Wednesday, January 15, 2014

အမေများနေ့အကြောင်း သိကောင်းစရာ


အမေများနေ့အကြောင်း သိကောင်းစရာ

အမေများနေ့ဟာ သမိုင်းဝင် အမှတ်တရ ဖြစ်တဲ့နေ့လေး တစ်နေ့လို့ ဆိုရမှာပေါ့။ ဒါကြောင့် အမေများနေ့ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။အမေများနေ့ကို ဂရိလူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီးကို ပှုဇော်ရာမှ စခဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရောမခေတ်တွေမှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၎င်းပွဲမှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ်လို့ သမိုင်း မှတ်တမ်းများ အရ သိရပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမများနေ့ ပွဲကို ကျင်းပတာခြင်း မတူညီကြဘူးလို့ သိရပါတယ်။ ဥပမာပြောရမယ် ဆိုရင် နော်ဝေနိုင်ငံမှာ ဖေဖော်ဝါရီလ မှာကျင်းပခဲ့ကြပြီး အာဖရိကက မေလမှာကျင်းပ ကြတယ်လို့ သိရပါတယ်။ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ နိုင်ငံများ မှာဆိုရင်တော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့ အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုရမှာပေါ့။
အမေများနေ့ဟာ အနောက်နိုင်ငံများမှ ဆင်းသက်လာတာ ဖြစ်ပြီး ယနေ့ဆိုရင် ကမ္ဘာ တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ ပါပြီ။ ဒါကြောင့် အမေများနေ့ကို ရောက်သည်ဖြစ်စေ မရောက်သေးဘူးဖြစ်စေ သင့်အတွက်ကတော့ အမေဟာ အမြဲတန်းလို အပ်နေပါတယ်။ ဒါကြောင့် သင့် ဘဝဟာ သင့် အမေဖြစ်သလို သင့်အမေဟာ သင့်ဘဝ ဖြစ်ပါတယ်။ အမေမရှိဘူးဆိုရင် ဘဝဟာလည်း မရှိနိုင်တော့ပေ။ 
ကျော်လင်းနိုင်(ရိုးရာလေး)

Nexus 7 အဖြူရောင် တက်ပလက်

Nexus 7 အဖြူရောင် တက်ပလက် Google မှ နောက်ထပ် Nexus 7 အဖြူရောင် တက်ပလက်ကို ထုတ်လိုက် လိုက်ကြောင်း သိရပါတယ်။ ဈေနှုန်းကတော့ ဒေါ်လာ ၂၆၉ ယူရို ၂၃၉ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းတက်ပလပ်၏ ထူးခြားချက်တော့ 32GB storage ဖြစ်တယ်လို့ ဆိုပါတယ်။ US ၊ UK နှင့် ဂျပန်တို့တွင် စတင်ရောင်းချ နေပြီလို့လည်း သိရှိရပါတယ်။
အရင်ထွက်ရှိထားတဲ့ တက်ပလပ်များနှင့် အတူတူပင် ဖြစ်ပြီး ထူးခြားမှုအနနဲ့ကတော့ အရောင်သာ ပြောင်းသွားခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။
မျက်နှာပြင်ကတော့ ၇ လက်မဖြစ်ပြီး 1920 x 1200 HD display ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့ကင်မရာ 1.2-megapixel နှင့် နောက်ကင်မရာ 5-megapixel ဖြစ်တယ်လို့ ဆိုပါတယ်။ ဘတ္တရီကတော့ 3,950mAh ဖြစ်ပြီး RAM 2GB ဖြစ်ပါတယ်။
ထို့ကြောင့် Nexus 7 အဖြူရောင် တက်ပလက်ကို သုံးစွဲသူတို့ အကြိုက်တွေ့စေလိမ့် မယ်လို့ ဆိုပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး) 

ဖုန်း တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် Nokia စမတ်ဖုန်း 

 ဖုန်း တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် Nokia စမတ်ဖုန်း ကမ္ဘာ့အကြမ်းခံ ဖုန်းတစ်လုံး ဖြစ်တဲ့ Nokia မှ ဖုန်း တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် NNokia Lumia 1320 နှင့် 1520 နှစ်မျိုးကို ထုတ်လုပ် လိုက်ကြောင်း သိရပါတယ်။

၎င်းဖုန်းများကို UK တွင် စတင်ရောင်းချပြီ ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် အရှေ့တောင် အာရှနိုင်ငံတွေ မှာလည်း ရောင်းချမှာဖြစ်ပြီး မလေးရှားနိုင်ငံ တွင်လည်း ယခုရောင်းချပြီဟု သိရပါတယ်။
Nokia Lumia 1320 ၏ ထူးခြားမှုတွေ ကတော့ မျက်နှာပြင် 6 လက်မ 1080 x 1920, 369ppi display ဖြစ်ပါတယ်။ Processor ကတော့ 1.7GHz Snapdragon S4 ဖြစ်ပါတယ်။
Nokia Lumia 1520 ၏ ထူးခြားမှုတွေကတော့ မျက်နှာပြင် resolution 720 x 1280, 245ppi ဖြစ်ပါတယ်။ Processor 2.2GHz Snapdragon 800 ဖြစ်ပြီး RAM 2GB ဖြစ်ကြောင်း သိရပါတယ်။ ဘတ္တရီကတော့ နှစ်ခုစလုံး အတူတူဖြစ်ပြီး 3400mAh 21 ခံတယ်လို့ သိရပါတယ်။ 
ဈေနှုန်းကတော့ ယူရို 205 ရှိတယ်လို့ သိရပါတယ်။ Nokia ၏ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ 
ကျော်လင်းနိုင်(ရိုးရာလေး)

No comments: