Saturday, September 19, 2009

Talk about G-Talk Using

(1) ရေဒီယိုသံစဉ်လေးတွေနားထောင်ရအောင်
ပြောင်းလဲခြင်းများနဲ့ အတူတိုးတက်လာတဲ့အင်တာနက်ခေတ်ကြီးတွင် G-Talk ပေါ်ပေါက်လာသဖြင့် Onlineပေါ်မှပင် မိုင် ထောင်ချီ၊သောင်းချီကွာဝေးသော ပုဂ္ဂိုလ်များအတွက် လွယ်ကူစွာဆက်သွယ်နိုင်ခြင်း၊ စကားပြော နိုင်ခြင်း၊ နှစ်သက်ရာ ဓာတ်ပုံများကို အပြန်အလှန် ပေးပို့နိုင်ခြင်းစတဲ့ အခွင့်ကောင်းများပေါ်ထွန်းလာစေခဲ့ပါတယ်။ ယခုလည်း နည်းပညာသစ် တစ်ရပ်အနေဖြင့် G-talk မှပင် မိမိကြိုက်နှစ်သက်ရာ သီချင်းတောင်းဆိုမှုများနှင့် သီချင်းနားဆင်နိုင်သော Online Radio အစီအစဉ်ကို ခံစားရရှိနိုင်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။


G-Talk မှတိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်များအဖြစ် မြန်မာတေးသီချင်းထုတ်လွှင့်မှု၊အနောက်တိုင်းတေးများ ထုတ်လွှင့်မှု၊ တရားတော်များထုတ်လွှင့်မှု၊ ဟာသအစီအစဉ်များနှင့် အခြားသောအစီအစဉ်များ ထုတ်လွှင့်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တေးသီချင်းများနားဆင်ရန် "အိပ်မက်လှိုင်းရေဒီယို" နှင့် "အဖြူရောင်သံစဉ်ရေဒီယို"၊ "MYMC (Myanmar Youth Media Club)ရေဒီယို" များကိုနှစ်သက်ရာရွေးချယ်နိုင်ကြပြီး "အိပ်မက်လှိုင်းရေဒီယို" အတွက် Website Link မှာ http://www.eainmathlaing.com ဖြစ်ကာ၊ မိမိကွန်ပျူတာရှိ Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ http://energy08.egihosting.com/22109/ (သို့မဟုတ်) mms://energy08.egihosting.com/22109 ထည့်ပြီးနားဆင်နိုင်ကြပါတယ်။
"အဖြူရောင်သံစဉ်ရေဒီယို" အတွက်လည်းhttp://www.apytz.net/ကိုတိုက်ရိုက်ကလစ်နှိပ်ပြီး နားဆင်နိုင်သလို၊Window Media Playerတွင် File Menu>Open URLဆိုတဲ့နေရာမှာ http://89.238.146.148/APYTZ ရိုက်ထည့်ပြီး နားဆင်နိုင် ကြပါတယ်။

"MYMC Radio" အတွက်ကတော့ Website Link ဖြစ်တဲ့http://www.mymclub.net/main/ တွင် ခံစားနားဆင်နိုင်သလို Window Media Player မှ File Menu>Open URLဆိုတဲ့နေရာတွင် http://216.32.71.182/MYMC (သို့) http:// www.mymclub.net/radio ဖြည့်စွက်ပြီးနားဆင်နိုင်ကြတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှာ City FM နှင့် Mandalay FM များကဲ့သို့ပင် G-Talk မှတေးသီချင်းများကို တိုက်ရိုက် တောင်းဆိုနိုင်သော Song Radio အစီအစဉ်ကိုလည်း လွှင့်တင်ပေးထားပါတယ်။ အဲဒီအတွက် သီးချင်းကို ထဲမှာ ထည့်ပေးလိုက်တာနဲ့ နားသောတဆင်နိုင်ကြောင်းသိရပြီး သီချင်းများတောင်းဆိုရာတွင် ဆိုသူအမည်၊ သီချင်းအမည်နှင့် Album Name၊ from.....To..... (မိမိမှ တစ်စုံတစ်ယောက်သို့) ဆိုပြီး G-Talk မှဖော်ပြကာတောင်းဆိုနိုင်ပါတယ်။

မိမိနှစ်သက်ရာသီချင်းများ မရှိခဲ့ရင်လည်း G-Talk မှဖြစ်စေ၊ G-Mail မှဖြစ်စေ ပို့ပြီးထုတ်လွှင့် နားဆင်နိုင်ပါတယ်။ G-Talk မှသူငယ်ချင်းနာမည်များကို Add လုပ်သည့်နည်းလမ်းအတိုင်း၊ အိပ်မက်လှိုင်း ရေဒီယိုအတွက်ဆိုရင် "requestsongs@ourdream4all.co.cc" နှင့် အဖြူရောင်သံစဉ်ရေဒီယိုအတွက် "apytz.dj@apytz.net ၊ MYMC ရေဒီယိုအတွက် "mymcradio@mymclub.net"များတွင် နှစ်သက်ရာ Account Name များကို Invite လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

(2) G-talk မှာ အလိုလျောက် ဘာသာပြန်ပေးတာရှိတယ်
G-talk မှာ အလိုလျောက် ဘာသာပြန်ပေးတာရှိတယ် သုံးကြည့်ချင်ရင် bot account ကို invite လုပ်ရမယ်
ဥပမာ- Eng ကနေ German ဘာသာပြောင်းချင်ရင်en2de@bot.talk.google.com ကို add လုပ် Chat box မှာ ကိုယ်ရိုက်ချင်တဲ့ စာရိုက်ထဲ့ သူက အလိုလျောက် ချက်ချင်းဘာသာပြန်ပေးသွားတယ် အဲဒါကို ကိုယ်ပြန်သုံးချင်ရင် copy ကူး paste လုပ် ကိုယ်ပြောချင်တဲ့လူကို ကိုယ်ကြိုက်တဲ့ ဘာသာစကားနဲ့ပြောနိုင်တာပေါ့ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်သူတွေတွက် ပိုအသုံးဝင်တာပေါ့ -

German ကနေ Eng ပြန်ပြောင်းချင်ရင်တော့ de2en@bot.talk.google.com ပြောင်း add ရုံဘဲ
Account တွေက
1. Eng; - Arabic = en2ar
2. Eng; - Swedish = en2sv
3. Eng; - Spanish = en2es
4. Eng; - Russia = en2ru
5. Eng; - Bulgarian = en2bg
6. Eng; - Croatian = en2hr
7. Eng; - Traditional Chinese = en2zh-hant
8. Eng; - Chinese = en2zh
9. Eng; - Greek = en2el
10. Eng; - French = en2fr
11. Eng; - Japanese = en2ja
12. Eng; - Korea = en2ko
13. Eng; - Italian = en2it
14. Eng; - Norwegian = en2no
15. Chinese – Traditional Chinese = zh2zh-hant
etc., အဲဒိနောက်မှာ @bot.talk.google.com ထဲ့ add မြန်မာလိုတော့ မရသေးပါဘူး

(3) Gtalk မှာ ကိုယ့်ကို Block ထားလားစမ်းရအောင်...
Pidgin ဆိုတဲ့ IM Software လေးရှိဖို့ လိုပါတယ်။ ဒီမှာရယူပါ။ http://www.pidgin.im/download/
Install လုပ်ပြီးရင် Gtalk ကိုရွေးပြီး log in ၀င်လိုက်ပါ။
ပြီးရင် Buddies Menu မှ Show - Offline Buddies ကိုရွေးလိုက်ပါ။
Block ထားလားစမ်းမယ့် buddy name ပေါ်မှာ right click ထောက်ပြီး Get Info ကိုရွေးလိုက်ပါ။

သူက ကိုယ့်ကို block လုပ်မထားဘူးဆိုရင် pop-up လေးတတ်လာပြီး သူ့ ရဲ့  information( full name , photo, etc) ဇော်ပြပေးပါလိမ့်မယ်။
အဲ block ထားတယ်ဆိုရင်တော့ pop-up သာတတ်လာပြီး ဘာမှပေါ်မှာ မဟုတ်ပါဘူး။
ဒီမှာတစ်ခုသတိထားရမှာက mail account ကို cancel လုပ်ထားရင်လည်း ဘာမှပေါ်မှာ မဟုတ်ပါဘူး။

mail account ကို cancel လုပ်ထားလားပါ သိချင်ရင်တော့ အဲဒီလူထံ mail ပို့ ကြည့်လိုက်ပါ။
cancel လုပ်ထားရင် Mail Delivery Subsystem ကနေ Delivery to the following recipient failed permanently: ဆိုပြီး reply လာပါလိမ့်မယ်။

ကဲဒီလောက်ဆို Gtalk က မတင်မကျ ရှော့ခ်လေး တွေ ok လောက်ပါပြီနော်

ကျွန်တော်ဝင်ကြည့်ဖြစ်တဲ့ (www.myanmarengineer.org) ဆိုဒ် နဲ့ ဂျာနယ်အချို့က ပြန်လည်ကူးယူဖော်ပြထား ခြင်းဖြစ်ပါတယ်။ နောက်ထပ်ဖတ်သမျှ ဂျီတော့ပ်အသုံးလေးတွေကိုလည်း ပြောပြပါဦးမယ်။

ဇာနည်။

No comments: