Friday, November 14, 2014

HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခု နိုဝင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပမည်


HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခုအဖြစ် Red Ribbon Hours Youth Concent 2014  World AIDS Day  ကို ယခုလ (၂၈) ရက်နေ့ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ (၁၀) ရက်နေ့က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှာ ပြုလုပ်တဲ့ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။

Red Ribbon Hours Youth Concent 2014  World AIDS Day ကို ကျင်းပမှုဟာ လူငယ်တွေ အနေနဲ့  HIV နဲ့ ပတ်သတ်တဲ့ သိရှိဖို့လိုအပ်တဲ့ အသိပညာတွေကို ပေါ့ပေါ့ပါးပါး ရရှိစေချင်တဲ့ အတွက် ဖြစ်ပါတယ်။

ဖျော်ဖြေပွဲအတွက် အခမဲ့ လက်မှတ်များပေးဝေမှုကိုတော့ ရန်ကုန်မြို့တွင်းရှိ Shopping Centre တွေမှာ  ပေးဝေသွားမှာဖြစ်ပြီး လက်မှတ်မရရှိတဲ့ သူတွေအနေနဲ့လည်း အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကို ကျင်းပမှုဟာ နှစ်စဉ်ပြုလုပ်နေတာဖြစ်ပြီး အခုနှစ်နဲ့ဆို (၃) ကြိမ်မြောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။


၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ လူတစ်သိန်းကျော်ကို ART ကုထုံးဖြင့် ကုသပေးနိုင်တော့မည်

လာမည့် ၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ တစ်သိန်းကျော်ကို ART ကုထုံး ဖြင့် ကုသပေးနိုင် မည်ဖြစ်ကြောင်း ရောဂါ နှိမ်နင်းရေး ဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ART ကုထုံးဖြင့် ကုသရန် လိုအပ်သူ တစ်သိန်း နှစ် သောင်း ဝန်းကျင် ရှိပြီး ယင်းတို့ အနက် ငါးသောင်း ရှစ်ထောင်ခန့်ကို ဆေးဝါး များ ထောက် ပံ့ပေးနိုင်ခဲ့ ရာမှ ယခုနှစ် ကုန်တွင် ခုနစ်သောင်း ငါးထောင်ထိ တိုး တက် ကုသပေးနိုင်ပြီ ဖြစ်သည်။

”ကျန်းမာရေး ဘတ်ဂျက် ချထား ပေးတဲ့အတွက် နိုင်ငံတကာကို အားကိုး နေရတာကနေ ခုက ပေါ်လစီပြောင်း လာတယ်။ ကိုယ့်ဝန်ကြီး ဌာနကနေ ရန်ပုံငွေနဲ့ စတင် ကုသပေးနေပြီ။ အခု ဆိုရင် လူနာ အသစ်တွေကို ခုနစ် သောင်းငါးထောင် အထိ တိုးတက်ကုသ ပေးနေပြီ ဖြစ်ပါတယ်” ဟု အထက်ပါ ဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စိုးလွင်ငြိမ်း ကပြောသည်။
လာမည့် ၂ဝ၁၆ ခုနှစ်တွင် ART ကုထုံး လိုအပ်သူများ၏ ၈၅ ရာခိုင်နှုန်း ကို လိုအပ်သော ကုထုံးနှင့် ဆေးဝါးများ ထောက်ပံ့ ပေးနိုင်မည် ဖြစ်ကြောင်း ၄င်း ကဆိုသည်။

”နိုင်ငံတော် ဘတ်ဂျက်နဲ့လည်း လူနာ အသစ်တွေကို ကွင်းဆင်း ပြီးတော့ ရှာဖွေနေပါတယ်။ အခုနောက်ပိုင်းမှာ ကူးစက်မှု သုည၊ သေဆုံးမှု သုညဖြစ် အောင် ရည်ရွယ် ချက် နဲ့ ဆောင်ရွက်နေ ပါတယ်”ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူး စက်ဖြစ်ပွားမှုမှာ ၂ဝဝဝ ခုနှစ်က ဝ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ဝ ဒသမ ၄၅ ရာခိုင်နှုန်း အထိ လျော့ကျ လာခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် HIVကူးစက် ခံခဲ့ရ သူပေါင်း ၆၄ဝဝ ခန့်ရှိသည်။
မြတ်စုငြိမ်း (ရန်ကုန်၊ နိုဝင်ဘာ ၈)
Popular  - ၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ လူတစ်သိန်းကျော်ကို ART ကုထုံးဖြင့် ကုသပေးနိုင်တော့မည် 

မြန်မာစကား၊ မြန်မာ ဝေါဟာရနှင့် မြန်မာ့ အမြင်
 Sex ဟူသော ဝေါဟာရ ကို လိင် ဟု ပြန်ဆိုပြီး sexuality ဟူသော ဝေါဟာရအား လိင်မှုဆိုင်ရာ ဟု မြန်မာလို တိုက်ရိုက်ပြန်ဆိုသောအခါ မြန်မာ နားနှင့် မယဉ်ကျေး သကဲ့သို့ ဖြစ်နေရသည်။ ထို့ ကြောင့် ဖြစ်မည်ထင်သည်။ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့်မှ “ဖို မ ဆက်ဆံရေး” ဟု ခေါင်းစဉ်တပ်ထားသော လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာနှင့် ဆက်စပ်လျက် ရှိသော အကြောင်းအရာများကို ရေးသားထားသော စာအုပ်မှာ အခြားသော စာအုပ်များနှင့် မတူဘဲ ကွဲပြားလျက် ရှိသည်။ 

သို့ သော် စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့် ရေးသားထားသော စာအုပ်ထဲမှ အကြောင်းအရာများမှ ကျန်းမရေး ရှုထောင့်မှ ဗဟုသုတ ဖြစ်ဖွယ်ရာ ရေးသားထားပြီး ဥပမာ ပုံတို ပတ်စများ ကြားထဲတွင် ထည့်ထားလေရာ ဆေးစာအုပ်များကို ဖတ်ရသကဲ့သို့ စာဖတ်သူများ ပျင်းရမည် မဟုတ်ပါ။ သို့ သော် စာအုပ်ခေါင်းစဉ်မှ တစ်မျိုးဖြစ်နေသဖြင့် လူကြီးများကပင် ထိုစာအုပ်သည် လူငယ်များ၊ အိမ်ထောင် မကျသေးသူများ ၊ ဖတ်ရန် မသင့်လျော်သည့် စာအုပ်တစ်အုပ် အသွင်ဖြင့် မြင်မှတ်ကြပါသည်။ သို့ သော်လည်း လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတများအား ပိုမိုနားလည် လာနိုင်စေရန် အတွက် အမှန်တစ်ကယ် ဖတ်သင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ခေါင်းစဉ်ကို ပြောင်းလိုက်မယ် ဆိုရင်ဖြင့် လူအများဟာ နှောင့်နှေးခြင်းမရှိဘဲ ပိုမို ဖတ်လာနိုင်ပါမည်။

No comments: