Tuesday, April 29, 2008

Grill Eggplant Salad and Fried Prawn Cake

ပုစွန်ငါးဖယ်ဆုပ် (Fried Prawn Cake)
 
*ပါဝင်သည့်ပစ္စည်းများ
ပုစွန် - ၂၀၀ဂရမ် (တောက်တောက်စင်းထားရန်)
ပုစွန်သား - ၃၀၀ဂရမ်
ဝက်သား - ၁၅၀ဂရမ် (တောက်တောက်စင်းထားရန်)
ဝက်သားအဆီတုံး - ၅၀ဂရမ်
ကြက်ဥ- ၁လုံး
ငါးငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပြောင်းမှုန့် - စားပွဲတင်ဇွန်း ၄ဇွန်း
ဆား - အနည်းငယ်
နှမ်း - လက်ဖက်ရည်ဇွန်း၁ဇွန်း
ငရုတ်ကောင်း- လက်ဖက်ရည်ဇွန်း၂ဇွန်း
ပေါင်မုန့်ခြောက်- အနည်းငယ်
ဆီ- ကြော်ရန်
ခရမ်းချဉ်သီးဆော့စ် - အနည်းငယ်


* အဆင့်ဆင့်ချက်ပြုတ်ပုံ
-ပုစွန်သား၊တောက်တောက်စင်းထားသောပုစွန်၊၀က်သား၊၀က်အဆီတုံးတို့ကိုရော၍ စီးပိုင်လာသည်အထိနယ်ပေးပါ။ သကြား၊ ငါးငံပြာရည်၊ဆား၊ငရုတ်ကောင်း နှင့် နှမ်းဆီတို့ကိုလည်းထည့်ပြီးနယ်ပါ။ ထို့နောက် ပြောင်းမှုန့်ရော၍နယ်ပြီး ရေခဲသေတ္တာထဲမှာ ၁၅မိန်စ်ခန့် အအေးခံထားပါ။
ပြီးရင် ရေခဲသေတ္တာထဲမှ ထုတ်ပြီး အ၀ိုင်းအပြားပုံစံလေးများပြုလုပ်ပါ။ ခလောက်ထားသော ကြက်ဥထဲသို့ ပုစွန်အ၀ိုင်းပြားလေးများနှစ်ပြီး ပေါင်မုန့်ခြောက်ဖြင့်ကပ်ပါ။ ပြီးလျှင်ဆီပူအိုးထဲမှာ ထည့်ပြီး ရွှေရောင်သန်းလာသည်အထိမီး အေးအေးဖြင့်ကြော်ပါ။ ဆီစစ်ပြီး ခရမ်းချဉ်သီးဆော့စ်နဲ့ တွဲဖက်သုံးဆောင်နိုင်တဲ့ ပုစွန်ဆုပ်ကြော်ပါ။

*ခရမ်းသီးမီးကင်အသုပ် (Grill Eggplant Salad)
*ပါဝင်ပစ္စည်းများ
ခရမ်းသီး - ၂လုံး
ကြက်ဥ - ၁လုံး(ကျက်အောင်ပြုတ်ထားရန်)
ပုစွန်ခြောက် - အနည်းငယ်
ကြက်သွန်ဖြူ - စားပွဲတင်ဇွန်း ၂ဇွန်း(ပါးပါးလှီး)
ကြက်သွန်နီ- စားပွဲတင်ဇွန်း ၃ဇွန်း(ပါးပါးလှီး)
ငရုတ်သီးစိမ်း - စားပွဲတင်ဇွန်း ၁ဇွန်း(ပါးလှီး)
ငံပြာရည် - စားပွဲတင်ဇွန်း ၃ဇွန်း
သံပုရာသီးအရည် - စားပွဲတင်ဇွန်း ၃ဇွန်း
သကြား - အနည်းငယ်
ရှောက်ရွက် - အနည်းငယ်


*ပြင်ဆင်ပုံ
- ခရမ်းသီးကို ပျော့လာသည်အထိ လှည့်ပြီးမီးကင်ပါ။ ထို့နောက် အေးသွားသောအခါ အခွံနွှာ၍ အတုံးလေးများဖြစ်အောင် ဖြတ်ပါ။ ပြီးလျှင် ပန်းကန်ထဲသို့ ထည့်ပြီး သပ်သပ်ဖယ်ထားပါ။
ငံပြာရည်၊ သံပုရာရည်၊ သကြား၊ ငရုတ်သီး၊ကြက်သွန်ဖြူ၊ကြက်သွန်နီ တို့ကိုအားလုံးရော၍ သမအောင်မွှေပေးပါ။
ထိုရောနယ်ထားသော အစာပလာကို ခရမ်းသီးပေါ်သို့ လောင်းချပြီး ပုစွန်ခြောက်ဖြူးကာ ကြက်ဥပြုတ်ရံပြီး အရာသာရှိသော ခရမ်းသီး ဆလပ်ကိုသုံးဆောင်နိုင်ပါပြီ။ ကြက်ဥအစား အခြားအသားများဖြင့်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။

No comments: