မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်း
ကလေးငယ်များအတွက်အခြားသောအရာများထက် ပိုပြီးလိုအပ်တာကတော့ သူတို့ကိုပြုစုစောင့် ရှောက်ခြင်းပဲဖြစ်ပါတယ်။ ဒါကို စိတ်ဝင်စားတဲ့အခါမှာ မိဘတိုင်းဟာကလေငယ်များအား သူတို့ ကိုယ်သူတို့ယုံကြည်မှုရရှိစေရန် သင်ကြားရာတွင်ကူညီရာတွင်ပေးနိုင်ပါတယ်။
အိမ်နဲ့ဝေးကွာနေတဲ့အားလပ်ရက်မှာ
အားလပ်ရက်တွေမှာ အိမ်မှဝေးကွာသောတစ်နေရာရာရောက်နေတဲ့အခါ သင့်ကလေးအနေနဲ့ လွပ်လပ်မှုနဲ့ သူ့ကိုယ်သူယုံကြည်စိတ်ချ မှုရရှို အောင် ကူညီပေးနိုင်ပါတယ်။ သူ့ကိုယ်ပိုင် ပစ္စည်း လေးတွေသန့်သန့်ရှင်း ရှင်းသပ်သပ်ရပ်ရပ် နဲ့ထိန်းသိမ်းတတ်ပြီး ဝေယျာဝစ္စတော်တော်များများ လုပ်တတ်အောင် သင်ကြားကူညီပေးထားရပါမယ်။ ကလေးအများစုအတွက် ကတော့ မိဘအုပ်ထိန်းသူမပါဘဲ သူနှင့်ရွယ်တူ ကလေးများနှင့်အတူ အားလပ် ရက်အတွင်း ရက်တိုစခန်းချထွက်ခြင်းလို ခရီးစဉ်မျိုးဟာ ပထမဦးဆုံး အတွေ့ အကြုံဖြစ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကလည်း နည်းပါးလေ့ရှိပြီး အဖွဲ့ခေါင်းဆောင် တွေဟာလည်း ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ စနစ်တကျ လေ့ကျင့် သင်ကြားပေးထားတဲ့သူဖြစ်ပြီး အတွေ့အကြုံလည်းရှိ တတ်ကြပါတယ်။ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေ စတင်ဆင်နွှဲရပြီဆိုတာနဲ့ မကြာမီအတွင်းမှာပဲ အိမ်ကိုလွမ်းတဲ့ ဝေဒနာတွေဟာ စောစောစီးစီး ကွယ်ပျောက်သွားကြရပါတယ်။ ဒါပေမယ့် အဲဒီလိုလွတ်လွတ်လပ်လပ် လွှတ်ပေးနိုင်တဲ့အရွယ်ဟာ အသက်၉နှစ် ဒါမှမဟုတ် ဘယ်အသက်အရွယ်မှာ အဆင်သင့်ဖြစ်မယ်ဆိုတာကတော့ သင်ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဆုံးဖြတ်ရာမှာ ကလေးရဲ့ စိတ်ဆန္ဒပြင်းပြမှု ရှိ၊ မရှိဆိုတဲ့အချက်က အကောင်းဆုံး လမ်းညွှန်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူ့အတွက် ကောင်းမယ်လို့ သင်ကထင်ပြီး အတင်းတိုက်တွန်း တာမျိုးတော့ မပြုလုပ်သင့်ပါ။
အဲဒီစခန်းတွေဟာ မိဘများလာရောက်လည်ပတ်နိုင်တဲ့ ရက်တွေဖွင့်ပေးလေ့ ရှိပါတယ်။ အရေးကြီးကိစ္စရှိရင်နဲ့ ဖြစ်နိုင်ရင် လိုက်သွားလို့ရနိုင်အောင်ဖြစ် ပါတယ်။ ကလေးအနေနဲ့ အခြားကလေးရဲ့ မိဘတွေရောက်လာပြီး သူ့မိဘတွေ ရောက်မလာရင် ၀မ်းနည်းပြီး အထီးကျန်ဖြစ်နေတတ်ပါတယ်။
မုန့်ဖိုးပိုက်ဆံ
ပိုက်ဆံကို ကိုင်သုံးတတ်တဲ့ စွမ်းရည်ကတော့ သဘာဝအလျောက်ရရှိလာမှာ မဟုတ်ပါဘူး။ သင်ကြားလေ့လာယူခြင်းမှသာ ရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့အများစု အတွက် ငွေကြေးဆိုတာ ကိုယ်လိုအပ်တာထက် အမြဲတမ်းနည်းနေတတ်ပါ တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ သုံးစွဲနည်းအမျိုးမျိုးကို အမြဲတမ်းရွေးချယ် နေကြပါ တယ်။ ကလေးတစ်ယောက်အတွက် ကတော့ သူ့အတွက်ရတဲ့ မုန့်ဖိုး ဟာ ဘယ်လိုအသုံးချရမယ်ဆိုတာသင်ယူဖို့ ပထမဆုံးအခွင့်အရေးဖြစ်ပါတယ်။
(၁) ခြောက်နှစ်အောက်ကလေးများအတွက် သင်နှင့်အတူ ဈေးဝယ်ထွက် တဲ့အခါ ပိုက်ဆံအနည်းငယ်မျှပဲ ပေးသုံးပါ။ သို့မှသာကလေး အနေနဲ့ သူ့ပေးထားတဲ့ ပိုက်ဆံနဲ့ ချိုချဉ်၊ပလုပ်တုတ်ဝယ်ရမလား၊ ရုပ်ပြစာအုပ်ဝယ်ရမလားဆိုတာ ရွေးချယ်တတ်ပြီး ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲအသုံးချရမယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။
(၂) ကလေးကို တစ်ပတ်လျှင် မုန့်ဖိုးဘယ်လောက်ပေးမယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ အခြားကလေးများရဲ့ မိဘများကိုလည်း ဘယ်လောက်နှုန်းနဲ့ပေးနေလဲဆိုတာ မေးမြန်းစုံစမ်းပါ။ ဒါမှသာ သင့်ကလေးအနေနဲ့ သူ့သူငယ်ချင်းတွေရဲ့ မုန့်ဖိုးရတဲ့နှုန်းနဲ့လည်း တူမှာဖြစ်ပါတယ်။
(၃) ၇နှစ် အရွယ်ရောက်လာပြီဆိုရင်တော့ သင်နှင့်အတူထိုင်စေပြီးဝင်ငွေထွက်ငွေ စာရင်းတစ်ခုချရေးကြည့်ပါ။သို့မှသာ ကလေးအတွက် ဘယ်လောက်လိုမယ်၊ ကလေးအနေနဲ့လည်း သူရရှိတဲ့ မုန့်ဖိုးငွေဟာ ဘယ်လောက်အတိုင်းအတာအထိ ၀ယ်ယူသုံးစွဲတယ်ဆိုတာ သိလာမှာဖြစ်ပါတယ်။ကလေးရဲ့ မုန့်ဖိုးဟာ သကြားလုံးနဲ့ အိုက်စခရင် ၀ယ်စားဖို့လောက်ပဲ ဖြစ်နေသလား။ ကိတ်မုန့်တစ်လုံးဝယ်ဖို့လောက်ပဲဖြစ်နေ သလား။ ဒါမှမဟုတ် ဘတ်စ်ကားခလောက်ပဲဖြစ်နေသလားဆိုတာသိလာ နိုင်ပါတယ်။
(၄) ဖြစ်နိုင်ရင် ကလေးရဲ့စုဘူးထဲမှာ ပိုက်ဆံငွေစုခိုင်းပါ။အထူးသဖြင့် မုန့်ဖိုးအထူးရတာ မျိုးကျောင်းပိတ်ရက်အတွက်ရတဲ့ မုန့်ဖိုးတွေကို စုခိုင်းပါ။
(၅) ဆွေမျိုးတွေက လက်ဆောင်အဖြစ် မုန့်ဖိုးပေးရင် အဲဒီမုန့်ဖိုးကို ကလေး ကြိုက်သလို သုံးခွင့်ပြုခြင်းဟာ သဘာဝကျပါတယ်။ မုန့်ဖိုးကသိပ်များ လွန်းနေ ရင်တော့တချို့ တစ်ဝက်ကိုသုံးပြီး ကျန်တဲ့ငွေကို ငွေစုဘဏ်မှာ ထည့်ပြီးစုခိုင်းပါ။
(၆) ကလေးအများစုဟာ အိမ်အလုပ်အချို့ အနည်းငယ်ပိုလုပ်ရတဲ့အတွက် မုန့်ဖိုးအနည်း အကျဉ်းရတာကို ပျော်ရွှင်နှစ်သက်တတ်ကြပါတယ်။
ဒီလိုမုန့်ဖိုးပေးခြင်းသည် အမြဲတမ်းပေးနေရမယ်လို့ မဆိုလိုပါဘူး။ အမြဲတမ်းပေး နေရင် ကြေးစားသဘောမျိုးဖြစ်လာပြီး မုန့်ဖိုးပေးမှပဲ အိမ်အလုပ်လုပ် သလို ဖြစ်လာ ပါလိမ့်မယ်။ ဒါပေမယ့် သူတို့အနေနဲ့ တကယ့်အလုပ်မျိုး ဥပမာ- ကားအတွင်းပိုင်း ဆေးကြောသန့်စင်တာမျိုးလုပ်ပေးတာဆိုရင်တော့ သူတို့လိုချင်တာထက် အနည်း ငယ်လျှော့ပြီး နည်းနည်းပါးပါး ပေးနိုင်ပါတယ်။
ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမား
တွေအကြိုက်ပေါ့ ခင်ဗျာ ...
မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု publlic access centre က
စပေ:ပြီခင်ဗျ
data ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီး
ကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျ
ဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ data ကို tel exchange
ကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာ
မရပြန်ဘူးခင်ဗျာ ..... အွန်လိုင်: ups down တယ်တဲ့ခင်ဗျာ ..... data ဟာ
လိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျ
အခု ဂိုးသမား ကို administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalk
ကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျ
port forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်.
အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc က
မီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာ
ချစ်ခင်လေးစား ရပါသော netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့
ခင်ဗျာ
အခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ back bone ဒေါင်းသွာ:ပြီ
ဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်း
အချစ်ဆိုတာ သူတစ်ပါးဆီက ယူတော့မယ်ဆိုရင် ကိုယ့်ဆီကအချစ်ကိုလည်းပြန်ပေးရတယ်။ များများလိုချင်ရင် များများပေးရတယ်။ ဒါကြောင့် တုံ့ပြန်မှုအရ ကြေကွဲဝမ်းနည်းရတော့မယ်ဆိုရင် လည်း အတူတူပါပဲ။
အပူရှိန်ရှိတဲ့ နေရောင်ကို ရဲရဲဝံ့ဝံ့မျက်နှာချင်းဆိုင်ဝံ့တဲ့အခါ အရိပ်ကသင့်နောက်မှာပဲ နေရတယ်။ အပူရှိန်ကို ရင်မဆိုင်ဝံ့လို့ ကျောခိုင်းလိုက်တဲ့အခါထိုအရိပ်က သင့်ရှေ့ကို ရောက်သွားလိမ့်မယ်။
ဝေဒနာနဲ့ နားကြည်းမှုတွေဟာ လွမ်းဆွတ်ဖွယ်ကောင်းတဲ့ တေးသွားသံစဉ်များ ဖြစ်နိုင်သလို ခံစားချက်ပြည့်ဝသည့် ကဗျာတစ်ပုဒ်လည်း ဖြစ်နိုင်ပါတယ်။ ထိုအရာကို ခွန်အားအဖြစ် ပြောင်းလဲနိုင်သူသာ အောင်မြင်သူတစ်ယောက်ဟု သတ်မှတ်နိုင်ပါတယ်။
The opposite of Love isn't hate – its indifference. If you hate me that means you still care.
MARCIA CROSS on Desperate Housewives.
The firsts go away first love, first baby, first kiss. You have to create new ones.
SARAH JESSICA PARKER in "O" The Oprah Magazine.
If you don't get out of the box you've been raised in, you won't understand how much bigger the world is.
ANGELINA JOLIE
ကျန်းမာသွက်လက်ဥာဏ်ရည်ထက်တဲ့ကလေးဖြစ်ဖို့
မောင်(ဆေးတက္ကသိုလ်)
ကလေးတွေအစာမစားမီစွဲမြဲအောင်ပြုလုပ်ပေးရမယ့် အလေ့အကျင့်ကတော့ လက်ဆေးဖို့ပါပဲ။ လက်ဆေးတယ်ဆိုရာမှာလည်း ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး သန့်ရှင်းစင်ကြယ် သည်အထိ ဆေးရပါမယ်။
တချို့ငယ်သော ကလေးများမှာဆိုရင် သူတို့မျက်နှာကိုပါ သစ်ပေးနိုင်ရင်ပိုကောင်းပါတယ်။ မျက်နှာပေါ်မှာ ဖုန်မှုန့်၊ အမှိုက်များနဲ့ပေကျံနေတတ်ပြီး နှုတ်ခမ်းနားမှာရှိနေတဲ့ အရာဆိုရင် ပါးစပ်ထဲဝင်သွားနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ ကလေးငယ်အတော်များများဟာ ယောက်ျားလေးပဲဖြစ်ဖြစ် မိဘတွေကို ကူညီလုပ်ကိုင်ပေးရတာ ပျော်ရွှင်နှစ်သက်တတ်ကြပါတယ်။ အဲဒီလိုသူတို့ လုပ်ချင်ကိုင်ချင်စိတ် ပူးပေါင်းကူညီချင်စိတ်ရှိတဲ့အချိန်မျိုးမှာ မိဘအုပ်ထိန်းသူများ အနေနဲ့ သူတို့ကို ကျန်းမာသန့်ရှင်းသောအစားအစာ ဖြစ်ရေးအတွက်ပြသ သင်ကြားပေးရန် အခွင့်အလမ်းကောင်းတစ်ရပ်ပါပဲ။
ဈေးက၀ယ်လာတဲ့ ဟင်းသီးဟင်းရွက်များဟာ လတ်လတ်ဆတ်ဆတ်ဆိုရင် ၀ါစိမ်းနီအရောင်စုံပြီး လှလှပပနှင့် ရှုမငြီးစရာဖြစ်နေတာမို့ အရောင်တွေကိုပြပြီး ဘယ်လိုအရောင် ရှိတဲ့အစားအစာတွေ ဟာဘယ်လို အာနိသင်တွေရှိတယ်ဆိုတာမျိုး၊ ဘယ်လိုအဟာရဓာတ်တွေပါတယ်ဆိုတာ မျိုးကြုံ တုန်းမှာ သင်ကြားပေးနိုင်ပါတယ်။ အစေ့၊အသီး၊အရွက်တွေရဲ့ ပုံပန်းသဏ္ဍာန် ၊အပျော့အမာ ထိတွေ့မှုစသည်တို့ကို လက်တွေ့ရှင်းလင်းပြောပြနိုင်ပါတယ်။ ဘယ်လိုချိန်တွယ်ရတယ်။ဘယ်လို လှီးဖြတ်တယ်။ဘယ်လိုအလှဆင်ပြီးပြင်ဆင်ရတယ်။(ဥပမာ-မုန်လာဥနီ ဖြတ်ထားပြီးသား အ၀ိုင်း အကွင်းလေးတွေ နံနံပင်အရွက်ကလေးစသည်ဖြင့်) ဟင်းရွက်ကလေးတွေကို ပန်းကန်ထဲမှာ ဘယ်လိုပြင်ဆင်နေရာချပေးထားခြင်းအားဖြင့် လှပတင့်တယ်တာကို လုပ်ပေးနိုင်တယ်ဆိုတာ လက်တွေ့သင်ကြားပေးခြင်းဖြင့် သူတို့လည်း လိုက်လုပ်ပြီး မိဘကိုကူညီနိုင်ကြောင်း သူတို့သိသွားစေနိုင်တယ်။သူတို့လည်းပျော်ရတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ စူပါမားကတ်တွေ၊စတိုးဆိုင်တွေ သွားတဲ့အခါစားစရာ စည်သွတ်ဘူးတွေဝယ်ယူတဲ့အခါမှာလည်း အဲဒီစည်သွတ်ဘူးတွေပေါ်မှာရေးထားတဲ့ပါဝင်သည့်အဟာရဓာတ်တန်ဖိုးအကြောင်း၊သတ်တမ်းကုန်တဲ့ ရက်စွဲအကြောင်းဖတ်တတ်၊ မှတ်တတ်အောင်သင်ပေးနိုင်ပါတယ်။ ဒါဘာမှခက်တာလည်းမဟုတ်ပါဘူး။ကိုယ်စားမယ့်၊ကိုယ်ဝယ်မယ့် စားစရာထဲမှာ ဘာတွေ ပါတယ်။ ဘယ်လောက်အထိပါတယ်ဆိုတာ သိချင်စိတ်ရှိအောင်ငယ်ငယ်ကတည်းက လေ့ကျင့် ပေးထားခြင်းအားဖြင့် ကြီးလာတဲ့အခါမှာလည်း ကိုယ်စားသင့်၊မစားသင့် ချင့်ချိန်ဆုံးဖြတ် တတ်လာမှာဖြစ်ပါတယ်။ သကြားဓာတ်ကဘယ်လောက်ပါတယ်။ ကယ်လိုရီဘယ်လောက်ပါတယ်။ ဘယ်လိုဗီတာမင်နဲ့ ဘာသတ္တုဓာတ်တွေပါဝင်တယ်။ ဆားအငန်ဓာတ်က ဘယ်လောက်ပါတယ်။အဆီဓာတ်က ဘယ်လောက်ပါတယ်ဆိုတဲ့ ဗဟုသုတတွေငယ်ငယ်လေးကတည်းက ရရှိသွားမှာဖြစ်ပါတယ်။ ဒါမှသာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်တတ်သော လူတစ်ယောက်အဖြစ် ကြီးပြင်းလာပြီး ကျန်းမာတာနဲ့ အလျောက် ဥာဏ်ရည်ဥာဏ်စွမ်းလည်း မြင့်မားသော ကလေးတစ်ယောက်ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။