃ ခုကို စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဖွဲ့စည်းထားတဲ့ စစ်ခုံရုံးတွေမှာ စီရင်မယ်လို့ မတ်လ(၁၅)ရက်နေ့မှာ တစ်ပါတည်း ကြေညာခဲ့ပါတယ်။ နိုင်ငံတော်သစ္စာ ဖောက်ပုန်ကန်မှု အပါအဝင်၊ တပ်မတော်နဲ့ အစိုးရဝန်ထမ်းများ ဆောင်ရွက်မှုကို ဟန့်တား ခြင်း၊ သွေးထိုးခြင်း၊ မမှန်သတင်းဖြန့်ခြင်း၊ လူသတ်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှုအပြင် အထူးဥပဒေဆိုင်ရာတွေဖြစ်တဲ့ လက်နက်၊ မူယစ်ဆေးဝါး၊ ပြည်သူပိုင်ပစ္စည်း၊ သတင်းမီဒီ ယာနဲ့ အီလက်ထရောနစ် ဥပဒေပြစ်မှုတွေ လည်း ပါဝင်ပါတယ်။ Martial Law ကျင့်သုံးတဲ့ မြို့နယ်တွေမှာ အဆိုပါပြစ်မှုတွေ ကျူးလွန်မယ် ဆိုရင်တော့ စစ်ခုံရုံးအနေနဲ့ သက်ညှာမှုမရှိ ကြီးလေးတဲ့ပြစ်ဒဏ်သုံးမျိုးကိုသာပေးဖို့ အမိန့်ကျထားတာပါ။ သေဒဏ် ဒါမှမဟုတ် နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ထောင်ဒဏ် ဒါမှမဟုတ် သက်ဆိုင်ရာပြစ်မှုတွေအတွက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး၊ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေကိုသာ ချမှတ်သွားမှာဖြစ်ပါတယ်။
အယူခံမရှိ၊ ပြင်ဆင်မှုရှိ
==================
သေဒဏ်စီရင်ချက်အတွက် ယခုတရားမဝင် ထုတ်ပြန်ထားတဲ့ Martial Law အရ အယူခံ ဝင်ခွင့်မရှိပေမယ့် ပြင်ဆင်မှု (Revision) တော့ လျှောက်ခွင့်ရှိပါတယ်။အယူခံမှုမှာတော့ အမှုဖြစ်အကြောင်းခြင်းရာ (matter of fact) ရော ဥပဒေကြောင်းအချက်အလက် (matter of law) တွေအပေါ် အခြေပြုတင်သွင်းနိုင်ပေမယ့် ပြင်ဆင်မှုမှာတော့ ဥပဒေဆိုင်ရာအချက်အလက် (matter of law) အပေါ်ကိုပဲ အခြေပြုတင်သွင်းနိုင်ပါတယ်။ ထိုသို့တင်သွင်းရာမှာ ပြစ်ဒဏ်ချမှတ်တဲ့နေ့ကစလို့ ၁၅ ရက်အတွင်းမှာသာ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မအလထံ တင်သွင်းခွင့်ရှိတာပါ။
စစ်အုပ်စု ဘာတွေကြံနေသလဲ
=======================
၂၀၁၄ခုနှစ် ဦးသိန်းစိန်လက်ထက်မှာ သေဒဏ် ချမှတ်ခံထားရသူ ၇၇ ဦးကို နှစ်ရှည်ထောင်ဒဏ်အဖြစ် လျှော့ပေါ့ပေးခဲ့ပါတယ်။ နှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းသက်သာခွင့်လည်း ပေးလေ့ရှိပါတယ်။ ဒီအချိန်မှာ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်အနေနဲ့ ပြည်သူလူထု စိတ်နှလုံးအေးချမ်းစေရေးဆိုပြီး ရုပ်သံကနေ ပြောင်ပြောင်တင်းတင်း လီဆည်နိုင်ပါသေးတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ စစ်အုပ်စုအနေနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်းကို ချပြချင်တာက တစ်ကြောင်း၊ သေဒဏ်ဆိုတဲ့ စကားရပ်လေးနဲ့ပဲ အာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွေ တုံ့ဆိုင်းသွားအောင် လုပ်ချင်တာတစ်ကြောင်း၊ သိသာလှပါတယ်။
သေဒဏ်ပေးပြီး စီရင်ချင်ရင် အလုပ်ရှုပ်ခံပြီး လုပ်ထုံးလုပ်နည်းအပေါ်မှာ အခြေခံသလိုလိုနဲ့ ခုံရုံးဖွဲ့စစ်ဆေးတာတွေ လုပ်နေစရာကို မလို ပါဘူး။ ချက်ချင်းတိတ်တဆိတ် လက်စဖျောက်လိုက်လို့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဥပဒေကြောင်းအရ စီရင်ပြချင်နေတာကို တွေးဆနိုင်ပါတယ်။
ပြည်သူ့ရှေ့နေများ အလိုရှိသည်
=======================
မည်သို့ပင်ဆိုစေကာမူ စစ်အာဏာသိမ်းခြင်းကိုယ်၌က တရားမဝင်အာဏာသိမ်းမှုပဲဖြစ်လို့ စစ်ကောင်စီသတ်မှတ်ပြဌာန်းတဲ့ဥပဒေတွေ ၊စစ်အုပ်ချုပ်ရေးနယ်မြေတွေဆိုတာဟာလည်း တရားမဝင်ပါဘူး။ သူတို့ကိုယ်တိုင်က အပြစ်မဲ့ပြည်သူတွေကို တရားဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါ အဖိနှိပ်ခံတွေဘက်က လုပ်တဲ့လုပ်ရပ်တိုင်းဟာ မတရားတာမရှိ ဆိုသလို ပြည်သူတွေဘက်ကလည်း ရရာလက်နက်စွဲကိုင်ပြီး တန်ပြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒီလိုနောက်ဆက်တွဲတွေကို ကြိုမြင်လို့လည်း စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ မတ်လက Martial Law Order ထုတ်ပြန်ခဲ့တာလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ မတရား သေဒဏ်စီရင်ခံရတဲ့ ပြည်သူတွေအတွက် ပြင်ဆင်မှုတင်သွင်းဖို့ လိုက်ပါဆောင်ရွက်ပေးမယ့် ရဲစွမ်းသတ္တိရှိတဲ့ ပြည်သူ့ရှေ့နေများကို အချိန်မီလိုအပ်နေပါတယ်။ ဒါကြောင့်စွပ်စွဲခံရသူများရဲ့ မိသားစုဝင်များနဲ့ ဆက်သွယ်လို့ ပြင်ဆင်မှုလျှောက်ထားခွင့် သတ်မှတ်ရက်မကျော်လွန်မီ အချိန်မီလိုက်ပါ ဆောင်ရွက်ပေးဖို့ တရားဥပဒေဘက်တော်သား ရှေ့နေရှေ့ရပ်များကို တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။
စာရေးသူ - Justus, Scholly Green, Luis
ဥပဒေဖြင့်ဆင်ခြင်၊တို့မြန်ပြည်တစ်ခွင်
#အရေးတော်ပုံအောင်ရမည် ✊🏻
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
References
ရာဇသတ်ကြီးဋီကာ - ဦးကျော်စိန်
The Global New Light of Myanmar Vol VII, No.334.
စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ် ၃ / ၂၀၂၁
မြန်မာနိုင်ငံက စစ်ခုံရုံးဆိုတာ ဘာလဲ (MELISSA CROUCH - Mizzima Burmese)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
#LawgicalMyanmar #Law #ဥပဒေ #စစ်ခုံရုံး #MartialLaw #မာရှယ်လော #စစ်အုပ်ချုပ်ရေး #သေဒဏ်
(Zawgyi)
ျပည္သူ႔ေရွ႕ေနမ်ားအလိုရွိသည္
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မေန႔ည ၈နာရီသတင္းမွာ ေျမာက္ဥကၠလာပ လူငယ္၁၉ေယာက္နဲ႔ ပဲခူးလူငယ္၄ေယာက္ကို ဧၿပီလ ၈ရက္ေန႔က စစ္ခုံ႐ုံးဖြဲ႕စစ္ေဆးၿပီး ေသဒဏ္ခ်မွတ္လိုက္တယ္ဆိုတဲ့ သတင္းက ျပည္သူေတြအတြက္ တကယ္ကို အမဂၤလာသတင္းတစ္ပုဒ္ပါပဲ။ တစ္ဆက္တည္းမွာ စစ္ေကာင္စီ ေနာက္ပိုင္းၾကမ္းမည္ဆိုတဲ့ message ကို သြယ္ဝိုက္ေပးပို့ၿပီး "Death Penalty" ဆိုတဲ့ စကားလုံးနဲ႔ ျပည္သူလူထုကို အေၾကာက္တရားထည့္ဖို့ ႀကိဳးစားလာတာ ထင္ရွားပါတယ္။ ျမဝတီကလုပ္ဇာတ္ထြင္ၿပီး ထုတ္လႊင့္တယ္လို့ ယူဆရတဲ့အမွုျဖစ္စဥ္ကို ေျပာရရင္ "ဗိုလ္ႀကီးထက္ေအာင္ေက်ာ္နဲ႔ ေမာင္သန္႔စင္ေထြးတို့ စီနင္းလိုက္ပါလာတဲ့ အနက္ေရာင္ေမာ္ေတာ္ဆိုင္ကယ္၊ ဗိုလ္ႀကီးထက္ေအာင္ေက်ာ္ ကိုင္ေဆာင္တဲ့ ပစၥတိုေသနတ္တစ္လက္၊ MAHUအမ်ိဳးအစား iconတစ္လုံးတို့ကို လုယက္ယူေဆာင္ျခင္း၊ ဗိုလ္ႀကီးထက္ေအာင္ေက်ာ္နဲ႔ ေမာင္သန္႔စင္ေထြးတို့အား ေနာက္ျပန္ႀကိဳးတုပ္ကာ တုတ္မ်ား၊ ဓားမ်ားျဖင့္ ဝိုင္းဝန္းရိုက္ႏွက္ျခင္း၊ လက္သီးျဖင့္ထိုးျခင္း၊ ေျခေထာက္နဲ႔ကန္ျခင္းေၾကာင့္ ၎တို့မွာ ဒဏ္ရာအသီးသီးရရွိၿပီး ေမာင္သန္႔စင္ေထြး ေသဆုံးခဲ့ရသည္" ဟုစြပ္စြဲကာ ေျမာက္ဥကၠလာပ လူငယ္၁၉ေယာက္ကို ရာဇသတ္ႀကီးပုဒ္မ ၃၉၆/၃၉၇ အရ ဧၿပီလ ၈ရက္ေန႔မွာ ေသဒဏ္အမိန္႔ခ်မွတ္လိုက္တဲ့အမွုပါ။ လက္ရွိအခ်ိန္ထိေတာ့ ေျမာက္ဥကၠလာပ လူငယ္၁၉ေယာက္အေၾကာင္းကိုပဲ သိရၿပီး ပဲခူးလူငယ္၄ေယာက္နဲ႔ ပတ္သက္တဲ့ သတင္းအစအနကိုေတာ့ မသိရေသးပါဘူး။ အရင္ဆုံး ဒီလူငယ္၂၃ ေယာက္ အစြဲခံရတဲ့ရာဇသတ္ႀကီးပုဒ္မ ၂ ခုအေၾကာင္းကို အတိုခ်ဳံးရွင္းျပပါမယ္။
ရာဇသတ္ႀကီးပုဒ္မ ၃၉၆
===================
▪️လူသတ္မွုပါေသာဓားျပမွု (Dacoity With Murder)
အဓိပၸာယ္ဖြင့္ဆိုခ်က္။ ။ ဓားျပမွုကို ပူးေပါင္းက်ဴးလြန္ေသာသူငါးဦး သို့မဟုတ္ ငါးဦးထက္ပိုေသာ သူမ်ားအနက္ တစ္ဦးတစ္ေယာက္ေသာသူသည္ အဆိုပါ ဓားျပမွုက်ဴးလြန္ရာ၌ လူသတ္မွုကိုပါ က်ဴးလြန္လၽွင္ ထိုသူအသီးသီးကို ေသဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ျဖစ္ေစ၊ အလုပ္ၾကမ္းႏွင့္ ဆယ္ႏွစ္အထိေထာင္ဒဏ္ျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ရမည္။
ဒီပုဒ္မရဲ့ စီရင္ထုံးေတြအရ ဓားျပတစ္ဦးက လူသတ္ပါက သူနဲ႔အတူလိုက္ပါလာတဲ့ က်န္ဓားျပအားလုံး လူသတ္ဓားျပမွု က်ဴးလြန္းရာေရာက္ၿပီး လူသတ္ဓားျပအျဖစ္ ျပစ္ဒဏ္စီရင္ခံရပါတယ္။
ရာဇသတ္ႀကီးပုဒ္မ ၃၉၇
===================
▪️ေသေစရန္ျဖစ္ေစ၊ အျပင္းအထန္နာက်င္ေစရန္ျဖစ္ေစ အားထုတ္မွုပါေသာ လုယက္မွု သို့မဟုတ္ ဓားျပမွု။
အဓိပၸာယ္ဖြင့္ဆိုခ်က္။ ။ လုယက္မွုကိုျဖစ္ေစ၊ ဓားျပမွုကိုျဖစ္ေစ၊ က်ဴးလြန္ေသာအခါတြင္ ျပစ္မွုက်ဴးလြန္သူသည္ တစ္ဦးတစ္ေယာက္ေသာသူကို အျပင္းအထန္နာက်င္ေစလၽွင္ သို့မဟုတ္ တစ္ဦးတစ္ေယာက္ေသာသူအား ေသေစရန္ေသာ္လည္းေကာင္း၊ အျပင္းအထန္နာက်င္ေစရန္ ေသာ္လည္းေကာင္း အားထုတ္လၽွင္ ထိုသူကိုခ်မွတ္ေသာ ေထာင္ဒဏ္သည္ ခုႏွစ္ႏွစ္ေအာက္မေလ်ာ့ေစရ။
ဒီပုဒ္မနဲ႔သက္ဆိုင္တဲ့ စီရင္ထုံးတစ္ခုျဖစ္တဲ့ Nga Sein V. King-Emperor [Vol. III, LBR, 121] မွာေတာ့ "ဓားျပတိုက္ရာတြင္ လူဆိုးတစ္ဦးက လွံျဖင့္ထိုး၍ အျပင္းအထန္ဒဏ္ရာရေစရာတြင္ က်န္လူဆိုးမ်ားတြင္ တာဝန္ရွိမရွိ ႏွင့္စပ္လ်ဥ္း၍ ပုဒ္မ၃၉၇တြင္ ထိုသူကို (such offender) ဟုသုံးထားသျဖင့္ အျပင္းအထန္ဒဏ္ရာရေစသူသာလၽွင္ ပုဒ္မ ၃၉၇ ႏွင့္အက်ဳံးဝင္သည္" လို့ စီရင္ထုံးဖြဲ႕ထားပါတယ္။ သို့ေသာ္ ပုဒ္မ ၃၉၆နဲ႔တြဲၿပီး တရားစြဲခံရတာျဖစ္တဲ့အတြက္ တကယ္က်ဴးလြန္သူေရာ၊ လိုက္ပါလာသူပါ အားလုံးျပစ္မွုက်ဴးလြန္သူေတြ ျဖစ္ကုန္ပါတယ္။
ဒါကေတာ့ ေျမာက္ဥကၠလာပ လူငယ္၁၉ဦးနဲ႔ ပဲခူးလူငယ္၄ဦးကို အၾကမ္းဖက္စစ္အုပ္စုက စြဲလိုက္တဲ့ ရာဇသတ္ႀကီးပုဒ္မ၂ခုအေၾကာင္း အတိုခ်ဳံးရွင္းျပတာပါ။ ဆက္လက္ၿပီး ျမန္မာနိုင္ငံသမိုင္းေၾကာင္းမွာ စစ္ခုံ႐ုံးမွာ ေသဒဏ္ခ်မွတ္ခံရသူ တစ္ဦးအေၾကာင္း တင္ျပခ်င္ပါတယ္။
စစ္ခုံ႐ုံး၌ ေသဒဏ္သင့္ခဲ့သူ
=====================
စစ္ခုံ႐ုံးဆိုတာ စင္စစ္အားျဖင့္ စစ္ဘက္ဆိုင္ရာတရား႐ုံးနဲ႔ ဝိေသသလကၡဏာကြဲျပားပါတယ္။ စစ္ဘက္ဆိုင္ရာတရား႐ုံးေတြက စစ္မွုထမ္းေတြက်ဴးလြန္တဲ့ျပစ္မွုေတြအတြက္ တရားစြဲဆြဲတဲ့ေနရာပဲျဖစ္တယ္။ ၂၀၁၈ ခုႏွစ္အတြင္းမွာ ကခ်င္ျပည္နယ္ေနလူသုံးဦးအား သတ္ျဖတ္တဲ့အတြက္ စစ္သားေျခာက္ဦးကို ေထာင္ဒဏ္ဆယ္ႏွစ္ ခ်မွတ္ခဲ့တာေတြရွိသလို၊ ရိုဟင္ဂ်ာဆယ္ဦးကို သတ္ခဲ့တဲ့ စစ္သားခုႏွစ္ဦးကိုလည္း ႐ုံးတင္ခဲ့တာမ်ိဳးရွိပါတယ္။
စစ္ခုံ႐ုံးဆိုတာကေတာ့ မာရွယ္ေလာ သို့မဟုတ္
စစ္အုပ္ခ်ဳပ္ေရးကာလအတြင္းမွာ အရပ္သားေတြကို တရားစြဲဆိုခ်င္လို့ကို အထူးရာဇဝတ္ခုံ႐ုံးအျဖစ္နဲ႔ စစ္တပ္က ယာယီထူေထာင္ထားတဲ့ ခုံ႐ုံးကို ရည္ညႊန္းပါတယ္။
ျမန္မာနိုင္ငံဝယ္ စစ္ခုံ႐ုံးမွာ ေသဒဏ္ေပးခံရၿပီး အမွန္တကယ္ စီရင္ျခင္းခံရတဲ့ ေနာက္ဆုံးပုဂၢိဳလ္မွာ ဆလိုင္းတင္ေမာင္ဦးပါ။ ရန္ကုန္တကၠသိုလ္ေက်ာင္းသား ဆလိုင္းတင္ေမာင္ဦးဟာ ၁၉၇၂ ခုႏွစ္ ေက်ာင္းသားလွုပ္ရွားမွု၊ ၁၉၇၄ ခုႏွစ္ ဦးသန္႔အေရးအခင္း၊ ၁၉၇၅ ဇြန္အေရးအခင္း တို့ရဲ့ ဦးေဆာင္သူျဖစ္တဲ့အတြက္ ၁၉၇၆ ခုႏွစ္၊ မတ္ (၂၃) ရက္ေန႔မွာ ဖမ္းဆီခံရပါတယ္။ ကိုယ္ေတာ္မွိုင္း ရာျပည့္မတိုင္ခင္ တစ္ရက္အလိုမွာ ဖမ္းဆီးခံရတာပါ။ အင္းစိန္ေထာင္အေမွာင္တိုက္ နံပါတ္ (၁) တြင္ ခ်ဳပ္ေႏွာင္ၿပီး စစ္ခုံ႐ုံးတင္ကာ ေသဒဏ္ေပးခဲ့ပါတယ္။ စစ္ခုံ႐ုံးတြင္ ျပင္ဆင္ခ်က္တင္ပါက အျပစ္ေလၽွာ့ေပးနိုင္ေပမယ့္ "မင္းတို့စစ္ဖိနပ္ေအာက္မွာ ဒူးမေထာက္နိုင္ဘူး" ဟု ျပန္ေျပာခဲ့ပါတယ္။ ေနာက္သုံးလအၾကာ ၁၉၇၆ ခုႏွစ္၊ ဇြန္ (၂၆) ရက္မွာေတာ့ အင္းစိန္ေထာင္မွာပဲ ႀကိဳးေပးကြပ္မ်က္ခံခဲ့ရပါတယ္။
ထိုအမွုၿပီးတဲ့ေနာက္ပိုင္း ျမန္မာနိုင္ငံမွာ ေသဒဏ္ကိုမဖ်က္သိမ္းခဲ့ပဲ ဆယ္စုႏွစ္ အေတာ္ၾကာ ေသဒဏ္ ဆက္လက္ခ်မွတ္ခဲ့ေသာ္လည္း တကယ္မကြပ္မ်က္ဘဲ ေထာင္တြင္းအက်ဥ္းခ် အျပစ္ေပးျခင္းမ်ိဳးသာ ျပဳလုပ္ခဲ့ပါတယ္။ ရာဇသတ္ႀကီးအရလည္း ေသဒဏ္ခ်မွတ္တဲ့ အခါ ခ်က္ခ်င္းသတ္လို့မရေအာင္ အဆင့္မ်ားစြာနဲ႔ ကန႔္သတ္ထားပါေသးတယ္။ နိုင္ငံေတာ္ရဲ့ အျမင့္ဆုံးတရား႐ုံးျဖစ္တဲ့ ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္က အတည္ျပဳေပးရသလို၊ နိုင္ငံေတာ္သမၼတအေနနဲ႔ကလည္း အတည္ျပဳမိန္႔ခ်ဖို့ လိုအပ္ပါတယ္။ ေသဒဏ္ခ်မွတ္ခံရသူအေနနဲ႔လည္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ထံ အယူခံ ဝင္လို့ရပါတယ္။ ဒီလုပ္ထုံးလုပ္နည္းအတြက္ အခ်ိန္ကာလအားျဖင့္လည္း ႏွစ္နဲ႔ခ်ီၿပီးေတာ့ကိုၾကာပါတယ္။ သို့ေသာ္ ယခုအခါ အတိတ္က အျဖစ္ဆိုး တဖန္လည္လို့ ျပည္သူေတြအေပၚ မတရားဥပေဒေတြနဲ႔ ပုဒ္မေတြတပ္ၿပီး မၽွတေသာတရားခြင္အခြင့္အေရး (fair trial rights) တစ္ခုမွမရဘဲ ေသဒဏ္တကယ္ေပးေတာ့ေလမလား အလြန္စိုးရိမ္ရပါတယ္။
စစ္အုပ္ခ်ဳပ္ေရးအမိန္႔နဲ႔ ျပစ္ဒဏ္ခ်မွတ္ျခင္း
=================================
အခုစစ္ေကာင္စီရဲ့ စစ္အုပ္ခ်ဳပ္ေရးအမိန္႔ ၃/၂၀၂၁ အရ ေသဒဏ္ကို အတည္ျပဳဖို့က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက) ဥကၠ႒မွာ အာဏာရွိပါတယ္။ ထိုလုပ္ပိုင္ခြင့္ေအာက္မွာမွ နစကဥကၠဌအေနနဲ႔ ျပစ္မွုထင္ရွားစီရင္ျခင္းကို ပယ္ဖ်က္ေပးတာ၊ ျပစ္ဒဏ္ကို ေလၽွာ့ေပါ့တာ၊ အျခားေသာ ပိုနိမ့္တဲ့ ျပစ္ဒဏ္အမ်ိဳးအစားကို ေျပာင္းေပးတာ၊ ဒါမွမဟုတ္ စစ္ခုံ႐ုံးဆုံးျဖတ္တဲ့အတိုင္းပဲ အတည္ျပဳေပးတာတို့ကို လုပ္ရမွာျဖစ္ပါတယ္။
စစ္အုပ္ခ်ဳပ္ေရး (Martial Law) ေၾကညာထားတဲ့ ၿမိဳ့နယ္ေတြမွာ ျပစ္မွု ၂၃ ခုကို စစ္အုပ္ခ်ဳပ္ေရးအမိန္႔နဲ႔ ဖြဲ႕စည္းထားတဲ့ စစ္ခုံ႐ုံးေတြမွာ စီရင္မယ္လို့ မတ္လ(၁၅)ရက္ေန႔မွာ တစ္ပါတည္း ေၾကညာခဲ့ပါတယ္။ နိုင္ငံေတာ္သစၥာ ေဖာက္ပုန္ကန္မွု အပါအဝင္၊ တပ္မေတာ္နဲ႔ အစိုးရဝန္ထမ္းမ်ား ေဆာင္ရြက္မွုကို ဟန္႔တား ျခင္း၊ ေသြးထိုးျခင္း၊ မမွန္သတင္းျဖန္႔ျခင္း၊ လူသတ္မွု၊ ဓားျပမွု၊ အဂတိလိုက္စားမွုအျပင္ အထူးဥပေဒဆိုင္ရာေတြျဖစ္တဲ့ လက္နက္၊ မူယစ္ေဆးဝါး၊ ျပည္သူပိုင္ပစၥည္း၊ သတင္းမီဒီ ယာနဲ႔ အီလက္ထေရာနစ္ ဥပေဒျပစ္မွုေတြ လည္း ပါဝင္ပါတယ္။ Martial Law က်င့္သုံးတဲ့ ၿမိဳ့နယ္ေတြမွာ အဆိုပါျပစ္မွုေတြ က်ဴးလြန္မယ္ ဆိုရင္ေတာ့ စစ္ခုံ႐ုံးအေနနဲ႔ သက္ညႇာမွုမရွိ ႀကီးေလးတဲ့ျပစ္ဒဏ္သုံးမ်ိဳးကိုသာေပးဖို့ အမိန္႔က်ထားတာပါ။ ေသဒဏ္ ဒါမွမဟုတ္ ႏွစ္အကန္႔အသတ္မရွိ အလုပ္နဲ႔ေထာင္ဒဏ္ ဒါမွမဟုတ္ သက္ဆိုင္ရာျပစ္မွုေတြအတြက္ သတ္မွတ္ထားတဲ့ အျမင့္ဆုံး၊ အျပင္းထန္ဆုံး ျပစ္ဒဏ္ေတြကိုသာ ခ်မွတ္သြားမွာျဖစ္ပါတယ္။
အယူခံမရွိ၊ ျပင္ဆင္မွုရွိ
==================
ေသဒဏ္စီရင္ခ်က္အတြက္ ယခုတရားမဝင္ ထုတ္ျပန္ထားတဲ့ Martial Law အရ အယူခံ ဝင္ခြင့္မရွိေပမယ့္ ျပင္ဆင္မွု (Revision) ေတာ့ ေလၽွာက္ခြင့္ရွိပါတယ္။အယူခံမွုမွာေတာ့ အမွုျဖစ္အေၾကာင္းျခင္းရာ (matter of fact) ေရာ ဥပေဒေၾကာင္းအခ်က္အလက္ (matter of law) ေတြအေပၚ အေျချပဳတင္သြင္းနိုင္ေပမယ့္ ျပင္ဆင္မွုမွာေတာ့ ဥပေဒဆိုင္ရာအခ်က္အလက္ (matter of law) အေပၚကိုပဲ အေျချပဳတင္သြင္းနိုင္ပါတယ္။ ထိုသို့တင္သြင္းရာမွာ ျပစ္ဒဏ္ခ်မွတ္တဲ့ေန႔ကစလို့ ၁၅ ရက္အတြင္းမွာသာ အၾကမ္းဖက္စစ္အုပ္စု ေခါင္းေဆာင္ မအလထံ တင္သြင္းခြင့္ရွိတာပါ။
စစ္အုပ္စု ဘာေတြႀကံေနသလဲ
=======================
၂၀၁၄ခုႏွစ္ ဦးသိန္းစိန္လက္ထက္မွာ ေသဒဏ္ ခ်မွတ္ခံထားရသူ ၇၇ ဦးကို ႏွစ္ရွည္ေထာင္ဒဏ္အျဖစ္ ေလၽွာ့ေပါ့ေပးခဲ့ပါတယ္။ ႏွစ္သစ္ကူး အခါသမယ အထိမ္းအမွတ္နဲ႔ လြတ္ၿငိမ္းသက္သာခြင့္လည္း ေပးေလ့ရွိပါတယ္။ ဒီအခ်ိန္မွာ အၾကမ္းဖက္စစ္အုပ္စု ေခါင္းေဆာင္အေနနဲ႔ ျပည္သူလူထု စိတ္ႏွလုံးေအးခ်မ္းေစေရးဆိုၿပီး ႐ုပ္သံကေန ေျပာင္ေျပာင္တင္းတင္း လီဆည္နိုင္ပါေသးတယ္။ ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ၊ စစ္အုပ္စုအေနနဲ႔ ဥပေဒေၾကာင္းအရ လုပ္ေဆာင္ေနရျခင္း ျဖစ္ေၾကာင္းကို ခ်ျပခ်င္တာက တစ္ေၾကာင္း၊ ေသဒဏ္ဆိုတဲ့ စကားရပ္ေလးနဲ႔ပဲ အာဏာ ဖီဆန္ေရးလွုပ္ရွားမွုေတြ တုံ႔ဆိုင္းသြားေအာင္ လုပ္ခ်င္တာတစ္ေၾကာင္း၊ သိသာလွပါတယ္။
ေသဒဏ္ေပးၿပီး စီရင္ခ်င္ရင္ အလုပ္ရွုပ္ခံၿပီး လုပ္ထုံးလုပ္နည္းအေပၚမွာ အေျခခံသလိုလိုနဲ႔ ခုံ႐ုံးဖြဲ႕စစ္ေဆးတာေတြ လုပ္ေနစရာကို မလို ပါဘူး။ ခ်က္ခ်င္းတိတ္တဆိတ္ လက္စေဖ်ာက္လိုက္လို့ရပါတယ္။ အၾကမ္းဖက္စစ္အုပ္စုအေနနဲ႔ ဥပေဒေၾကာင္းအရ စီရင္ျပခ်င္ေနတာကို ေတြးဆနိုင္ပါတယ္။
ျပည္သူ႔ေရွ႕ေနမ်ား အလိုရွိသည္
=======================
မည္သို့ပင္ဆိုေစကာမူ စစ္အာဏာသိမ္းျခင္းကိုယ္၌က တရားမဝင္အာဏာသိမ္းမွုပဲျဖစ္လို့ စစ္ေကာင္စီသတ္မွတ္ျပဌာန္းတဲ့ဥပေဒေတြ ၊စစ္အုပ္ခ်ဳပ္ေရးနယ္ေျမေတြဆိုတာဟာလည္း တရားမဝင္ပါဘူး။ သူတို့ကိုယ္တိုင္က အျပစ္မဲ့ျပည္သူေတြကို တရားဥပေဒမဲ့ သတ္ျဖတ္ဖမ္းဆီးမွုေတြ လုပ္လာတဲ့အခါ အဖိႏွိပ္ခံေတြဘက္က လုပ္တဲ့လုပ္ရပ္တိုင္းဟာ မတရားတာမရွိ ဆိုသလို ျပည္သူေတြဘက္ကလည္း ရရာလက္နက္စြဲကိုင္ၿပီး တန္ျပန္တိုက္ခိုက္ရမွာျဖစ္ပါတယ္။ ဒီလိုေနာက္ဆက္တြဲေတြကို ႀကိဳျမင္လို့လည္း စစ္ေကာင္စီအေနနဲ႔ ၿပီးခဲ့တဲ့ မတ္လက Martial Law Order ထုတ္ျပန္ခဲ့တာလို့ ေျပာလို့ရပါတယ္။ အခုအခ်ိန္မွာ မတရား ေသဒဏ္စီရင္ခံရတဲ့ ျပည္သူေတြအတြက္ ျပင္ဆင္မွုတင္သြင္းဖို့ လိုက္ပါေဆာင္ရြက္ေပးမယ့္ ရဲစြမ္းသတၱိရွိတဲ့ ျပည္သူ႔ေရွ႕ေနမ်ားကို အခ်ိန္မီလိုအပ္ေနပါတယ္။ ဒါေၾကာင့္စြပ္စြဲခံရသူမ်ားရဲ့ မိသားစုဝင္မ်ားနဲ႔ ဆက္သြယ္လို့ ျပင္ဆင္မွုေလၽွာက္ထားခြင့္ သတ္မွတ္ရက္မေက်ာ္လြန္မီ အခ်ိန္မီလိုက္ပါ ေဆာင္ရြက္ေပးဖို့ တရားဥပေဒဘက္ေတာ္သား ေရွ႕ေနေရွ႕ရပ္မ်ားကို တိုက္တြန္းႏွိုးေဆာ္ လိုက္ရပါတယ္။
စာေရးသူ - Justus, Scholly Green, Luis
ဥပေဒျဖင့္ဆင္ျခင္၊တို့ျမန္ျပည္တစ္ခြင္
#အေရးေတာ္ပုံေအာင္ရမည္ ✊🏻
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
References
ရာဇသတ္ႀကီးဋီကာ - ဦးေက်ာ္စိန္
The Global New Light of Myanmar Vol VII, No.334.
စစ္အုပ္ခ်ဳပ္ေရး(Martial Law) အမိန႔္အမွတ္ ၃ / ၂၀၂၁
ျမန္မာနိုင္ငံက စစ္ခုံ႐ုံးဆိုတာ ဘာလဲ (MELISSA CROUCH - Mizzima Burmese)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
#LawgicalMyanmar #Law #ဥပေဒ #စစ္ခုံ႐ုံး #MartialLaw #မာရွယ္ေလာ #စစ္အုပ္ခ်ဳပ္ေရး #ေသဒဏ္