အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ပါ
HR သမားတစ်ယောက်အတွက် အခက်အခဲဆုံးလို့ပြောလို့ရတဲ့ တာ ဝန်တစ်ခုကိုပြောပါဆိုရင် အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ခြင်းပါပဲ။
Operation နွံကို ပြောတာပါ။ သူဌေးတွေ အလုပ်ရှင်တွေအတွက် Operation မှာ ကိုယ်တိုင်ပါဝင်ကြီးကြပ်ခြင်းဟာ နွံထဲမှာ နစ်မွန်းနေတာနဲ့အတူတူပါပဲ။ ခက်တာက အလုပ်ရှင်အများစုက အဲဒီနွံကို ခုံမင်နေတတ်ကြပြန်ရော။ အလုပ်ရှင်အများစု အထူးသဖြင့် မိရိုးဖလာလုပ်ငန်းငယ်ကနေ ကြီးထွားလာကြတဲ့အလုပ်ရှင်အများစုဟာ အရာရာကို ကိုယ်တိုင်ဖြေရှင်းရမှ နေရာတကာ ဆုံးဖြတ်ချက်ပေးရမှ အသေးအမွှားလေးတွေကအစ သူ့လက်သူ့ခြေဖြစ်ရမှ ကျေနပ်တတ်ကြတယ်။ သဘာဝအရ ဖြစ်တတ်တာ မှန်ပေမယ်လို့ အဲဒါဟာ အမှန်တကယ်တော့ နွံထဲနစ်မှန်းမသိ နစ်နေကြတာပါ။ လုပ်ငန်းတဖြည်းဖြည်းနိမ့်ကျလာနိုင်ချေရှိလို့ အလုပ်ရှင်ကို အဲဒီနွံထဲက ဆွဲထုတ်ရပါမယ်။ ဆွဲထုတ်ရခက်ပါတယ်။ တကယ်တမ်းဝန်ခံရရင် အခက်ဆုံးအလုပ်ပါပဲ။ သာမန် HR သမားတစ်ယောက်အတွက်တော့ လုပ်နိုင်လိမ့်မယ်မထင်ဘူး။
ယာဉ်မောင်းတစ်ယောက်အလုပ်ခန့်တာတောင် ကိုယ်တိုင်အင်တာဗျူး ရမှကျေနပ်တဲ့ အလုပ်ရှင်မျိုးကို ကြုံဖူးပါတယ်။ အလုပ်စတည်ထောင်ကာစနဲ့ အောင်မြင်စမှာ သူတို့ရဲ့အောင်မြင်မှုပီတိကို စားသုံးရင်း ကျေနပ်အားရနေကြတာပါ။ လုပ်ငန်းတစ်ခု အောင်မြင်အောင်ထူထောင်နိုင်ပါတယ်ဆိုတဲ့ ဂုဏ်ကို ရယူခံစားနေတာပါ။ အမှန်က ပန်းဝင်သေးတာမဟုတ်ဘူး။ အဲဒီအချိန်မှာ ပန်းတိုင်က ဘယ်ဆီနေမှန်းတောင်မသိဘူး။ ပန်းတိုင်ဘယ်နားထားရမလဲဆိုတာကိုသာ မှန်းဆလို့ရမယ့်အနေအထားသာ ရှိပါသေးတယ်။
စီးပွားရေးလုပ်တာဟာ ရေရှည်ပန်းတိုင်ထားရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ပန်းတိုင်ငယ်လေးတွေ အများကြီးထားရပါတယ်။ ပန်းတိုင်တစ်ခုနဲ့ တစ်ခုဟာ အချိတ်အဆက်ရှိရပါတယ်။ ပန်းတိုင်တစ်ခုရောက်ရှိတာဟာ နောက်ပန်းတိုင်ကို ဆက်လှမ်းဖို့ အားဖြည့်တာသက်သက်ပါပဲ။ ရပ်နားဖို့ မဟုတ်ပါဘူး အရသာခံဖို့မဟုတ်ပါဘူး။
အဲလိုသဘောတရားတွေကို အလုပ်ရှင်အများစုက မေ့လျော့နေတတ်ကြတယ်။ ငါတို့ပန်းတိုင်ရောက်ပြီပဲဆိုပြီး တက်မထောင်ပြတတ်ကြတယ်။ အောင်မြင်ခြင်းအရသာကို ခံစားရင်း အလုပ်ခွင်ထဲမှာပိတ်မိနေတတ်ကြတာပါ။
ဒါကို HR သမားတွေက သတိဖော်ပေးရမယ်။ ဆွဲထုတ်ရမယ်။ တကယ်တော့ အလုပ်ရှင်ဆိုတာ ကိုယ်တိုင်အလုပ်လုပ်သူ မဟုတ်ဘူး၊ အလုပ်စီစဉ်သူသာဖြစ်ရမယ်။ စာစကားနဲ့ပြောရမယ်ဆို မဟာဗျူဟာချမှတ်သူပေါ့၊ မူဝါဒချမှတ်သူပေါ့။
စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် စတင်အကောင်အထည်ဖော်ရသူသာဖြစ်တယ်။ လုပ်ငန်းတစ်ခုကို စတည်တယ်။ အစစအရာရာ ကိုယ်တိုင်ဝင်လုပ်တယ်။ အရှိန်ရလာတဲ့အထိ လည်ပတ်ပေးတယ်။ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အတိုင်း အကောင်အထည်ပေါ်လာအောင် စမ်းတဝါးဝါး အလုပ်လုပ်တယ်။ သိသူတတ်သူတွေကို မေးမြန်းပြီးဆက်လုပ်တယ်။ အနေအထားတစ်ခုရောက်လာရင် သူ့ကိုအကူအညီပေးနိုင်မယ့်သူတွေ အလုပ်ခွင်ထဲထပ်ထည့်တယ်။ ပြီးရင်လွှဲလို့ရနိုင်သမျှ လွှဲတယ်။ လိုအပ်တာ ညွှန်ကြားတယ်။ အရှိန်မြှင့်တယ်။ ပြီးရင် နောက်ဆုတ်နေလိုက်ပြီးနောက် တစ်လှမ်းချီတက်တယ်။ ဒါအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦး အလုပ်လုပ်ပုံ သဘောတရားပါပဲ။ အဲဒီသဘောတရားကို HR သမားတွေက သိထားရမယ်။ ဒါမှအလုပ်ရှင်ကို ကောင်းကောင်းကူညီနိုင်မှာဖြစ်တယ်။
ဒါဆို အလုပ်ရှင်ကို အလုပ်နွံထဲနစ်မနေအောင် ဘယ်သူက အကောင်အထည်ဖော်မလဲလို့ မေးစရာရှိပါတယ်။ အခြားသူမဟုတ်ပါဘူး။ ဒါကို HR သမားတွေကပဲ အကောင်အထည်ဖော်ပေးရတာပါ။ အလုပ်ရှင်ရဲ့ စိတ်ကူးအိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်မယ့်လူကို HR က ရှာပေးရမယ်။ ယုံကြည်စိတ်ချပြီး အားကိုးရတဲ့လူကောင်းသူကောင်းတွေ ရှာဖွေ ခန့်ထားပေးရမယ်။ အလုပ်ပြီးမြောက်အောင် စနစ်တွေနဲ့ထိန်းမယ်။ အကောင်းဆုံးမဟုတ်တောင် အသင့်တော်ဆုံး နည်းနာတွေနဲ့ ကျားကန်ထား နိုင်တယ်ဆိုရင် အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာဖြစ်လာတဲ့အခါ အလုပ်ရှင်လည်း လူပိုလိုဖြစ်လာလိမ့်မယ်။ အဲဒီအခါကျမှ သူ့နေရာသူ ပြန်သတိရလာလိမ့်မယ်။
HR က တကယ်အလုပ်လုပ်တဲ့ဝန်ထမ်းတွေအတွက် လုပ်ခွင့်ခွင်ဖော်ပေးရမယ်။ တာဝန်ယူရဲအောင် တာဝန်ခံရဲအောင် လမ်းဖောက်ပေးရမယ်။လူကောင်းသူကောင်းရရှိအောင် လုပ်ပေးရတာ HR ရဲ့ အဓိကတာဝန်တစ်ခု။ လုပ်ငန်းတာဝန်တစ်ခုလုံးကို ယုံကြည်စိတ်ချစွာ အပ်လို့ရနိုင်မယ့် လူကောင်းသူကောင်းကလည်း ရွှေထက်တောင်ရှားသေးတယ်။ ဆွေမျိုးရင်းချာတွေကိုလည်း အပြည့်ယုံကြည်လို့မရ။ သားသမီးမြေးမြစ်ကိုလည်း စိတ်ချလက်ချထားလို့မဖြစ်။ ဝန်ထမ်းကောင်းရဖို့ကလည်း ပြည်တန်ပတ္တမြားရှာရတာက ပိုလွယ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ရှိပါတယ်။ လူမွေးပါ။ ကိုယ်လိုချင်တဲ့အနေအထားရအောင် မွေးမြူပါ။ သွန်သင်ပါ။ ဆုံးမပါ။ လက်တွဲလုပ်ပါ။ ယုံကြည်စိတ်ချစွာလွှဲအပ်ပါ။
ဒါကြောင့် အလုပ်ရှင်တွေရဲ့စိတ်ကူးအကြံဉာဏ်တွေ ကွန့်မြူးနေဖို့ အလုပ်ခွင်ကိုစိတ်ချလက်ချထားခဲ့နိုင်ဖို့ HR က လမ်းဖောက်ပေးရမယ်။ ဒါမှသာ လုပ်ငန်းကို အကောင်းဆုံးအနေအထားရောက်အောင် ပြုပြင်ဖာထေးနိုင်မယ်။ မွမ်းမံနိုင်မယ်။ လုပ်ငန်းတွေထပ်တိုးရင်းနှီးနိုင်မယ်၊ လုပ်ငန်းတွေ ချဲ့နိုင်မယ်။ ပွဲအတွင်းဝင်ကစားနေတဲ့ ကစားသမားထက် အပြင်လူက အကွက်ပိုမြင်တယ်ဆိုတာ သိသာပါတယ်။ ကိုယ်တိုင်ဝင်လုပ်ခဲ့ဖူးတော့ အပြင်လူတွေထက် ပိုပြီးခြုံငုံသုံးသပ်နိုင်တာပေါ့ဗျာ။
လွယ်တော့မလွယ်ဘူးနော်။ အလုပ်ရှင်ဆိုတာ လုပ်ငန်းအောင်မြင်ပြီး အကျိုးအမြတ်ခံစားရုံတင်မကဘူး။ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်ဟာ ငါပဲဆိုတာ လူသိထင်ရှားဖြစ်စေချင်သေးတာ။ အတွင်းလူဖြစ်တဲ့ ဝန်ထမ်းတွေတင်မကဘူး။အပြင်လူတွေ ဖောက်သည်တွေ အစိုးရဌာနတွေအထိ ပိုင်ရှင်ဟာသူပဲလို့ တရားဝင်သိစေချင်တယ်။ သူ့အမိန့်သူ့ညွှန်ကြားချက်တွေ ထိရောက်စေချင်တယ်။ လုပ်ငန်းတစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်။ ဒါကြောင့် နေရာတကာပါသလို ဖြစ်နေရတာ။ သူပျိုးခဲ့တဲ့ အပင်လေးအရွယ်ရောက်မှ တစ်ခုခုဖြစ်သွားမှာ ကြောက်တယ်။ အသီးအပွင့်စားရခါနီးမှ လဲပြိုသွားမှာစိုးတယ်။ ရင်းနှီးခဲ့သမျှ ကုန်သွားမှာထက် သူ့လုပ်ငန်း ရေတိမ်နစ်သွားမှာ စိုးရိမ်တယ်။ နောက်တစ်ချက်က သူဟာ အသုံးဝင်တဲ့လူ၊ သူမရှိမဖြစ်ဘူးလို့ အနီးစပ်ဆုံးပတ် ဝန်းကျင်ကလူတွေရဲ့ အသိအမှတ်အပြုခံချင်သေးတာ။ ဒါနဲ့ပဲ ရုံးမထွက်နိုင်ဘဲ ဒီအလုပ်ခွင်ထဲမှာ ပျော်နေတော့တာ။ ကြာတော့ သူ့မှာလည်း အကြံတုန်းဉာဏ်တုန်းဖြစ်ပြီး ငြီးငွေလာတတ်တယ်။ လုပ်ငန်းတိုးတက်နေလား အကျဖက်သွားနေလားဆိုတာတောင် မဝေခွဲတတ်တဲ့ အနေအထားကို ရောက်တတ်တယ်။
ဒါကြောင့် အသစ်အဆန်းတွေရှာဖွေနိုင်အောင်၊ မိတ်ဆွေတွေထပ်တိုးလာအောင် ရင်းနှီးမြှုပ်နှံသူတွေရလာအောင် သူ့အတွက် အချိန်လိုတယ်။အဲဒီအချိန်ကို HR က ရှာပေးရမယ်။ ဖန်တီးပေးရမယ်။
HR က လုပ်ငန်းသဘောကို နားလည်နေရင် လုပ်ငန်းတစ်ခုရဲ့ ဘ၀စက်ဝန်းဘယ်အနေအထားရောက်ပြီဆိုတာ သတိပြုမိမှာပါ။ အစပျိုးအဆင့် ကြီးထွားအဆင့်အောင်မြင်ခြင်းအဆင့် ယုတ်လျော့ခြင်းအဆင့် ကျဆုံးပျက်စီးခြင်းအဆင့်ဆိုပြီး အဆင့်ငါးခုရှိတဲ့အနက် အောင်မြင်ခြင်းအဆင့်လောက်ရောက်နေတဲ့လုပ်ငန်းရဲ့ အလုပ်ရှင်ကို အချိန်မီဆွဲထုတ်နိုင်ဖို့ လိုပါတယ်။ ဒါမှနောက်နှစ်ဆင့်ဟာ အချိန်အတော်လေးကြာမှ ရောက်မှာ။ အကျဖက်ကို သွားနေတဲ့ အချိန်ဆွဲဆန့်ထားနိုင်တယ်လို့ ပြောချင်တာ။
ဒါကြောင့် အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ပါလို့ HR တွေကို အကြံပေးရခြင်းဖြစ်ပါတယ်။
(ဆရာမင်းနိုင်)
(Zawgyi)
အလုပ္ရွင္ကို ႏြံထဲက ဆြဲထုတ္ပါ
HR သမားတစ္ေယာက္အတြက္ အခက္အခဲဆုံးလို႔ေျပာလို႔ရတဲ့ တာ ဝန္တစ္ခုကိုေျပာပါဆိုရင္ အလုပ္ရွင္ကို ႏြံထဲက ဆြဲထုတ္ျခင္းပါပဲ။
Operation ႏြံကို ေျပာတာပါ။ သူေဌးေတြ အလုပ္ရွင္ေတြအတြက္ Operation မွာ ကိုယ္တိုင္ပါဝင္ႀကီးၾကပ္ျခင္းဟာ ႏြံထဲမွာ နစ္မြန္းေနတာနဲ႔အတူတူပါပဲ။ ခက္တာက အလုပ္ရွင္အမ်ားစုက အဲဒီႏြံကို ခုံမင္ေနတတ္ၾကျပန္ေရာ။ အလုပ္ရွင္အမ်ားစု အထူးသျဖင့္ မိ႐ိုးဖလာလုပ္ငန္းငယ္ကေန ႀကီးထြားလာၾကတဲ့အလုပ္ရွင္အမ်ားစုဟာ အရာရာကို ကိုယ္တိုင္ေျဖရွင္းရမွ ေနရာတကာ ဆုံးျဖတ္ခ်က္ေပးရမွ အေသးအမႊားေလးေတြကအစ သူ႔လက္သူ႔ေျချဖစ္ရမွ ေက်နပ္တတ္ၾကတယ္။ သဘာဝအရ ျဖစ္တတ္တာ မွန္ေပမယ္လို႔ အဲဒါဟာ အမွန္တကယ္ေတာ့ ႏြံထဲနစ္မွန္းမသိ နစ္ေနၾကတာပါ။ လုပ္ငန္းတျဖည္းျဖည္းနိမ့္က်လာႏိုင္ေခ်ရွိလို႔ အလုပ္ရွင္ကို အဲဒီႏြံထဲက ဆြဲထုတ္ရပါမယ္။ ဆြဲထုတ္ရခက္ပါတယ္။ တကယ္တမ္းဝန္ခံရရင္ အခက္ဆုံးအလုပ္ပါပဲ။ သာမန္ HR သမားတစ္ေယာက္အတြက္ေတာ့ လုပ္ႏိုင္လိမ့္မယ္မထင္ဘူး။
ယာဥ္ေမာင္းတစ္ေယာက္အလုပ္ခန႔္တာေတာင္ ကိုယ္တိုင္အင္တာဗ်ဴး ရမွေက်နပ္တဲ့ အလုပ္ရွင္မ်ိဳးကို ႀကဳံဖူးပါတယ္။ အလုပ္စတည္ေထာင္ကာစနဲ႔ ေအာင္ျမင္စမွာ သူတို႔ရဲ႕ေအာင္ျမင္မႈပီတိကို စားသုံးရင္း ေက်နပ္အားရေနၾကတာပါ။ လုပ္ငန္းတစ္ခု ေအာင္ျမင္ေအာင္ထူေထာင္ႏိုင္ပါတယ္ဆိုတဲ့ ဂုဏ္ကို ရယူခံစားေနတာပါ။ အမွန္က ပန္းဝင္ေသးတာမဟုတ္ဘူး။ အဲဒီအခ်ိန္မွာ ပန္းတိုင္က ဘယ္ဆီေနမွန္းေတာင္မသိဘူး။ ပန္းတိုင္ဘယ္နားထားရမလဲဆိုတာကိုသာ မွန္းဆလို႔ရမယ့္အေနအထားသာ ရွိပါေသးတယ္။
စီးပြားေရးလုပ္တာဟာ ေရရွည္ပန္းတိုင္ထားရပါတယ္။ တစ္နည္းေျပာရမယ္ဆိုရင္ ပန္းတိုင္ငယ္ေလးေတြ အမ်ားႀကီးထားရပါတယ္။ ပန္းတိုင္တစ္ခုနဲ႔ တစ္ခုဟာ အခ်ိတ္အဆက္ရွိရပါတယ္။ ပန္းတိုင္တစ္ခုေရာက္ရွိတာဟာ ေနာက္ပန္းတိုင္ကို ဆက္လွမ္းဖို႔ အားျဖည့္တာသက္သက္ပါပဲ။ ရပ္နားဖို႔ မဟုတ္ပါဘူး အရသာခံဖို႔မဟုတ္ပါဘူး။
အဲလိုသေဘာတရားေတြကို အလုပ္ရွင္အမ်ားစုက ေမ့ေလ်ာ့ေနတတ္ၾကတယ္။ ငါတို႔ပန္းတိုင္ေရာက္ၿပီပဲဆိုၿပီး တက္မေထာင္ျပတတ္ၾကတယ္။ ေအာင္ျမင္ျခင္းအရသာကို ခံစားရင္း အလုပ္ခြင္ထဲမွာပိတ္မိေနတတ္ၾကတာပါ။
ဒါကို HR သမားေတြက သတိေဖာ္ေပးရမယ္။ ဆြဲထုတ္ရမယ္။ တကယ္ေတာ့ အလုပ္ရွင္ဆိုတာ ကိုယ္တိုင္အလုပ္လုပ္သူ မဟုတ္ဘူး၊ အလုပ္စီစဥ္သူသာျဖစ္ရမယ္။ စာစကားနဲ႔ေျပာရမယ္ဆို မဟာဗ်ဴဟာခ်မွတ္သူေပါ့၊ မူဝါဒခ်မွတ္သူေပါ့။
စိတ္ကူးအိပ္မက္ေတြကို လက္ေတြ႕ျဖစ္လာေအာင္ စတင္အေကာင္အထည္ေဖာ္ရသူသာျဖစ္တယ္။ လုပ္ငန္းတစ္ခုကို စတည္တယ္။ အစစအရာရာ ကိုယ္တိုင္ဝင္လုပ္တယ္။ အရွိန္ရလာတဲ့အထိ လည္ပတ္ေပးတယ္။ စိတ္ကူးထဲမွာ ပုံေဖာ္ထားတဲ့အတိုင္း အေကာင္အထည္ေပၚလာေအာင္ စမ္းတဝါးဝါး အလုပ္လုပ္တယ္။ သိသူတတ္သူေတြကို ေမးျမန္းၿပီးဆက္လုပ္တယ္။ အေနအထားတစ္ခုေရာက္လာရင္ သူ႔ကိုအကူအညီေပးႏိုင္မယ့္သူေတြ အလုပ္ခြင္ထဲထပ္ထည့္တယ္။ ၿပီးရင္လႊဲလို႔ရႏိုင္သမွ် လႊဲတယ္။ လိုအပ္တာ ၫႊန္ၾကားတယ္။ အရွိန္ျမႇင့္တယ္။ ၿပီးရင္ ေနာက္ဆုတ္ေနလိုက္ၿပီးေနာက္ တစ္လွမ္းခ်ီတက္တယ္။ ဒါေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ဦး အလုပ္လုပ္ပုံ သေဘာတရားပါပဲ။ အဲဒီသေဘာတရားကို HR သမားေတြက သိထားရမယ္။ ဒါမွအလုပ္ရွင္ကို ေကာင္းေကာင္းကူညီႏိုင္မွာျဖစ္တယ္။
ဒါဆို အလုပ္ရွင္ကို အလုပ္ႏြံထဲနစ္မေနေအာင္ ဘယ္သူက အေကာင္အထည္ေဖာ္မလဲလို႔ ေမးစရာရွိပါတယ္။ အျခားသူမဟုတ္ပါဘူး။ ဒါကို HR သမားေတြကပဲ အေကာင္အထည္ေဖာ္ေပးရတာပါ။ အလုပ္ရွင္ရဲ႕ စိတ္ကူးအိပ္မက္ကို ဆက္လက္အေကာင္အထည္ေဖာ္မယ့္လူကို HR က ရွာေပးရမယ္။ ယုံၾကည္စိတ္ခ်ၿပီး အားကိုးရတဲ့လူေကာင္းသူေကာင္းေတြ ရွာေဖြ ခန႔္ထားေပးရမယ္။ အလုပ္ၿပီးေျမာက္ေအာင္ စနစ္ေတြနဲ႔ထိန္းမယ္။ အေကာင္းဆုံးမဟုတ္ေတာင္ အသင့္ေတာ္ဆုံး နည္းနာေတြနဲ႔ က်ားကန္ထား ႏိုင္တယ္ဆိုရင္ အဖြဲ႕အစည္းတစ္ခု ခိုင္ခိုင္မာမာျဖစ္လာတဲ့အခါ အလုပ္ရွင္လည္း လူပိုလိုျဖစ္လာလိမ့္မယ္။ အဲဒီအခါက်မွ သူ႔ေနရာသူ ျပန္သတိရလာလိမ့္မယ္။
HR က တကယ္အလုပ္လုပ္တဲ့ဝန္ထမ္းေတြအတြက္ လုပ္ခြင့္ခြင္ေဖာ္ေပးရမယ္။ တာဝန္ယူရဲေအာင္ တာဝန္ခံရဲေအာင္ လမ္းေဖာက္ေပးရမယ္။လူေကာင္းသူေကာင္းရရွိေအာင္ လုပ္ေပးရတာ HR ရဲ႕ အဓိကတာဝန္တစ္ခု။ လုပ္ငန္းတာဝန္တစ္ခုလုံးကို ယုံၾကည္စိတ္ခ်စြာ အပ္လို႔ရႏိုင္မယ့္ လူေကာင္းသူေကာင္းကလည္း ေ႐ႊထက္ေတာင္ရွားေသးတယ္။ ေဆြမ်ိဳးရင္းခ်ာေတြကိုလည္း အျပည့္ယုံၾကည္လို႔မရ။ သားသမီးေျမးျမစ္ကိုလည္း စိတ္ခ်လက္ခ်ထားလို႔မျဖစ္။ ဝန္ထမ္းေကာင္းရဖို႔ကလည္း ျပည္တန္ပတၱျမားရွာရတာက ပိုလြယ္မယ္ထင္ပါတယ္။ ဒါေပမဲ့ ရွိပါတယ္။ လူေမြးပါ။ ကိုယ္လိုခ်င္တဲ့အေနအထားရေအာင္ ေမြးျမဴပါ။ သြန္သင္ပါ။ ဆုံးမပါ။ လက္တြဲလုပ္ပါ။ ယုံၾကည္စိတ္ခ်စြာလႊဲအပ္ပါ။
ဒါေၾကာင့္ အလုပ္ရွင္ေတြရဲ႕စိတ္ကူးအႀကံဉာဏ္ေတြ ကြန႔္ျမဴးေနဖို႔ အလုပ္ခြင္ကိုစိတ္ခ်လက္ခ်ထားခဲ့ႏိုင္ဖို႔ HR က လမ္းေဖာက္ေပးရမယ္။ ဒါမွသာ လုပ္ငန္းကို အေကာင္းဆုံးအေနအထားေရာက္ေအာင္ ျပဳျပင္ဖာေထးႏိုင္မယ္။ မြမ္းမံႏိုင္မယ္။ လုပ္ငန္းေတြထပ္တိုးရင္းႏွီးႏိုင္မယ္၊ လုပ္ငန္းေတြ ခ်ဲ႕ႏိုင္မယ္။ ပြဲအတြင္းဝင္ကစားေနတဲ့ ကစားသမားထက္ အျပင္လူက အကြက္ပိုျမင္တယ္ဆိုတာ သိသာပါတယ္။ ကိုယ္တိုင္ဝင္လုပ္ခဲ့ဖူးေတာ့ အျပင္လူေတြထက္ ပိုၿပီးၿခဳံငုံသုံးသပ္ႏိုင္တာေပါ့ဗ်ာ။
လြယ္ေတာ့မလြယ္ဘူးေနာ္။ အလုပ္ရွင္ဆိုတာ လုပ္ငန္းေအာင္ျမင္ၿပီး အက်ိဳးအျမတ္ခံစား႐ုံတင္မကဘူး။ ဒီလုပ္ငန္းရဲ႕ ပိုင္ရွင္ဟာ ငါပဲဆိုတာ လူသိထင္ရွားျဖစ္ေစခ်င္ေသးတာ။ အတြင္းလူျဖစ္တဲ့ ဝန္ထမ္းေတြတင္မကဘူး။အျပင္လူေတြ ေဖာက္သည္ေတြ အစိုးရဌာနေတြအထိ ပိုင္ရွင္ဟာသူပဲလို႔ တရားဝင္သိေစခ်င္တယ္။ သူ႔အမိန႔္သူ႔ၫႊန္ၾကားခ်က္ေတြ ထိေရာက္ေစခ်င္တယ္။ လုပ္ငန္းတစ္ခုခုျဖစ္သြားမွာ စိုးရိမ္တယ္။ ဒါေၾကာင့္ ေနရာတကာပါသလို ျဖစ္ေနရတာ။ သူပ်ိဳးခဲ့တဲ့ အပင္ေလးအ႐ြယ္ေရာက္မွ တစ္ခုခုျဖစ္သြားမွာ ေၾကာက္တယ္။ အသီးအပြင့္စားရခါနီးမွ လဲၿပိဳသြားမွာစိုးတယ္။ ရင္းႏွီးခဲ့သမွ် ကုန္သြားမွာထက္ သူ႔လုပ္ငန္း ေရတိမ္နစ္သြားမွာ စိုးရိမ္တယ္။ ေနာက္တစ္ခ်က္က သူဟာ အသုံးဝင္တဲ့လူ၊ သူမရွိမျဖစ္ဘူးလို႔ အနီးစပ္ဆုံးပတ္ ဝန္းက်င္ကလူေတြရဲ႕ အသိအမွတ္အျပဳခံခ်င္ေသးတာ။ ဒါနဲ႔ပဲ ႐ုံးမထြက္ႏိုင္ဘဲ ဒီအလုပ္ခြင္ထဲမွာ ေပ်ာ္ေနေတာ့တာ။ ၾကာေတာ့ သူ႔မွာလည္း အႀကံတုန္းဉာဏ္တုန္းျဖစ္ၿပီး ၿငီးေငြလာတတ္တယ္။ လုပ္ငန္းတိုးတက္ေနလား အက်ဖက္သြားေနလားဆိုတာေတာင္ မေဝခြဲတတ္တဲ့ အေနအထားကို ေရာက္တတ္တယ္။
ဒါေၾကာင့္ အသစ္အဆန္းေတြရွာေဖြႏိုင္ေအာင္၊ မိတ္ေဆြေတြထပ္တိုးလာေအာင္ ရင္းႏွီးျမႇဳပ္ႏွံသူေတြရလာေအာင္ သူ႔အတြက္ အခ်ိန္လိုတယ္။အဲဒီအခ်ိန္ကို HR က ရွာေပးရမယ္။ ဖန္တီးေပးရမယ္။
HR က လုပ္ငန္းသေဘာကို နားလည္ေနရင္ လုပ္ငန္းတစ္ခုရဲ႕ ဘ၀စက္ဝန္းဘယ္အေနအထားေရာက္ၿပီဆိုတာ သတိျပဳမိမွာပါ။ အစပ်ိဳးအဆင့္ ႀကီးထြားအဆင့္ေအာင္ျမင္ျခင္းအဆင့္ ယုတ္ေလ်ာ့ျခင္းအဆင့္ က်ဆုံးပ်က္စီးျခင္းအဆင့္ဆိုၿပီး အဆင့္ငါးခုရွိတဲ့အနက္ ေအာင္ျမင္ျခင္းအဆင့္ေလာက္ေရာက္ေနတဲ့လုပ္ငန္းရဲ႕ အလုပ္ရွင္ကို အခ်ိန္မီဆြဲထုတ္ႏိုင္ဖို႔ လိုပါတယ္။ ဒါမွေနာက္ႏွစ္ဆင့္ဟာ အခ်ိန္အေတာ္ေလးၾကာမွ ေရာက္မွာ။ အက်ဖက္ကို သြားေနတဲ့ အခ်ိန္ဆြဲဆန႔္ထားႏိုင္တယ္လို႔ ေျပာခ်င္တာ။
ဒါေၾကာင့္ အလုပ္ရွင္ကို ႏြံထဲက ဆြဲထုတ္ပါလို႔ HR ေတြကို အႀကံေပးရျခင္းျဖစ္ပါတယ္။
(ဆရာမင္းႏိုင္)
No comments:
Post a Comment