အဟာရဓာတ်ပြည့်ဝသော ခွန်အားဖြည့် အချိုရည်
လူတို့၏ ဖန်တီးပြုပြင်စီရင်ခြင်းမပါဘဲ သဘာဝအလျောက် ဖြစ်ပေါ်သည့် အဟာရဓာတ်ပြည့်ဝသော ခွန်အားဖြစ်စေသည့် အားဖြည့်အချိုရည်တစ်မျိုးဖြစ်သော 'အုန်းရည်' အကြောင်းတင်ပြလိုပါသည်။
ရှေးယခင်ကတည်းက ရိုးရာအစဉ်အလာအဖြစ် အုန်းရည်ကို အားဖြည့်အရည်အဖြစ် အသုံးပြုခဲ့ကြပါသည်။ အုန်းပင်၏ ရုက္ခဗေဒအမည်မှာ ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ ဖြစ်သည်။ မျိုးရင်းဖြစ်သည်။
အရသာနှင့် ဂုဏ်သတ္တိ
အုန်းရည်သည် အေး၏၊ ချို၏၊ အနည်းငယ်ဖန်၏။ အပူခိုးကို ကင်းစေ၏။ ဆီးကိုများစေ၏။ ၀မ်းကိုချုပ်စေ၏။ လေကိုသက် စေ၏။
ဓာတ်သဘော
သီတတေဇော၊ သီတ အာကာသ ဓာတ်စာ
ပါဝင်သော အဟာရဓာတ်များအုန်းစိမ်းရည် ၁၀၀ ဂရမ် (ခြောက်ကျပ်သားကျော်) သည် – ကယ်လိုရီခွန်အား - ၁၇ ယူနစ်
ရေငွေ့ဓာတ် – ၉၅.၅ ဂရမ်
အသားဓာတ် – ၀.၁ ဂရမ်
အဆီဓာတ် ၀.၁ ဂရမ်
ကစီဓာတ် ၄.၀ ဂရမ်
သတ္ထုဓာတ် – ၀.၄ ဂရမ်
ထုံးဓာတ် – ၂.၀ မီလီဂရမ်
မီးစုန်းဓာတ် – ၁.၀ မီလီဂရမ်
သံဓာတ် – ၀.၅ မီလီဂရမ် ပါဝင်ပါသည်။
အုန်းသီး၏ ထူးခြားမှု (ရုပ်သတ္တိ) နှင့် ဓာတ်သတ္တိပါဝင်မှုမှာ အုန်းသီး၏ အသက်အရွယ်ပေါ်တွင် မူတည်ပါသည်။ အုန်းသီး၏ အရွယ်မှာ -
အဆင့်(၁) – အရည်တည်စ (အသားမဖြစ်သေး) ၄လမှ ၅လသား
အဆင့်(၂) – ဇွန်းခြစ်(အရွယ် ၅လသားမှ ၇ လသား)
အဆင့်(၃) – အသားစားကောင်း ( အရွယ် ၇လသားမှ ၉လသား) (အုန်းခွံအစိမ်းတွင် အစက်အပျောက်များတွေ့နိုင်)
အဆင့်(၄) – အုန်းနို့ညှစ်၊ အသားညှစ် (အရွယ် ၉လကျော်) (အုန်းခွံခြောက်၍ သားကြည်သွေးရှိ)
အုန်းသီး၏ အသက်အရွယ်ပေါ်မူတည်ပြီးအုန်းရည်၏ အခြေအနေပြောင်းလဲမှုတွေ့ရပါသည်။ အုန်းရည်၏ ပါဝင်မှုပမာဏ မှာလည်း အသီးရင့်လာသည်နှင့်အမျှ အရည်လျော့သွားမည်။ (၅၀၄.၅ မီလီမီတာမှ ၂၇၇.၈ မီလီမီတာအထိ နည်းသွား ပါသည်) အုန်းရည်၏ အချဉ်ဓာတ်လျော့နည်းလာပြီး ၄.၈မှ ၆.၁အထိတက်သွားသည်။ အုန်းရည်၏ တစ်ဖက်စိမ့်ဖိအား သည် ၂၈၃.၂မှ ၃၀၈.၂ ရှိပြီး ၄င်းတစ်ဖက်စိမ့်ဖိအားသည် လူ၏သွေးရည်၏ တစ်ဖက်စိမ့်ဖိအားနှင့် နီးစပ်သည်။ ဆိုဒီယမ်၊ ပိုတက်စီယမ်ပါဝင်မှုမှာ အသီးရင့်လာသည်နှင့်အမျှ များလာသည်။ ထို့အပြင် အုန်းရည်တွင် ပရိုတိန်း၊အမိုင်နိုအက်ဆစ်၊ အဆီဓာတ်(နုလျှင်နည်းသည်)၊ သကြားဓာတ် နှင့် သတ္ထုဓာတ်ဆိုဒီယမ်၊ ပိုတက်စီယမ်အပြင် ခန္ဓာကိုယ်အတွက် အသုံး ၀င်သော ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ကော့ပါးနှင့် ဇင့်ဓာတ်တို့ ပါဝင်ပါသည်။
ထိုကဲ့သို့ အဟာရဓာတ်ဆားရည် ပြည့်ဝသည့်အပြင် ပိုးမွှားကင်းစင်သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အုန်းသီးထိပ်ကို သန့်စင်စွာဖွင့်ပြီး သောက်သုံးပါက ပိုး ၂၄နာရီအထိမ၀င်နိုင်ကြောင်း အဆင့်(၂) အုန်းရည်တွင် တွေ့နိုင်ပေသည်။ (သို့သော်ဖွင့်ပြီး ၁၂နာရီကျော်လျှင် အချဉ်နံ့ရနိုင်ခြင်းကြောင့် သောက်သုံးရန်မသင့်ပါ။) အုန်းသီးတစ်လုံးလျှင် (ဂလူးကို့စ် ပုလင်း တစ်ပုလင်းခန့်သာ) ရနိုင်သည်။
အုန်းရည်မှာ အဟာရဓာတ်ပြည့်ဝဓာတ်ဆားရည်ဖြစ်ကြောင်းနှင့် ဓာဆားထုပ် လွယ်ကူစွာ မရနိုင်သော၊ အုန်းရည်လွယ် ကူစွာရနိုင်သော ဒေသတို့တွင် ဓာတ်ဆားရည်အဖြစ် အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။
အုန်းရည်အမျိုးမျိုးတို့၏ အာနိသင်များ
အလွန်နုသောအုန်းစိမ်းရည်အလွန်နုသော အုန်းစိမ်းရည်သည် များသောအားဖြင့် ၀မ်းကျစေတတ်၏။
မနုမရင့်အလတ်စား အုန်းစိမ်းရည်အချို
မနုမရင့် လတ်လတ်ဆတ်ဆတ် အုန်းစိမ်းရည်သည် သုက်ကိုပွားစေ၏။ အဆီသြဇာရှိ၏။ ချို၏။ အချို့စဉ်းငယ်ဖန်၏။ အေး ၏။ ကြေလွယ်၏။ ပေါ့၏။ ရေငတ်ခြင်း၊ သည်းခြေနာ၊ လေနာတို့ကို နိုင်၏။ ၀မ်းမီးကို တောက်စေ၏။ ဆီးကိုရွှင်စေ၏။ ၀မ်း မီးချက်ပြီးသည့်နောက် ချို၏။
မနုမရင့်အလတ်စား အုန်းစိမ်းရည်အငန်
မနုမရင့် အလတ်စားအန်းစိမ်းရည်သည် ချိုငန်ပျပျရှိ၏။ နှလုံးကို ကြည်လင်စေတတ်၏။ နှုတ်ကိုမြိန်တတ်စေ၏။ အား ကိုဖြစ်စေ၏။
အလွန်ရင့်သော အုန်းရည်
အလွန်ရင့်သော အုန်းရည်သည်လည်းကောင်း၊ ဆွတ်ခူး၍ ကြာပြီးသော အုန်းရည်သည်လည်းကောင်း လေတို့ကိုချုပ်စေ၏။ ၀မ်းကိုချုပ်စေ၏။ ကြေခဲ၏။ သည်းခြေကို ပျက်စေ၏။
ရောဂါအလိုက် အသုံးပြုပုံများ
ခေါင်းတစ်ခြမ်းကိုက်ရောဂါ
အုန်းရည်နှာခေါင်းအတွင်း သို့အနည်းငယ်ခပ်၍ပေးမူ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်၏။
ခံတွင်းပျက်ရောဂါ
နေထိုင်၍ ကောင်းလျက်နှင့် မစားမသောက်နိုင်ဘဲ ခံတွင်းပျက်မှု အုန်းသီး အလတ်စား(မနုမရင့်) အုန်းရည်ကို တစ်နေ့လျှင် (၂)ကြိမ်မျှသောက်ပါက ခံတွင်းကောင်းလာနိုင်သည်။
ဆီးအောင့်၍ သွားသောရောဂါ
ဆီးသွားသော အခါအောင့်၍ ရပ်တန့်သွားခြင်း၊ လေတွန်းအားနည်း၍ တံစက်မြိတ်မှ ကျသောရေ၏အရှိန်ကဲ့သို့ တစက်စက် ကျခြင်းဖြစ်မူ အုန်းစိမ်းရည်တွင် သကြားခပ်၍သောက်ပါ။ တစ်နေ့လျှင် (၃) ကြိမ်မျှ သင့်ရုံသောက်လျှင် အထက်ပါရောဂါ များ ပျောက်ကင်းစေသည့်အပြင် ကိုယ်၌ ပူလောင်ခြင်းကိုလည်း ငြိမ်းစေတတ်သည်။ နှလုံးရောဂါနှင့် စပ်လျဉ်းသည့် ရောဂါ များကိုလည်း ပျောက်ကင်းစေနိုင်သည်။
သတိမေ့လျော့ခြင်းနှင့် ရေငတ်ခြင်းရောဂါ
အုန်းစိမ်းမနုမရင့် အလတ်စားအရည်ကို တစ်နေ့(၃)ကြိမ်မျှသောက်ပါက ရေငတ်ပြေစေ၍ သတိတရားလည်းများစွာ ကောင်းနိုင်သည်။
မိုးသီတာဝင်း (တိုင်းရင်းဆေးသိပ္ပံ)
From: Health Digest Journal Vol. 7, No (1) – Oct (14), 2009.

မှီးငြမ်းကိုးကားသော စာအုပ်များ
(၁) ပုံပြဆေးအဘိဓာန် (စတုတ္ထတွဲ) (ရှင်နာဂသေနာဘိဝံသ)
(၂) အဟာရစွယ်စုံအဘိဓာန်(ဦးမျိုးညွန့်ဦး)
(၃) တိုင်းရင်းဆေးနှင့် ပတ်သက်၍ မဟာသိပ္ပံဘွဲ့များအတွက် တင်သွင်းခဲ့သော ကျမ်းကြီးများ၏ စာတမ်းအကျဉ်း (၁၉၇၄ မှ ၁၉၉၆) (ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန)
(၁) ပုံပြဆေးအဘိဓာန် (စတုတ္ထတွဲ) (ရှင်နာဂသေနာဘိဝံသ)
(၂) အဟာရစွယ်စုံအဘိဓာန်(ဦးမျိုးညွန့်ဦး)
(၃) တိုင်းရင်းဆေးနှင့် ပတ်သက်၍ မဟာသိပ္ပံဘွဲ့များအတွက် တင်သွင်းခဲ့သော ကျမ်းကြီးများ၏ စာတမ်းအကျဉ်း (၁၉၇၄ မှ ၁၉၉၆) (ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန)
From: Health Digest Journal Vol. 7, No (1) – Oct (14), 2009.
No comments:
Post a Comment