ဗုဒ္ဓ ရဲ့ နောက်ဆုံး စကားတော်
..........................................
ဗုဒ္ဓရဲ့နောက်ဆုံးစကားတော် ကို
တထာဂတပစ္ဆိဝါစာ ( the last word of the Buddha) ဆိုပြီး ဒီဃနိကာယ် မဟာဝဂ္ဂ မှာ တွေ့ရပါတယ်။
(တထာဂတ = ဘုရားရှင်၊ ပစ္ဆိမ = နောက် ဆုံးဖြစ်သော၊ ဝါစာ= စကားတော်)
တထာဂတပစ္ဆိမ ဝါစာ လို့ခေါ်တဲ့ ဗုဒ္ဓရဲ့ နောက်ဆုံးစကားတော်ဟာ သံဃာ့ရဲ့အဖွဲ့ အစည်းအတွက် အရေးပါတဲ့အနှစ်ချုပ်စကားလို့ ဆိုရပါမယ်။
ဗုဒ္ဓရဲ့နောက်ဆုံးစကားတော်ဟာ ၄၅ ဝါကာလပတ်လုံး မရှင်းမလင်းဖြစ်နေတဲ့
ဝိရောဓိ အတွေးတွေကို အတိုဆုံး
အကျဉ်းဆုံးနဲ့ အထိရောက်ဆုံးမိန့်မှာခဲ့
တယ် အရေးပါတဲ့ သမိုင်းဝင် စကားဖြစ်ပါတယ်။
သံသယ Doubt နဲ့ ဘက်လိုက်မှု Prejudice တွေကို မကျန်ရစ်အောင်
အနာဂတ် သံဃာ့အဖွဲ့ အစည်းအတွက် ရှင်းလင်းဖြေရှင်းပေးခဲ့ တဲ့ စကားတွေလည်းဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ နောက်ဆုံးစကားတော်ကို ကြည့်ရင် သံဃာ့အဖွဲ့အစည်းရဲ့
ပေါ်ပေါက်ပြီး ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက်လတ္တံ့ သော အပိုင်းသုံးပိုင်း ကိုတွေ့ရပါတယ်။
သံဃာ့အဖွဲ့အစည်းအတွက် မှာ ကြားတဲ့ ဗုဒ္ဓစကားတော်က အချက် ၆ ချက်ရှိပါတယ်။
၁။ Discipline and Teaching
.....................................
အချက် ၁ မှာ ကြုံတွေ့ရမယ့်အပိုင်းကို ပြော တယ်လို့ အနက်ကို ကောက်ချက် ချလို့ရပါတယ်။
ဗုဒ္ဓ ပြောတဲ့ စကားတော်တွေထဲမှာ
''အာနန္ဒာ 'တရားစကားတော်သည် ဟောကြားသော ဆရာ (ဘုရား) မှ ကင်းကွာခဲ့ပြီ၊ ငါတို့၏ဆရာ (ဘုရား) သည် မရှိတော့ပြီ'ဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်းဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်အပ်။ အာနန္ဒာ ငါ ဟောကြားပညတ်ထားသော တရားတော်နှင့်ဝိနည်းတော်သည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာ (ဘုရား) ပင် ဖြစ်ပေ၏။" ဆိုတဲ့
ဘုရားမရှိတော့ဘူး ဆိုပြီး ထင်မှတ်ခြင်းသော်လည်းဖြစ်ရာ၏
ဆိုတဲ့ စကားရပ်ဟာ အနာဂတ်ကာလ ကို ရည်ရွယ်ပြီး ပြောတဲ့ စကားရပ်
ဆို တာ ထင်ရှားပါတယ်။
သံဃာ့အဖွဲ့အစည်းတစ်ရပ်ဟာ
အနာဂတ်ကာလမှာ ပြဿနာရပ်တွေ ကြုံတွေ့ရတဲ့အခါ ဆုံးဖြတ်ပေးရမယ့်
ဗုဒ္ဓ မရှိတော့ဘူးဆိုရင် ဘယ်လို လုပ်ရမယ့် ဆိုတဲ့ အနာဂတ်လမ်းညွှန်ချက်ဖြစ်ပါတယ်။
သံဃာ့အဖွဲ့ အစည်းရဲ့ တည်တံ့မှုကို
အခြေတည်စဉ်းစားတဲ့အခါ
ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု Personalization နဲ့
အဖွဲ့ အစည်းပြုခြင်း Instutionalization နှစ်ခုကြားကွဲပြား ပေးခဲ့တာ တွေ့ရပါတယ်။
သံဃာ့အဖွဲ့အစည်း ရေရှည်တည်တံ့ဖို့ ဆိုရင် လူ (person) နဲ့ မူ (policy) ကို ကွဲပြားဖို့လိုပါတယ်။
အဖွဲ့အစည်းပြုခြင်း
Institutionalization ခိုင်မာဖို့
မူ (policy) ကို သာ အဓိက ထားဖို့ မိန့်ကြားချက်က မှတ်သားစရာကောင်းပါတယ်။
နောက်ပိုင်း အဖွဲ့အစည်း Institution တည်ဆောက်မှု အပိုင်း တွေမှာ
မူ (policy) က အရေးကြီးတယ်ဆိုတာ နောက်မှ တဖြည်းဖြည်း သဘောပေါက်ပေါက်လာကြပါတယ်။
ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ စီအီးအို (CEO) စတိဗ် ဂျော့ဗ် Steve Jobs ကွယ်လွန်သွားပေမယ့် Apple ကုမ္ပဏီ ကြီး မပြိုလဲ သွားဘူး၊ မပျောက်ကွယ်သွားဘူး ဆိုတာ မူဝါဒ policy က ခိုင်လို့ပါ။ ကုမ္ပဏီတည်ရှိခြင်းအကြောင်းအရာဟာ မူဝါဒခိုင်မာမှု ပေါ် မှာ ထိုင်ထားလို့ ပါ။
ဒါကြောင့်ဗုဒ္ဓ က အတန်တန်မှာ ကြားတဲ့စကားမှာ မူဝါဒ နဲ့ နည်းလမ်းကျင့်စဉ် ဟာ အဖွဲ့အစည်းတစ်ခု ရှင်သန်ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ အရင်းအမြစ် ဖြစ်တယ် ဆိုတာပါပဲ။ ဖ
ဗုဒ္ဓ မှာကြားခဲ့တဲ့ ဝိနည်းစည်းကမ်းတွေဟာ သံဃာ အဖွဲ့အစည်းအတွက်
မူဝါဒဖြစ်ပါတယ်။ ဓမ္မတရားတော်တွေကတော့ နည်းလမ်းကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်းဟာ ဗုဒ္ဓရဲ့တည်ရှိမှု personelization အပေါ်မှာသာ အမှီပြုမှုကဲသွားတာနဲ့ အဖွဲ့အစည်းအန္တရာယ်ပေါ်ပေါက်နိုင်တယ်ဆိုတာ
ဗုဒ္ဓက တင်ကူးသတိပြုမိခဲ့တာ ထင်ရှားလှပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းကနေ ယနေ့ထိတိုင် ရှင်သန်ကျန်ရစ်စေတဲ့ မောင်းနှင်အားက
မူဝါဒ နဲ့နည်းလမ်းကျင့်စဉ် နှစ်ရပ် ပေါ်မှာမှီတည်နေလို့ ဆိုနိုင်ပါတယ်။
ဗုဒ္ဓက ပရိနဗ္ဗာန်စံဝင်တော်မူကာနီးမှာ
သတိပေးမှာကြား ချက်ဟာ သံဃာ့အဖွဲ့အစည်းရေရှည်တည်တံ့ ခြင်း
Sustainability အတွက် အရေးပါလှပါတယ်။
၂။ Mutual respect
..............................
နောကိဆုံးစကားတော် အချက် ၂ က
အခေါ်အဝေါ်ပါ။
ငါ့သျှင် 'အာဝုသော' ဆိုတဲ့ စကားနဲ့ (ကြီးငယ်မရွေး) ခေါ်ပြာနေတာကို
ငါကွယ်လွန်တဲ့အခါ အဲသလို မခေါ်
ပါစေနဲ့ လို့ဆိုပါတယ်။
ထေရ်ကြီးဝါကြီးတွေက ဝါငယ်တဲ့ ရဟန်းတွေကို ငါ့သျှင် 'အာဝုသော' လို့ခေါ်တာ သင့်တော်ပေမယ့်
ရဟန်းသက်နု သေးတဲ့ ရဟန်းတွေဟာ ထေရ်ကြီးဝါကြီးရဟန်း တွေကို
ငါ့သျှင် "အာဝုသော" လို့ ခါ်တာ မသင့်တော်ဘူးလို့ ဆိုပါတယ်။
ရိုရိုသေသေဖြစ်စေတဲ့ အသျှင်ဘုရား 'ဘန္တေ' လို့ပဲဖြစ်ဖြစ် အသျှင် 'အာယသ္မာ' လို့ ပဲဖြစ်ဖြစ် ခေါ်ဝေါ်ပါ လို့ ဆိုပါတယ်။
ဒုတိယအချက်အနေနဲ့ အခေါ်အဝေါ် ကို အရေးတကြီး ထောက်ပြတာ စဉ်းစားစရာကောင်းလှပါတယ်။
သာသနာတော်တည်မြဲရေး Sustainability မှာ အပြန်အလှန်လေးစားမှု mutual respect ကို ဖြစ်စေတဲ့ဘအခေါ်အဝေါ်က အရေးပါလှပါတယ်။
ဗုဒ္ဓထောက်ပြမှ အခေါ်အဝေါ်နဲ့ အလေးထားဆက်ဆံမှုဟာ အဖွဲ့အစည်းးတစ်ခုရဲ့ စီးကပ်ပေါင်းစည်းမှု Social cohesiveness အတွက် အရေးပါတယ် ဆိုတာပါပဲ။
မထီမဲ့မြင်ပြုတာ အခေါ်အဝေါ် တွေနဲ့ အထင်သေးရှုပ်ချတာဟာ အဖွဲ့အစည်းတစ်ခုရဲ့ ရေရှည် တည်မြဲမှုကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဆိုတာ ကို ဗုဒ္ဓက ကြိုတင်တွက်ဆခဲ့ ပြီး မီးပွားကိုာအရင်ငြိမ်းသတ်နိုင်ခဲ့တာကြောင့်လည်း ၂၆၀၀ ကျော်က သံဃာ့အဖွဲ့အစည်းဟာ ယနေ့အချိန်ထိ ကြံ့ကြံ့ခံနေတာပါ။
၃။ Residual Power and Collective decisive power
......................................
တတိယအချက်ကတော့.
အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေကို နုတ်ပယ်ချင်ရင် နုတ်ပယ်ဆိုပြီး ဆိုခဲ့ပါတယ်။
ဒီအချက်မှာပါတဲ့ အသေးအနုပ်သိက္ခာပုဒ်တွေကို ပြင်ခွင့်ပေးတာဟာ
သံဃာ့အဖွဲ့အစည်းရဲ့ လက်ထဲကို အကြွင်းအကျန်အာဏာ residual power ကို ထည့်ပေးခဲ့ခြင်းဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်းရဲ့ သိက္ခာပုဒ်အသေးလေးတွေကို ခေတ်သစ် လူ့အဖွဲ့ အစည်းနဲ့ကိုက်ညီအောင် ပြုပြင်ခွင့် အာဏာကို သံဃာ့အဖွဲ့အစည်းထဲ အပ်ခဲ့တာလည်းဖြစ်ပါတယ်။
တိရစ္ဆာန်တွေနဲ့ မောင်းနှင်ရတဲ့ ယာဉ်တွေ မစီးရဘူးလို့ ဝိနည်းတော်မှာ တားမြစ်ထားပေမယ့် စက်တပ် လေယာဉ်ပျံတွေပေါ်ပေါက်လာတဲ့အခါ စီးသင့်မစီးသင့် ဆိုတာ အကြောင်းအကျိုး သင့်ဆီလျှော်မှုတွေကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာကို သံဃာ့အဖွဲ့အစည်းလက်ထဲ ထည့်ပေးခဲ့ တာဖြစ်ပါတယ်။
ရဟန်းတစ်ပါးတည်းရဲ့ လက်ထဲကို ဆုံးဖြတ်ခွင့်ကို အပ်နှံခဲ့တာမဟုတ်ဘဲ
သံဃာ့အဖွဲ့အစည်းက စုပေါင်းဆုံးဖြတ်တဲ့အာဏာ collective decisive power ကို ထည့်ပေးခဲ့တာ ထူးခြားလှပါတယ်။
သင်္ဂါယနာတွေကို လေ့လာတဲ့အခါ သင်္ဂါယနာတင်တာဟာ ဗုဒ္ဓပေးခဲတဲ့ အကြွင်းအကျန်အာဏာ Residual power အရ သံဃာတော်တွေ စုပေါင်းဆုံးဖြတ်မှု Collective decisive power ကို ကျင့်သုံးခြင်း ဖြစ်တာတွေ့ရပါတယ်။
အကြွင်းအကျန်အာဏာနဲ့ စုပေါင်းဆုံးဖြတ်မှုဟာ လူ့အဖွဲ့အစည်းနဲ့ အချိန်ကာလရဲ့ရွေ့လျောပြောင်းလဲမှုတွေကို
ဆင်ခြင်သုံးသပ်ပြုပြင်စေခြင်းသာဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရား ရွေ့လျောသွားနိုင်တဲ့ သိက္ခာပုဒ်မျိုးနဲ့အဖွဲအစည်းရဲ့ တည်မြဲမှုကို ခြိမ်းခြောက်နိုင်တဲ့ သိက္ခာပုဒ်မျိုးတွေကို မထိပါစေဖို့
အသေးအနုပ်သိက္ခာပုဒ် ဆိုတဲ့ စကားလုံးနဲ့ ပြုပြင်ပြောင်းလဲရေးဘောင်ကို ကွပ်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၄။ Social Outcast
စတုတ္ထ အချက်
အာနန္ဒာ ငါကွယ်လွန်သောအခါမှာ ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးအပ်၏''လို့ (မိန့်တော်မူ၏)။
အသျှင်ဘုရား ဗြဟ္မဒဏ် ဆို ဘာလဲ လို့ ဗုဒ္ဓကို ပြန်မေး မြန်းလျောက်ထားရပါတယ်။
ဆန္နရဟန်း ပြောဆိုလိုရာ (စကား) ကို ပြောဆိုပါစေ။ ဒါပေမဲ့
ရဟန်းအားလုံး အဲဒီ (ဆန္နရဟန်း) ကို မပြောဆိုနဲ့ ၊ မဆုံးမနဲ့ ၊ မကံမြစ်နဲ့ အဲသလို ပယ်ထားတာကို ဗြဟ္မဒဏ်လို့ခေါ် တယ်လို့ ဗုဒ္ဓ ကဆိုပါတယ်။
အဖွဲ့အစည်းထဲကနေ အသိတရားရအောင် ကြဉ်လိုက်တာမျိုးဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်းထဲမှာ ဗုဒ္ဓ ဖွားဘက်ျတာ်ဆိုတဲ့ သမိုင်းကြောင်း နောက်ခံအားကိုးနဲ့ ထင်တိုင်းကြဲနေတာဟာ သံဃာ့အဖွဲ့အစည်းရဲ့ တည်ငြိမ် မှုကို ဟန်ချက်ပျက်စေပါတယ်။
ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ ဝိနည်းတွေမှာ ဆွေမျိုးမရှိ၊ ညီအစ်ကိုမရှိ၊ ဆရာ့တပည့်မရှိ၊ သားအဖ မရှိ၊ ဖွားဖက်တော် မရှိ ဆိုတာကို သက်သေပြသွားတာဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ဖွားဖက်တော် ကိုတော်တောင် ဒီလို ပြတ်သားတဲ့ ဗြဟ္မဒဏ်ထားခဲ့တာဟာ အဖွဲ့အစည်းက မျက်နှာကြီးရာ ဟင်းဖတ်ပါ စရာမလိုဘူးလို့ ပြောတဲ့ သက်သေပါပဲ။
အနာဂတ်သာသနာရေးကို စဉ်းစားတဲ့အခါ ပုဂ္ဂိုလ်ရေး အလိုလိုက်မှုဟာ အဖွဲ့အစညွးဖွံ့ဖြိုးရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကိုသိတဲ့အတွက် ပရိနိဗ္ဗာန်မစံခင် ရှင်းရှင်းလင်း ဖြစ်စေခဲ့ပါတယ်။
ကျောသားရင်သားမခွဲကြားတဲ့ဝိနည်းတော်နဲ့ သံဃာ့အဖွဲ့အစည်းကို အစွဲကင်းကင်းယုံယုံကြည်ကြည်ရှေ့ဆက်စေခဲ့ပါတယ်။
၅။ Trust Building
.................................
''ရဟန်းတို့ ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ ဖြစ်စေ
ယုံမှားတွေးတောခြင်းဖြစ်ရင်
မေးမြန်းဖို့ ဗုဒ္ဓကိုယ်တိုင် တိုက်တွန်းပါတယ်။
ဗုဒ္ဓ က ဘယ်လိုစဉ်းစားသလဲဆိုရင်
'ဗုဒ္ဓ ငါတို့ရဲ့ မျက်မှောက်မှာ ထင်ရှားရှိခဲ့ ပါလျက်နဲ့ ငါတို့ မမေးလိုက်ရလေခြင်း ဆိုပြီး နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်အောင် မေးဖို့တိုက်တွန်းတာဖြစ်ပါတယ်။
ဒီနေရာမှာ အဖွဲ့အစည်းတစ်ခု Institution အရကြည့်ရင် သံဃာ့အဖွဲ့အစည်းမှာ
ဗုဒ္ဓ ဆိုတာ အဖွဲ့အစည်းရဲ့ founder ပါ။
တရားဆိုတာ အဖွဲ့အစည်းတစ်ခု ရဲ့အရေးပါတဲ့ စည်းမျဉ်းစည်းကမ်း နည်းဥပဒေပါ။
သံဃာတော် ဆိုတာ အဖွဲ့အစည်းတစ်ခုအတွင်းရင်းနှီမြုပ်နှံထားတဲ့ members တွေပါပဲ။
အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ အဲဒီအချကိသုံးချက်ကို ယုံကြည်စိတ်မရှိတဲ့ အဖွဲ့အစည်းဟာအောင်မြင်ဖို့မလွယ်ဘူး။
အချက်သုံးချက်ကို ယုံကြည်မှ အဖွဲ့အစည်း တည်တံ့မှုက အရေးပါတဲ့အတွက် အနာဂတ် ခေါင်းဆောင်တွေကို ယုံကြည် မှုဆိုင်ရာ မေးခွန်းထုတ်ခဲ့တယ်လို့မြင်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ကိူ မယုံကြည်ရင်တော့ ကျန်တဲ့အချက်တွေကို ထည့်စဉ်းစားစရာမလိုတော့ဘူး အဖွဲ့အစည်းက ပျက်သွားတာပါပဲ။
ဒါကြောင့်ဗုဒ္ဓ က အရေးပါတဲ့အချက်အနေနဲ့ သံဃာတော်တွေက သံဃာ့တော်အချင်းချင်း ယုံကြည်သလားဆိုတာ အဖွဲ့ဝင်အချင်းချင်းအပေါ် သံသယကင်းကင်းနဲ့ ယုံကြည်မှု တည်ဆောက်ရအောင် trust building အရမေးတာ လို့မြင်မိပါတယ်။
သံဃာတော်တွေအပေါ်မှာ ယုံမှားသံသယရှိသလား ဆိုတာကို သံဃာတွေကိုယ်တိုင်ကို ပြန်မေးနေတဲ့ အချက်က အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခိုင်း တယ်ဆိုတာ ထင်ရှားလှပါတယ်။
ဘုရား၊ တရား၊ သံဃာ အပေါ်မှာ ယုံမှားသံသယ ဖြစ်သလားဆိုတာကို သုံးကြိမ်မေးမြန်းအတည်ပြုတာကို တွေ့ရင် အရေးပါတဲ့ မေးမြန်းမှုလို့ ဆိုနိုင်ပါတယ်။
သံဃာ့အဖွဲ့အစည်းတည်မြဲဖို့အတွက် အဖွဲ့အဝင်အချင်းချင်းယုံကြည်ရမယ်၊ တရားနည်းလမ်းဝိနည်းတော်တွေကို ယုံကြည်ရမယ်၊ အဖွဲ့အစည်းကို တည်ထောင်သူကို ယုံကြည်ရမယ် ဆိုတာကို ရှုထောင့်တစ်မျိုးကနေကြည့်ရင် ထင်သာမြင်သာရှိစေပါတယ်။
၅။ Essence of Buddha's Word
...................................
ဗုဒ္ဓက နောက်ဆုံး အရေးကြီးဆုံး အမိအရ မှာ သွားတာက
"ဟန်ဒ ဒါနိ ဘိက်ခဝေ အာမန်တယာမိ
ဝေါ , ဝယဓမ္မသင်္ခါရာ အပ္ပမာဒေန
သမ်ပာဒထေ "
''ရဟန်းတို့ သင်တို့အား ယခု (ငါဘုရား) မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်ပေးရသော 'ရုပ်နာမ်ဓမ္မ' သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏၊ မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့''လို့ မိန့်တော်မူပါတယ်။
ဗုဒ္ဓ နောက်ဆုံးအမိအရမှာသွားတာ
ပန်းတိုင်မပျောက်ဖို့ပါ။ သံဃာ့အဖွဲ့အစည်းရဲ့မဖြစ်မနေကိင့်ကြံရမဲ့နောက်ဆုံးပန်းတိုင်ဖြစ်ပါတယ်။
သံဃာ့ အဖွဲ့အစည်းတည်မြဲရေး ဟာ နောက်ဆုံးပန်းတိုင်ကို မဆုပ်ကိုင်မိဘဲတည်မြဲနေမယ်ဆိုရင် အခွံ့သက်သက်လှုပ်ရှားရွေ့လျော မှုဖြစ်မှာစိုးလို့ထောက်ပြချက်လို့ မြင်မိပါတယ်။
နောက်ဆုံးစကားကို ကြည့်ရင် လွတ်မြောက်မှု ပန်းတိုင်ကို အစဉ်အမြဲမျက်ခြေအပြတ်မခံတဲ့ အဖွဲ့အစည်းဖြစ်ပါစေလို့ သတိပေးခဲ့ တယ်လို့ သုံးသပ်ဆင်ခြင်မိစေပါတယ်။
သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်ပါစေ။
၁၂း၀၆ ည
၂၇.၁၀.၂၀၂၀ အိမ်
(Zawgyi)
ဗုဒၶ ရဲ့ ေနာက္ဆုံး စကားေတာ္
..........................................
ဗုဒၶရဲ့ေနာက္ဆုံးစကားေတာ္ ကို
တထာဂတပစၧိဝါစာ ( the last word of the Buddha) ဆိုၿပီး ဒီဃနိကာယ္ မဟာဝဂၢ မွာ ေတြ႕ရပါတယ္။
(တထာဂတ = ဘုရားရွင္၊ ပစၧိမ = ေနာက္ ဆုံးျဖစ္ေသာ၊ ဝါစာ= စကားေတာ္)
တထာဂတပစၧိမ ဝါစာ လို့ေခၚတဲ့ ဗုဒၶရဲ့ ေနာက္ဆုံးစကားေတာ္ဟာ သံဃာ့ရဲ့အဖြဲ႕ အစည္းအတြက္ အေရးပါတဲ့အႏွစ္ခ်ဳပ္စကားလို့ ဆိုရပါမယ္။
ဗုဒၶရဲ့ေနာက္ဆုံးစကားေတာ္ဟာ ၄၅ ဝါကာလပတ္လုံး မရွင္းမလင္းျဖစ္ေနတဲ့
ဝိေရာဓိ အေတြးေတြကို အတိုဆုံး
အက်ဥ္းဆုံးနဲ႔ အထိေရာက္ဆုံးမိန္႔မွာခဲ့
တယ္ အေရးပါတဲ့ သမိုင္းဝင္ စကားျဖစ္ပါတယ္။
သံသယ Doubt နဲ႔ ဘက္လိုက္မွု Prejudice ေတြကို မက်န္ရစ္ေအာင္
အနာဂတ္ သံဃာ့အဖြဲ႕ အစည္းအတြက္ ရွင္းလင္းေျဖရွင္းေပးခဲ့ တဲ့ စကားေတြလည္းျဖစ္ပါတယ္။
ဗုဒၶရဲ့ ေနာက္ဆုံးစကားေတာ္ကို ၾကည့္ရင္ သံဃာ့အဖြဲ႕အစည္းရဲ့
ေပၚေပါက္ၿပီး ၊ ေပၚေပါက္ဆဲ၊ ေပၚေပါက္လတၱံ့ ေသာ အပိုင္းသုံးပိုင္း ကိုေတြ႕ရပါတယ္။
သံဃာ့အဖြဲ႕အစည္းအတြက္ မွာ ၾကားတဲ့ ဗုဒၶစကားေတာ္က အခ်က္ ၆ ခ်က္ရွိပါတယ္။
၁။ Discipline and Teaching
.....................................
အခ်က္ ၁ မွာ ၾကဳံေတြ႕ရမယ့္အပိုင္းကို ေျပာ တယ္လို့ အနက္ကို ေကာက္ခ်က္ ခ်လို့ရပါတယ္။
ဗုဒၶ ေျပာတဲ့ စကားေတာ္ေတြထဲမွာ
''အာနႏၵာ 'တရားစကားေတာ္သည္ ေဟာၾကားေသာ ဆရာ (ဘုရား) မွ ကင္းကြာခဲ့ၿပီ၊ ငါတို့၏ဆရာ (ဘုရား) သည္ မရွိေတာ့ၿပီ'ဟု သင္တို့အား ဤသို့ေသာ ထင္မွတ္ျခင္းျဖစ္ေသာ္လည္း ျဖစ္ရာ၏၊ အာနႏၵာ ဤအရာကို ဤသို့ မထင္မွတ္အပ္။ အာနႏၵာ ငါ ေဟာၾကားပညတ္ထားေသာ တရားေတာ္ႏွင့္ဝိနည္းေတာ္သည္ ငါကြယ္လြန္ေသာအခါ၌ သင္တို့၏ ဆရာ (ဘုရား) ပင္ ျဖစ္ေပ၏။" ဆိုတဲ့
ဘုရားမရွိေတာ့ဘူး ဆိုၿပီး ထင္မွတ္ျခင္းေသာ္လည္းျဖစ္ရာ၏
ဆိုတဲ့ စကားရပ္ဟာ အနာဂတ္ကာလ ကို ရည္ရြယ္ၿပီး ေျပာတဲ့ စကားရပ္
ဆို တာ ထင္ရွားပါတယ္။
သံဃာ့အဖြဲ႕အစည္းတစ္ရပ္ဟာ
အနာဂတ္ကာလမွာ ျပႆနာရပ္ေတြ ၾကဳံေတြ႕ရတဲ့အခါ ဆုံးျဖတ္ေပးရမယ့္
ဗုဒၶ မရွိေတာ့ဘူးဆိုရင္ ဘယ္လို လုပ္ရမယ့္ ဆိုတဲ့ အနာဂတ္လမ္းညႊန္ခ်က္ျဖစ္ပါတယ္။
သံဃာ့အဖြဲ႕ အစည္းရဲ့ တည္တံ့မွုကို
အေျခတည္စဥ္းစားတဲ့အခါ
ပုဂၢိဳလ္ေရး ကိုးကြယ္မွု Personalization နဲ႔
အဖြဲ႕ အစည္းျပဳျခင္း Instutionalization ႏွစ္ခုၾကားကြဲျပား ေပးခဲ့တာ ေတြ႕ရပါတယ္။
သံဃာ့အဖြဲ႕အစည္း ေရရွည္တည္တံ့ဖို့ ဆိုရင္ လူ (person) နဲ႔ မူ (policy) ကို ကြဲျပားဖို့လိုပါတယ္။
အဖြဲ႕အစည္းျပဳျခင္း
Institutionalization ခိုင္မာဖို့
မူ (policy) ကို သာ အဓိက ထားဖို့ မိန္႔ၾကားခ်က္က မွတ္သားစရာေကာင္းပါတယ္။
ေနာက္ပိုင္း အဖြဲ႕အစည္း Institution တည္ေဆာက္မွု အပိုင္း ေတြမွာ
မူ (policy) က အေရးႀကီးတယ္ဆိုတာ ေနာက္မွ တျဖည္းျဖည္း သေဘာေပါက္ေပါက္လာၾကပါတယ္။
ကမၻာေက်ာ္ Apple ကုမၸဏီႀကီးရဲ့ စီအီးအို (CEO) စတိဗ္ ေဂ်ာ့ဗ္ Steve Jobs ကြယ္လြန္သြားေပမယ့္ Apple ကုမၸဏီ ႀကီး မၿပိဳလဲ သြားဘူး၊ မေပ်ာက္ကြယ္သြားဘူး ဆိုတာ မူဝါဒ policy က ခိုင္လို့ပါ။ ကုမၸဏီတည္ရွိျခင္းအေၾကာင္းအရာဟာ မူဝါဒခိုင္မာမွု ေပၚ မွာ ထိုင္ထားလို့ ပါ။
ဒါေၾကာင့္ဗုဒၶ က အတန္တန္မွာ ၾကားတဲ့စကားမွာ မူဝါဒ နဲ႔ နည္းလမ္းက်င့္စဥ္ ဟာ အဖြဲ႕အစည္းတစ္ခု ရွင္သန္ရပ္တည္ဖို့ အတြက္ လုံေလာက္တဲ့ အရင္းအျမစ္ ျဖစ္တယ္ ဆိုတာပါပဲ။ ဖ
ဗုဒၶ မွာၾကားခဲ့တဲ့ ဝိနည္းစည္းကမ္းေတြဟာ သံဃာ အဖြဲ႕အစည္းအတြက္
မူဝါဒျဖစ္ပါတယ္။ ဓမၼတရားေတာ္ေတြကေတာ့ နည္းလမ္းက်င့္စဥ္ေတြပဲ ျဖစ္ပါတယ္။
သံဃာ့အဖြဲ႕အစည္းဟာ ဗုဒၶရဲ့တည္ရွိမွု personelization အေပၚမွာသာ အမွီျပဳမွုကဲသြားတာနဲ႔ အဖြဲ႕အစည္းအႏၲရာယ္ေပၚေပါက္နိုင္တယ္ဆိုတာ
ဗုဒၶက တင္ကူးသတိျပဳမိခဲ့တာ ထင္ရွားလွပါတယ္။
လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၆၀၀ ေက်ာ္ကတည္းကေန ယေန႔ထိတိုင္ ရွင္သန္က်န္ရစ္ေစတဲ့ ေမာင္းႏွင္အားက
မူဝါဒ နဲ႔နည္းလမ္းက်င့္စဥ္ ႏွစ္ရပ္ ေပၚမွာမွီတည္ေနလို့ ဆိုနိုင္ပါတယ္။
ဗုဒၶက ပရိနဗၺာန္စံဝင္ေတာ္မူကာနီးမွာ
သတိေပးမွာၾကား ခ်က္ဟာ သံဃာ့အဖြဲ႕အစည္းေရရွည္တည္တံ့ ျခင္း
Sustainability အတြက္ အေရးပါလွပါတယ္။
၂။ Mutual respect
..............................
ေနာကိဆုံးစကားေတာ္ အခ်က္ ၂ က
အေခၚအေဝၚပါ။
ငါ့သၽွင္ 'အာဝုေသာ' ဆိုတဲ့ စကားနဲ႔ (ႀကီးငယ္မေရြး) ေခၚျပာေနတာကို
ငါကြယ္လြန္တဲ့အခါ အဲသလို မေခၚ
ပါေစနဲ႔ လို့ဆိုပါတယ္။
ေထရ္ႀကီးဝါႀကီးေတြက ဝါငယ္တဲ့ ရဟန္းေတြကို ငါ့သၽွင္ 'အာဝုေသာ' လို့ေခၚတာ သင့္ေတာ္ေပမယ့္
ရဟန္းသက္ႏု ေသးတဲ့ ရဟန္းေတြဟာ ေထရ္ႀကီးဝါႀကီးရဟန္း ေတြကို
ငါ့သၽွင္ "အာဝုေသာ" လို့ ခၚတာ မသင့္ေတာ္ဘူးလို့ ဆိုပါတယ္။
ရိုရိုေသေသျဖစ္ေစတဲ့ အသၽွင္ဘုရား 'ဘေႏၲ' လို့ပဲျဖစ္ျဖစ္ အသၽွင္ 'အာယသၼာ' လို့ ပဲျဖစ္ျဖစ္ ေခၚေဝၚပါ လို့ ဆိုပါတယ္။
ဒုတိယအခ်က္အေနနဲ႔ အေခၚအေဝၚ ကို အေရးတႀကီး ေထာက္ျပတာ စဥ္းစားစရာေကာင္းလွပါတယ္။
သာသနာေတာ္တည္ျမဲေရး Sustainability မွာ အျပန္အလွန္ေလးစားမွု mutual respect ကို ျဖစ္ေစတဲ့ဘအေခၚအေဝၚက အေရးပါလွပါတယ္။
ဗုဒၶေထာက္ျပမွ အေခၚအေဝၚနဲ႔ အေလးထားဆက္ဆံမွုဟာ အဖြဲ႕အစည္းးတစ္ခုရဲ့ စီးကပ္ေပါင္းစည္းမွု Social cohesiveness အတြက္ အေရးပါတယ္ ဆိုတာပါပဲ။
မထီမဲ့ျမင္ျပဳတာ အေခၚအေဝၚ ေတြနဲ႔ အထင္ေသးရွုပ္ခ်တာဟာ အဖြဲ႕အစည္းတစ္ခုရဲ့ ေရရွည္ တည္ျမဲမွုကို ၿခိမ္းေျခာက္ေနတဲ့ အႏၲရာယ္ဆိုတာ ကို ဗုဒၶက ႀကိဳတင္တြက္ဆခဲ့ ၿပီး မီးပြားကိုာအရင္ၿငိမ္းသတ္နိုင္ခဲ့တာေၾကာင့္လည္း ၂၆၀၀ ေက်ာ္က သံဃာ့အဖြဲ႕အစည္းဟာ ယေန႔အခ်ိန္ထိ ႀကံ့ႀကံ့ခံေနတာပါ။
၃။ Residual Power and Collective decisive power
......................................
တတိယအခ်က္ကေတာ့.
အေသးအႏုပ္ (ခုဒၵါႏုခုဒၵက) သိကၡာပုဒ္ေတြကို ႏုတ္ပယ္ခ်င္ရင္ ႏုတ္ပယ္ဆိုၿပီး ဆိုခဲ့ပါတယ္။
ဒီအခ်က္မွာပါတဲ့ အေသးအႏုပ္သိကၡာပုဒ္ေတြကို ျပင္ခြင့္ေပးတာဟာ
သံဃာ့အဖြဲ႕အစည္းရဲ့ လက္ထဲကို အႂကြင္းအက်န္အာဏာ residual power ကို ထည့္ေပးခဲ့ျခင္းျဖစ္ပါတယ္။
သံဃာ့အဖြဲ႕အစည္းရဲ့ သိကၡာပုဒ္အေသးေလးေတြကို ေခတ္သစ္ လူ႔အဖြဲ႕ အစည္းနဲ႔ကိုက္ညီေအာင္ ျပဳျပင္ခြင့္ အာဏာကို သံဃာ့အဖြဲ႕အစည္းထဲ အပ္ခဲ့တာလည္းျဖစ္ပါတယ္။
တိရစၧာန္ေတြနဲ႔ ေမာင္းႏွင္ရတဲ့ ယာဥ္ေတြ မစီးရဘူးလို့ ဝိနည္းေတာ္မွာ တားျမစ္ထားေပမယ့္ စက္တပ္ ေလယာဥ္ပ်ံေတြေပၚေပါက္လာတဲ့အခါ စီးသင့္မစီးသင့္ ဆိုတာ အေၾကာင္းအက်ိဳး သင့္ဆီေလၽွာ္မွုေတြကို ဆုံးျဖတ္နိုင္တဲ့ အခြင့္အာဏာကို သံဃာ့အဖြဲ႕အစည္းလက္ထဲ ထည့္ေပးခဲ့ တာျဖစ္ပါတယ္။
ရဟန္းတစ္ပါးတည္းရဲ့ လက္ထဲကို ဆုံးျဖတ္ခြင့္ကို အပ္ႏွံခဲ့တာမဟုတ္ဘဲ
သံဃာ့အဖြဲ႕အစည္းက စုေပါင္းဆုံးျဖတ္တဲ့အာဏာ collective decisive power ကို ထည့္ေပးခဲ့တာ ထူးျခားလွပါတယ္။
သဂၤါယနာေတြကို ေလ့လာတဲ့အခါ သဂၤါယနာတင္တာဟာ ဗုဒၶေပးခဲတဲ့ အႂကြင္းအက်န္အာဏာ Residual power အရ သံဃာေတာ္ေတြ စုေပါင္းဆုံးျဖတ္မွု Collective decisive power ကို က်င့္သုံးျခင္း ျဖစ္တာေတြ႕ရပါတယ္။
အႂကြင္းအက်န္အာဏာနဲ႔ စုေပါင္းဆုံးျဖတ္မွုဟာ လူ႔အဖြဲ႕အစည္းနဲ႔ အခ်ိန္ကာလရဲ့ေရြ႕ေလ်ာေျပာင္းလဲမွုေတြကို
ဆင္ျခင္သုံးသပ္ျပဳျပင္ေစျခင္းသာျဖစ္ပါတယ္။
သံဃာ့အဖြဲ႕အစည္းရဲ့ ကိုယ္က်င့္တရား ေရြ႕ေလ်ာသြားနိုင္တဲ့ သိကၡာပုဒ္မ်ိဳးနဲ႔အဖြဲအစည္းရဲ့ တည္ျမဲမွုကို ၿခိမ္းေျခာက္နိုင္တဲ့ သိကၡာပုဒ္မ်ိဳးေတြကို မထိပါေစဖို့
အေသးအႏုပ္သိကၡာပုဒ္ ဆိုတဲ့ စကားလုံးနဲ႔ ျပဳျပင္ေျပာင္းလဲေရးေဘာင္ကို ကြပ္ေပးခဲ့တယ္လို့ ဆိုနိုင္ပါတယ္။
၄။ Social Outcast
စတုတၳ အခ်က္
အာနႏၵာ ငါကြယ္လြန္ေသာအခါမွာ ဆႏၷရဟန္းအား ျဗဟၼဒဏ္ေပးအပ္၏''လို့ (မိန႔္ေတာ္မူ၏)။
အသၽွင္ဘုရား ျဗဟၼဒဏ္ ဆို ဘာလဲ လို့ ဗုဒၶကို ျပန္ေမး ျမန္းေလ်ာက္ထားရပါတယ္။
ဆႏၷရဟန္း ေျပာဆိုလိုရာ (စကား) ကို ေျပာဆိုပါေစ။ ဒါေပမဲ့
ရဟန္းအားလုံး အဲဒီ (ဆႏၷရဟန္း) ကို မေျပာဆိုနဲ႔ ၊ မဆုံးမနဲ႔ ၊ မကံျမစ္နဲ႔ အဲသလို ပယ္ထားတာကို ျဗဟၼဒဏ္လို့ေခၚ တယ္လို့ ဗုဒၶ ကဆိုပါတယ္။
အဖြဲ႕အစည္းထဲကေန အသိတရားရေအာင္ ၾကဥ္လိုက္တာမ်ိဳးျဖစ္ပါတယ္။
သံဃာ့အဖြဲ႕အစည္းထဲမွာ ဗုဒၶ ဖြားဘက္်တာ္ဆိုတဲ့ သမိုင္းေၾကာင္း ေနာက္ခံအားကိုးနဲ႔ ထင္တိုင္းၾကဲေနတာဟာ သံဃာ့အဖြဲ႕အစည္းရဲ့ တည္ၿငိမ္ မွုကို ဟန္ခ်က္ပ်က္ေစပါတယ္။
ဗုဒၶက သံဃာ့အဖြဲ႕အစည္းရဲ့ ခ်မွတ္ထားတဲ့ ဝိနည္းေတြမွာ ေဆြမ်ိဳးမရွိ၊ ညီအစ္ကိုမရွိ၊ ဆရာ့တပည့္မရွိ၊ သားအဖ မရွိ၊ ဖြားဖက္ေတာ္ မရွိ ဆိုတာကို သက္ေသျပသြားတာျဖစ္ပါတယ္။
ဗုဒၶရဲ့ဖြားဖက္ေတာ္ ကိုေတာ္ေတာင္ ဒီလို ျပတ္သားတဲ့ ျဗဟၼဒဏ္ထားခဲ့တာဟာ အဖြဲ႕အစည္းက မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ စရာမလိုဘူးလို့ ေျပာတဲ့ သက္ေသပါပဲ။
အနာဂတ္သာသနာေရးကို စဥ္းစားတဲ့အခါ ပုဂၢိဳလ္ေရး အလိုလိုက္မွုဟာ အဖြဲ႕အစညြးဖြံ့ၿဖိဳးေရးကို ထိခိုက္ေစနိုင္တယ္ဆိုတာ ကိုသိတဲ့အတြက္ ပရိနိဗၺာန္မစံခင္ ရွင္းရွင္းလင္း ျဖစ္ေစခဲ့ပါတယ္။
ေက်ာသားရင္သားမခြဲၾကားတဲ့ဝိနည္းေတာ္နဲ႔ သံဃာ့အဖြဲ႕အစည္းကို အစြဲကင္းကင္းယုံယုံၾကည္ၾကည္ေရွ႕ဆက္ေစခဲ့ပါတယ္။
၅။ Trust Building
.................................
''ရဟန္းတို့ ဘုရား၌ျဖစ္ေစ တရားေတာ္၌ျဖစ္ေစ သံဃာေတာ္၌ျဖစ္ေစ မဂ္၌ျဖစ္ေစ အက်င့္၌ ျဖစ္ေစ
ယုံမွားေတြးေတာျခင္းျဖစ္ရင္
ေမးျမန္းဖို့ ဗုဒၶကိုယ္တိုင္ တိုက္တြန္းပါတယ္။
ဗုဒၶ က ဘယ္လိုစဥ္းစားသလဲဆိုရင္
'ဗုဒၶ ငါတို့ရဲ့ မ်က္ေမွာက္မွာ ထင္ရွားရွိခဲ့ ပါလ်က္နဲ႔ ငါတို့ မေမးလိုက္ရေလျခင္း ဆိုၿပီး ေနာင္တတစ္ဖန္ ပူပန္ျခင္း မျဖစ္ေအာင္ ေမးဖို့တိုက္တြန္းတာျဖစ္ပါတယ္။
ဒီေနရာမွာ အဖြဲ႕အစည္းတစ္ခု Institution အရၾကည့္ရင္ သံဃာ့အဖြဲ႕အစည္းမွာ
ဗုဒၶ ဆိုတာ အဖြဲ႕အစည္းရဲ့ founder ပါ။
တရားဆိုတာ အဖြဲ႕အစည္းတစ္ခု ရဲ့အေရးပါတဲ့ စည္းမ်ဥ္းစည္းကမ္း နည္းဥပေဒပါ။
သံဃာေတာ္ ဆိုတာ အဖြဲ႕အစည္းတစ္ခုအတြင္းရင္းႏွီျမဳပ္ႏွံထားတဲ့ members ေတြပါပဲ။
အဖြဲ႕အစည္းတစ္ခုေအာင္ျမင္ဖို့ အဲဒီအခ်ကိသုံးခ်က္ကို ယုံၾကည္စိတ္မရွိတဲ့ အဖြဲ႕အစည္းဟာေအာင္ျမင္ဖို့မလြယ္ဘူး။
အခ်က္သုံးခ်က္ကို ယုံၾကည္မွ အဖြဲ႕အစည္း တည္တံ့မွုက အေရးပါတဲ့အတြက္ အနာဂတ္ ေခါင္းေဆာင္ေတြကို ယုံၾကည္ မွုဆိုင္ရာ ေမးခြန္းထုတ္ခဲ့တယ္လို့ျမင္ပါတယ္။
အဖြဲ႕အစည္းတစ္ခုမွာ ေခါင္းေဆာင္ကိူ မယုံၾကည္ရင္ေတာ့ က်န္တဲ့အခ်က္ေတြကို ထည့္စဥ္းစားစရာမလိုေတာ့ဘူး အဖြဲ႕အစည္းက ပ်က္သြားတာပါပဲ။
ဒါေၾကာင့္ဗုဒၶ က အေရးပါတဲ့အခ်က္အေနနဲ႔ သံဃာေတာ္ေတြက သံဃာ့ေတာ္အခ်င္းခ်င္း ယုံၾကည္သလားဆိုတာ အဖြဲ႕ဝင္အခ်င္းခ်င္းအေပၚ သံသယကင္းကင္းနဲ႔ ယုံၾကည္မွု တည္ေဆာက္ရေအာင္ trust building အရေမးတာ လို့ျမင္မိပါတယ္။
သံဃာေတာ္ေတြအေပၚမွာ ယုံမွားသံသယရွိသလား ဆိုတာကို သံဃာေတြကိုယ္တိုင္ကို ျပန္ေမးေနတဲ့ အခ်က္က အျပန္အလွန္ယုံၾကည္မွုတည္ေဆာက္ခိုင္း တယ္ဆိုတာ ထင္ရွားလွပါတယ္။
ဘုရား၊ တရား၊ သံဃာ အေပၚမွာ ယုံမွားသံသယ ျဖစ္သလားဆိုတာကို သုံးႀကိမ္ေမးျမန္းအတည္ျပဳတာကို ေတြ႕ရင္ အေရးပါတဲ့ ေမးျမန္းမွုလို့ ဆိုနိုင္ပါတယ္။
သံဃာ့အဖြဲ႕အစည္းတည္ျမဲဖို့အတြက္ အဖြဲ႕အဝင္အခ်င္းခ်င္းယုံၾကည္ရမယ္၊ တရားနည္းလမ္းဝိနည္းေတာ္ေတြကို ယုံၾကည္ရမယ္၊ အဖြဲ႕အစည္းကို တည္ေထာင္သူကို ယုံၾကည္ရမယ္ ဆိုတာကို ရွုေထာင့္တစ္မ်ိဳးကေနၾကည့္ရင္ ထင္သာျမင္သာရွိေစပါတယ္။
၅။ Essence of Buddha's Word
...................................
ဗုဒၶက ေနာက္ဆုံး အေရးႀကီးဆုံး အမိအရ မွာ သြားတာက
"ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိ
ေဝါ , ဝယဓမၼသခၤါရာ အပၸမာေဒန
သမ္ပာဒေထ "
''ရဟန္းတို့ သင္တို့အား ယခု (ငါဘုရား) မိန႔္မွာေတာ္မူခဲ့အံ့၊ ျပဳျပင္ေပးရေသာ '႐ုပ္နာမ္ဓမၼ' သခၤါရတရားတို့သည္ ပ်က္စီးျခင္းသေဘာ ရွိကုန္၏၊ မေမ့ေသာ သတိတရားျဖင့္ ကိစၥၿပီးေအာင္ အားထုတ္ၾကကုန္ေလာ့''လို့ မိန္႔ေတာ္မူပါတယ္။
ဗုဒၶ ေနာက္ဆုံးအမိအရမွာသြားတာ
ပန္းတိုင္မေပ်ာက္ဖို့ပါ။ သံဃာ့အဖြဲ႕အစည္းရဲ့မျဖစ္မေနကိင့္ႀကံရမဲ့ေနာက္ဆုံးပန္းတိုင္ျဖစ္ပါတယ္။
သံဃာ့ အဖြဲ႕အစည္းတည္ျမဲေရး ဟာ ေနာက္ဆုံးပန္းတိုင္ကို မဆုပ္ကိုင္မိဘဲတည္ျမဲေနမယ္ဆိုရင္ အခြံ့သက္သက္လွုပ္ရွားေရြ႕ေလ်ာ မွုျဖစ္မွာစိုးလို့ေထာက္ျပခ်က္လို့ ျမင္မိပါတယ္။
ေနာက္ဆုံးစကားကို ၾကည့္ရင္ လြတ္ေျမာက္မွု ပန္းတိုင္ကို အစဥ္အျမဲမ်က္ေျခအျပတ္မခံတဲဲ့ အဖြဲ႕အစည္းျဖစ္ပါေစလို့ သတိေပးခဲ့ တယ္လို့ သုံးသပ္ဆင္ျခင္မိေစပါတယ္။
သူေတာ္ေကာင္းဓါတ္ တရားျမတ္ လႊမ္းပတ္ကမၻာတည္ပါေစ။
၁၂း၀၆ ည
၂၇.၁၀.၂၀၂၀ အိမ္
No comments:
Post a Comment