Thursday, July 5, 2007

အသားစုံသုပ်



ပါဝင်သည့် ပစ္စည်းများ

ပေါင်းထား (သို့) ပြုတ်ထားသော ၀က်သား - ၁ခွက်ခွဲစာခန့် (ပါးပါးလှီးထားပါ။)
ပေါင်းထား(သို့) ပြုတ်ထားသော ကြက်သား - ၁ခွက်ခွဲစာခန့် (ပါးပါးလှီးထားပါ။)
ပေါင်းထား(သို့) ပြုတ်ထားသောပုဇွန် - ၁ခွက်ခွဲစာခန့် (ပါးပါးလှီးထားပါ။)

အချည်ရည်ပြုလုပ်ရန်

ငရုတ်သီးအနှစ် - စားပွဲတင်ဇွန်း (၃) ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ငါးငံပြာရည် - စားပွဲတင်ဇွန်း (၃) ဇွန်း
သံပုရာရည် - ခွက် ၄ပုံ ၁ပုံခန့်
မန်ကျည်းမှည့်ရည် - စားပွဲတင်ဇွန်း ၂ဇွန်း၊ ၃ဇွန်းခန့်

အဆင့်ဆင့်ချက်ပြုတ်ပုံ

- ငရုတ်သီးအနှစ်၊ ငံပြာရည်၊ သကြားနှင့် မန်ကျီးမှင်္ည့ရည်များကို အိုးထဲထည့်ပါ။ မီးနွေးနွေးဖြင့် အပူပေးပြီး ဆူလာသည်အထိ မွှေပေးပါ။ မီးဖိုပေါ်မှ ချပြီး အနည်းငယ်အေးသွားအောင်ထားပါ။ ပြီးလျှင်သံပုရာရည်လောင်းထည့်ပြီး သမအောင်မွှေပေးပါ။
- အချဉ်ရည်ကို ပန်းကန်လုံးတစ်ခုထဲသို့ ပြောင်းထည့်ပါ။ ၀က်သား၊ကြက်သားနှင့် ပုဇွန်များထည့်ပြီး နှံ့အောင်မွှေပါ။
- စားမည့် ပန်းကန်ထဲတွင် ဆလပ်ရွက်ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် ဥနီများခင်းပါ။ သုတ်ထားသော အသုပ်ကိုထည့်ပါ။ စားခါနီးမှ ထောင်းထားသော မြေပဲအနည်းငယ်ဖြူးထည့်ပေးပါ။

No comments: