Friday, November 22, 2013

ရေမြင့် ကြာတင့်စေ ရေခန်းလို့ ကြာနွမ်းတာမျိုး မဖြစ်စေနဲ့


သစ်ပင်တစ်ပင် စိုက်ပျိုးရာမှာ သစ်ပင်ကို စိုက်ပျိုးတဲ့ ဥယျာဉ်မှူးရဲ့ အရည်အချင်း အရ အမြစ်တွယ် ရှင်သန်တာ၊ ဖူးငုံသီးပွင့် တာတွေ ကွာခြား တတ်တယ်။ စနစ်ကျတဲ့၊ ဝီရိ ယရှိတဲ့ ဥယျာဉ်မှူးပျိုးထောင် စိုက်ပျိုး တဲ့ အသီးအပင်တွေဟာ မြေဖွတာ၊ မြေဩဇာ ကျွေးတာ၊ ရေလောင်းပေါင်း သင်တာ၊ မလိုတဲ့ အကိုင်းအခက်တွေ ကို ရှင်းလင်းပေး တာတွေကြောင့် အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာတတ် တယ်။ အပွင့်အသီးတွေနဲ့ ဝေဆာနေ တတ်တယ်။

ဒီနေရာမှာ အရေးအကြီးဆုံးက ရေသောက်မြစ်ရှင်သန်အား ကောင်းဖို့ က အဓိကဖြစ်လိမ့်မယ်။ အမြစ်တွယ် လာပြီဖြစ်တဲ့ ရေသောက်မြစ်တစ်ခု ဟာ သူ့ရဲ့အပင်ကြီး ဖွံ့ဖြိုးရှင်သန်ဖို့ အတွက် လိုအပ်တဲ့ရေနဲ့အာဟာရကို ရှာဖွေစုဆောင်းပေးလိမ့်မယ်။ ဒီက တစ်ဆင့် တစ်ပင်လုံးကိုမျှဝေပေးပြီး အဲဒီအပင် ရှင်သန်စေလိမ့်မယ်။ အမြစ်တွယ်မိမှ အမြစ်ဟာ အမြစ်ရဲ့ အလုပ်ကို လုပ်နိုင်လိမ့်မယ်။ အမြစ်က ဆောင်ရွက်ပေးလိုက်တဲ့အကျိုးတရား က အဲဒီအပင်ရဲ့ ကောင်းမှု၊ ဆိုးမှုနဲ့ ဆိုင်တယ်။ အမြစ်အားမကောင်းရင် အပင်ဟာ ကြုံလှီမယ်။ အမြစ်အား ကောင်း ရှင်သန်နေရင် အဲဒီအပင် ကြီးထွားစေလိမ့်မယ်။

အလုပ်တွေ အလွန်များတဲ့ ကုမ္ပဏီ၊ စက်ရုံတွေ၊ အလုပ်ရုံတွေဟာ လည်း မိမိစက်ရုံ၊ မိမိအလုပ်ရုံနဲ့ လုပ်ငန်းက အလုပ်သမားတွေကို သစ်ပင်တစ်ပင်ရဲ့ အမြစ်တွေ အဖြစ် သဘောထား သင့်တယ်။ သစ်ပင်တစ် ပင်ဟာ အမြစ်မတွယ်ရင် မရှင်သန်နိုင် သလို တွယ်မိတဲ့အမြစ်ဟာလည်း ရှင်သန်အားကောင်းမှုနည်းရင် အဲဒီ အပင် ညိ§ုးနွမ်းလာမှာပဲ။ ဒီဥပမာကို လုပ်ငန်းရှင်တွေ အလေးထားသင့်တယ် လို့ထင်ပါတယ်။

ကုမ္ပဏီတစ်ခု၊ လုပ်ငန်း တစ်ခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ကောင်းမွေ၊ ဆိုးမွေကို အောက်ခြေကအစ အထက်အထိ အဆင့်ဆင့်သော အလုပ် သမားတွေ၊ ဝန်ထမ်းတွေ၊ မန်နေဂျာ တွေက ပြဌာန်း ပါလိမ့်မယ်။ သူတို့ တစ်တွေ သူတို့ရဲ့လုပ်ငန်း တာဝန်ကို ကျေပွန်တာနဲ့အမျှ လုပ်ငန်းဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပြီး Innovative ဖြစ်သွားမှာ သေချာပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် အဲဒီသူတွေဟာ မတက်မကြွ၊ ခိုကပ်၊ ခြစားနေကြရင်ဖြင့် အဲဒီကုမ္ပဏီ အဖွဲ့အစည်းဟာ ညိ§ုးနွမ်းသွားတဲ့ သစ်ပင်တစ်ပင်နဲ့ တူပါလိမ့်မယ်။ တစ်ဦးချင်းရဲ့စွမ်းဆောင်ရည် (Performance) တွေ ကျလာတာနဲ့အမျှ ပြဿနာတွေ၊ အခက်အခဲတွေ၊ အရှုံး တွေနဲ့ လုံးထွေးနေတော့ မှာလည်း သေချာတယ်။
တကယ်တော့ တာဝန်ရှိသူတွေ (သူဌေး သို့မဟုတ် ပိုင်ရှင် ကိုယ်တိုင်)ဟာ ကိုယ့်ဝန်ထမ်းတွကို ပျော်အောင်ထားတတ်ဖို့ လိုတယ်။ ဝန်ထမ်းတွေ အလုပ်သမားတွေ ပျော်ရွှင်တဲ့ အလုပ်ခွင်ထဲမှာ လုပ်ကိုင် ဆောင်ရွက်နေရမှ သူတို့ရဲ့စွမ်းဆောင် ရည်ဟာ ပိုမိုကောင်းမွန် လာလိမ့်မယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်ကနေ အားလုံးရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာတာနဲ့ အမျှ လုပ်ငန်းဟာ ဒီရေလို တစ်ဟုန်ထိုး တိုးတက်လာမှာ ငြင်းမရနိုင်ဘူး။

ဝန်ထမ်းတစ်ဦး ချင်းဟာ ထမင်း စားဖို့အတွက် ဒီအလုပ်ကို လုပ်နေရ တယ်ဆိုတာထက် သူရော သူ့မိသားစု ပါ ဘဝလုံခြုံဖို့၊ ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်နိုင်ဖို့ အဲဒီ လုပ်ငန်း၊ အဲဒီစက်ရုံ အလုပ်ရုံမှာ အလုပ်လုပ်နေ တယ်လို့ မြင်နိုင်ကြရင် ကောင်းပါတယ်။ ဒါမှသာ သူလုပ်နေ တဲ့အလုပ်ဟာ သူ့အလုပ်လို့မြင်လာပြီး သူ့ရဲ့ ကာယအား၊ ဥာဏအားကို အပြည့်အဝ အသုံးချတော့မှာကိုး၊ သူ့ရဲ့ တီထွင်ဖန်တီးမှုတွေ ပေါ်ပေါက်လာ တော့မှာကိုး။ သူ့ကုမ္ပဏီ၊ သူ့လုပ်ငန်းရှင် တိုးတက်ချမ်းသာလာမှုဟာ သူ့ရဲ့ အရေးကိစ္စဖြစ်တယ်။ “ရေမြင့်ရင် ကြာတင့်}တယ်ဆိုတဲ့အတိုင်း ကုမ္ပဏီ နဲ့လုပ်ငန်းတွေတိုးတက်ပြီး သူဌေး ပိုမိုကြွယ်ဝလာတာနဲ့အမျှ သူတို့ဘဝ ဟာလည်း ပိုမိုတိုးတက်လာလိမ့်မယ် သို့မဟုတ် သူတို့ရဲ့အနာဂတ်ဟာ အာမခံချက်တွေနဲ့ ပိုမိုပြည့်စုံနေမှာ အမှန်ပဲ။ အဲဒီအလုပ်နဲ့ သူ့ဘဝအမြစ် တွယ်သွားပြီလို့ နားလည်နေမှာလည်း အသေအချာပါပဲ။ 

ဒီတော့ မိမိလုပ်ငန်းမှာ ရှိနေတဲ့ အလုပ်သမားတွေ သက်ဆိုင်ရာ လုပ်ငန်းခွင်ထဲမှာ မခိုမကပ် ပျော်ပျော် ရွှင်ရွှင် အလုပ်လုပ်နိုင်ဖို့၊ သူတို့ရဲ့ အိပ်မက်တွေရှင်သန်လာဖို့၊ သူတို့ရဲ့ စွမ်းဆောင်ရည် (Performance) တွေတိုးတက်လာဖို့အတွက် အလုပ်ရှင် ဟာ သူတို့ကို အမြစ်တွယ်ခွင့်ရ အောင်ဆောင်ရွက်ပေးပါတယ်။ အလုပ်သမားတစ်ယောက် အလုပ်မှာ မြဲနေအောင် ကူညီသင့်တယ်။ အလုပ်သမားရဲ့စွမ်းဆောင်နိုင် မှုအတိုင်းအတာအရ ရာထူးတက် ပေးတာ၊ သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံရပ်ခြားမှာ သင်တန်းတွေ၊ လေ့လာရေးခရီးတွေလွှတ်တာ၊ အလျဉ်းသင့်သလို အလုပ်သမားတွေ ကို ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပွဲတွေ လုပ်ပေးတာ၊ ခရီးသွားစေတာ၊ ကုမ္ပဏီမွေးနေ့ပွဲတွေ၊ ပရိုမိုးရှင်း တွေမှာ ပါဝင်စေတာစသဖြင့် နည်းလမ်းပေါင်းစုံနဲ့ သူတို့ကို အမြစ် တွယ်စေတာပဲဖြစ်ပါတယ်။ 

လူဆိုတာ စားဝတ်နေရေး သတ္တဝါဆိုတော့ သူ့ရဲ့ (သူ့အသိုက် အဝန်းအပါအဝင်) စားဝတ်နေရေး သာမက ဘဝရဲ့ရည်မှန်းချက်တွေပါ ရှင်သန်ခွင့်ရနေမှတော့ အဲဒီအလုပ်ခွင် မှာ သူပျော်နေမှာသေချာပါတယ်။ သူ့ရဲ့လုပ်နိုင်ကိုင်နိုင် စွမ်းဆောင်နိုင်တဲ့ အနေအထားဟာလည်း အကောင်း ဆုံးရှိနေမှာသေချာပါတယ်။ ထပ်သေ ချာတာကတော့ သူဟာ အဲဒီအလုပ်၊ အဲဒီလုပ်ငန်းခွင်မှာ အမြစ်တွယ်ပြီဆို တာပါပဲ။ စောစောကပြောခဲ့သလိုပါပဲ အမြစ်တွယ်သွားပြီဆိုမှတော့ သူနဲ့ သက်ဆိုင်တဲ့ အပင်ကြီးရှင်သန်ဖွံ့ဖြိုး သီးပွင့်ဖို့ဆိုတာ မခက်တော့ဘူးလေ။ 

 “ကျားကြောင့်တောလုံပြီး တော ကြောင့်ကျားလုံတယ်”ဆိုတဲ့ မြန်မာ့ ဆိုရိုးစကားတစ်ခုရှိတယ်။ အဲဒီတော ထဲမှာ ထင်းခုတ်ဝါးခုတ်သစ်ခုတ်တဲ့သူ တွေ မသွားရဲမလာရဲဘူး။ ဒီတော့ တောဟာ ပိုမိုစည်ပင်ရှင်သန်ခွင့်ရသွား တယ်။ ဒီအတိုင်းပဲ အဖျက်ဆီးမခံရတဲ့ တောဟာ ပိုနက်လာတဲ့အတွက် ကျားအဖို့ အန္တရာယ်ကင်းရှင်း ကျက်စားခွင့်ရနိုင်တယ်။ အပြန်အလှန် သဘောအရ တစ်ဖက်နဲ့တစ်ဖက် အကျိုးပြုနေတတ်တယ်ဆိုတဲ့သဘော ကို ပြောချင်တာပါ။ 

အလုပ်သမားနဲ့ အလုပ်ရှင်ဆိုတာ အဲဒါနဲ့ဆင်တူတယ်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်အကျိုးပြုနေတယ်။ တစ်ဦးရဲ့ဆိုးမှု၊ ကောင်းမှုဟာ တခြား တစ်ဖက်ကို ရောင်ပြန်ဟပ်တတ်တယ်။ ဒါကြောင့် လုပ်ငန်းရှင်ဆိုတဲ့လူတွေ ဟာ အမှန်တကယ်ပဲ ကိုယ့်ရဲ့လုပ်ငန်း တွေ တိုးတက်အောင်မြင်ချင်ရင် ကိုယ့်ရဲ့အလုပ်သမားတွေရဲ့ တိုးတက် အောင်မြင်မှုကိုလည်း မျက်နှာပြုသင့် တယ်။ သူတို့ကို ကိုယ့်ရဲ့စက်ရုံ၊ အလုပ် ရုံ၊ လုပ်ငန်းခွင်တွေမှာ အမြစ်တွယ် အောင်ဆောင်ရွက်သင့်တယ်။ ဟုတ်တယ်လေ၊ အမြစ်တွယ်တဲ့ သစ်ပင်၊ ပန်းပင်မျိုးမှသာ ကြီးထွား ရှင်သန်ပြီး သီးနိုင်ပွင့်နိုင်မယ် မဟုတ် လား။

ထက်ကျော်
By အခွင့်အလမ်း

No comments: