Wednesday, September 4, 2013

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသနပြု လုပ်သင့်ပြီဟုဆို



အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း Marie Stopes International မှ Country Director ဒေါက်တာစစ်နိုင်က အကြံပြု ပြောကြားလိုက် သည်။

အမျိုးသမီးငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှု များပြားလာရခြင်းမှာ မိဘနှင့် အုပ်ထိန်းသူများက အမျိုးသမီးငယ်များ အား အသိပေးသင့်သည့်အကြောင်း အရာများကို အသိမပေးခြင်းနှင့် တစ်ချက်လွှတ် အမိန့်ပေးခြင်းများ ကြောင့် ပိုမို ဖြစ်ပွား လာရခြင်းဖြစ်ကြောင်း သိရသည်။

''အမျိုးသမီးတွေဟာ အကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင်တာကို ရကြ တယ်။ အဲဒီအခါမှာ မကိုင်တွယ် မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေ မှာ ကိုယ်ဝန်ပျက် ကျတာ အဖြစ်များလာတာက အထူးသဖြင့် သိသင့်တာတွေကို ပေးမသိဘဲ မျက်စိပိတ်ထား လိုက်တာကြောင့်ပဲ။ အဲဒီဒဏ်ကို ခံနေရတာပဲ။ ဘယ်သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့ လိုအပ်သလဲဆိုတာကို သိဖို့အတွက် သုတေသန ပြုလုပ်ဖို့ လိုနေပါပြီ'' ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ထို့ပြင် လူငယ်အမျိုးသမီးများ ယင်းကဲ့သို့ဖြစ်ပွားရခြင်း တွင် စိတ်ဓာတ်ကျနေသောကြောင့် ဖြစ်ချင်ရာဖြစ်ဟု ထင်ရာစိုင်းမိခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအရာရာ အောင်မြင်နေသည့်အတွက် မိမိတွင် အဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆ နေမိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှုရှိကြောင်းလည်း သိရသည်။

''လူကြီးမိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကို နေရာပေးပြီး ဆက်ဆံဖို့လိုတယ်။ လူငယ်တွေကနေ ဘာတွေတင်ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေ မလုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုး မလုပ်ရဘူး။ တစေ့တစောင်းပဲ ကြည့်ရမယ်။ သူတို့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သူတို့ အမြော်အမြင်ရှိလာတဲ့ အချိန်အထိ သူတို့ကိုယ်သူတို့ ကျေကျေနပ်နပ် ကာကွယ်အောင် လုပ်ရမယ်'' ဟု ယင်းက ဆက်လက် အကြံပြုပြောကြားသည်။

နွေဦးလင်း ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group


ကွန်ဒုံး မသုံးခဲ့ခြင်းကြောင့် အမေရိကန် အပြာမင်းသမီး နောင်တရ

 ဘ၀တွင် ပထမဆုံး ရိုက်ကူးသည့် အပြာကား ဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး မသုံးဘဲ ကာမ စပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းတွင် ကွန်ဒုံး မသုံးမနေရ ဟူသော စည်းမျဉ်း အကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်ဩ သွားမည်ဖြစ်ကြောင်း အမေရိကန် အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ ရက်နေ့တွင် ပြောကြားသည်။

အပြာရုပ်ရှင် ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှ တစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည် ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံး အပြာကားဖြစ်သော Weiner & Me ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံး မသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်း တစ်ခု၌ ကွန်ဒုံး မသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရပြီဖြစ်ကြောင်း ဩဂုတ်လ လယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်း ရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့် ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုး ကူးစက်ခံ ထားရခြင်း ရှိမရှိ အပူတပြင်း သွားရောက် စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ လယ်သာမှာ သက်ပြင်း ချနိုင်ခဲ့သည်။ လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှ ရိုက်ကူးတော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ် အတော်များများတွင် အပြာကား ထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်ဝင်ခန်းများကို ကွန်ဒုံးသုံး ရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်လုပ်သူနှင့် မင်းသား မင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှု ခံယူသူများဖြစ်သဖြင့် ထိုသို့ ညွှန်ကြားရန် မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါက ရုပ်ရှင်ကြည့် ပရိသတ်ကို ကျေနပ်မှုအပြည့် ပေးနိုင်လိမ့်မည် မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။

No comments: