Saturday, November 21, 2009

Sleep to get power

နေ့စဉ်စွမ်းအားကောင်းအောင် အိပ်စက်နည်း

သင်ဟာ နံနက်ခင်းစောင်ခြုံထဲမှာပဲ ကွေးနေချင်သူဖြစ်လျှင် အောက်ဖော်ပြမယ့် အချက်များက သင့်ကို အိပ်ရာထဲမှ ခုန်ထွက်လာအောင် လုပ်ပေးနိုင်ပါလိမ့်မည်။ အဟုတ်တကယ်ဖြစ်ပါသည်။

တစ်နေ့ ၈နာရီကျော်အောင် အိပ်တာတောင်မှ အိပ်ရေးမ၀ဘူးလို့ သင်ထင်နေပါသလား။ ကျွမ်းကျင်သူ သိပ္ပံပညာရှင် များရဲ့ အဆိုအရ နံနက်ခင်းနဲ့ ညနေခင်း သမားရိုးကျဖြစ်စဉ်တွေကိုပဲ အပြစ်တင်ရန်သာ ရှိပါသတဲ့။

အိပ်ရာထဲ မှေးနေမယ့်အစား အောက်ဖော်ပြပါ အချက်များကို ကြိုးစားလှုပ်ရှားကြည့်လိုက်ပါ။

အိပ်ရာမ၀င်မီ ဘာတွေလုပ်ရမလဲ။

(၁)     သင့်ကိုယ်တွင်းနာရီနှင့် ချိန်ကိုက်လှုပ်ရှားပါ။

'ကျွန်ုပ်တို့၏ ဇီဝဆိုင်ရာနာရီဟာ ၉၀ မိနစ်လျှင် စက်ဝန်းတစ်ပတ်နှုန်းဖြင့် အလုပ်လုပ်ပါတယ်' လို့ အိပ်ခြင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာမိုက်ကယ်ဘရူးစ်က ရှင်းပြပါတယ်။ ဆက်လက်ပြီး 'ကျွန်တော်တို့ဟာ တစ်ညလျှင် အဲဒီ့လိုစက်ဝန်း ၄ပတ် (သို့မဟုတ်) ၅ပတ်လည်ဖို့ လိုအပ်ပါတယ်။ သင်ဟာ နံနက် ၇နာရီမှာ အိပ်ရာထရင် ၉၀မိနစ်စာ စက်ဝန်း၎ခုလား၊၅ခုလားဆိုတာ ပြန်ပြီးတွက်ချက်ကြည့်လိုက်ပါ။ ရတဲ့အဖြေက သင့်အချိန်ကို သင့်အားပြသမှာ ဖြစ်ပါတယ်။'

(၂)     သင့်မိုဘိုင်းဖုန်းအားပိတ်ထားပါ။

အမေရိကနှင့် ဆွီဒင် သိပ္ပံပညာရှင်များရဲ့ မကြာသေးမီက သုတေသနပြုလုပ်ချက်အရ မိုဘိုင်းဖုန်းကိုဖွင့်ပြီး သင့်အိပ်ရာ အနီးမှာထားပြီး အိပ်ပါက ဖုန်းမှ ရောင်ခြည်ဖြာထွက်ပြီး သင့်ဦးနှောက်ထဲက နှစ်နှစ်ခြိုက်ခြိုက် အနားယူအိပ်စက်မှုပေး တဲ့နေရာကို တားဆီးပစ်လိုက်ပါတယ်။ ဒါကြောင့် မျက်စိလေးမှိတ်ပြီး အိပ်ချင်တယ်ဆိုရင် ဖုန်းပိတ်ပြီးမှ အိပ်ပါ။

(၃)     ရေချိုးချိန် သတိပြုပါ။

ညခင်း၁၀နာရီလောက်အချိန်မှာ သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်အမှတ်ဟာ သဘာဝအားဖြင့် ကျလာတတ်ပါတယ်။ အဲ့ဒီ အခါ ဦးနှောက်ကို မယ်လတိုနင်ခေါ် ဟော်မုန်းထုတ်လွှတ်ပေးရန် အချက်ပြလျက်ရှိတယ်လို့ ဒေါက်တာဘရူးက ရှင်းပြ ပါတယ်။ အိပ်ရာမ၀င်မီ မိနစ်၉၀မှာ ရေချိုးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်အေးလာအောင် လုပ်သလိုဖြစ်ကာ မယ်လ တိုနင် ဟော်မုန်းတွေထွက်လာတဲ့အတွက် သင်လည်းနှစ်နှစ်ခြိုက်ခြိုက် လျင်မြန်စွာအိပ်ပျော်သွားစေပါတယ်။

အိပ်ရာမှ နိုးလာတဲ့အခါ ဘာတွေလုပ်ရမလဲ။

(၁)     မှေးမနေပါနှင့်။

'နံနက်လင်းလို့ အိပ်ရာထဲ ပြန်မမှေးပါနဲ့။ မှေးနေလိုက်တာ (ဒါမှမဟုတ်) ပြန်အိပ်ပါက သင့်ကိုပင်ပန်းနွမ်းနယ် နုံးချိစေ ပါလိမ့်မယ်' လို့ဒေါက်တာ ဘရူးစ်ကပြောပါတယ်။ 'အဲ့ဒီလို မှေးမယ့်အစား အိပ်ရာက ထလိုက်ပြီး ရေချက်ချင်းချိုးလိုက် ပါ။ ကိုယ်တွင်းအပူချိန်မြင့်လာသလို ခန္ဓာကိုယ်ကလည်း မအိပ်ချင်တော့ဘဲ သွက်လက်လာပါလိမ့်မယ်' လို့ဆိုပါတယ်။

(၂)     လိမ္မော်သီးဖျော်ရည် သောက်ပါ။

'ညအိပ်နောက်ကျလျှင် (သိပ်ညဥ့်နက်သွားလျှင်) လူမှာ အရည်ဓာတ်ခန်းခြောက်သလို သွေးထဲမှာသကြားဓာတ်လည်း နည်းပါးကျဆင်းသွားတတ်တဲ့အတွက် နံနက်ခင်းမှာ လူဟာနှေးကွေးလေးလံသွားတတ်ပါတယ်'လို့ အဟာရဓာတ် ပညာရှင် ဆာရာရှန်ကာ ကပြောပြပြီး လိမ္ဓော်သီးဖျော်ရည်တစ်ခွက် လောက်သောက်လိုက်ခြင်းဖြင့် ၁၀မိနစ်အတွင်း မှာပဲ အမြန်ဆုံးပြန်လည် လန်းဆန်းစေနိုင်ပါသတဲ့။

(၃)     အသားနဲ့ ဟင်းရွက်စားပါ။

သံဓာတ်ချို့တဲ့ပါက အိပ်ရာကမကြာခဏ နိုးတတ်ပါတယ်။ တစ်ညထဲမှာ ၃စက္ကန့်(သို့)၄စက္ကန့်ကြာအောင် အကြိမ်ကြိမ် (၁၀၀ကြိမ်တိုင်) နိုးနေတတ်ပါသေးတယ်။ လူကလည်း နုံးနေတတ်တယ်။ သံဓာတ်ကြွယ်ဝတဲ့အားဆေး(သို့)ဟင်းနုနယ်၊ ဘရိုကိုလီ၊ ကင်ပွန်းချဉ်ရွက်၊ဗူးညွန့်၊ပေါက်ပန်းဖြူရွက်နဲ့ အနီရောင် အသား(အမဲ၊၀က်၊ဆိတ်)တွေ စားပေးနိုင်ပါတယ်။



--
With Love,
Alex

No comments: