Sunday, April 6, 2025

အန်ဒရေချီကာတီလို (Andrey Chikatilo)

အန်ဒရေချီကာတီလို (Andrey Chikatilo) - ကြောက်စရာအကောင်းဆုံး ရုရှားစိတ္တဇ လူသတ်သမား 




အန်ဒရေချီကာတီလိုဟာ ဖမ်းမိခဲ့တဲ့ထဲက ကြောက်စရာအကောင်းဆုံး စိတ်တဇ လူသတ်သမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ သူက ၁၉၈၂ - ၁၉၉၀ အတွင်း၊ ကလေး နှင့် မိန်းမပျို ၅၀ ကိုရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အရွယ်ရောက်ချိန်မှာ တက္ကသိုလ်တစ်ခုမှာတက်ခဲ့ပြီး၊ ဆောင်းပါးတွေလဲရေးခဲ့ပါသေးတယ်၊ ကျောင်းဆရာအလုပ်ကို ဇောက်ချလုပ်ကိုင်သူဖြစ်ပြီး မိသားစုနောက်ကြောင်းကလဲ သာမန်ကောင်းမွန်တဲ့အတွက် သူ့ကို ကွင်းဆက်လူသတ်သမားတစ်ဦးအဖြစ် မှတ်ချက်ချဖို့ သဲလွန်စအနည်းငယ်သာရရှိနိုင်ခဲ့ပါတယ်။




သူကပထမဆုံး လူတစ်ယောက်ကို ၁၉၇၀ ၀န်းကျင်မှာ သတ်ခဲ့တာဖြစ်ပြီး၊ အချိန်တစ်ခုရပ်တန့်ကာ အေးအေးလူလူသာနေထိုင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ချီကာတီလို က သူကို ဆိုဗီယက် (USSR) တစ်ခွင် အလုပ်နှင့် ခရီးသွားလာခွင့် ရစေနိုင်မယ့် အလုပ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ သူက သူ သတ်မယ့်သူတွေကို မတူညီတဲ့မြို့တွေမှာရှာဖွေခြင်းဖြင့် သူ့ရဲ့လူမဆန်တဲ့ မှုခင်းတွေနဲ့ ကွင်းဆက်ချိတ်ဆက်ဖို့ခက်ခဲအောင် ကြိုးပမ်းခဲ့ပါသေးတယ်။ သူက သူသတ်မယ့်ကလေးငယ်တွေကို မသတ်ခင်မှာ သကြားလုံးကြွေးဖို့ ဒါမ မဟုတ် ရုပ်ရှင်ကြည့်ဖို့အတွက် တောထဲကိုဖျားယောင်းခေါ် ဆောင်လေ့ရှိပါတယ်။ လူသတ်ပြီးတဲ့ရုပ်လောင်းတွေကို သူက ကိုယ်အင်္ဂါ အစိတ်ပိုင်းတွေကိုဖြတ်တောက်ပြီးတော့လဲ စားသုံးလေ့ရှိပါသေးတယ်။ ချီကာတီလိုက သူ့ရဲ့သားကောင်တွေကို မျက်စိဖုန်းအုပ်ထားတာ ဒါမှမဟုတ် မျက်လုံးတွေဖောက်ထုပ်ပစ် လိုက်တာမျိုးကို လုပ်လေ့ရှိပါတယ်။ "မှုခင်းတစ်ခုမှာဆိုရင်၊ ကျွန်နော်က သူမရဲ့အကြည့်တွေကိုကြောက်တဲ့ အတွက် မျက်လုံးတွေကို လည်စည်းပ၀ါနဲ့ ပိတ်ထားခဲ့ပါတယ်" လို့ သူက သူ့ရဲ့ပထမဆုံးသားကောင်နဲ့ ဆက်စပ်တဲ့ ထွက်ဆိုချက်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


ချီကာတီလိုကို ၁၉၈၄ ခုနှစ်မှာခိုးမှုအတွက် သံသယရှိသူအဖြစ် တစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ခဏအတွင်းမှာပဲပြန်လွတ်ပေးခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ရုရှား အာဏာပိုင်တွေက စိတ်တဇ လူသတ်သမားကိုရှာဖွေဖို့အတွက် ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအချိန်မှာ သူက လူအယောက် ၃၀ ကိုသတ်ထား ခဲ့ပြီးဖြစ်ပါတယ်။ ချီကာတီလိုက သူ့ကိုသံသယမဖြစ်စေဖို့အတွက် အဲ့ဒီရှာဖွေရေး ကမ်ပိန်းမှာလဲ အဖွဲ့၀င်တစ်ဦးအဖြစ်နဲ့ပါ၀င်ခဲ့ပါသေးတယ်။ သူကို ၁၉၉၀ အထိ လုံး၀ဖမ်းမမိခဲ့ပါဘူး (ရှာဖွေရေးအဖွဲက သူလမ်းပေါ် ကကြက်ကလေးတွေနဲ့ မိတ်ဖွဲ့နေတတ်တာကို သတိမထားမိခင်အထိပေါ့)။  ချီကာတီလိုက သူ့အပေါ်စွဲချက်တွေအားလုံးကို ပါးနပ်စွာ ငြင်းဆိုခဲ့ပြီး စိတ္တဇ ဆရာ၀န်ကြီး အလက်ဇန်းဒါ ဘူခနိုစ့်စကိုင်း နဲ့မေးမှသာလျင်အမှန်ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ "ကျနော်က သူ့ကို ကျနော်ဟာ ဆရာ၀န်တစ် ယောက်ဖြစ်ပြီး ကျနော်ရဲ့ရည်ရွယ်ချက်က သူ့ကိုကူညီဖို့အတွက်သာဖြစ် ကြောင်းရှင်းပြခဲ့ပါတယ်။ ကျနော်အိပ်မွေ့ချမေးလို့ရပါတယ် ဒါပေမယ့် အဲ့လိုပြောလိုက်တော့ ကျနော်အိပ်မွေ့ချဖို့မလိုအပ်ခဲ့ပါဘူး။ ကျနော်က သူပ ထမဆုံးအကြောင်းဆုံးပြောပြတာကိုနားထောင်ခဲ့ရတဲ့ ပထမဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပါတယ်။ သူကသူ့ရဲ့ ကံကြမ္မာကို အပြစ်တင်ခဲ့ပြီး သူ့အ နားမှာရှိနေတဲ့ ပတ်၀န်းကျင်ကလူတွေကိုလဲအပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။" လို့ ဘူခနိုစ့်စကိုင်း က ပြန်ပြောင်းပြောပြခဲ့ပါတယ်။ 


ချီကာတီလိုရဲ့အမှုကိုဦးဆောင်စုံစမ်းခဲ့တဲ့ အီစ ကိုစ့်တိုအစ် ပြောပြတာက - "ကျနော်သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတယ်လို့ လုံး၀မထင်ပါဘူး။ သူ့မှာထင်ယောင်ထင်မှားဖြစ်နေတာတွေ ရှိတတ်ပေမယ့် ဒါက တကယ့် ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ၊ သူက သူ့ဘ၀မှာ အလိုမကျတာတွေရှိခဲ့ပြီး ဒါတွေက သူ့ကို စိတ်ပျက်ရူးသွပ် စေခဲ့တာဖြစ်ပါတယ်။ ....." 


ချီကာတီကိုကို ၁၉၉၄ ခုနှစ်မှာ နှစ်နှစ်တိုင်တိုင် တရားရင်ဆိုင်ခဲ့ပြီးမှ သေမိန့်ချခဲ့တာဖြစ်ပါတယ်။ 




ဒီအမှုနဲ့ အလားတူဖြစ်တဲ့ မြန်မာပြည်က မအလ ဟာလည်း ဒီတိုင်းကြည့်မယ် ဆိုရင် ခေါင်းဆောင်တစ်ယောက်လို စိတ်ရောဂါရှိတဲ့ လူတစ်ယောက် အဖြစ်နဲ့ ဘယ်သူမှ သိသာခံစားမိမှာမဟုတ်ပါဘူး။ သူ့မှာ ပျော်စရာကောင်း တယ်လို့ထင်ရတဲ့ မိသားစုလေးတစ်ခုရှိပြီး မိသားစုက ကျောင်းပိတ်ရက်တွေမှာ သူ့ဆီအလည်သွားကြပါတယ်။ စိတ်တဇဖြစ် စေတဲ့အကြောင်းအရာက သူက သမ္မတဖြစ်ချင်ခဲ့တာပါ ဒါပေမယ့် သူ့ရဲ့ပတ် ၀န်းကျင် အသိုင်း၀ိုင်းကလဲလက်မခံသလို သူ့ရဲ့ကံကြမ္မာကို အပြစ် ပုံချပြီး ထောင်ပေါင်းများစွာသောလူတွေကို သတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမား တစ်ဦးအဖြစ်နဲ့ ရပ်တည်လာခဲ့တာ အခုဆိုရင် ၄ နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် သူ့ကို နီးစပ်သူတွေနဲ့ ဘရောင်ချိန်းနေတဲ့သူတွေက လူသတ်သမား လို့ မမြင်ပါဘူး။ အကြီးကဲတစ်ယောက်အနေနဲ့ တလေးတစားဆက်ဆံပြီး နိုင်ငံကျော်အနုပညာရှင်တွေ အတတ်ပညာရှင်တွေက သူလာရင် ကြိုဆို နှုတ်ဆက်နေကြတုန်းပါပဲ။ အချိုသောဘာသာရေး ခေါင်းဆောင်တွေအ တွက်လဲ သူဟာ သာသနာပြုသူကြီးတစ်ဦးအဖြစ်နဲ့ လက်ခံထားခံရတဲ့ သူ တစ်ဦးအဖြစ်ဆက်လက်ရှိနေတာဖြစ်ပါတယ်။​


#thecriminalmind #russia #maniacs #burmesecelebrity #burmese #crime-in-Burma #Criminology

No comments: