Saturday, February 15, 2014

ဝက်ကြေးအိုး

ဝက်ကြေးအိုး
********

ပါဝင်ပစ္စည်းများ ( ၄ ) ယောက်စာ

ဆန်ကြာဇံ (၂၅) ကျပ်သား........၁ထုပ်
ဝက်ရိုး.................................၂ ချောင်း
ဝက်အူချို.............................၁၀ ကျပ်သား
ဝက်အူမ..............................၁၀ကျပ်သား
ဝက်အသဲ.............................၁၀ ကျပ်သား
ဝက်ဦးနှောက်........................အနည်းငယ်
ပဲပြား..................................၂ တုံး
ငုံးဥ....................................၈ လုံး
မုန်ညှင်းစိမ်း..........................၂ စည်း
ကြက်သွန်မြိတ်.....................၅ ပင်
ကုဆိုင်................................၁၅ ပင်
ဝက်သားလုံး( သီးသန်.ဖော်ပြပါမည်)
ငါးဖယ်လုံး ( ............။...............)

ကြာဇံကိုကြေးအိုးမချက်မီ..အနည်းဆုံး..၁ နာရီခန်.ရေစိမ်ထားပါ။

ပထမဆုံး ၀က်ရိုးတွေကိုရေဆေးပြီး...ချင်း၁တက်ကိုဓါးပြားရိုက်ထည့်ပြီးပြုတ်ပါ...
အမြှုပ်နှင့်သွေးအညစ်အကြေး
တွေကိုခပ်ထုပ်ပါ။( ရေ ၁၀ လီတာခန်.ထည့်ပေးဖို.လိုအပ်ပါမယ်..။)

တစ်ပွက်ဆူ အညစ်အကြေးတွေကုန်မှ...နောက် ၂လီတာခန်.ကိုပေါင်းထည့်
ပေးပါ။

ဝက်အူချိုတွေကို ၁လက်မ အရွယ်ပါးပါးလှီးပါ။ ၀က်အသဲတွေကိုလည်းပါးပါး
လှီးပါ။(၀က်အသည်းကိုတော့..ရေနွေးဆူဆူမှာခေတ္တရေနွေးဖျောထားပေးဖို.လိုပါမယ်)

ငုံးဥကို အကျက်ပြုတ်ပြီး..အခွံခွာထားပါ။

မုန်ညှင်းစိမ်း ၊ ကုဆိုင်တွေကိုလည်း..သင့်တော်သလို ရေဆေးလှီးဖြတ်ထားပါ။

ဝက်သားလုံး
********

ဝက်ပေါင်သား( ၃၀) ကျပ်သားလောက်ကို ကြိတ်စက်ဖြင့်ကြိတ်(သို.) ညှက်
နေအောင်စဉ်းပါ။

ချင်းသေးသေးတစ်တက်နှင့် ကြက်သွန်ဖြူ (၃) တက်ကိုလည်းညှက်နေအောင်စဉ်းပါ။

နုပ်နုပ်စဉ်းထားတဲ့ ၀က်သား၊ ချင်း+ ကြက်သွန်ဖြူအရောတို.ကိုဇလုံတစ်ခုအတွင်းထည့်ပြီး..ဆား၊ ငရုတ်ကောင်း၊
ဟင်းခတ်မှုန်. ၊ ကြက်ဥတစ်လုံး ၊ ကော်မှုန်. (၂) ဇွန်း ၊ ငါးမျိုးစပ်တရုတ်မဆ
လာအနည်းငယ်နှင့်အတူ...ရောနယ်ပြီး..နှပ်ထားပါ။

ငါးဖယ်လုံး
*******

ငါးဖယ်( ၁၀) ကျပ်သားခန်.ကို ကြက်သွန်ဖြူ၂ တက်ညှက်နေအောင်ထောင်း
ထည့်ပြီး..ဆား ၊ ဟင်းခတ်မှုန်. ၊ ငရုတ်ကောင်း ပြောင်းမှုန်.(၂ဇွန်း)၊ ကြက်ဥတစ်လုံးဧ။်အကာသာထည့်နယ်ပြီး..နာနာလေးရိုက်နယ်ပါ။

ပြီးရင်..ရေနွေးဆူဆူမှာပြုတ်ပြီး..အအေးခံထားပါ။

ပြုတ်ထားတဲ့..၀က်ပြုတ်ရည်ကို တစ်ဝက်ခွဲထုတ်လိုက်ပါ။

လက်ကျန်ပြုတ်ရည်နဲ.အရိုးပါတဲ့အိုးမှာ..ဆား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာ
သွင်းပါ...။မီးအေးအေးမှာပူနေအောင်တည်ထားပါ။

ကြေးအိုးက..တစ်ပွဲစာချင်းစီပဲပြင်ရပါတယ်...။စတင်ပြင်ဆင်ကြည့်ရအောင်။

ဟင်းရည်ချက်အိုး(ကြေးအိုးဆိုင်များမှာမြင်ဖူးကြမှာပါ) (သို.) မိမိအဆင်ပြေတဲ့အိုးတစ်လုံးမှာ ခွဲထုတ်ထားတဲ့ဝက်ပြုတ်ရည် ဇွန်းခွက်ကြီး
၂ ဇွန်းစာ ကို ထည့် ..ပြီး ၀က်အူမ ကိုစတင်ထည့်ပါ။ ထို.နောက်ဝက်အူချို
နယ်ထားတဲ့ဝက်သားတွေကို လက်နဲ.ဆုပ်ပြီး..ဇွန်းလေးနဲ.ဖိချထည့်ပါ ( ဒီလို
ထည့်လိုက်တာဟာ..ငါးဖယ်လုံးလို သေသေသပ်သပ်လည်းမဟုတ်ပဲ..စပါးစေ့
ကဲ့သို.မညီမညာပုံစံလေးတွေရမှာဖြစ်ပါတယ်..။

ဝက်သားတွေကျက်တာနဲ. ရေစိမ်ထားတဲ့ ကြာဇံကိုထည့်ပေးပါ။ ကြာဇံနှုးအိ
ခါနီးဆိုရင်..ချက်ချင်းဆိုသလိုပဲ..ပြုတ်ထားတဲ့ဝက်အသည်း ၊ ငုံးဥ၊ ပဲပြား
မှုံညှင်းစိမ်း ၊ ကြက်သွန်မြိတ် ၊ ကုဆိုင်စတာတွေထည့်ပြီး..၀က်ဦးနှောက်ထည့်
ချိန်မှာ..ပြုတ်ရည်ဟာလည်းခမ်းနေပါပြီ...။

ပြင်ဆင်မယ့်ပန်းကန်ထဲလောင်းချထည့်ကာ...အရာသာသွင်းထားတဲ့ဝက်ပြုတ်
ရည်လောင်းချကာ...ငရုတ်ကောင်းမှုန်.လေးဖြူး..သုံးဆောင်နိုင်ပါပြီ...။

ငရုတ်ဆီရည်...အချဉ်စိမ်ထားတဲ့..ငရုတ်သီးချဉ်လေးများနဲ.တွဲဖက်သုံးဆောင်
ပါ။

ကြေးအိုးက..ဆိုင်တွေမှာအင်တိုက်အားတိုက်ပြင်ဆင်ထားပြီးသားသွားစားကြ
ရမှာအရမ်းလွယ်တယ်လို.ထင်ကြပါတယ်..။ဒါပေမယ့်..အတော်လေးပင်ပန်းတဲ့ချက်ပြုတ်နည်းတစ်မျိုးလည်းဖြစ်ပါတယ်..။အားလုံးရောပြုတ်ထားတဲ့..ဟင်း
ရည်အိုးကြီးထဲကနေ..မုန်.ဖတ်ပေါ်လောင်းချရတဲ့မုန်.ဟင်းခါးလိုလည်းမဟုတ်
တော့..ပြင်ဆင်ပေးရတဲ့သူဘယ်လောက်ပင်ပန်းတယ်ဆိုတာ..(၃၆) လမ်းကြေးအိုးဘုရင်သွားစားဖူးသူတိုင်းသိမှာပါ( သူတို.ကဆိုင်အရှေ.မှာပြင်ဆင်ပေးတာပါ ) ကျွန်တော့်အကြိုက်ဆုံးကြေးအိုးဆိုင်လည်းဖြစ်ပါတယ်.။

ဓါတ်ပုံကတော့..အဆင်ပြေရာ..ကျွန်တော့်ညီမလေးတစ်ယောက်ဆီကနေ
ကူးယူဖော်ပြပါတယ်။

No comments: