Saturday, March 15, 2008

Health Tips for u

* ဆေးသောက်မည်ဆိုလျှင်
သင့်အနေဖြင့် ဆေးသောက်မည်ဆိုပါလျှင် အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
-ဆေးကို အစာနဲ့အတူ သောက်ရမည်လား၊အစာအိမ်တွင် အစာမရှိစဉ်သောက်ရမည်လား၊ထိုသို့ဖြစ်လျှင် အစာမစားမီ တစ်နာရီစောရွေ့သောက်ရမည်လား(သို့) ဆေးညွှန်ကြားသူ ဆရာဝန်အား တိတိကျကျမေးမြန်းထားပါ။ညွန်ကြားချက်အတိုင်း သောက်သုံးပါ။
- ဆေးသောက်ရာတွင် ရေဖန်ခွက်ပြည့်ပြည့် တစ်ခွက်ဖြင့် သောက်ပါ။ အစာရေမျိုအား ဒုက©ပေးမှုကင်းစေပါသည်။ ဆေးအား စုပ်ယူမှု အားကောင်းစေပါသည်။
- ဆေးသောက်ရွေ့ ဝေဒနာသက်သာသည့်တိုင် ဆေးကို ကို့စ် ကုန်အောင် (လိုအပ်ချက်ပြည့်မီအောင်) ဆက်လက်သောက်ရပါမည်။
- ဆေးသောက်လျှင် ပူသောရေ၊ အရည်(ဥပမာ-ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးပူပူ)ဖြင့်မသောက်သင့်ပါ။ အပူဓာတ်သည် ဆေး၏ အာနိသင်ကို ပျက်ယွင်းစေနိုင်ပါသည်။
- ဆေးကို လိုအပ်ချက်ပမာဏ(ညွန်ကြားထားသည့် ပမာဏ အတိုင်း)အတိုင်းသာ အတိအကျသောက်ရန် အရေးကြီးပါသည်။ ပိုသောက်ခြင်း(သို့) လျော့သောက်ခြင်း လုံးဝမပြုသင့်ပါ။ ပိုသောက်ခြင်းကြောင့် မလိုလားအပ်သော ဆိုးကျိုးဖြစ်စေနိုင်သည်။ လျော့သောက်ပါက အာနိသင်ထိရောက်မှုမရှိဘဲ ဖြစ်တတ်ပါသည်။
- သူတစ်ပါးအား ညွန်ကြားပေးထားသော ဆေးအား မည့်သည့်အခါမျှ သောက်ခြင်းမပြုပါနှင့်။ မိမိအား ညွန်ကြားသော ဆေးကိုလည်း အခြားသူအား မတိုက်ကျွေးပါနှင့်။
- နေ့စဉ်မှီဝဲသုံးစွဲရသော ဆေးများကို အချိန်မှန်အောင် သုံးဖို့လိုအပ်ပါသည်။
- ဆေးများကို အရက်နှင့် နီးကပ်စွာ (သို့) အရက်နှင့်အတူ သောက်သုံးခြင်းမပြုရပါ။ အထူးသဖြင့် အိပ်ဆေးများ၊ စိတ်ငြိမ်ဆေးများ၊အရက်နှင့် ဓာတ်မတည့်ဖြစ်တတ်သော ဆေးများ(ဥပမာ- မက်ထရိုနိုက်ဒဇော် Metronidazole) စသည် တို့ကို အရက်နှင့် နီးကပ်စွာ မသောက်သင့်ပါ။ ဆိုးဝါးသော အနÅရယ်ကြုံတွေ့ရနိုင်ပါသည်။


* အအေးမိခြင်းအတွက် အိမ်တွင်းကုထုံး
သင်အမေးမိနေပြီလား၊ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါဝေဒနာတစ်ခုပါ။ သင့်အတွက် အိမ်တွင်း ကုထုံးလေးများ လမ်းညွန်ပေးလိုက်ပါရစေ။
- ဇင့်ဓာတ်ပါဝင်သော သောက်ဆေးမှီဝဲပါ။
ဇင့်ဓာတ်ဟာ အအေးမိခြင်းကို အချိန်တိုအတွင်း ပျောက်ကင်းစေနိုင်ပါတယ်။ စပြီးဖြစ်တာနဲ့ ဇင့်ဓာတ်Zinc Tablets မှီဝဲသင့်ပါတယ်။
- ရေနွေးငွေ့ရှူပေးပါ။
ရေနွေးငွေ့ ဇလုံတစ်ခုက ထွက်လာတဲ့ ရေနွေးငွေ့ကို ရှူပေးပါ။နှာစေးနှာပိတ် နှာရည်ယိုတာတွေသက်သာသွားပါလိမ့်မယ်။
- ကြက်စွပ်ပြုတ် ပူပူလေးသောက်ပေးပါ။
သင့်အတွက် အဟာရလည်းဖြစ်၊ အအေးပတ်တာလည်း မြန်မြန်ပျောက်စေမယ့်နည်းလမ်းတစ်ခုပါ။
- ရေ (သို့) အရည်များများသောက်ပေးပါ။
နေထိုင်မကောင်းစဉ် ရေများများသောက်ခြင်းဟာ ရောဂါဝေဒနာကို လျင်မြန်စွာ ပျောက်ကင်းစေမည့် နည်းလမ်းကောင်းပါ။
- ဗီတာမင် စီ မှီဝဲပါ။
သိပÜံနည်းကျ အခိုင်အမာ မပြောနိုင်ပေမယ့် Vitamin Cဟာ Body ရဲ့ ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေတာကြောင့် ရောဂါ လျင်မြန်စွာ ပျောက်စေနိုင်ပါတယ်။
-ဆားရည်ဖြင့် ပလုတ်ကျင်းပါ။
လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

No comments: