Wednesday, October 2, 2013

မာမာလာ လက်ဖက်ရည်နှင့် AIDS




မာမာလာပင်ကရတဲ့ သစ်ခေါက် ကနေ ထုတ်ထားတဲ့ ဆေးလက်ဖက် ရည်မှာ AIDS ကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်း ပါဝင်နေတယ်လို့ သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီ ဆေးလက်ဖက်ရည်ကို တောင်ပစိဖိတ် ကျွန်း တစ်ကျွန်းဖြစ်တဲ့ Samoa ကျွန်းမှာ တိုင်းရင်းဆေး ဆရာတွေက အသည်း ရောင်ရောဂါကို ကုသအောင်မြင်ခဲ့ ရာကနေ သုတေသနပြုဖော်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။

မာမာလာ (mamala tree) ရဲ့ သစ်ခေါက်ကနေ ဖော်စပ်ထားတဲ့ လက်ဖက်ရည်မှာ ပါဝင်တဲ့ Prostratin ကြောင့် အခုလိုဗိုင်းရပ်တွေကို တိုက် ခိုက်နိုင်တာလို့ သုတေသီတွေက ယူဆခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ Prostratin ကို စမ်းသပ်မှုများစွာ ပြု လုပ်ခဲ့ရာမှာ HIV ဗိုင်းရပ်ကို လူသားတွေရဲ့ ဆဲလ်တွေလို ကူးစက် ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ခိုအောင်းနေသော ကူးစက်ပြီး ဗိုင်း ရပ်တွေကို တိုက်ခိုက်နိုင်ခြင်းတွေကို တွေ့ရှိခဲ့ပါတယ်။

လက်ရှိ HIV/AIDS မှာ အသုံးပြုနေတဲ့ ဆေးဝါးတွေဟာ လူနာရဲ့ သွေးထဲက active ဖြစ်နေတဲ့ ဗိုင်းရပ်ပမာဏကို နည်းပါးစေဖို့ ပစ် မှတ်ထားတာကြောင့် ဆေးဝါးရပ် လိုက်တာနဲ့ ဗိုင်းရပ်တွေ လျင်မြန် စွာများလာနိုင်ပါတယ်။ Protratin မှာတော့ အဲဒီ အာနိသင်ကိုချေဖျက် နိုင်ခြင်းရှိမရှိနဲ့ ကိုယ်ခန္ဓာထဲကနေ ဗိုင်းရပ် ကင်းစင် အောင် ပြုလုပ်နိုင် စွမ်းရှိမရှိကို သုတေသီတွေ လေ့လာ နေပါတယ်။

National Cancer Institute ကတော့ အသည်းရောင် ခြင်း ကို Samoa တိုင်းရင်းဆေးနည်း က ကုသနိုင်ခဲ့ခြင်းမှာ Prostratin က အဓိက ပါဝင်ပစ္စည်းဖြစ်တယ်ဆိုတာ အတည်ပြုထားပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ Mamala အပင်ရဲ့ ပင်စည်ကနေမှ prostratin ပမာဏအနည်းငယ်သာ ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို Stanford University မှ သုတေသီ Paul A Wender နဲ့အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ငြိမ်းအေး
Ref; PTI
Health Updates Journal

မြဝတီ - မာမာလာ လက်ဖက်ရည်နှင့် AIDS

HIV ပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအား စနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ တပ်ဆင်မည်
  အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေးစက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ စစ်ဆေးပေးသည့် HIV Testkits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် CD4 စက်အလုံး ၄၀ ခန့် မှာယူထားပြီး ယင်းစက်များ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လိုအပ်နေသည့် နေရာများတွင် တိုးချဲ့ တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"HIV Testkits တွေက မနှစ်ကဆိုရင် ကြားကာလမှာ Global Fund က ပံ့ပိုးနေတာတွေ ရှိတယ်။ အဲဒီမှာ UNICEF, UNFPA, Global Fund ကနေပြီးတော့ ရတယ်။ အခု နိုင်ငံတကာက ပေးတာသာမက အစိုးရက ၀ယ်ယူတာမျိုးတွေလည်း ရှိလာပါပြီ။ အခုဆိုရင် အမျိုးသား ဓာတ်ခွဲခန်းကို ပေးတာတွေလည်း ပိုပေးလာနိုင်တယ်။ အရင်က တစ်ခါမှ မပေးဖူးတဲ့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ဖြန့်ဝေမှုအနေနဲ့ Testkits အရေအတွက် ၁၀ သိန်းကို ပေးထားတယ်။ Testkits တွေလည်း လုံလုံလောက်လောက် ဖြန့်ဖြူးဖို့ ရှိပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေကနေ အေအာတီ ပေးနေတဲ့ နေရာတွေကိုဖြန့်ပြီး သူကမှတစ်ဆင့် သင်တန်းပေးပြီးရင် လုံလုံလောက်လောက် ဖြန့်ဖြူးပေးသွားမှာပါ။ နောက်နှစ်တွေမှာ လိုအပ်ချက် ပြည့်မီအောင် မှာယူမှာ ဖြစ်တဲ့အတွက် ဒီအခက်အခဲတွေ အဆင်ပြေမှာပါ" ဟု အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ထို့ပြင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အေအာတီ ဆေးဝါးလို အပ်နေသည့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ခြောက်သောင်းကျော် (၄၈ ဒသမ ၅  ရာခိုင်နှုန်း) ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု များအရ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အေအာတီဆေးဝါး သောက်သုံးပြီး တစ်နှစ်ပြည့် လူနာများအား ကိုယ်ခံအားစနစ် တိုးတက်မှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ပိုးကောင်ရေ စစ်ဆေးခြင်း (Viral Load Testing) နှင့် ခြောက်လတစ်ကြိမ် CD4 အရေအတွက် စစ်ဆေးပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Elevenအိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအား စနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ တပ်ဆင်မည်

No comments: