Wednesday, February 27, 2008

:) 0r :(

လူ့စစ်တမ်း (ခြိမ့်နိုင် )


သူများ အခက်
ကိုယ့်အကွက်ဆိုက်
ခွင်ရိုက်လိုက်တယ်

ကိုယ့်အခက်
သူ့အကွက်ဆိုက်
ခွင်ရိုက်လိုက်တယ်

ခွင် သံသရာမှာ
ကျင်လည်ကာ လှုပ်ရှား
စေတနာရှားပါး
ဝေဒနာ ပွားပေါ့
အမှားများနဲ့ ဒုက္ခရွာတည်
လူ့ဂုဏ်ရည် နိမ့်နိမ့်ကျလာ
သိက္ခာ ပွန်းပဲ အညွန့်မသန်
လိပ်ပြာ အလှမဲ့ အကျည်းတန်
အမှန်ဝန်ခံ ဝေဖန်ပါမည်။
ကျွန်ုပ်တို့သည်.......
လူပီသရန် လိုအပ်ပါသည်။
(ပြစ်မှုမဂ္ဂဇင်း မတ်လထုတ်မှ)

Be my Valentine

I think of you often……I do,
From morning ’til evening I do,
When memories bring laughter
Or moments bring pain,
There is faithfulness, too, once again.

And time always shows me
And God always shows me
Both sunshine and rain,
How, we gain yearly
From the love we’re share dearly.

So, my dear, my sweet bubbaloo,
Remember our love, dulce bubbaloo,
For we’ve come so far and there’s so much to come
And I have love to yet give
For the life we will live…….together.

Make little of what makes you cry,
Be sure that what makes you cry.
Has greater desire and a more certain will
To pray for His help from above
And restore the feelings of love.

So let’s stir up our passion today,
Let memories give way today,
To the now and the future
For the joys and hopes and for all
The times my heart hears you call.

I’m so glad,
I’m so glad,
I love you
You Love me fine
Be my Valentine.
John

Friday, February 8, 2008

The Sea

ပင်လယ်


ပင်လယ်ဆိုတာ
ချောင်းတွေမြစ်တွေ ပေါင်းဆုံရာပါ....
ချောင်းတွေမြစ်တွေ
စီးဆင်းနေသရွေ့
ပင်လယ်ရဲ့ နေ့တွေဆိုတာ
ရှင်သန်တောက်ပနေမှာပါ.....

ချောင်းတွေမြစ်တွေဟာ
သူတို့ပိုင်ဆိုင်တဲ့ ရေတွေကိုသာမက
နုန်းတွေအနည်အနှစ်တွေကိုပါ
ပြီးတော့ စွန့်ပစ်လိုက်ကြတဲ့
အမှိုက်သရိုက် အညစ်အကြေးတွေကိုပါ
ပင်လယ်ထဲကိုသွန်ချ
အမှန်ကတော့ ပင်လယ်ဆိုတာ
ချောင်းတွေမြစ်တွေ မလိုချင်တဲ့ အရာကိုပါ
ယူငင်လက်ခံရတဲ့သူပါ....

တကယ်တော့...
ပင်လယ်ဆိုတာ ငါးသတ္တ၀ါတွေရဲ့ ပျော်စံရာပါ.....
တကယ်လို့
ပင်လယ်သာမရှိရင်
ငါးတွေရဲ့ ၀ိညာဉ်
ပျော်ရွှင်မှုကင်းစင်နေလိမ့်မယ်......

ပြီးတော့ ပင်လယ်ဆိုတာ
တဖြည်းဖြည်းကြီးမားလာတဲ့အခါ
သမုဒ္ဒရာဖြစ်သွားမှာပါ........

တကယ်တော့
ပင်လယ်ဆိုတာ
သမုဒ္ဒရာရဲ့ အဆုံးပေါ့....
သမုဒ္ဒရာလည်း
ပင်လယ်ရဲ့ အစပေါ့....

တကယ်တော့
လူ့ဘ၀ဆိုတာ
ချောင်းက စသလား ၊မြစ်ကစသလား
ပင်လယ်မှာဆုံးသလား....
သမုဒ္ဒရာမှာဆုံးသလား.......

လူ့ဘ၀ဆိုတာ
သမုဒ္ဒရာ ၀မ်းတစ်ထွာ
ပင်လယ်ပြာပြာ မိုးပြာပြာ......

(မြဘုန်းထက်)

Friday, February 1, 2008

For EYE

မျက်လုံးအမြင်အာရုံကောင်းစေရန် သိထားသင့်တဲ့အချက်များ
(၁) သင့်တင့်မျှတသော အစားအစာများစားပါ။
(၂) ရေလုံလောက်အောင်သောက်ပါ။
(၃) အလင်းရောင်ကောင်းကောင်းမှာ စာဖတ်ပါ။
(၄) ဆယ်စက္ကန့်တစ်ခါ မျက်တောင်ခတ်ပါ။
(၅) မနက်အိပ်ရာထလျှင် ရေကြက်သီးနွေးနှင့် မျက်စိမှိတ်ထားပြီးဖျန်းပေးပါ။ ငါးကြိမ်မှ ဆယ်ကြိမ်အထိ ဖြန်းပေးပါ။
(၆) မျက်လုံးလေးတွေမှိတ်ပြီး မျက်ခွံလေးများကို လက်မနဲ့ လက်ချောင်းကလေးများနှင့် ခပ်ဖွဖွနှိပ်နယ်ပေးပါ။မျက်ခွံအောက်နဲ့ ပါးရိုးအပေါ်မှာ ခပ်တင်းတင်းလေးနှိပ်ပေးနိုင်ပါတယ်။
(၇) အာရုံစူးစိုက်မှုကောင်းစေရန် သင့်နှာခေါင်းပေါ်မှ ၁၅ စင်တီမီတာအကွာတွင် ခဲတံတစ်ချောင်းထား၍ ကြည့်ပါ။ ပြီးရင် လက်တစ်ကမ်းအကွာထားပြီးကြည့်ပါ။ စက္ကန့်အနည်းငယ်ကြာလျှင် မျက်စိမှိတ်လိုက်ပါ။ပြီးရင် ပြန်ကြည့်ပါ။ ဤလေ့ကျင့်ခန်းကို ငါးမိနစ်ခန့်လုပ်ပါ။
(၈) မျက်စိကို အနားပေးရန် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ် ထောက်၍ မျက်လုံးနှစ်ဖက်ကို လက်ဖ၀ါးနှင့် အုပ်ထားပါ။ ဖြည်းညှင်းစွာ အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ မျက်စိညောင်းလာပါက ၅မိနစ်မှ ၁၀မိနစ်အထိလုပ်ပါ။
(၉) မျက်လုံးလေးများကို နာရီလက်တံအတိုင်းလှည့်ကြည့်ပါ။ ပြီးရင်နာရီလက်တံပြောင်းပြန် လှည့်ကြည့်ပါ။
(၁၀) မျက်လုံးများကို ညာဘက်မှ ဘယ်ဘက်၊ ဘယ်ဘက်မှ ညာဘက် အထက်အောက်လှည့် ပြီးကြည့်ပါ။