“ရှမ်း” ဝေါဟာရ ရှင်းလင်းချက်
#တိုင်းရင်းသားမျိုးနွယ်စု
#ပြည်ထောင်စုဖွားညီအစ်ကိုများ
#ဗဟုသုတ
(သျှမ်းကုန်မြေမြင့်ကြီးက မြန်မာနိုင်ငံမြေပုံထဲမှာ အတော်ကြီးမားတဲ့အစိတ်အပိုင်းကြီးတစ်ခု ၀င့်ဝင့်ထည်ထည်ရှိနေတာ လူတိုင်းသတိ ထားမိကြပါတယ်။ ဒါ့အပြင် ရိုးသား ကြိုးစား ကိုယ့်အမျိုးအနွယ်ကိုချစ်တတ်ကြတဲ့ လူမျိုးတစ်မျိုးလို့လည်း သိနိုင်သလို သူတို့တွေ ချက်ပြုတ်စားသောက်ကြတဲ့ အစားအသောက်တွေဟာလည်း အရသာရှိကြောင်း ထောက်ခံကြမှာသေချာတယ်။ ဘာပဲဆိုဆို တမြေတည်းဖွား တိုင်းရင်းသားညီအစ်ကိုတစ်စုရဲ့ သမိုင်းအကြောင်းအရာအချို့ကိုသိရအောင် ဝေငှလိုက်ပါတယ် ဖတ်ကြည့်ပါ။)
“ရှမ်း”ဟူသောအမည်သည် အခြားလူမျိုးတို့က ရှမ်းလူမျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာဖြစ်သည်။ ရှမ်းလူမျိုးတို့ကမူ မိမိကိုယ်ကို “တိုင်း” (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။“ရှမ်း” (ခေါ်) ‘တိုင်း’၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ အမျိုးမျိုးဖွင့်ဆိုထားကြောင်း တွေ့ရပါသည်။ ရှေးမြန်မာကျောက်စာတို့တွင် ‘သျမ်’ (သို့မဟုတ်) ‘သံ’ဟုရေးသားကြသည်။ ဤဝေါဟာရသည် အာသံ (အရှမ်း)၊ အဟုမ်၊ ဆိုင်းယမ်း၊ စိအန်(သို့မဟုတ်) စိအန်လိုဟူသော ဝေါဟာရများနှင့် ထပ်တူဖြစ်သည်။ ရှေးအကျဆုံး အမည်မှာ “လောဝ်” (သို့မဟုတ်) “အိုက်လောဝ်” ဖြစ်ဟန်တူသည်။
‘သျှာမ်း’ဟူသော ဝေါဟာရကို ရှမ်း မြန်မာ ပါဠိပညာရှင်ကြီးများက “သာမိ ဣဿရိယတီတိ သာမိ။ ။ သာမိ-အရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယတိ- အစိုးရတတ်၏။ ဣတိတသ္မာ-ထို့ကြောင့်၊ သာမိ-သာမိ မည်၏”ဟု ဝိဂြိုဟ်ပြု ဖွင့်ဆိုထားသည်။ ဤသို့ဖွင့်ဆိုခြင်းမှာ ရှမ်းလူမျိုးများသည် ခတ္တိယနွယ်စဉ် သာကီဝင်တို့မှ ဆင်းသက်လာသည်ဟု ယူဆခြင်းဖြစ်သည်။
“ရှမ်း”ဟူသော ဝေါဟာရသည် ထို“သာမ”ဟူသော ပါဠိမှ “သျာမ၊ ၎င်း“သာမ”မှ တစ်ဆင့်“သျှာမ် > သံ > သျှိး > သျှမ်း>ရှမ်း” ဟု ရေးသားကြသည်ကိုလည်း တွေ့ရသည်။
ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (-ျ)ယပင့် (-ှ)ဟထိုး (-၁)ရေးချ (မ) အက္ခရာသတ်နှင့် “သျှာမ်း”ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်သော သဒ္ဒါမျိုးဖြစ်၍ သာလွန်သင့်လျော်ကောင်းမြတ်သော ရေးထုံးရေးနည်းတစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။ “သုဝဏ္ဏသာမ”ကို သုဝဏ္ဏသျှာမ် > သုဝဏ္ဏသျှံ” ဟုရေးထုံးပြုသကဲ့သို့ “သာမ” ကိုလည်း“သျှာမ် > သျှမ်း > သျှံ”ဟု ရေးသားလာခဲ့ကြသည်။
ရှေးဟောင်းမြန်မာကျောက်စာတို့တွင် အေဒီ ၁၁၂ဝ ပြည့်နှစ်မှစ၍ “သျံ၊ သျမ်” ဟုတွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်းအမည်ကို အေဒီ ၁ဝ၅ဝ ပြည့်နှစ်မတိုင်မီက တွေ့ရသည်။
ရှမ်းလူမျိုးနှင့် ရှမ်းအခေါ်အဝေါ် ဝေါဟာရများကို ပုဂံကျောက်စာများတွင် မကြာမကြာတွေ့ ရသည်။ သျှာမ်း(ရှမ်း)လူမျိုး အကြောင်းကို (၁၁၂ဝ အေဒီ) မှ စ၍ အကြိမ် (၂၀)ထက်မနည်း ပုဂံကျောက်စာတွင်ဖော်ပြထား၏။
“သျှာမ်း”ဟူသော အမည်ပညတ်နှင့်စပ်လျဉ်း၍ ရှမ်းပြည်မြန်မာပြည် အကြောင်းကို ရေးသားခဲ့ကြသော ဆာဂျော့စကော့ စသည့်ပုဂ္ဂိုလ်များက “သျှာမ်း” ဟူသော အခေါ်အဝေါ်ကို မြန်မာလူမျိုးနှင့် အခြားလူမျိုးများက အသုံးပြုခေါ်ဝေါ်ကြ၏။ မည်သည့် အတွက်ကြောင့် အသုံးပြုသည်ဟူ၍ ခိုင်လုံသောအထောက်အထား မရှိဟုဆိုသည်။ သို့သော် မစ္စတာတီရိရန်ဒီလာကိုပီရီ (Mr. Terrien de lacouperie) ကမူ “The Cradle of the Shan Race” စာအုပ်၌
“တရုတ်ပြည်တွင် Hia (ဟိရ) မင်းဆက်ကိုဖြိုဖျက်ခဲ့သော ကုန်သည်များဟူ၍ အဓိပ္ပါယ်ရှိသည့် Shang (ရှံ)လူမျိုးများမှာ ရှမ်းလူမျိုးများနှင့် ဆက်သွယ်ကြကြောင်း၊ တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့သော အရင်းမူလတစ်မျိုးတည်းဖြစ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဝေါဟာရများတွင် Tchang (ဆန်)၊ Saing (ဆိုင်)၊ Shen (ရှင်)၊ Sien (စီရင်) အစရှိသောအမည်များနှင့် များစွာတူညီသော အမည်များတွေ့ရှိရကြောင်းရေးသားထားသည်ကို တွေ့ရသည်။
၎င်း၏ အဆိုကို ကျနစွာစိစစ် ကြည့်ရှုလျှင် “သျှာမ်း”ဟူသောအမည်နာမသည် “ကုန်သည်များ” ဟူ၍ အဓိပ္ပါယ်ရသည့် Shang (ရှံ)မှ ဆင်းသက်လာသော အမည်များအနက် နောက်ဆုံးခေါ်တွင် ကျန်ရစ်ခဲ့သော အမည်ဖြစ်သည်ဟု မှတ်ယူဖွယ်ရာရှိပေ၏။ ဘီစီ ၁၁၂၂ ခုနှစ်တွင် တရုတ်နှံ(Shang) တို့ကို တိုက်ခိုက်သောကြောင့်Shang မှ တဆင့် Shan ဟု အမည်ရလာသည်ဟုလည်း ဆိုသည်။
၎င်းအပြင် မစ္စတာကော့ကရိန်းရေးသားသော “The Shans” စာအုပ်တွင် “ဝ” နှင့် “လွယ်လ” တိုင်းရင်းသားများက ရှမ်းကို Shen(ရှံ) ဟုခေါ်ကြောင်း၊ ကန်တုန်နီဘာသာအားဖြင့် Tsim (စင်မ်) ဟုခေါ်ကြောင်း ရေးသားထားသည်။ ကချင်တိုင်းရင်းသားလည်း ရှမ်းကို Sam (ဆန်-မ်)ဟု ခေါ်သည်ကို တွေ့ ရသည်။ မွန်လူမျိုးများက ရှမ်းကို Seam (ဆိန်-မ်)ဟု ခေါ်ကြသည်။ တနင်္သာရီဒေသတွင် နေထိုင်ကြသော မြန်မာ မျိုးနွယ်စုများကလည်း ယိုးဒယား(ထိုင်း)ကို “ Shan (ရှမ်း)” ဟုပင်ခေါ်ဝေါ်ကြသည်။ အနောက်နိုင်ငံသားများကလည်း ယခင်က ယိုးဒယား(ထိုင်း)ကို Saim (ဆယမ်) ဟုခေါ်သည်။
အခြားစကားလုံးများတွင် အစွန်းအစတွေ့ နိုင်သော အပြောင်းအလဲများနှင့် ဤစကားပုံစံများကို နှိုင်းယှဉ်သော် “သျှာမ်း” ဟူသောစကားလုံးပုံစံ၏ လက်ခံနိုင်သည့် စကားလုံးပင်ဖြစ်သည့် Shang (ရှံ) သို့မဟုတ် Shiang (ရှိုင်)မှာ သင့်လျှော်စွာ လက်ခံနိုင်သည့် စကားပင်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားခဲ့သည် ဖြစ်သောကြောင့်အထက်ပါ ပုဂ္ဂိုလ်ကြီးများ၏ အဆိုနှစ်ရပ်စလုံးပင် ညီညွတ်လျက်ရှိသည်ကို တွေ့မြင်ရပေတော့၏။
မြန်မာအသံထွက်ဖြင့် မြန်မာပြည်တွင် ရှမ်း (Shan) ဟု ခေါ်နေသော ဝေါဟာရသည် Rhwam > Yhwam > Hyam > Cyam > Sham > Shan ဟူ၍ အဆင့်ဆင့်ပြောင်းလဲ လာခဲ့သည် ဟုဆိုသည်။ အာသံသည် ပါဠိ၊သက္ကတဖြစ်သော “အသမ”(Asama) ‘ မညီညွတ်ခြင်း’ (မြေမျက်နှာသွင်ပြင် မညီညွတ်ခြင်း) တည်းဟူသော ဌာနကိုအစွဲပြု၍ ထိုဒေသ၌ နေထိုင်သော ရှမ်းများကို “အာသမ်” (အာသံရှမ်း) ဟုခေါ်ဆိုလာကြသည်။ ထို “အသမ်” မှတစ်ဆင့် “အာသံ” ဟုပြောင်းလဲလာသည်။ {Asama > Asam> A-Sam (or) A-Cam}
Shan ဟူသော စကားလုံး၏ အရင်းအမြစ်မှာ Sam(သို့မဟုတ်) Sham မှ ဆင်းသက်လာသည်။ Shan > Sham> Sam ဟု စတင်ခေါ်ခြင်းမှာ ဂျင်းဖော(ကချင်)လူမျိုးများက စတင်ခေါ် သည်ဟုဆိုသည်။ ဂျင်းဖောများက ရှမ်းကို Sam ဟုသာ ခေါ်ကြသဖြင့် ထို Sam မှ တဆင့် မြန်မာတို့ကလည်း Shan ဟုခေါ်ဝေါ်လာကြသည်ဟု ဆိုသည်။ မိုဟာမေဒင် သမိုင်းဆရာများက အာသံကို Asham ဟု ရေးသားကြသည်။ အင်္ဂလိပ်လက်ထက်တွင် ‘S’ ကို အစပြု၍ ရေးသားကြသဖြင့် Sham > Shan > Ashan ဖြစ်လာပြီး Assam သည် တိုင်းပြည်ဒေသ၏ အမည်အဖြစ် ခေါ်ဆိုအသုံးပြုလာကြသည်။
သက္ကရာဇ် ၁၁၅၁ ခုနှစ်၊ သီဟိုဠ်မင်းက ယိုးဒယား (ထိုင်း)နိုင်ငံကို ပေးသော `သံ’စာတွင် “သျှာမ်း” ဟူသော နာမည်ကိုစွဲ၍ “သာမရဋ္ဌ” ဟု ပါဌ်စီကြောင်းနှင့် မုတ္တမရာဇဝင်ပေါင်းချုပ်ကျမ်း၌ ရေးသားထားသည်ကို တွေ့မြင်ရသည်။ ထို့အပြင် ထိုစာ၌ “သျှာမ်းပြည်ရှိသည့် သျှာမ်းလူမျိုးတို့မှာ အရပ်ရပ်သို့ လှည့်လည်သွားလကူးသန်းရောင်းဝယ်တတ်သောကုန်သည်ကြီးများ ဖြစ်ကြသည်” ဟုလည်းဆိုသည်။
“သာမ”ဟူသည်မှာ မာဂဓအဘိဓာန်၌ “သာမဗေဒင်” ဟူသောအနက်၊ ငြိမ်သက်ကြေချမ်းအောင်ပြုခြင်း ‘သာမဥပါယ်”ဟူသောအနက်၊ ဝါဝင်းစိုပြေရွှေသောအနက် စသည်တို့ဖြစ်၏။ ဤအရာ၌ ဝါဝင်းစိုပြေရွှေသော အရောင်အဆင်း ရှိသည်ကို စွဲ၍ “တိုင်း” (ခေါ်) သျှာမ်း”လူမျိုးတို့ကို “သာမ”လူမျိုး၊ ဌာနီဖြစ်သော “လူမျိုးဒြပ်”၏ “သာမ” ဟူသော အမည်ကို ဌာနဖြစ်သောတိုင်းပြည်၌ တင်စား၍ ဌာနျူပစာအားဖြင့် သျှာမ်းတိုင်း သျှာမ်းပြည်ကိုလည်း “သာမရဋ္ဌ သာမတိုင်း/သာမပြည်” ဟူ၍ သီဟိုဠ်ကျွန်းနှင့် မဇ္ဈိမဒေသစသော တိုင်းကြီးပြည်သားတို့က ရေးသားခေါ်ဆိုကြဟန်တူလေသည်။
ထို့ကြောင့် အချို့သော ပညာရှင်များက ရှမ်းလူမျိုးတို့၏ ဝါဝင်းစိုပြေသော အသားအရေကို ကြည့်၍ “သာမော ဝဏ္ဏော ဧတေသန္တိ သျှာမော” ဧတေသံ-ဤပုဂ္ဂိုလ်တို့အား၊ သာမောဝဏ္ဏော-ရွှေအဆင်းနှင့်တူသောဝါဝင်းသော ကိုယ်အဆင်းသည်၊ အတ္ထိ-ရှိ၏၊ ဣတိတသ္မာ -ထို့ကြောင့်၊ တေ-ထိုပုဂ္ဂိုလ်တို့သည်၊ သျှာမော-သျှာမမည်၏ (ဝါ) သျှာမ်း-ရှမ်းမည်၏” ဟု ဝိဂြိုဟ်ပြု ဖွဲ့ဆိုထားလေသည်။
တစ်နည်းအားဖြင့် မည်သည့်အလုပ်အကိုင်၊ အရာဌာနမျိုးတို့၌မဆို တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်းရှိသည်ကို “သာမသတ္တိ” ဟူ၍ ဆိုသည်။ ထိုသာမသတ္တိနှင့် ပြည့်စုံသည်ကိုအကြောင်းပြု၍ ‘တိုင်း’ (ခေါ်)‘သျှာမ်း’လူမျိုးများကို “သာမလူမျိုး”ဟူ၍ပင် ခေါ်ဆိုအပ်သည်။ ထို့ကြောင့် ရှမ်းပညာရှိများက ရှမ်းဘာသာဖြင့် “ျွမ်ျှူဵင်ြှူမ်ှ္ဓု္မ်ဝဿး-္ပင်ှပဵ္မ်တဿးမ္ဂ္မ်္ပြှ်ှု(ဖွမ့်ဖိန်ဟုံ့ မ်ခန်ဝိုင်း-စန်ပိန်တိုင်းမန်စိုင်)”ဟု ကဗျာလင်္ကာ စပ်ဆိုထားကြလေသည်။ အဓိပ္ပါယ်မှာ မည်သည့်အလုပ်အကိုင်ဌာနမဆို တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား၊ တညီတညွတ်တည်း ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်းရှိပြီး သာမသတ္တိနှင့် ပြည့်စုံမှသာ “တိုင်း” (ရှမ်း) လူမျိုးအစစ်ဖြစ်၏ဟု ဆိုလိုသည်။
ရှေးခေတ် မြန်မာကျောက်စာများတွင်လည်းကောင်း၊ မြန်မာစာပေတွင်လည်းကောင်း “သျှမ်”(သို့မဟုတ်) “သျှာမ်း”ဟု ရေးသားကြ
သော်လည်း ယခုအခါ “ရှမ်း”ဟုသာ ရေးသားလာခဲ့ကြတော့သည်။ “ကဝိမျက်မှန်သတ်ပုံကျမ်း” ၌ “ရှမ်း”နှင့်ပတ်သက်၍ “လူမည်ငရှမ်း၊ လူမျိုးရှမ်း၊ ရှမ်းပြည်(မ)သတ် (ရ)ကြီးမှတ်”ဟု သံပေါက်ကဗျာစပ်ဆိုထားသည်ကို တွေ့ရသည်။
ထိုသို့ရေးသားကြရာ၌ မူလ အခြေခံအားဖြင့်သော်ကား ရှမ်းလူမျိုးတို့၏ အရေးအသားဖြစ်သော (ရှ = ဟ)အက္ခရာသည် မြန်မာလူမျိုးတို့၏ အရေးအသားဖြစ်သော ‘ရ’ကောက် ‘ဟ’ထိုး (ရှ)နှင့် ဆင်တူတူရှိသည်ဖြစ်ရကား ရှမ်းအရေးအသားဖြစ်သော “ထမ်းဆောင်ခြင်း” အဓိပ္ပါယ်ရှိသည့် (ရှံ = ဆဟံ) ဟူသော ဝေါဟာရစကားလုံးမှ မြန်မာအရေးအသားတွင် (ရှံ > ရှံး > ရှမ်း )ဖြစ်လာသည်။ ထိုအခါမှစ၍ ယခုသမယတိုင်အောင် (ရ)ကောက်(ဟ)ထိုးနှင့် “ရှမ်း”ဟု ရေးထုံးရေးနည်း ပြုလာခဲ့ဟန်တူလေသည်။ ဥပမာ ရှမ်းလူမျိုးတို့၏ အရေးအသားဖြစ်သော “ြွှေုလီ {ြ္ဗူ်ှုလီ} (ဟွေလီ)မှ ‘ရွှေလီ' ၊ “ယွင်ြှွှုေု {ယွင်ြ္ဗူ်ှု}မှ ညောင်ရွှေ”ဟု အစဉ်အတိုင်း မြန်မာမှု၌ ရေးသားပြန်ဆိုကြသကဲ့သို့ပင်တည်း။
ထိုသို့ရေးသားပြန်ဆိုကြရာ၌ အနက်အဓိပ္ပါယ်အားဖြင့် ဟုတ်မှန်သောအတိုင်း လိုရင်းမကျသော်လည်း ဘာသန္တရ၌ လိမ္မာကျွမ်းကျင်ခြင်း မရှိသော အဖြစ်မှတစ်ပါး အခြားအပြစ်ဆိုရန် မရှိဖြစ်လေသည်။
“သျှာမ်း”ကို “ရှမ်း”ဟု ရေးသားကြခြင်းမှာ ရှမ်းလူမျိုးများ ကြိုက်နှစ်သက်ခြင်း မရှိကြဟု သိရသည်။ “ရှမ်း”ဟူသောအရေးအသားမှာ ယခု ခေတ်သစ် ရှမ်းစာပေအဓိပ္ပါယ်တွင် “ဖွဲနု” ဟူ၍လည်းကောင်း၊ ချသည်၊တိုက်ခိုက်သည်၊ ရိုက်နှက်သည်”ဟူ၍ လည်းကောင်း အဓိပ္ပါယ်ရှိ သောကြောင့်ဖြစ်သည်။
မြန်မာအဘိဓာန်တွင် “ရှမ်း”ကို ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကားတစ်မျိုးကိုပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး၊ (ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းတွင်းအထက်ပိုင်းဒေသတို့တွင် အများအားဖြင့်နေထိုင်သည်။ ) ဟုဖွင့်ဆိုထားသည်ကိုတွေ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် “သျှာမ်း”(သို့မဟုတ်) ရှမ်း” ဟူသောအဓိပ္ပါယ်မှာ
- အရှင်သခင်အဖြစ်ဖြင့် အစိုးရတတ်ခြင်း၊
- ရွှေအဆင်းနှင့်တူသော ဝါဝင်းသော ကိုယ်အဆင်းရှိခြင်း၊
- မညီညာသော တောင်ကုန်းတောင်တန်းဒေသတို့၌ နေထိုင်ခြင်း၊
- ကုန်သွယ်မှုကိုပြုတတ်ခြင်း၊
- တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်း “သာမသတ္တိ” ရှိခြင်း တို့ဖြစ်သည်။
_
အရှင်သုခမိန္ဒ ရေးသားပြုစုထားသော "ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံစံများ" စာအုပ်မှ ပြန်လည်ကောက်နှုတ်တင်ပြသည်
[Zawgyi]“ရွမ္း” ေဝါဟာရ ရွင္းလင္းခ်က္
#တိုင္းရင္းသားမ်ိဳးႏြယ္စု
#ျပည္ေထာင္စုဖြားညီအစ္ကိုမ်ား
#ဗဟုသုတ
(သ်ွမ္းကုန္ေျမျမင့္ႀကီးက ျမန္မာႏိုင္ငံေျမပံုထဲမွာ အေတာ္ႀကီးမားတဲ့အစိတ္အပိုင္းႀကီးတစ္ခု ၀င့္ဝင့္ထည္ထည္ရိွေနတာ လူတိုင္းသတိ ထားမိၾကပါတယ္။ ဒါ့အျပင္ ရိုးသား ႀကိဳးစား ကိုယ့္အမ်ိဳးအႏြယ္ကိုခ်စ္တတ္ၾကတဲ့ လူမ်ိဳးတစ္မ်ိဳးလို႔လည္း သိႏိုင္သလို သူတို႔ေတြ ခ်က္ျပဳတ္စားေသာက္ၾကတဲ့ အစားအေသာက္ေတြဟာလည္း အရသာရိွေၾကာင္း ေထာက္ခံၾကမွာေသခ်ာတယ္။ ဘာပဲဆိုဆို တေျမတည္းဖြား တိုင္းရင္းသားညီအစ္ကိုတစ္စုရဲ့ သမိုင္းအေၾကာင္းအရာအခ်ိဳ႕ကိုသိရေအာင္ ေဝငွလိုက္ပါတယ္ ဖတ္ၾကၫ့္ပါ။)
“ရွမ္း”ဟူေသာအမည္သည္ အျခားလူမ်ိဳးတို႔က ရွမ္းလူမ်ိဳးတို႔ကို ေခၚေဝၚေသာ ေဝါဟာျဖစ္သည္။ ရွမ္းလူမ်ိဳးတို႔ကမူ မိမိကိုယ္ကို “တိုင္း” (Tai) ဟုေခၚၾကသည္။ ယိုးဒယားႏိုင္ငံသားမ်ားကမူ “ထိုင္း” (Thai) ဟုေခၚၾကသည္။“ရွမ္း” (ေခၚ) ‘တိုင္း’၏ အဓိပၸါယ္ႏွင့္ ပတ္သက္၍ အမ်ိဳးမ်ိဳးဖြင့္ဆိုထားေၾကာင္း ေတြ့ရပါသည္။ ေရွးျမန္မာေက်ာက္စာတို႔တြင္ ‘သ်မ္’ (သို႔မဟုတ္) ‘သံ’ဟုေရးသားၾကသည္။ ဤေဝါဟာရသည္ အာသံ (အရွမ္း)၊ အဟုမ္၊ ဆိုင္းယမ္း၊ စိအန္(သို႔မဟုတ္) စိအန္လိုဟူေသာ ေဝါဟာရမ်ားႏွင့္ ထပ္တူျဖစ္သည္။ ေရွးအက်ဆံုး အမည္မွာ “ေလာဝ္” (သို႔မဟုတ္) “အိုက္ေလာဝ္” ျဖစ္ဟန္တူသည္။
‘သ်ွာမ္း’ဟူေသာ ေဝါဟာရကို ရွမ္း ျမန္မာ ပါဠိပညာရွင္ႀကီးမ်ားက “သာမိ ဣႆရိယတီတိ သာမိ။ ။ သာမိ-အရွင္သခင္အျဖစ္ျဖင့္၊ ဣႆရိယတိ- အစိုးရတတ္၏။ ဣတိတသၼာ-ထို႔ေၾကာင့္၊ သာမိ-သာမိ မည္၏”ဟု ဝိၿဂိဳဟ္ျပဳ ဖြင့္ဆိုထားသည္။ ဤသို႔ဖြင့္ဆိုျခင္းမွာ ရွမ္းလူမ်ိဳးမ်ားသည္ ခတၲိယႏြယ္စဉ္ သာကီဝင္တို႔မွ ဆင္းသက္လာသည္ဟု ယူဆျခင္းျဖစ္သည္။
“ရွမ္း”ဟူေသာ ေဝါဟာရသည္ ထို“သာမ”ဟူေသာ ပါဠိမွ “သ်ာမ၊ ၄“သာမ”မွ တစ္ဆင့္“သ်ွာမ္ > သံ > သ်ိွး > သ်ွမ္း>ရွမ္း” ဟု ေရးသားၾကသည္ကိုလည္း ေတြ့ရသည္။
ဤကဲ့သို႔ ျမန္မာမႈ၌ (သ)အကၡရာတြင္ (-်)ယပင့္ (-ွ)ဟထိုး (-၁)ေရးခ် (မ) အကၡရာသတ္ႏွင့္ “သ်ွာမ္း”ဟု အေရးအသား ျပဳလာခဲ့ၾကျခင္းမ်ားသည္ သကၠတအလိုျဖစ္ေသာ သဒၵါမ်ိဳးျဖစ္၍ သာလြန္သင့္ေလ်ာ္ေကာင္းျမတ္ေသာ ေရးထံုးေရးနည္းတစ္ရပ္ျဖစ္ေၾကာင္းကို သိမွတ္ရာ၏။ “သုဝဏၰသာမ”ကို သုဝဏၰသ်ွာမ္ > သုဝဏၰသ်ွံ” ဟုေရးထံုးျပဳသကဲ့သို႔ “သာမ” ကိုလည္း“သ်ွာမ္ > သ်ွမ္း > သ်ွံ”ဟု ေရးသားလာခဲ့ၾကသည္။
ေရွးေဟာင္းျမန္မာေက်ာက္စာတို႔တြင္ ေအဒီ ၁၁၂ဝ ျပၫ့္ႏွစ္မွစ၍ “သ်ံ၊ သ်မ္” ဟုေတြ့ရသည္။ ခ်မ္ေက်ာက္စာတို႔တြင္မူ ရွမ္းအမည္ကို ေအဒီ ၁ဝ၅ဝ ျပၫ့္ႏွစ္မတိုင္မီက ေတြ့ရသည္။
ရွမ္းလူမ်ိဳးႏွင့္ ရွမ္းအေခၚအေဝၚ ေဝါဟာရမ်ားကို ပုဂံေက်ာက္စာမ်ားတြင္ မၾကာမၾကာေတြ့ ရသည္။ သ်ွာမ္း(ရွမ္း)လူမ်ိဳး အေၾကာင္းကို (၁၁၂ဝ ေအဒီ) မွ စ၍ အႀကိမ္ (၂၀)ထက္မနည္း ပုဂံေက်ာက္စာတြင္ေဖာ္ျပထား၏။
“သ်ွာမ္း”ဟူေသာ အမည္ပညတ္ႏွင့္စပ္လ်ဉ္း၍ ရွမ္းျပည္ျမန္မာျပည္ အေၾကာင္းကို ေရးသားခဲ့ၾကေသာ ဆာေဂ်ာ့စေကာ့ စသၫ့္ပုဂၢိုလ္မ်ားက “သ်ွာမ္း” ဟူေသာ အေခၚအေဝၚကို ျမန္မာလူမ်ိဳးႏွင့္ အျခားလူမ်ိဳးမ်ားက အသံုးျပဳေခၚေဝၚၾက၏။ မည္သၫ့္ အတြက္ေၾကာင့္ အသံုးျပဳသည္ဟူ၍ ခိုင္လံုေသာအေထာက္အထား မရိွဟုဆိုသည္။ သို႔ေသာ္ မစၥတာတီရိရန္ဒီလာကိုပီရီ (Mr. Terrien de lacouperie) ကမူ “The Cradle of the Shan Race” စာအုပ္၌
“တရုတ္ျပည္တြင္ Hia (ဟိရ) မင္းဆက္ကိုၿဖိဳဖ်က္ခဲ့ေသာ ကုန္သည္မ်ားဟူ၍ အဓိပၸါယ္ရိွသၫ့္ Shang (ရွံ)လူမ်ိဳးမ်ားမွာ ရွမ္းလူမ်ိဳးမ်ားႏွင့္ ဆက္သြယ္ၾကေၾကာင္း၊ တရုတ္ျပည္အလယ္ပိုင္းတြင္ ေနထိုင္ခဲ့ေသာ အရင္းမူလတစ္မ်ိဳးတည္းျဖစ္ခဲ့သၫ့္ တိုင္းရင္းသား လူမ်ိဳးစုတို႔၏ ေဝါဟာရမ်ားတြင္ Tchang (ဆန္)၊ Saing (ဆိုင္)၊ Shen (ရွင္)၊ Sien (စီရင္) အစရိွေသာအမည္မ်ားႏွင့္ မ်ားစြာတူညီေသာ အမည္မ်ားေတြ့ရိွရေၾကာင္းေရးသားထားသည္ကို ေတြ့ရသည္။
၄၏ အဆိုကို က်နစြာစိစစ္ ၾကၫ့္ရႈလ်ွင္ “သ်ွာမ္း”ဟူေသာအမည္နာမသည္ “ကုန္သည္မ်ား” ဟူ၍ အဓိပၸါယ္ရသၫ့္ Shang (ရွံ)မွ ဆင္းသက္လာေသာ အမည္မ်ားအနက္ ေနာက္ဆံုးေခၚတြင္ က်န္ရစ္ခဲ့ေသာ အမည္ျဖစ္သည္ဟု မွတ္ယူဖြယ္ရာရိွေပ၏။ ဘီစီ ၁၁၂၂ ခုႏွစ္တြင္ တရုတ္ႏွံ(Shang) တို႔ကို တိုက္ခိုက္ေသာေၾကာင့္Shang မွ တဆင့္ Shan ဟု အမည္ရလာသည္ဟုလည္း ဆိုသည္။
၄အျပင္ မစၥတာေကာ့ကရိန္းေရးသားေသာ “The Shans” စာအုပ္တြင္ “ဝ” ႏွင့္ “လြယ္လ” တိုင္းရင္းသားမ်ားက ရွမ္းကို Shen(ရွံ) ဟုေခၚေၾကာင္း၊ ကန္တုန္နီဘာသာအားျဖင့္ Tsim (စင္မ္) ဟုေခၚေၾကာင္း ေရးသားထားသည္။ ကခ်င္တိုင္းရင္းသားလည္း ရွမ္းကို Sam (ဆန္-မ္)ဟု ေခၚသည္ကို ေတြ့ ရသည္။ မြန္လူမ်ိဳးမ်ားက ရွမ္းကို Seam (ဆိန္-မ္)ဟု ေခၚၾကသည္။ တနသၤာရီေဒသတြင္ ေနထိုင္ၾကေသာ ျမန္မာ မ်ိဳးႏြယ္စုမ်ားကလည္း ယိုးဒယား(ထိုင္း)ကို “ Shan (ရွမ္း)” ဟုပင္ေခၚေဝၚၾကသည္။ အေနာက္ႏိုင္ငံသားမ်ားကလည္း ယခင္က ယိုးဒယား(ထိုင္း)ကို Saim (ဆယမ္) ဟုေခၚသည္။
အျခားစကားလံုးမ်ားတြင္ အစြန္းအစေတြ့ ႏိုင္ေသာ အေျပာင္းအလဲမ်ားႏွင့္ ဤစကားပံုစံမ်ားကို ႏိႈင္းယွဉ္ေသာ္ “သ်ွာမ္း” ဟူေသာစကားလံုးပံုစံ၏ လက္ခံႏိုင္သၫ့္ စကားလံုးပင္ျဖစ္သၫ့္ Shang (ရွံ) သို႔မဟုတ္ Shiang (ရိႈင္)မွာ သင့္ေလ်ွာ္စြာ လက္ခံႏိုင္သၫ့္ စကားပင္ျဖစ္ေၾကာင္း စသည္ျဖင့္ေရးသားခဲ့သည္ ျဖစ္ေသာေၾကာင့္အထက္ပါ ပုဂၢိုလ္ႀကီးမ်ား၏ အဆိုႏွစ္ရပ္စလံုးပင္ ညီၫြတ္လ်က္ရိွသည္ကို ေတြ့ျမင္ရေပေတာ့၏။
ျမန္မာအသံထြက္ျဖင့္ ျမန္မာျပည္တြင္ ရွမ္း (Shan) ဟု ေခၚေနေသာ ေဝါဟာရသည္ Rhwam > Yhwam > Hyam > Cyam > Sham > Shan ဟူ၍ အဆင့္ဆင့္ေျပာင္းလဲ လာခဲ့သည္ ဟုဆိုသည္။ အာသံသည္ ပါဠိ၊သကၠတျဖစ္ေသာ “အသမ”(Asama) ‘ မညီၫြတ္ျခင္း’ (ေျမမ်က္ႏွာသြင္ျပင္ မညီၫြတ္ျခင္း) တည္းဟူေသာ ဌာနကိုအစြဲျပဳ၍ ထိုေဒသ၌ ေနထိုင္ေသာ ရွမ္းမ်ားကို “အာသမ္” (အာသံရွမ္း) ဟုေခၚဆိုလာၾကသည္။ ထို “အသမ္” မွတစ္ဆင့္ “အာသံ” ဟုေျပာင္းလဲလာသည္။ {Asama > Asam> A-Sam (or) A-Cam}
Shan ဟူေသာ စကားလံုး၏ အရင္းအျမစ္မွာ Sam(သို႔မဟုတ္) Sham မွ ဆင္းသက္လာသည္။ Shan > Sham> Sam ဟု စတင္ေခၚျခင္းမွာ ဂ်င္းေဖာ(ကခ်င္)လူမ်ိဳးမ်ားက စတင္ေခၚ သည္ဟုဆိုသည္။ ဂ်င္းေဖာမ်ားက ရွမ္းကို Sam ဟုသာ ေခၚၾကသျဖင့္ ထို Sam မွ တဆင့္ ျမန္မာတို႔ကလည္း Shan ဟုေခၚေဝၚလာၾကသည္ဟု ဆိုသည္။ မိုဟာေမဒင္ သမိုင္းဆရာမ်ားက အာသံကို Asham ဟု ေရးသားၾကသည္။ အဂၤလိပ္လက္ထက္တြင္ ‘S’ ကို အစျပဳ၍ ေရးသားၾကသျဖင့္ Sham > Shan > Ashan ျဖစ္လာၿပီး Assam သည္ တိုင္းျပည္ေဒသ၏ အမည္အျဖစ္ ေခၚဆိုအသံုးျပဳလာၾကသည္။
သကၠရာဇ္ ၁၁၅၁ ခုႏွစ္၊ သီဟိုဠ္မင္းက ယိုးဒယား (ထိုင္း)ႏိုင္ငံကို ေပးေသာ `သံ’စာတြင္ “သ်ွာမ္း” ဟူေသာ နာမည္ကိုစြဲ၍ “သာမရ႒” ဟု ပါဌ္စီေၾကာင္းႏွင့္ မုတၲမရာဇဝင္ေပါင္းခ်ဳပ္က်မ္း၌ ေရးသားထားသည္ကို ေတြ့ျမင္ရသည္။ ထို႔အျပင္ ထိုစာ၌ “သ်ွာမ္းျပည္ရိွသၫ့္ သ်ွာမ္းလူမ်ိဳးတို႔မွာ အရပ္ရပ္သို႔ လွၫ့္လည္သြားလကူးသန္းေရာင္းဝယ္တတ္ေသာကုန္သည္ႀကီးမ်ား ျဖစ္ၾကသည္” ဟုလည္းဆိုသည္။
“သာမ”ဟူသည္မွာ မာဂဓအဘိဓာန္၌ “သာမေဗဒင္” ဟူေသာအနက္၊ ၿငိမ္သက္ေၾကခ်မ္းေအာင္ျပဳျခင္း ‘သာမဥပါယ္”ဟူေသာအနက္၊ ဝါဝင္းစိုေျပေရႊေသာအနက္ စသည္တို႔ျဖစ္၏။ ဤအရာ၌ ဝါဝင္းစိုေျပေရႊေသာ အေရာင္အဆင္း ရိွသည္ကို စြဲ၍ “တိုင္း” (ေခၚ) သ်ွာမ္း”လူမ်ိဳးတို႔ကို “သာမ”လူမ်ိဳး၊ ဌာနီျဖစ္ေသာ “လူမ်ိဳးျဒပ္”၏ “သာမ” ဟူေသာ အမည္ကို ဌာနျဖစ္ေသာတိုင္းျပည္၌ တင္စား၍ ဌာန်ူပစာအားျဖင့္ သ်ွာမ္းတိုင္း သ်ွာမ္းျပည္ကိုလည္း “သာမရ႒ သာမတိုင္း/သာမျပည္” ဟူ၍ သီဟိုဠ္ကြၽန္းႏွင့္ မဇၩိမေဒသစေသာ တိုင္းႀကီးျပည္သားတို႔က ေရးသားေခၚဆိုၾကဟန္တူေလသည္။
ထို႔ေၾကာင့္ အခ်ိဳ႕ေသာ ပညာရွင္မ်ားက ရွမ္းလူမ်ိဳးတို႔၏ ဝါဝင္းစိုေျပေသာ အသားအေရကို ၾကၫ့္၍ “သာေမာ ဝဏၰော ဧေတသႏၲိ သ်ွာေမာ” ဧေတသံ-ဤပုဂၢိုလ္တို႔အား၊ သာေမာဝဏၰော-ေရႊအဆင္းႏွင့္တူေသာဝါဝင္းေသာ ကိုယ္အဆင္းသည္၊ အတၴိ-ရိွ၏၊ ဣတိတသၼာ -ထို႔ေၾကာင့္၊ ေတ-ထိုပုဂၢိုလ္တို႔သည္၊ သ်ွာေမာ-သ်ွာမမည္၏ (ဝါ) သ်ွာမ္း-ရွမ္းမည္၏” ဟု ဝိၿဂိဳဟ္ျပဳ ဖြဲ႔ဆိုထားေလသည္။
တစ္နည္းအားျဖင့္ မည္သၫ့္အလုပ္အကိုင္၊ အရာဌာနမ်ိဳးတို႔၌မဆို တစ္ဦးႏွင့္တစ္ဦး စိတ္ဝမ္းမကြဲမျပား ေဆာင္ရြက္လုပ္ကိုင္ႏိုင္စြမ္းရိွသည္ကို “သာမသတၲိ” ဟူ၍ ဆိုသည္။ ထိုသာမသတၲိႏွင့္ ျပၫ့္စံုသည္ကိုအေၾကာင္းျပဳ၍ ‘တိုင္း’ (ေခၚ)‘သ်ွာမ္း’လူမ်ိဳးမ်ားကို “သာမလူမ်ိဳး”ဟူ၍ပင္ ေခၚဆိုအပ္သည္။ ထို႔ေၾကာင့္ ရွမ္းပညာရိွမ်ားက ရွမ္းဘာသာျဖင့္ “ြၽမ္်ွူဵင္ျွူမ္ွၶုၼ္ဝႆး-ၸင္ွပဵၼ္တႆးမၢၼ္ၸျွ္ႈ(ဖြမ့္ဖိန္ဟံု႔ မ္ခန္ဝိုင္း-စန္ပိန္တိုင္းမန္စိုင္)”ဟု ကဗ်ာလကၤာ စပ္ဆိုထားၾကေလသည္။ အဓိပၸါယ္မွာ မည္သၫ့္အလုပ္အကိုင္ဌာနမဆို တစ္ဦးႏွင့္တစ္ဦး စိတ္ဝမ္းမကြဲမျပား၊ တညီတၫြတ္တည္း ေဆာင္ရြက္လုပ္ကိုင္ႏိုင္စြမ္းရိွၿပီး သာမသတၲိႏွင့္ ျပၫ့္စံုမွသာ “တိုင္း” (ရွမ္း) လူမ်ိဳးအစစ္ျဖစ္၏ဟု ဆိုလိုသည္။
ေရွးေခတ္ ျမန္မာေက်ာက္စာမ်ားတြင္လည္းေကာင္း၊ ျမန္မာစာေပတြင္လည္းေကာင္း “သ်ွမ္”(သို႔မဟုတ္) “သ်ွာမ္း”ဟု ေရးသားၾက
ေသာ္လည္း ယခုအခါ “ရွမ္း”ဟုသာ ေရးသားလာခဲ့ၾကေတာ့သည္။ “ကဝိမ်က္မွန္သတ္ပံုက်မ္း” ၌ “ရွမ္း”ႏွင့္ပတ္သက္၍ “လူမည္ငရွမ္း၊ လူမ်ိဳးရွမ္း၊ ရွမ္းျပည္(မ)သတ္ (ရ)ႀကီးမွတ္”ဟု သံေပါက္ကဗ်ာစပ္ဆိုထားသည္ကို ေတြ့ရသည္။
ထိုသို႔ေရးသားၾကရာ၌ မူလ အေျခခံအားျဖင့္ေသာ္ကား ရွမ္းလူမ်ိဳးတို႔၏ အေရးအသားျဖစ္ေသာ (ရွ = ဟ)အကၡရာသည္ ျမန္မာလူမ်ိဳးတို႔၏ အေရးအသားျဖစ္ေသာ ‘ရ’ေကာက္ ‘ဟ’ထိုး (ရွ)ႏွင့္ ဆင္တူတူရိွသည္ျဖစ္ရကား ရွမ္းအေရးအသားျဖစ္ေသာ “ထမ္းေဆာင္ျခင္း” အဓိပၸါယ္ရိွသၫ့္ (ရွံ = ဆဟံ) ဟူေသာ ေဝါဟာရစကားလံုးမွ ျမန္မာအေရးအသားတြင္ (ရွံ > ရွံး > ရွမ္း )ျဖစ္လာသည္။ ထိုအခါမွစ၍ ယခုသမယတိုင္ေအာင္ (ရ)ေကာက္(ဟ)ထိုးႏွင့္ “ရွမ္း”ဟု ေရးထံုးေရးနည္း ျပဳလာခဲ့ဟန္တူေလသည္။ ဥပမာ ရွမ္းလူမ်ိဳးတို႔၏ အေရးအသားျဖစ္ေသာ “ျြွေုလီ {ျၺူ္ႈလီ} (ေဟြလီ)မွ ‘ေရႊလီ' ၊ “ယြင္ျွႊုေု {ယြင္ျၺူ္ႈ}မွ ေညာင္ေရႊ”ဟု အစဉ္အတိုင္း ျမန္မာမႈ၌ ေရးသားျပန္ဆိုၾကသကဲ့သို႔ပင္တည္း။
ထိုသို႔ေရးသားျပန္ဆိုၾကရာ၌ အနက္အဓိပၸါယ္အားျဖင့္ ဟုတ္မွန္ေသာအတိုင္း လိုရင္းမက်ေသာ္လည္း ဘာသႏၲရ၌ လိမၼာကြၽမ္းက်င္ျခင္း မရိွေသာ အျဖစ္မွတစ္ပါး အျခားအျပစ္ဆိုရန္ မရိျွဖစ္ေလသည္။
“သ်ွာမ္း”ကို “ရွမ္း”ဟု ေရးသားၾကျခင္းမွာ ရွမ္းလူမ်ိဳးမ်ား ႀကိဳက္ႏွစ္သက္ျခင္း မရိွၾကဟု သိရသည္။ “ရွမ္း”ဟူေသာအေရးအသားမွာ ယခု ေခတ္သစ္ ရွမ္းစာေပအဓိပၸါယ္တြင္ “ဖြဲႏု” ဟူ၍လည္းေကာင္း၊ ခ်သည္၊တိုက္ခိုက္သည္၊ ရိုက္ႏွက္သည္”ဟူ၍ လည္းေကာင္း အဓိပၸါယ္ရိွ ေသာေၾကာင့္ျဖစ္သည္။
ျမန္မာအဘိဓာန္တြင္ “ရွမ္း”ကို ထိုင္းတရုတ္အုပ္စုဝင္ ဘာသာစကားတစ္မ်ိဳးကိုေျပာေသာ ျမန္မာတိုင္းရင္းသားတစ္မ်ိဳး၊ (ရွမ္းျပည္နယ္၊ကခ်င္ျပည္နယ္၊ ခ်င္းတြင္းအထက္ပိုင္းေဒသတို႔တြင္ အမ်ားအားျဖင့္ေနထိုင္သည္။ ) ဟုဖြင့္ဆိုထားသည္ကိုေတြ့ရသည္။
အခ်ဳပ္အားျဖင့္ဆိုရေသာ္ “သ်ွာမ္း”(သို႔မဟုတ္) ရွမ္း” ဟူေသာအဓိပၸါယ္မွာ
- အရွင္သခင္အျဖစ္ျဖင့္ အစိုးရတတ္ျခင္း၊
- ေရႊအဆင္းႏွင့္တူေသာ ဝါဝင္းေသာ ကိုယ္အဆင္းရိျွခင္း၊
- မညီညာေသာ ေတာင္ကုန္းေတာင္တန္းေဒသတို႔၌ ေနထိုင္ျခင္း၊
- ကုန္သြယ္မႈကိုျပဳတတ္ျခင္း၊
- တစ္ဦးႏွင့္တစ္ဦး စိတ္ဝမ္းမကြဲမျပား ေဆာင္ရြက္လုပ္ကိုင္ႏိုင္စြမ္း “သာမသတၲိ” ရိျွခင္း တို႔ျဖစ္သည္။
_
အရွင္သုခမိႏၵ ေရးသားျပဳစုထားေသာ "ရွမ္းတိုင္းရင္းသားမ်ား၏ ယံုၾကည္ကိုးကြယ္မႈႏွင့္ ဓေလ့ထံုစံမ်ား" စာအုပ္မွ ျပန္လည္ေကာက္ႏႈတ္တင္ျပသည္