Thursday, November 14, 2013

ကုလားအုတ် ရေသောက် စီးပွားရေ

 ကုလားအုတ် ဆိုတဲ့ အကောင်ကို မြင်ဖူးကြမှာပါ။ ကုလား အုတ်နဲ့ပတ် သက်တဲ့ ပုံပြင်ပေါင်းများစွာ ကိုလည်း ငယ်ဘဝ ကတည်းက ထိတွေ့ခဲ့ဖူးကြမှာ သေချာပါတယ်။ ခြေတံလက်တံရှည် ရှည်၊ လည်ပင်းရှည်ရှည်၊ ကိုယ်လုံးကြီး ကြီး၊ အရပ်အမောင်း ကလန်ကလားနဲ့ အရုပ်ခပ်ဆိုးဆိုး သတåဝါရဲ့အင်္ဂါရုပ်ကို မျက်လုံးထဲပြေးမြင်ကြ ပါလိမ့်မယ်။ တချို့က ဘို့တစ်လုံး၊ တချို့က ဘို့နှစ် လုံးရှိပြီး ပူပြင်းတဲ့ဒေသတွေ၊ သဲကန္တာရ တွေလိုဒေသတွေမှာ ပစ္စည်းတွေသယ် ယူပို့ဆောင်ဖို့၊ လူစီးဖို့အတွက် အသုံး ပြုတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ် ပါတယ်။ ကုလားအုတ်တွေ စီးပြီး စစ်တိုက်ကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကိုလည်း ငယ် ငယ်တုန်းက ထိုင်ကြည့်ဖူးကြမှာပါ။

အေးချမ်းတဲ့ ကာလတစ်ခုမှာ အလွန်အချမ်း လွန်နေတဲ့ ကုလားအုတ် တစ်ကောင်ဟာ သူ့သခင်ရဲ့ တဲကျဉ်း ကျဉ်းကလေး ထဲမှာ ခေါင်းကလေး ထည့်ထားပါရစေလို့ တောင်းပန်ရင်းက တဖြည်းဖြည်း ခေါင်းသာမက လည် ပင်းရော၊ ကိုယ်လုံးရော တဲထဲရောက် လာတဲ့အတွက် သူ့သခင်ခမျာ တဲပြင် ကိုရောက်သွား ရတဲ့ သင်ခန်းစာပုံပြင် ကိုလည်း စွဲစွဲလမ်းလမ်းရှိခဲ့ ဖူးပါတယ်။ ဆိုလိုတာက ကုလား အုတ်ဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းဘူး ဆိုတဲ့ အကြောင်းပြောချင် တာပါ။

ကုမ္ပဏီ လုပ်ငန်းတွေ ကိုလုပ်နေ ရတဲ့ လက်ငင်းကာလ ကိုရောက်လာရ တဲ့အခါ ကုလားအုတ်ဖြစ်မှန်း မသိ ဖြစ်ပြီး လာသလို ခံစားရမိတယ်။ ခြေတံ ရှည်၊ လက်တံရှည် လာလို့လား၊ အရုပ် ဆိုးလာလို့လား၊ တစ်ခါရေသောက်ရင် ပေပါပုံးသုံး ပုံးလောက် သောက်ပြီး သုံး လေးလရေ မသောက်ဘဲ နေနိုင်လို့ လား။ အကျင့်စာရိတ္တ အနေနဲ့ သခင် ကို တဲထဲက တွန်းထုတ်ပစ်တတ်တဲ့ အကျင့်မျိုး ပေါ်ပေါက် လာလို့လား စသဖြင့် လားပေါင်းများစွာကို တစ်စုံ တစ်ယောက်ကများ မေးလာရင် အတော်များများ မေးခွန်းများရဲ့အဖြေ ဟာ "Yes" သို့မဟုတ် ခေါင်းညိတ် အဖြေပေးတာပဲဖြစ် ပါတယ်။

ဘာကြောင့်လဲ၊ တစ်ချက်ချင်းခွဲ ခြမ်းစိတ်ဖြာကြည့်ကြ ရအောင်၊ လုပ်ငန်း ရှင်အတော် များများဟာ လက်တံရှည် ကြပါတယ်။ ကိုယ့်လုပ်ငန်းအောင်မြင် တိုးတက်ဖို့ ဆိုရင် ကုန်ကြမ်းရရှိနိုင်ရေး ကိစ္စ၊ ဈေးကွက်ချဲ့ထွင်နိုင်ရေး ကိစ္စတွေ အတွက် လက်တံရှည်ကြ ရပါတယ်။ လက်တံရှည် သလို ကမ္ဘာအနှံ့ခြေဆန့် ရပြန်တာကြောင့် ခြေတံလည်း ရှည်ရ ပြန်ပါရော၊ ဖောက်သည်သစ်တွေရဖို့ ဆိုတာ ခြေတံရှည်ရှည်နဲ့ ပြေးနိုင်လွှား နိုင်လှုပ်ရှားနိုင် လွန်းမှ တော်ရာကျတာ ကလား။
လုပ်ငန်းရှင် တစ်ယောက်ဟာ ဒီနေ့ ဒီမှာရှိပေမဲ့ မနက်ဖြန်ကျရင် တခြားနေရာမှာ ရောက်နေပါ လိမ့်မယ်။

 သူဟာ နောက်တစ်ပတ်လောက် ရှိတဲ့ အခါမှာ ကမ္ဘာ့တစ်ဖက်ခြမ်း မှာရောက် ရှိပြီး အလုပ်ကိစ္စတွေကို ဆွေးနွေးညှိ နှိုင်းနေရတာ မျိုးလည်း ဖြစ်နိုင်တာပါပဲ။ သွက်သွက် လက်လက်နဲ့ မြန်မြန်ဆန် ဆန်ရှိမှ ဈေးကွက်ဝေစုကို တစ်စုံတစ် ရာရနိုင်တာမို့ ခြေတံမရှည် တဲ့သူ၊ တစ် နေရာထဲ ဘုတ်ထိုင်ထိုင်နေတဲ့ သူဟာ “ဒေဝါလီ”ခံ သွားရဖို့သာ များပါလိမ့် မယ်။
ဒီအတိုင်းပဲ ဈေးကွက်ထဲကို ကိုယ့်ထက် အရင်စောပြီး ရောက်နေ တဲ့သူများရဲ့ လုပ်နည်း လုပ်ဟန်တွေကို လေ့လာသင်ယူတဲ့ အခါမှာ သူတို့ဟာ ကိုယ့်ရဲ့ဆရာ၊ တစ်နည်းအားဖြင့် အရှင်သခင်တွေလို ကျေးဇူးကြီးတဲ့သူ တွေပါ။ ဒါပေမဲ့ မြင်ဆရာ သင်ဆရာ ဖြစ်တဲ့ သူတို့ဆီကရရှိခဲ့တဲ့ ပညာရပ် အသီးသီးဟာ ကိုယ့်ဘဝတိုးတက်ရေး၊ ကိုယ့်လုပ်ငန်းအောင်မြင်ရေး အတွက် အသုံးချရမယ့် ကိစ္စတွေမို့ လေ့လာ သင်ယူရုံနဲ့တင် တင်းတိမ်နေရမှာ မဟုတ်ဘဲ ဈေးကွက်အတွင်းဝင်ရောက် ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကိုယ့် လုပ်ငန်းတွေ အောင်မြင်လေလေ၊ ကိုယ့်ဆရာတွေ၊ အရှင်သခင်တွေကို ဈေးကွက်ဆိုတဲ့ တဲထဲကအပြင်ကို တွန်းထုတ်ပစ်လိုက် သလိုဖြစ်လေလေ အနေအထားကိုလည်း သက်ရောက် စေပါလိမ့်မယ်။

တစ်ခါတစ်ခါမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ရတာ မှန်ပေမဲ့ အကျိုး အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ဟာ ကိုယ့်သခင်ကို တဲပြင်ကိုတွန်းထုတ်ပစ် လိုက်တဲ့ ကုလားအုတ်ရဲ့အဖြစ်မျိုးနဲ့ လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ် ကျိုးစီးပွားကာကွယ်မှုအတွက် ယှဉ်ပြိုင် ကြရတာမို့ တရားတာ၊ မတရားတာ အပထား၊ ကိုယ်ကတော့ ကုလားအုတ် ဘဝကိုရောက်သွားတာကတော့ အမှန် ပါပဲ။ ဒါကို ဘယ်သူမှလည်း ငြင်းဆို နိုင်ကြမယ်မထင်ပါဘူး။

ဒီအတိုင်းပဲ ပြိုင်ဘက်တွေပေါ်မှာ အနိုင်ရဖို့ဆိုတာ ဆုတောင်းမေတåာပို့ နေရုံနဲ့ ရတာမျိုးမှမဟုတ်တာ။ ဒီတော့ ပြိုင်ပွဲတစ်ခု၊ ဒါမှမဟုတ် ယှဉ်ပြိုင်မှု တစ်ခုမဟုတ်တစ်ခုကို ကြုံကြရမှာ သေချာပါတယ်။ မဖြစ်မနေ ရင်ဆိုင် ယှဉ်ပြိုင်ကြရမှာလည်း သေချာပါ တယ်။ ဒီတော့ (Win-Win) သီအိုရီ လို ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာအနေအထားမျိုးနဲ့ ပြိုင်ဘက် ရောကိုယ်ပါ နှစ်ဖက်စလုံး အကျိုး မယုတ်တာမျိုးဆိုရင် မထောင်းတာလှ ပေမဲ့ သူလည်းကွဲ၊ ကိုယ်လည်းပြဲရမယ့် သူသေကိုယ်သေ ရင်ဆိုင်ရတော့မယ့် တိုက်ပွဲမျိုးဆိုရင်တော့ အမှန်ပဲ တရား တာ၊ မတရားတာအပထား ကိုယ့် ဘက်ကအနိုင်ရနိုင်ဖို့ကိုပဲ ကြိုးပမ်းရ တော့မယ်။ ဒီအချိန်မျိုးမှာ ကိုယ်ကျင့် သီလတွေ ဘယ်ကိုရောက်သွားကြမယ် ဆိုတာ စဉ်းစားစရာပါ။

ပြိုင်ဘက်ချင်းယှဉ်ပြိုင်ကြရင် သူလည်းအနိုင်မရ၊ ကိုယ်လည်းရှုံးနိမ့် ရတဲ့ပွဲမျိုးတွေကိုလည်း ကြုံရတတ်ပါ တယ်။ ဒီလိုဆိုရင်တော့ (Zero-Zero) ဆိုတဲ့ သီအိုရီအကောင်အထည်ဖော် နေသလို ဖြစ်သွားမှာကတော့ အသေ အချာပါပဲ။ ဒီအချိန်မျိုးမှာ နှစ်ဖက် စလုံးဟာ အရှုံးနဲ့အာလူးထွက်နေတဲ့ အချိန်တွေဖြစ်နေတတ်ပြီး လုပ်ငန်း တွေကို ဣနြေ္ဒမပျက်မှေးပြီးလုပ်နေ ကြရပေမဲ့ အထိနာနေတဲ့အချိန်သမယ တွေလို့ပြောရင် မမှားနိုင်ပါဘူး။

ဒီလိုအချိန်ကာလမျိုးတွေကို “ကုလားအုတ် ရေသောက် စီးပွားရေး ကာလ”တွေလို့ပြောရင် ရနိုင်ပါတယ်။ ဘာကြောင့်လဲ၊ ဘက်ပေါင်းစုံက အထိ နာနေတဲ့ ကုမ္ပဏီလုပ်ငန်းတွေဟာ ဘာအကျိုးအမြတ်မှမရနိုင်သလို ချို့ ယွင်းအားနည်းချက်ဆိုတဲ့အပေါက်တွေ ကို ဖာနေရတာနဲ့ ရှိတာတွေကုန်ရတဲ့ ကာလများပဲဖြစ်ပါတယ်။ အရင်က ကုလားအုတ်ရေသောက်ထားသလို စုဆောင်းရရှိခဲ့တဲ့ အတိုးအပွားတွေ ဟာလည်း ထန်းလျက်ခွေးလျက်သလို တဖြည်းဖြည်းလုံးပါးပါးလာတဲ့အနေ အထားပဲဖြစ်ပါတယ်။

ကုလားအုတ်ရေသောက်ခဲ့သလို ပေပါသုံးလေးလုံး ကုန်အောင်စုဆောင်း ခဲ့ပေမဲ့ သဲကန္တာရလို ရေမရနိုင်တဲ့အရပ် ဒေသတွေကိုဖြတ်သန်းနေရတာမို့ သောက်ထားတာလေးတွေ တဖြည်း ဖြည်းလျော့ပါး ကုန်ခန်းလာရတဲ့ သဘော မျိုးပဲဖြစ်ပါတယ်။ အစက ကုလားအုတ် တွေရေသောက်ကြတာကို များလှချည် လားလို့ အမြင်စောင်းတတ်ကြပေမဲ့ ရေမရှိတဲ့သဲကန္တာရထဲမှာ အဲဒီကုလား အုတ်တွေဖြတ်သန်းခရီး ဆက်ရတဲ့ အနေအထား ကိုတွေ့ကြပြီ ဆိုရင်တော့ အတော်အတန် သဘောပေါက်နားလည် နိုင်စွမ်းရှိကြမှာ ဖြစ်ပါတယ်။

ဘယ်လုပ်ငန်း ရှင်တွေ၊ ဘယ် ကုမ္ပဏီတွေမဆို အထက်မှာဖော်ပြခဲ့ တဲ့အခြေအနေတွေဟာ ဆုံချင်သည် ဖြစ်စေ၊ ကြုံချင်သည်ဖြစ်စေ၊ မဆုံမကြုံ ချင်လို့ ခေါင်းရင်းငြင်းဆန်နေသည်ဖြစ် စေ ကြုံတွေ့ကြရမှာဟာ ဓမ္မတာပါ။ တကယ်တော့ ကုလား အုတ်ရေ သောက်တာကို များလှချည်လားလို့ အပြစ်တင်မစောသင့်သလို လက်တံ ရှည်တဲ့ကိစ္စတွေကိုလည်း နားလည် သဘောပေါက်သင့်ကြပါတယ်။ တစ်ခါ တစ်ခါ ကိုယ့်ကျေးဇူးရှင်ကို တဲထဲက တဲပြင်ရောက်သွားစေတာ မျိုးဟာလည်း အခြေအနေနဲ့ အချိန်အခါအရ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ အခြင်းအရာတွေ အဖြစ်သာ မြင်နိုင်ကြရင် သင့်မယ်ထင် ပါတယ်။

ကုမ္ပဏီလောကမှာ ကုလားအုတ် ရေသောက်အနေအထား တွေအပြင် တခြားတခြား အခြေအနေတွေဟာ လည်း ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာ နားလည်စေချင်တယ်။

ထက်ကျော်
By အခွင့်အလမ်းဂျာနယ်

No comments: