Monday, May 24, 2010

Skin Cares for men

ခေတ်မှီတဲ့အမျိုးသားတွေအနေနဲ့ Skin Care ဟာလည်း အရေးကြီးတယ်ဆိုတာ သိရှိလက်ခံလာကြပါပြီ။ Skin Care အသုံးပြုခြင်းကို ဆယ်ကျော်သက်အရွယ်နဲ့ နှစ်ဆယ်အရွယ်မှာ စတင်ပြုလုပ်သင့်ပေမယ့် အသက်(၄၀၊၅၀)အရွယ်မှ ပြုလုပ်ရင်လည်း နောက်မကျ သေးပါဘူး။ Skin Care လုံးဝမလုပ်သူထက်စာရင် နောက်ကျမှ ဂရုတစိုက်ထိန်းသိမ်းသူက ပိုမိုသာလွန်ပါတယ်။ ခန့်ညားတဲ့ရုပ်သွင်ကို ပိုင်ဆိုင်စေဖို့ အခြေခံကျတဲ့ အသားအရေထိန်းသိမ်းမှုတွေကို သိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။

(၁) သန့်စင်ပါ

တခြားဘာမှမလုပ်ဖြစ်ရင်တောင် မျက်နှာကိုသန့်စင်ခြင်းကတော့ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးအချက်ပါ။ မျက်နှာကိုသန့် စင်တဲ့နေရာမှာ လွယ်လွယ်ကူကူ ကိုယ်တိုက်ဆပ်ပြာနဲ့ သန့်စင်တာမျိုးမလုပ်သင့်ပါဘူး။ ဆပ်ပြာခဲတွေနဲ့ သန့်စင်ခြင်းက သင့်မျက်နှာ အသားအရေကို ခြောက်သွေ့စေပါတယ်။ အမျိုးသားများရဲ့ အသားအရေဟာ ချွေးပေါက်ကျယ်တွေရှိပြီး အမျိုးသမီးတွေထက် (၁၅) ရာခိုင်နှုန်း အဆီဂလင်း ပိုမိုများပြားလေ့ရှိပါတယ်။ ဒီအဆီဂလင်းတွေက အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ရှိနေအောင် ပြုလုပ်ပေးပြီး တစ်ခါတရံမှာ အဆီတွေ အများအပြားထုတ်လေ့ရှိပါတယ်။ မျက်နှာကို သင့်တော်တဲ့ Product နဲ့သေသေချာချာ သန့် စင်မှုမပြုတဲ့အခါ အဆီနဲ့အညစ်အကြေးတွေက မွေးညင်းပေါက်တွေကိုပိတ်ဆို့ပြီး အဖုအပိမ့်ထွက်ခြင်းနဲ့  ၀က်ခြံထွက်ခြင်းတွေ ဖြစ် ပေါ်လာပါတော့တယ်။ Facial Cleanser တွေ အားလုံးဟာ အသားအရေးအားလုံးအတွက် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Cleanser ကိုရွေးချယ်ပြီး အနည်းဆုံး တစ်နေ့တစ်ကြိမ် သန့်စင်ပါ။

(၂) အစိုဓာတ်ဖြည့်ပါ

အမျိုးသားတွေက မျက်နှာသန့်စင်ရုံလောက်နဲ့ လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ မျက်နှာသန့်စင်ခြင်းဟာ ၀က်ခြံခေါင်းမည်းတွေ မဖြစ်ပေါ်အောင်သာ ကာကွယ်ပေးနိုင်ပါတယ်။ ရေချိုးခြင်းနဲ့ မုတ်ဆိတ်ရိတ်ခြင်းတို့ ပြုလုပ်တဲ့အခါ ချွေးပေါက်တွေပွင့်သွားပြီး အသားအ ရေက အစိုဓာတ်စုပ်ယူဖို့ အကောင်းဆုံးအချိန်ဖြစ်လာပါတယ်။ ဒါကြောင့် ပေါ့ပါးတဲ့ Moisturizer သုံးပေးခြင်းက အသားအရေကို တင်း ရင်းစိုပြည်စေပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါမှာလည်း ရေနွေးနဲ့ အရင်စိုစွတ်အောင် ပြုလုပ်ပြီးမှ Shaving Cream သုံးပါ။ မုတ်ဆိတ် ရိတ်ပြီးမှ ရေအေးနဲ့ ပြန်လည်ဆေးကြောပါ။ Moisturizer သုံးခြင်းက မုတ်ဆိတ်ရိတ်ဓားကြောင့် အသားလောင်တာမျိုးကိုလည်း မဖြစ် စေပါဘူး။ SPF ပါတဲ့ Moisturizer တွေကတော့ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် UVB ray တွေက အသားအရေကို နေလောင် ဒဏ်ရာတွေ ဖြစ်ပေါ်စေပြီး UVA ray တွေကတော့ အရေပြားကင်ဆာဖြစ်ပေါ်တဲ့အထိ ဒုက္ခပေးနိုင်တဲ့အတွက်ပါ။

(၃) နှုတ်ခမ်းတွေကို ကာကွယ်ပါ

မျက်လုံးနေရာလိုပဲ နောက်ထပ်ထိခိုက်လွယ်တဲ့အရေပြားနေရာကတော့ နှုတ်ခမ်းတွေပါပဲ။ နှုတ်ခမ်းနေရာတွေဟာ ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်းနဲ့ နေလောင်ဒဏ်ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားအစိုဓာတ်ရှိနေစေဖို့နဲ့ နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ ဂရုတစိုက်ရှိသင့်လှပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာမျိုး ခဏခဏဖြစ်ပေါ်ပြီး နေရောင်ဒဏ်ကိုပါ ခံစားလိုက် ရပြီဆိုရင်တော့ နှုတ်ခမ်းသားဟာ နာကျင်မှုကို ခံစားရနိုင်ပြီး ညိုမည်းလာစေပါတယ်။ SPFပါတဲ့ Lip Blam တွေကို တစ်နေ့ တစ်ကြိမ် ပုံမှန်သုံးစွဲပေးခြင်းက နှုတ်ခမ်းသားပြဿနာတွေကို ကာကွယ်ပေးရုံသာမက ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတွေကိုပါ ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။

(၄) ဆဲလ်သေတွေကို ဖယ်ရှားပါ

တစ်ခါတလေမှာ ပုံမှန်မျက်နှာသန့်စင်တာမျိုးနဲ့ မလုံလောက်ပါဘူး။ Cleanser တွေဟာ မျက်နှာပြင်အပေါ်ယံက အဆီနဲ့အညစ်အကြေး တွေကိုသာ ဖယ်ရှားပေးနိုင်ပြီး မွေးညင်းပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်တာမျိုး မရှိပါဘူး။ တစ်ပတ်မှာ နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ခန့် Deep Cleansing ပြုလုပ်ပါ။ Scrub ကောင်းကောင်းတစ်ခုက အသားအရေကိုချောမွေ့စေပြီး မျက်နှာအသားအရေကို ကြည်လင်ဖြူစင်စေပါတယ်။ ဒါပြင်မွေးညင်းပေါက်တွေကို ကျဉ်းစေပြီး Moisturizer ကိုပိုပြီးစုပ်ယူနိုင်စွမ်းရှိစေပါတယ်။

(၅) မျက်လုံးတွေကို ကာကွယ်ပါ

အမျိုးသားတွေအနေနဲ့ မျက်နှာပြင်မှာ ဘယ်တော့မှထိတွေ့ဂရုစိုက်မှုမရှိတဲ့ အစိတ်အပိုင်းဟာ မျက်လုံးတွေပါ။ အမှန်တော့ မျက်လုံးတစ်ဝိုက်က အရေပြားတွေဟာ အထူးဂရုပြုသင့်တဲ့နေရာတွေပါ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အရွယ်ရင့်တာ နှေးကွေးတယ်ဆိုပေမယ့်လည်း အသက်အရွယ်ကို အဓိကဖော်ပြတာကတော့ မျက်လုံးတစ်ဝိုက်က အရေးကြောင်းတွေပါပဲ။ မျက်လုံးတစ်ဝိုက်က အရေပြားတွေဟာ ပါးလွှာတဲ့အတွက် အရေးကြောင်းတွေဖြစ်ပေါ်စေဖို့ လွယ်ကူပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့လည်း Eye Cream အသုံးပြုဖို့လိုအပ်ပါတယ်။

Ref: Fashion Image Magazine Vol.13 No.2 April 2010

Sunday, May 23, 2010

ထက်ထက်မိုးဦးအား 7 Days မှ သတင်းထောက် အေးသူစံ မေးခဲ့သော အင်တာဗျူမေးခွန်းများ


မေး ။ ။ ဟိုတစ်လောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခုသက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို
အစ်မဘယ်လိုဖြတ်သန်းနေပါသလဲ။

ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်းအဆင်ပြေပြေလေး ဖြေပေးပါနော်။
အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။
မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ
နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။

ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတစ်လောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မအမျိုးသားနဲ့ အစ်မဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ထည့်လို့ရတယ်
ထည့်လို့ မရလို့တော့ မဟုတ်ဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ
ဖြစ်နေတဲ့အတွက်တခြား မေးခွန်းလေးတွေ မေးပေးပါလားလို့ . . .နော်။
မေး ။ ။ ပရိသတ်တွေကပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို
ခဏခဏပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကိုအစ်မဘယ်လိုမျိုးခံစားရလဲ။

ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့

ရန်ကင်းမြို့နယ်တရားရုံးဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄ ရက်နေ့တွင်
သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ ၃ ယောက်အားထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလတို့ကမျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။ထက်ထက်မိုးဦး အား 7Day News မှ တရားစွဲဆိုသော သတင်းအားဖော်ပြလိုက်မှုကြောင့် The Voice Weekly ဂျာနယ်နှင့် The First ဂျာနယ်တို့အား စာပေစိစစ်ရေးမှ
ထုတ်ဝေခွင့်တစ်ပတ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။


Ref: http://www.m51a.com/profiles/blogs/7-days

Thursday, May 20, 2010

လူငယ်၊နည်းပညာနှင့် ရာဇ၀တ်မှုများ

မောင်ဒေး

ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က "ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း" (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက်ရာဇ၀တ်ကောင်တွေသုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယားတကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး
(မှတ်ချက်။ ။ ဆရာမောင်ဒေးရဲ့ "လူငယ်၊ နည်းပညာနှင့်အင်တာနက်ရာဇ၀တ်မှုများ" ဆောင်းပါးကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အမှတ် (၁၃) ချင်းတွင်းမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

Wednesday, May 5, 2010

Gmail အကောင့်နှစ်ခု တစ်ပြိုင်တည်း ဖွင့်လို့ ရပြီဗျို့ ........

gmail အကောင့်နှစ်ခုကို တစ်ပြိုင်တည်း သုံးချင်ပါတယ်ဆိုပြီး တစ်မေးတည်းမေးနေကြသူများအတွက်ပါ ..ဘယ်လိုလဲဆိုတော့ တစ်ခုကို mozilla နဲ့ ဖွင့်ပြီး နောက်တစ်ခုကို IE နဲ့ ဖွင့်မှာပါ
(လွယ်လိုက်တာနော်)အဲ့ဒါဆို ကျွန်တော့်ကို ၀ိုင်းပြီး မေတ္တာပို့ ကြပါလိမ့်မယ်.. ဒါပေမဲ့ အဲ့လိုပဲတကယ်လုပ်ရမှာပါ .ဒါပေမဲ့ မတူညီတဲ့browser နှစ်ခုပေါ်မှာ မဟုတ်ပါဘူး Firefox browser
တစ်ခုတည်းမှာပဲ tab နှစ်ခုနဲ့ gmail ကိုဖွင့်ပါမယ်..

tab တစ်ခုက သူ့ ရဲ့  firefox tab ဖြစ်ပြီး နောက်တစ်ခု က IE ရဲ tab နဲ့ ဖွင့်မှာပါ ....firefox ရဲ့  add-on လေးတစ်ခုပေါ့ဗျာ. IE Tab ပါတဲ့ . အရင်ဆုံး ဒီမှာအရင်ဆုံးသွားယူပြီး install လုပ်လိုက်ဗျာ.. သူကတော့ တစ်ခြားfirefox ရဲ့  add-on တွေနဲ့မတူပဲ သူ့ ရဲ့  icon လေးကို manual(ကိုယ့်ဟာကိုယ်) ဆွဲတင်ပေးရမှာပါ .. တစ်ခြားadd-on တွေဆိုmozillaကို restart ချလိုက်တာနဲ့icon လေးဖြစ်ဖြစ် သက်သက် bar တစ်ခုဖြစ်ဖြစ်ပေါ်နေတတ်လို့ ပါ ..install လုပ်ပြီးသွားရင် အရင်ဆုံးfirefox ရဲ့ navigation toolbar ပေါ်မှာ right click နှိပ်ပြီး အောက်ဆုံးက customizeဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြီးရင်နောက်ဆုံးက icon လေးကို အခုလိုဖြစ်အောင်ဆွဲတင်ပေးလိုက်ပါ
..



ကဲ .. အဲ့ icon လေးပေါ်မှာ left click တစ်ချက်နှိပ်လိုက်ရင်တော့ လက်ရှိ ပွင့်နေတဲ့ဆိုဒ်ကို mozilla tab ကနေie tab အဖြစ်ပြောင်းပေးမှာပါ middle click ဆိုရင်တော့ လက်ရှိဖွင့်ထားတဲ့ဆိုဒ်ကိုပဲ နောက်ထပ် ie tab တစ်ခု
ခွဲပြီး ဖွင့်ပေးပါလိမ်မယ်.. right click နှိပ်လိုက်ရင်တော့ သူရဲ့  option dialogbox လေးတစ်ခု ကျလာပါလိမ့်မယ်သူ့ မှာအခုလိုမျိုး icon လေး နှစ်ခုရှိပါတယ်.. အပေါ်က ကျွန်တော်ပြထားတဲံ့တစ်ခုကကျွန်တော်က လက်ရှိဆိုဒ်ကို firefox tab နဲ့ ဖွင့်ထားတာပါ အဲ့ဒါကို ie tabကိုပြောင်းမဲ့အနေနဲ့ ပြထားတာပါ



နောက် icon တစ်ခုကတော့ ie tab နဲ့ ဖွင့်ထားပြီး firefox tab ကိုပြန်ပြောင်းမယ်လို့ပြတာပါgmail အကောင့်နှစ်ခု တစ်ပြိုင်တည်းဖွင့်ဖို့ ဆိုရင်တော့ အရင်ဆုံး https://mails.google.com ကို အရင်ဆုံး
ဖွင့်လိုက်ပါ ပြီးရင် IE tab icon လေးပေါ်ကို right click တစ်ချက်နှိပ်လိုက်ပါ ..အဲ့ဒါဆိုရင် နောက်ထပ် mail တစ်ခုဟာ ie logo လေးနဲ့ tab တစ်ခုမှာသွားပွင့်ပါလိမ့်မယ်. ဒီလိုလေးပေါ့ဗျာ...



အဲ့ဒါဆိုရင် အဆင်ပြေပြေနဲ့ mail အကောင့်နှစ်ခုကို တစ်ပြိုင်တည်း ဖွင့်လို့ရနိုင်ပါပြီ ..... အဆင်ကြပါစေခင်ဗျာ..
မနေ့ က ပျင်းပျင်းနဲ့  ဟိုမွှေ ဒီမွှေ မွှေရင်း ဒီဟာလေးကို IT Men Blog မှာရှာတွေ့သွားလို့  ပြန် share ပေးလိုက်ရပါတယ်.... မသိသေးသူများအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ...


စာကြွင်း၊ ၊ အသုံးပြုသူများရဲ့ တုန့်ပြန်မှုတစ်ခုက -

ကျွန်တော်ပဲ လုပ်တာမှားလို့လားမသိဘူး...site တစ်ခုကို i.e ပြောင်းလိုက်တာ ကျန်တာတွေပါအကုန် i.e ဖြစ်သွားတယ်...လုပ်လို့ ရ၀ူး.....

ဟား ဟား ရပြီ။.....
အကုန်လုံး ie ပြောင်းသွားတယ် ဆိုရင် ie tab မှာ Right Click နှိပ်ပြီး... external application မှာ path ကို Mozilla Firefox ပေးလိုက်ရင် အဆင်ပြေပြေ သုံးလို့ ရမှာပါ...စမ်းကြည့်ကြပါအုံး

Ref: www.m51a.com

Monday, May 3, 2010

ကမ္ဘာတ၀ှမ်းရှိကို့ယို့ကားယားနိုင်သောရေချိုးနည်းများ

အကယ်၍သင်ဟာ မောပန်းနေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ရေချိုးလိုပါသလား။နို့ရည်နဲ့ ရေချိုးတာကို တော့ ကျွန်တော်တို့ ကြားခဲ့ဖူးတာကြာပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့လုံးဝမကြားဖူးသေးတဲ့ ရေချိုးနည်းသစ်တွေအများကြီးရှိပါတယ် ။ ပုံသဏ္ဍာန်မတူတဲ့ရေချိုးနည်းတွေဟာ ဒေသတစ်ခုလူမျိုး တစ်ခုချင်းစီရဲ့ ရိုးရာဓလေ့ များဖြစ်ပြီးအဲဒီဒေသတွေမှာအချိန်တိုအတွင်းမှာပဲ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီရေချိုးနည်းတွေထဲက အချို့ဟာတကယ့်ကိုပဲ ထင်ရှားကျော်ကြားလှပါတယ် ။ဘာကြောင့်လဲဆို လူရဲ့ခန္ဓာကိုယ်ကို အကျိုးရှိစေပြီး ပါဝင်ဆင်နွှဲကြသူတွေဟာပျော်ရွှင်ဖွယ်ကောင်းတဲ့အတွက်ဖြစ်ပါတယ် ။ ဒီလိုကို့ယို့ ကားယားနိုင်တဲ့ရေချိုးနည်းတွေဟာ ဂျပန်နိုင်ငံကနေအခြေပြုဆင်းသက်လာတယ်လို့လည်း သိရပါတယ် ။





မြေကြီးရေချိုးနည်း

ဂျပန်နိုင်ငံမှာ ရိုးရာဓလေ့အဖြစ် Kyushuကျွန်းမှာ မြေကြီး ရေချိုးနည်းကို ဆင်နွှဲလေ့ရှိကြပါတယ် ။ ဒီရေချိုးနည်း ဟာခန္ဓာကိုယ်တစ်ခုလုံးကိုအကျိုးရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီးခန္ဓာကိုယ်တောင့် တင်းမှုတွေကိုလည်း သက်သာစေတဲ့အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။
ဦးခေါင်းမှလွဲ၍ တကိုယ်လုံးကို မြေကြီးထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။





ရေနံနှင့် ရေချိုးနည်း

အန္တရာယ်အများဆုံး ရေချိုးနည်းတွေထဲက တစ်ခုကတော့ ရေနံနဲ့ ရေချိုးနည်းပဲ ဖြစ်ပါတယ် ။ရေချိုးတော့ မယ်ဆိုရင်တော့ သင့်ရဲ့ ပါးစပ် ၊ နှာခေါင်း ၊ ပါးစပ်တို့ကိုလုံခြုံစွာဖုံးအုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။ ရေနံနဲ့ ရေချိုး နေစဉ်မှာဆေးလိပ်သောက်ဖို့ မီးမညှိရန်လည်း သတိထားရပါမယ် ။ ရေနံနဲ့ ရေချိုးခြင်းရဲ့အကျိုးကျေးဇူး ကတော့အဆစ်ရောင်ရောဂါနဲ့ အရေပြားရောဂါတွေကိုပျောက်ကင်းစေတဲ့အတွက် ဖြစ်ပါတယ် ။ ဘာကြောင့်
လည်း ဆို ရေနံမှာ sulphur(ဆာလ်ဖာ) ပါဝင်တဲ့အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်းကိုAzerbaijan နိုင်ငံမှNaftalan မှာ ကျင့်သုံးနေကြပါတယ် ။





ဘီယာနှင့်ရေချိုးနည်း

ဘီယာကို ၀ိုင်ထက်ပိုပြီး နှစ်သက်ကြသူတွေဟာ ဒီပြိုင်ဖက်ကင်း ဘီယာရေချိုးနည်းကို အကြိုက်တွေ့ကြပါတယ်။ ဒီဘီယာ အစွမ်းဟာ သင့်ရဲ့ အရေပြား တွေကို ပိုပြီး လှပအောင်ငယ်ရွယ်နုပျိုအောင်စွမ်းဆောင်နိုင်ပါတယ် ။ ကလေး နဲ့ လူကြီးတွေဟာဘီယာရေချိုနည်းကိုပျော်ရွှင်ဖွယ်ကောင်းတဲ့အတွင် နှစ်သက်ကြပါတယ် ။







အနီရောင်ဝိုင် ရေချိုးနည်း

ပြင်သစ်ဝိုင်ကို နှစ်သက်ကြသူတွေဟာ ပြင်သစ်နိုင်ငံ မှ ပူပြင်းလှတဲ့ နွေအခါမှာ Japan နိုင်ငံHakone Kowakien ကိုသွားရောက်ပြီး ၀ိုင်ရေချိုးနည်းကို ဆင်နွှဲကြပါတယ် ။သင်ဒီရေချိုးနည်းကိုသုံးခြင်းအားဖြင့် ရရှိတဲ့အကျိုး ဆက်ကတော့ရေချိုးနေရင်းဝိုင်သောက်လို့ရခြင်းဖြစ်ပါတယ် ။ ဒီပျော်ရွှင်စရာရေချိုးနည်းကို ကလေး တွေနဲ့လူကြီးတွေပါ ဆင်နွဲကြပါတယ် ။ ၀ိုင်ဟာအရေပြားကို ကောင်းကျိုးပေးပြီး လှပစေပါတယ် ။
အရေပြား ဆဲလ်အသစ်တွေကိုလည်းပြန်လည်ဖြစ်ပေါ်စေပြီး နုပျိုစေတယ်လို့ အယူရှိကြပါတယ် ။







ခရမ်းချဉ်သီး ရေချိုးနည်း

ကိုလံဘီယာနိုင်ငံမှ ခရမ်းချဉ်သီး ပွဲတော်ဟာ ရက်သတ္တပါတ်ကြာအောင်ကျင်းပလေ့ရှိတဲ့အတွက်ခရမ်းချဉ်သီး ရေချိုးနည်းဟာ ထင်ရှားကျော်ကြားလှပါတယ် ။ ခရမ်းနီတွေကိုအသုံးပြုတဲအတွက်အရည်ရွှမ်းရွှမ်းနဲ့ ပျော်ရွှင်စ ရာကောင်းလှပါတယ် ။စစ်ပွဲတစ်ပွဲနဲ့ ဆင်တူလှပြီးအနိုင်ရရှိသူမရှိပါဘူး ။ ရင့်မှည့်နေတဲ့ခရမ်းချဉ်သီးတွေကိုလက်နက်အဖြစ်အသုံးပြုပြီး လမ်းတွေတလျောက် စစ်ပွဲသဖွယ်တိုက်ခိုက်ကြပါတယ် ။ အမှတ်တမဲ့ ကြည့်မယ် ဆိုရင် ခရမ်းချဉ်သီးအရည်မြစ်ကြီးနဲ့ဆင်တူလှပါတယ် ။


Ref: သက်တန့် ချို