Wednesday, February 27, 2008

:) 0r :(

လူ့စစ်တမ်း (ခြိမ့်နိုင် )


သူများ အခက်
ကိုယ့်အကွက်ဆိုက်
ခွင်ရိုက်လိုက်တယ်

ကိုယ့်အခက်
သူ့အကွက်ဆိုက်
ခွင်ရိုက်လိုက်တယ်

ခွင် သံသရာမှာ
ကျင်လည်ကာ လှုပ်ရှား
စေတနာရှားပါး
ဝေဒနာ ပွားပေါ့
အမှားများနဲ့ ဒုက္ခရွာတည်
လူ့ဂုဏ်ရည် နိမ့်နိမ့်ကျလာ
သိက္ခာ ပွန်းပဲ အညွန့်မသန်
လိပ်ပြာ အလှမဲ့ အကျည်းတန်
အမှန်ဝန်ခံ ဝေဖန်ပါမည်။
ကျွန်ုပ်တို့သည်.......
လူပီသရန် လိုအပ်ပါသည်။
(ပြစ်မှုမဂ္ဂဇင်း မတ်လထုတ်မှ)

No comments: