ဝါယာကြိုးမပါဘဲမီးထွန်းနိုင်တဲ့မီးလုံးတီထွင်လိုက်ပြီ ပြီးပြည့်စုံတဲ့ ကမ္ဘာမှာ ၀ါယာကြိုးဟာ ဘယ်လိုအရာလည်းလို့မေးယူရမယ့်အရာ ဖြစ်လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ အချို့အရာတွေဟာအကန့်အသတ် နဲ့သာရှိပေမယ့် အရှိန်အဟုန်နဲ့နည်းပညာ တိုးတက်နေတဲ့သို့မဟုတ် နည်းပညာ ပေါက်ကွဲနေတဲ့ခေတ်မှာ မဖြစ်နိုင်သေး တာဘဲရှိပါတော့တယ်။ အမေရိကန်က မက်ဆာချူးဆက် ပြည်နယ်မှာရှိတဲ့ MIT လို့ခေါ်တဲ့ နည်းပ ညာသိပ္ပံကသုတေသနပညာရှင်တွေက 60 watt ရှိတဲ့မီးလုံးကို wireless နည်းပ ညာကိုသုံးပြီး မီးထွန်းနိုင်အောင်လုပ်နိုင်ကြ ပါပြီ။ ဒါကြောင့် အနာဂတ်မှာ ဆဲလ်ဖုန်း တွေနဲ့နည်းပညာဆိုင်ရာပစ္စည်းတွေကို ပ လပ်တပ်စရာမလိုဘဲ အသုံးပြုနိုင်ကြတော့ မှာဖြစ်ပါတယ်။ ဒီနည်းပညာကို သိပ္ပံပညာ ရှင်တွေက WiTricity လို့ခေါ်ဆိုကြပါ တယ်။ နည်းပညာဆိုင်ရာဖော်ပြမှုကို MIT ကအကြမ်းဖျင်းသာဖော်ပြထားပါတယ်။ ဒီဝါယာလက်နည်းပညာဟာ အသစ် တော့မဟုတ်ပါဘူး။ charging device တွေမှာသုံးစွဲထားတဲ့နည်းပညာဖြစ်ပါတယ်။ MIT က ရူပဗေဒပရော်ဖက်ဆာဖြစ်သူ Marin Soljacic က tuned waves က နေပါဝါဖြစ်လာအောင်ဘယ်လိုပြောင်းလဲ လုပ်ဆောင်မလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ တကယ်တော့ ဒီအယူအဆဟာ ရူပဗေဒ ပညာမှာအတော့်ကိုအခြေခံကျတဲ့ အယူ အဆဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်ကတီ ထွင်ဖန်တီးသူ Nikola Tesla ကရှည်ရှား တဲ့ကုန်းမြေပေါ်မှာ tower အကြီးစား တွေဆောက်ပြီးဆက်သွယ်ရေးအတွက် ကြိုးမဲ့ပါဝါလိုင်းထုတ်လွင့်ဖို့တည်ထွင်ခဲ့ ပြီးပါပြီ။ လက်ရှိအချိန်မှာတော့ ခြေလှမ်းသစ် အဖြစ် MIT သုတေသနပညာရှင်တွေက ဒီအယူအဆကိုလက်တွေ့ဖော်ဆောင်လိုက် ပြီးပါပြီ။ ဒါပေမယ့် ခုနှစ်ပေအကွာကနေဘဲ လုပ်ဆောင်နိုင်ပါသေးတယ်။ Solijacic ကနည်းပညာဟာအလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက်ကျွန်တော်တို့ဟာ ဘယ် အချိန်ဖြစ်ဖြစ်စိတ်ကူးပေါ်လာလို့ စမ်းသပ် ချင်တယ်ဆိုရင်လက်တွေ့စမ်းသပ်ခန်းကို သွားနိုင်ဖို့လုပ်ထားတယ်လို့ပြောပါတယ်။ အနည်းဆုံးတော့ ဒီနည်းပညာဟာ device တွေကို လေထုကဖြတ်ပြီး ပါဝါ ပေးနိုင်မှာဖြစ်လို့ ဘက်ထရီထည့်ဖို့မလို တော့တဲ့အတွက် ဘက်ထရီကြောင့်ဖြစ် ပေါ်လာတဲ့ဓါတုဗေဒအဆိပ်အတောက် တွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာဖြစ် ပါတယ်။ ဒီနည်းပညာပေါ်ပေါက်လာဖို့ အတွက်ကတော့ကြာဦးမှာပါ။
PC ပေါ်တွင် တီဗီအစီအစဉ်များကို ကြည့်ရှုနိုင်မည် ASUS ၏ My Cinema- P7131 SE ASUS မှထုတ်လုပ်သော ပီစီပေါ် တွင် တီဗွီအစီအစဉ်များကိုကြည့်ရှုနိုင်မည့် My Cinema-P7131SE ကတ်များကို Golden Power Technology မှဈေး ကွက်အတွင်းတင်သွင်းလိုက်ကြောင်းသိ ရသည်။ ၎င်းကတ်များတွင်နောက်ဆုံး ပေါ် decoder နှင့် TV tuner များပါ ၀င် ပြီးနှစ်သက်ရာအစီအစဉ်များကိုလည်း ပီစီ ထဲတွင် record လုပ်ထားနိုင်ကြောင်းသိ ရသည်။ ASUS ၏ Splendid Video Intelligence Technology အပြင်လုံခြုံ ရေးအတွက် Video Security Online Technology ပါရှိခြင်းကြောင့် ၎င်းကတ် ကထုတ်လွှင့်ပေးသော real-time video ကို Web browser ဖြင့်ကြည့်ရှုစစ်ဆေးနိုင် ကြောင်းသိရသည်။ ၎င်းင်း My Cinema ၏ TV system သည် Analog TV System ဖြစ်ပြီး PCI bus ကိုအသုံးပြုထားသည်။ TV input အနေဖြင့် NTSC နှင့် PAL နှစ်မျိုးစလုံးရ ပြီး Bundle application များအနေဖြင့် တီဗီအစီအစဉ်များကြည့်ရှုရန် ASUS E2-VCR ကိုထည့်သွင်းထားကြောင်းသိရ သည်။
ထွားထွားလှလှအသီးအနှံများစားရင်သတိထား အသီးအနှံဈေးကွက်တွင် အသီးများ အမြန် မှည့်စေရန်နှင့် အရောင်လှပြီး စွဲမက်ဖွယ်ဖြစ် စေရန် တိုက်ရိုက်ဆေးစိမ်၊ ဆေးတို့ခြင်းများ က စားသုံးသူတို့အတွက် အလွန်အန္တရာယ် ရှိပါကြောင်း Fameမှ မန်နေးဂျင်းဒါရိုက် တာ ဒေါက်တာခင်မောင်လွင်ကပြော သည်။ ယခုလ ၅ ရက်က ဆီဒိုးနားဟိုတယ် တွင်ဇီဝကမဂ္ဂဇင်းက ကျင်းပပြုလုပ်သော မျိုးရိုးဗီဇပြုပြင်ထားသော အစားအစာများ အကြောင်း ကျန်းမာသုတဆွေးနွေးပွဲတွင် တက်ရောက်လာသူများ၏ မေးမြန်မှုကို ဒေါက်တာခင်မောင်လွင်က အထက်ပါ အတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။““မုန်လာဥအနီတွေဆို နောက်နေ့ ရောင်းတော့မယ်ဆို ဓာတ်မြေသြဇာလိုမျိုး နဲ့ ရေစိမ်လိုက်တာ၊ လူတွေကလည်း မုန် လာဥတွေထွားထွားကြီးနဲ့ ရဲတွတ်ဖောင်း ကားနေတော့ ကြိုက်ကြတာပေါ့လေ။ တကယ်တော့ မုန်လာဥ သေးသေးညှက် ညှက်လေးတွေက အမြင်မလှပေမယ့် ကျန်း မာရေးနဲ့ ညီညွတ်အောင် စိုက်ပျိုးထားတာ ဆိုတာကို သိဖို့လိုပါတယ်”” ဟု ဒေါက်တာ ခင်မောင်လွင်ကပြောသည်။““ကျွန်တော်တို့ဆီမှာ ငှက်ပျောသီး တွေကို မနက်ရောင်းဖို့ ဆေးထဲနှစ်လိုက် တာတို့ သရက်သီးကို ဆေးနဲ့တို့တာတို့ ဓာတုဆေးတွေနဲ့လုပ်တာတွေကို သက်ဆိုင် ရာက စစ်ဆေးအရေးယူသင့်တယ်လို့ ထင်ပါတယ်”” ဟု ညောင်လေးပင်မှ ဆရာ ၀င်တစ်ဦးကပြောသည်။ ယင်းကဲ့သို့ ဓာတုဆေးများ တိုက်ရိုက် ထိတွေ့ထားသော အစားအစာများ စား သောက်ခြင်းဖြင့် ကင်ဆာကဲ့သို့သော ရော ဂါများ ရရှိခံစားနိုင်သည်။
အချစ်စစ်ဆိုတာ ’ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင် သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ် ။” တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့ နှစ်ခါပြန် သေချင်သေပါစေ အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ ဒါပေမယ့် ---- သူငယ်ချင်းတယောက်ကပြောတယ်“အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ ဒါကြောင့် ---- စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်းငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင် သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်.....
စီပိုးရှိတဲ့လူတွေရှောင်ရမှာတွေ (၁) အဆီ၊ဆီနဲ့ကြော်ထားတဲ့အစားအစာတွေ ဆီကြော်၊ဟင်းထဲကအဆီ၊မလိုင်၊ထောပတ်၊ချိစ်(Cheese)၊ဒိန်ချဉ်၊အရေခွံ၊အသည်းအမြစ်၊ကလီစာတွေကို ရှောင်နိုင်သရွေ့ရှောင်ပါ။(၂) အစားတွေကို တအားကြီးမစားပါနဲ့၊ သင့်တင့်ရုံပဲစားပါ။ အချိုမှန်သမျှ လျှော့စားပါ။မလိုအပ်ပဲ ဂလူးကို့စ်တွေ မတိုက်ပါနဲ့။(၃) မ၀ပါစေနဲ့။ပုံမှန်ဝိတ်ကိုထိန်းထားပါ။ စီပိုးရှိတဲ့လူဝရင်ပိုပြီး အသည်းထိခိုက်ပါတယ်။ဝတဲ့လူတွေမှာ အသည်းထဲကိုအဆီတွေက ၀င်ကုန်တော့ အသည်းဒဏ်ရာပိုဆိုးကုန်တာ ပေါ့။(၄)အငန်လျှော့စားပါ။အသည်းမာနေရင် အငန်ရှောင်ပါ။ စီပိုးရှိပေမယ့် အသည်းကကောင်းနေရင် သာမန်လူတစ်ယောက်စားသလို အငန်ကိုထည့်စားလို့ရပါတယ်။စီပိုးရှိနေပြီး အသည်းခြောက် နေရင်တော့ ရှောင်ရပါမယ်။ မဆင်ခြင်ရင်တော့ တစ်ကိုယ်လုံးရောင်လာပြီး ရေဖျဉ်းစွဲလာပါမယ်။ (၅)အရက်လုံးဝမသောက်ရပါ။ စီပိုးနဲ့ အရက်တွဲလိုက်ရင် အသည်းပိုပြီးခြောက်လွယ်ပါတယ်။ ဘာနဲ့မှကိုမတူအောင်ဆိုးပါတယ်။ (၆) သံဓာတ်များတဲ့ အားဆေးတွေမတည့်ပါ။ အသည်းထဲမှ သံဓာတ်များရင် အသည်းပိုခြောက်တယ်၊ပြီးတော့ အသည်းထဲမှာ သံဓာတ်များရင် စီပိုးမထွက်ဘူး။ (၇)ဗီတာမင်စီ အများကြီးပါတဲ့ဆေးတွေမတည့်ပါ။ အချဉ်တွေအများကြီးစားရင် အချဉ်တွေမှာပါတဲ့ ဗီတာမင်စီက အစာလမ်းကြောင်းကနေကိုယ်ထဲကို သံဓာတ်တွေပိုပြီးဝင်စေတယ်။ (၈)အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ သံပရာသီး၊ရှောက်သီးတွေကို အမြဲတစေကြီး မစားသင့်၊ဖျော်ရည် လုပ်မသောက်သင့်ပါ။ (၉) ဆေးတစ်မျိုးမျိုးသောက်ရမယ်ဆိုရင် အသည်းနဲ့တည့်မတည့်မေးပြီးမှ သောက်သင့်ပါတယ်။ (၁၀) အသည်းရောင် အေပိုး၊ဘီပိုး ကာကွယ်ဆေးထိုးဖို့ စစ်ဆေးပြီး၊ကာကွယ်ဆေးတွေထိုးတားသင့်ပါတယ်။ အေတွေ၊ဘီတွေနှစ်မျိုး ၊ သုံးမျိုးတွဲရင် ပိုဆိုးတော့မှာပေါ့။အသည်းရောင် အသားဝါစီရောဂါပိုး အကြောင်း (ပါမောက္ခ ခင်မောင်ဝင်း(အသည်း)) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ကလေကချေဆန်တဲ့ သို့မဟုတ် ခက်ဆစ်အဖွင့်မှားတဲ့ လူ ”သေဆုံးရင်လား... သေတမ်းစာတွေမလိုပါဘူး။ မသေ ခင်ကဆန္ဒ ပြည့်မပြည့် သေတမ်းစာထဲက အတိုင်း တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလားဆိုတာကိုလဲ သေပြီးသားလူက ပြန်သိနိုင်ဖို့မှ မသေချာတာ၊ သည်ဘ၀ထဲကို ၀င်ဖို့ ခန္ဓာကိုယ်တစ်ခုကို ငှားရမ်းပြီး နေထိုင်လှုပ်ရှားနေခဲ့တာ။ သေတော့လဲ သည်ခန္ဓာကို သည်လောကထဲမှာ ပြန်ထားခဲ့လိုက်ရုံ ပါပဲ...“ ကျွန်မကမ္ဘာမြေပေါ်မှာနေရတာကြိုက်တယ်။ လေးဘက်လေးတန်ပိတ်ကာပြီး တံခါးအထပ်ထပ်၊ သော့ အထပ်ထပ်နဲ့ အိမ်လို့ခေါ်တဲ့ အကျဉ်းထောင်တမျိုးကို လူ့ယဉ်ကျေးမှုဆိုတာကြီးက တီထွင်လိုက်ကြ ပေမယ့် ကျွန်မအတွက်ဘယ်လိုမှ နှစ်မျို့ချင်စရာ ကောင်းမနေဘူး။ အစွန်းရောက်တယ်ပဲဆိုချင်ဆို သည်အိမ်ကြီးဟာ အလှအပတွေနဲ့ တန်ဆာဆင်ထားတဲ့၊ ပတ်ဝန်းကျင်လွင်ပြင်လောကနဲ့ ကိုယ့်ကို ခွဲခြားပိတ်လှောင်ထားတဲ့၊ မျက်စိတဆုံးမြင်နိုင်ခွင့်တွေကို ပိတ်ပင်တားဆီးထားတဲ့ ခမ်းနားတဲ့ ထောင်ကြီး တစ်လုံးပါပဲ။ အတွေးမတူသူများအဖို့ တော့ အိမ်တစ်လုံးကိုပိုင်ဖို့ သိပ်ကြိုးစားကြတယ်။ အိမ်တစ်လုံးကို ပိုင်ပြီလို့ သူတို့ခံစားမိတဲ့အချိန်မှာ သည်အိမ်တစ်လုံးရဲ့ ကျေးကျွန်အဖြစ် လှည်းကျင်းပြု ပြင်၊ အလှဆင် ပြီးတစ်ခါ သည်အိမ်ရဲ့ သခင်အဖြစ် လူတွေဖိတ်ပြီးပွဲတွေလုပ်ကြတယ်။ နားကိုမလည်နိုင်ဘူး။ သည်အိမ် တစ်လုံးရဲ့ ချုပ်ကိုင်မှုကြောင့် သည်အိမ်ကိုငဲ့ပြီး ဟိုမသွားနိုင်သည်မခွာနိုင်နဲ့။ သည်အိမ် တစ်လုံးကို လောဘတွေနဲ့ ၀ိုင်းလုလို့ ဖြစ်တဲ့ပြသနာတွေကလည်း အထူးထူးအပြားပြား ဆန်းကြယ်ပြီး ရှုပ်နေတာပဲ။ တကယ့်အံ့သြစရာပဲ... လူ့အဖွဲ့အစည်းထဲကလူတစ်ယောက်အဖြစ် မွေးဖွားလာတော့လဲ သူ့စည်းကမ်း အတိုင်းပဲ အိမ်နဲ့နေမှဖြစ်တော့မှာပေါ့နော်၊ အိမ်တလုံးကို နေချင်သလောက် လခပေးနေ၊ သည်နေရာမှာ ဆက်မနေချင်တော့ရင် အတွယ်အတာမရှိဘဲ နောက်အဆင်ပြေရာ နေရာကိုပြောင်းပြီး အိမ်ထပ်ငှားနေ၊ အချုပ်အနှောင်မရှိ လွတ်လပ်ပါဘိခြင်း။ ကိုယ်ပိုင် အားလပ်ချိန်တိုင်းမှာ လွင်ပြင်တွေ၊ မျက်စိတဆုံး ငေးမော ကြည့်ရှုနိုင်တဲ့ လဟာပြင်တွေ နဲ့ ဥယျာဉ်တွေထဲမှာ ငေးမောရင်း လွတ်လပ်ခြင်းအရသာကို ခံစားရင်း တတ်နိုင်သမျှ အချိန်ကုန်လွန်စေခဲ့တဲ့ကျွန်မ.. ကားပိုင်ရှင်လို့ပြောပြီး ကားရဲ့ ကျေးကျွန်ဖြစ်နေသူလို ကားရပ်ဖို့၊ ဆီထည့်ဖို့၊ ထိန်းသိမ်းပြုပြင်ဖို့၊ ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင် အို.. လွတ်လပ်ပေါ့ပါးစွာ နေထိုင်ဖို့အတွက် ရှိသမျှအချိန်လေးကို ကားတစ်စီးရဲ့ဝေယျာဝစတွေနဲ့ အချိန်တွေ အဓိပ္ပာယ်မဲ့ ကုန်လွန်ဆုံးရှုံးတဲ့ သည်ဒဏ်ကိုမခံနိုင်လို့ ကျွန်မ အများသုံးကားတွေကိုကြိုက်တယ်။ သွားချင်တဲ့နေရာကို အခပေးပြီးရင် ကြိုက်ရာအဆင်ပြေရာ ကားပေါ်တက်စီးသွား၊ လိုရာခရီးရောက်ရင် ပေါ့ပေါ့ပါးပါး ဆင်းပြီးသွားချင်ရာကိုသွားပြီး၊ နောက်တစ်နေ ရာ ကိုသွားချင်ရင် နောက်ကားတမျိုးပြောင်းစီးလိုက်။ အဆင်ကိုပြေလို့။ အ၀တ်အစား။ အင်း!တောင်းမှာအကွပ်၊ လူမှာအ၀တ်တဲ့။ အရှက်အကြောက်ကြီးသူအတွက် အ၀တ်အစား ကအရေးကြီးတာပေါ့။ သူ့နေရာနဲ့သူ ၀တ်ဆင်ရတဲ့အ၀တ်အစားပုံစံခြင်းကလဲ မတူနိုင်တော့ ပုံစံအမျိုးမျိုး နဲ့အ၀တ်အစားတွေကို ဒူးနေရာဒူး၊ တော်နေရာတော် ၀တ်စားရပါတယ်။ အလုပ်ရှုပ်တာက လျှော်ရ ဖွပ်ရ၊ မီးပူတိုက်ရနဲ့။ ကဲ.. မ၀တ်မဖြစ်တာတွေကလွဲလို့ အပိုဖြစ်နိုင်လောက်တဲ့ အ၀တ်အစား တွေ သိမ်းရတာ ဗီရိုရှုပ်တယ်၊ အလုပ်ရှုပ်တယ်..သေသေချာချာလျှော်ဖွပ်ခေါက်သိမ်း၊ သန့်သန့်ရှင်းရှင်း ထုပ်ပိုးပြီး အမှိုက်ပုံးဘေး နေရာအမြင့်တစ်ခုမှာ တင်ထားလိုက်တယ်။ အမှိုက်သိမ်းသမားဖြစ်စေ၊ လိုချင်သူဖြစ်စေ လာကောက်ပေစေပေါ့။ ပံ့သကူအလှူ ကမ္ပည်းထူစရာမလိုပါဘူး။ သည်နေရာကနေ နောက်တစ်နေရာကို ပြောင်းတော့မယ်ဆိုရင် မရှိမဖြစ်လိုအပ်နေမယ့် တကိုယ်ရေသုံးပစည်းတွေ၊ စာရွက်စာတမ်းတွေကလွဲလို့ ကျန်တာအားလုံးကိုလဲ သည်လိုပဲ ပံ့သကူလှူပစ်ခဲ့တော့ ပြီးရောပေါ့။ လူရောစိတ်ပါ အလေးခံပြီး သွားလေရာ သယ်မနေနိုင်ပေါင်။ ရောက်ရာနေရာမှာ ပြန်အသစ်ဝယ်လို့ရ တာပဲလေ။ ကျွန်မသေဆုံးရင်လား... သေတမ်းစာတွေမလိုပါဘူး။ မသေခင်ကဆန္ဒ ပြည့်မပြည့် သေတမ်းစာထဲက အတိုင်း တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလားဆိုတာကိုလဲ သေပြီးသားလူက ပြန်သိနိုင်ဖို့မှ မသေချာတာ၊ ကျွန်မအတွက်ကလည်း ပြန်သိဖို့မှမလိုတာ။ သည်ဘ၀ထဲကို ၀င်ဖို့ ခန္ဓာကိုယ်တစ်ခုကို ငှားရမ်းပြီး နေထိုင်လှုပ်ရှားနေခဲ့တာ။ သေတော့လဲ သည်ခန္ဓာကို သည်လောက ထဲမှာ ပြန်ထားခဲ့လိုက်ရုံ ပါပဲ။ လှူမလား မီးသဂြိုလ်မလား၊ ဂူသွင်းရမလား။ အင်း.. ကျွန်မသက်ရှိထင်ရှား ရှိတုန်း ကျွန်မဘေးနား မှာရှိနေခဲ့ပြီး ကျွန်မ သေတော့ ကျွန်မရဲ့အလောင်းနားမှာ ကျန်ခဲ့သူတွေ လုပ်ချင် သလို၊ အဆင်ပြေသလို လုပ်ကြပေါ့။ မလိုအပ်တာတွေအတွက် စိတ်ရှုပ်ခံမယ့်အစား ကိုယ့်ဟာကိုယ် နောက် ဘ၀အသစ်တစ်ခုကို စိတ်ဖြောင့်ဖြောင့်သွားလိုက်တာ ပိုမကောင်းဘူး။ သံသရာခရီးမှာ သွားလာ ရင်း ကြားဘူတာတစ်ခုမှာ ခဏနားတုန်း အတွယ်အတာတွေ မထားတာကောင်းတာပေါ့လေ။ ပြီးရင် သည်ဘူတာက ခွာပြီး နောက်ဘူတာ တစ်ခုကိုသွားရမှာပဲမဟုတ်လား။ ကိုယ်နဲ့ တပါတည်းပါသွားမှာ သေချာတာတွေက ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ၂မျိုးပဲလေ။ သည်တော့ အထုပ်အပိုးနှစ်ခုထဲမှာ လျှော့လို့ကောင်းတဲ့ အထုပ်တစ်ခုကို လျှော့နိုင်သမျှ လျှော့ထုတ်ခဲ့ဖို့ပဲ လိုတော့တာပေါ့။ သယ်ရ သက်သာအောင်လို့ပါ။ စိတ်ရောကိုယ်ပါ လွတ်လပ်မှုကို အပြည့်အ၀ရှိုက်သွင်းရင်းကျေနပ်နေခိုက် နောက်ကစကားသံသဲ့သဲ့ တစ်ခွန်း ကြားလိုက်ရတယ်... “ကလေကချေဆန်တဲ့မိန်းမ ” တဲ့။From Ainmat.com
စူပါဟီးရိုးဝတ်စုံများသည် ကလေးများကို အန္တရာယ်ရှိစေသည်ဟု ဆရာဝန်များပြောကြား လူကြိုက်များသော ပုံဝတ္ထုများ၊ ရုပ်ရှင်များမှ စူပါဟီးရိုးအ၀တ်အစား အတိုင်း တုပ၀တ်ဆင်ခြင်းသည် ငယ်ရွယ်သူများကို အန္တရာယ်ဖြစ် စေသည်ဟု ဆရာဝန်များက ပြော ကြားခဲ့သည်။ ကလေးများသည် စူပါဟီးရိုးအ၀တ်များ ၀တ်ဆင်လိုက် ပါက သူတို့ကိုယ်သူတို့ ထူးခြား သော စွမ်းအင်များရရှိခဲ့သည်ဟု ယုံကြည်တတ်ကြသည်။ လေ့လာမှုတစ်ခုတွင် စူပါမင်း (သို့) ပင့်ကူလူသားအင်္ကျီဝတ်ဆင် ခဲ့သော ကလေးငါးယောက် ထိခိုက် ဒဏ်ရာရခဲ့သသည်ကို ဖော်ပြထား သည်။ ကလေးငယ်များအဖို့ အန္တ ရာယ်ကို စူးစမ်းသည်မှာ ပုံမှန်ဖြစ် သော်လည်း ဆရာဝန်များက စူပါ ဟီးရိုးများကို စံပြုပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး မျှော်လင့်ချက်အမှား များ ရှင်သန်သွားမည်ကို စိုးရိမ်နေ ကြခြင်းဖြစ်သည်။ ယခု လေ့လာမှု ကို ဘုရင်မဆေးရုံမှ ဒေါက်တာ မက်ထရစ်ဒေးဗစ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာဒေးဗစ် က ““စိတ်ကူးစံပြုပုဂ္ဂိုလ်ဆို တဲ့အရာဟာ ကြီးထွားတဲ့အ တွက် တကယ်ကိုအရေးပါစေပါ တယ်။ ဒါပေမယ့် မိဘတွေ သိထား သင့်တာက ကလေးတွေဟာ စူပါ ဟီးရိုးတွေဝတ်တဲ့ အ၀တ်အစား တွေကိုဝတ်လိုက်ရင် စွမ်းအား သစ်တွေရရှိတတ်တယ်လို့ ထင်တတ်တာကိုပဲ ဖြစ်ပါ တယ်””ဟု ပြောကြားခဲ့ သည်။
လူကောင်းကိုမုန်းသောသူများ ''မိဘတွေလက်ထက်ကပြောကြတယ်။ ကောက်သော်စားမလောက်၊ ဖြောင့်သော်စားမကုန်တဲ့။ ရိုးသားတဲ့လူကိုလူတိုင်းချစ်ပြီးလူလိမ်ကို လူတိုင်းမုန်းသတဲ့။ မရိုးသားသူကို မရိုးသားသူချင်းတောင် မကြိုက်ဘူးတဲ့။ လူလိမ်ချင်းတောင် လိမ်တာကို မကြိုက်ဘူးတဲ့။ ကိုယ့်ကိုလာလိမ်တာကို လူလိမ်တောင် ကိုယ်ချင်းစာပြီးကြိုက်တာမရှိဘူးတဲ့။ အင်း.. တကယ် ဟုတ်ရဲ့လား .... . . . '' မိဘတွေလက်ထက်ကပြောကြတယ်။ ကောက်သော်စားမလောက်၊ ဖြောင့်သော်စားမကုန်တဲ့။ သည်ခေတ် မှာတော့ ပြောင်းပြန်ဆိုတာတွေ့နေရပါတယ်။ လူလိမ်လူကောက်တွေဘယ်လိုစားသာနေပြီး လူရိုးလူဖြောင့် တွေဘယ်လိုနှိပ်ကွပ်ခံနေရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ရိုးသားတဲ့လူကို လူတိုင်း ချစ်ပြီးလူလိမ်ကို လူတိုင်းမုန်းသတဲ့။ မရိုးသားသူကို မရိုးသားသူချင်းတောင် မကြိုက်ဘူးတဲ့။ လူလိမ်ချင်း တောင် လိမ်တာကို မကြိုက်ဘူးတဲ့။ ကိုယ့်ကိုလာလိမ်တာကို လူလိမ်တောင် ကိုယ်ချင်းစာပြီးကြိုက်တာ မရှိဘူးတဲ့။ အင်း.. တကယ် ဟုတ်ရဲ့လား။ စဉ်းစားမိသမျှ အိပ်မက်ပရိသတ်ကိုဝေမျှလိုက်ပါတယ်။ အိပ်မက်ပရိသတ်ကလည်း ပိုသိတာလေးတွေကို ပြန်လည်မျှဝေပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ အလိမ်ခံနေကြသူ အမျိုးမျိုးရှိတာကိုတွေ့နေရပါတယ်။ (၁) ရိုးသားလွန်းလို့ဖြစ်စေ၊ လိမ်သူလောက်မပါးနပ်လို့ ဖြစ်စေ အလိမ်ခံနေရမှန်းမသိလို့ အလိမ်ခံရသူ (၂) အလိမ်ခံနေရမှန်းသိသိကြီးနဲ့မတတ်သာလို့ မကျေမချမ်းနဲ့အလိမ်ခံရသူ (၃) အမှန်တရားကို ရင်မဆိုင်ရဲလို့ ကျေကျေနပ်နပ်အလိမ်ခံရင်း ရောလိမ်ပေးနေသူ (၄) ဘယ်လောက်တောင် ဆက်လိမ်မလဲလို့ လိမ်နည်းအားလုံးကိုသိချင်လို့ မသိချင်ယောင်ဆောင်ပြီး အလိမ်ခံနေသူ (ထပ်ရှိသေးရင်ပြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ ) အဲလိုလိမ်နေသူတွေ၊ အလိမ်ခံနေရသူတွေကြားမှာ တခါတလေမက အမှန်တရားဟာ မျက်နှာငယ်ရပါ တယ်။ ရိုးသားတဲ့လူကို လူတိုင်းချစ်တယ်ဆိုတာမဟုတ်တာလဲ ကြုံတွေ့လာရပါတယ်။ ရိုးသားသူကိုဘာကြောင့် လူတွေမုန်းသလဲလို့ ဆွေးနွေးကြည့်ကြတော့ ၁. မရိုးသားသူရဲ့ မရိုးသားတဲ့အကြောင်းတွေက ရိုးသားသူရဲ့ ရိုးသားတဲ့အကြောင်းတွေနဲ့တွေ့မှ၊ ယှဉ်ကြည့် မိမှ မကောင်းမှန်း ပိုပေါ်လွင်ထင်ရှားလာလို့ ၂. ရိုးသားချင်ယောင်ဆောင်မှုတွေကလည်း လက်တွေ့မှာ တကယ်ရိုးသားတဲ့လူရဲ့လုပ်ရပ်တွေကို ရေရှည် မှာ မယှဉ်နိုင်လို့ ၃. သူတို့မရိုးမသားနဲ့ လုပ်သမျှ၊ ပြောသမျှ ပတ်ဝန်းကျင်ကသိပြီး ခွဲခြားနိုင်နေပြီး ကိုယ့်ကိုဆေးဖော် ကြော ဖက်မလုပ်တော့ဘဲ ရိုးသားသူကိုပဲ ဆက်ဆံတာကို မနာလိုမရှုစိမ့်လို့ (ထပ်ရှိသေးရင်ပြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ ) သူတကာကို စေတနာကောင်းအရင်းခံနဲ့ အကျိုးအမြတ်မမျှော်ကိုးပဲ သန့်သန့်လေးကူညီနေတဲ့ စေတနာ့ ၀န်ထမ်းတွေကို သူတကာကိုဗိုလ်ကျနှိပ်စက်နေတဲ့လူတွေက တအားမုန်းတာကိုလည်း တွေ့ကြုံဖူးပါတယ်။ ဘာကြောင့်ဖြစ်နိုင်သလဲဆိုရင် ၁. သူတို့ယုတ်မာတာကို စေတနာ့ဝန်ထမ်းတွေနဲ့နှိုင်းယှဉ်မိပြီး လူသိသာလို့ ၂. လူတွေကသူတို့ကိုလေးစားကြည်ညိုနေတာ သို့မဟုတ် ကြောက်ရွံ့နေတာကိုခံချင်လို့ ၃. ဒါပေမယ့် သူတို့လိုချင်တာကို လူတွေဆီကနေ မရနိုင်ဘဲ စေတနာ့ဝန်ထမ်းတွေကို လူတွေကလေးစား ကြည်ညိုနေတာကိုမရှုစိမ့်လို့၊ မကြည့်နိုင်လို့ ၄. အဲလိုမုန်းလို့သူတို့က ဒုကပေးလေ၊ အဲသည့်စေတနာ့ဝန်ထမ်းတွေကို တခြားလူတွေက အကာအကွယ်၊ အကူအညီတွေပေးလေဖြစ်နေတာကို ပိုမခံရပ်နိုင်ဖြစ်လာလို့ ၅. သူတို့ဆိုးတေယုတ်မာလို့ သူတို့ကိုမလေးစားနိုင်တဲ့ ဆေးဖော်ကြောဖက်မလုပ်တဲ့သူတွေကို မလုပ်ရ ကောင်းလားလို့ စိတ်ဆိုးလာလို့ (ထပ်ရှိသေးရင်ပြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ )