Sunday, May 23, 2010

ထက်ထက်မိုးဦးအား 7 Days မှ သတင်းထောက် အေးသူစံ မေးခဲ့သော အင်တာဗျူမေးခွန်းများ


မေး ။ ။ ဟိုတစ်လောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခုသက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို
အစ်မဘယ်လိုဖြတ်သန်းနေပါသလဲ။

ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်းအဆင်ပြေပြေလေး ဖြေပေးပါနော်။
အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။
မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ
နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။

ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတစ်လောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မအမျိုးသားနဲ့ အစ်မဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ထည့်လို့ရတယ်
ထည့်လို့ မရလို့တော့ မဟုတ်ဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ
ဖြစ်နေတဲ့အတွက်တခြား မေးခွန်းလေးတွေ မေးပေးပါလားလို့ . . .နော်။
မေး ။ ။ ပရိသတ်တွေကပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို
ခဏခဏပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကိုအစ်မဘယ်လိုမျိုးခံစားရလဲ။

ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့

ရန်ကင်းမြို့နယ်တရားရုံးဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄ ရက်နေ့တွင်
သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ ၃ ယောက်အားထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလတို့ကမျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။ထက်ထက်မိုးဦး အား 7Day News မှ တရားစွဲဆိုသော သတင်းအားဖော်ပြလိုက်မှုကြောင့် The Voice Weekly ဂျာနယ်နှင့် The First ဂျာနယ်တို့အား စာပေစိစစ်ရေးမှ
ထုတ်ဝေခွင့်တစ်ပတ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။


Ref: http://www.m51a.com/profiles/blogs/7-days

No comments: