Saturday, July 16, 2022

Malaria ခေါ် ငှက်ဖျားရောဂါအကြောင်း တစေ့တစောင်း

Malaria ခေါ် ငှက်ဖျားရောဂါအကြောင်း တစေ့တစောင်း




ငှက်ဖျားဆိုသည်မှာ

---------------------------

ချမ်းတုန်ဖျားခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သရက်ရွက်(ဘေလုံး)ကြီးခြင်း၊ အသည်းကြီးခြင်း၊ သွေးအားနည်းခြင်း၊ အသားဝါ ဖြစ်ခြင်း စတဲ့ ဝေဒနာလက္ခဏာများ ခံစားရနိုင်တဲ့အပြင် ပြင်းထန်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ပေး နိုင်သော ငှက်ဖျားရောဂါကို ရှေးခေတ် ရောမလူမျိုးများက ရွှံ့ဗွက်ရေအိုင်များမှ ဖြတ်သန်းလာသော မသန့်ရှင်းသည့်လေကို ရှူမိသောကြောင့် ရရှိသောရောဂါ Malaria လို့အမည်ပေး ခေါ်ဝေါ်ခဲ့ကြပါတယ်။ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ ဖခင်ကြီး ဟစ်ပိုခရေးတီးက အချိန်ပိုင်းနှင့်အပူချိန် တက်သော အဖျားဖြစ်ကြောင်း စတင် ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ 


ငှက်ဖျားပိုးကို ပျံ့ပွားစေသော တရားခံ

--------------------------------------

 ငှက်ဖျားပိုးသည် အပူပိုင်းနှင့် အနွေးပိုင်းဒေသများတွင် အဓိက ပေါက်ပွားလေ့ရှိတဲ့ အနောဖိလစ်(စ်) ခြင်(Anopheles) လူကိုကိုက်ခြင်း ကြောင့် ကူးစက်ပျံ့ပွားရခြင်းဖြစ်ပါတယ်။ ညနေမှောင်စပျိုးချိန်မှအရုဏ်တက်ချိန်ကြားအတွင်း ကိုက်လေ့ရှိပါတယ်။

ငှက်ဖျားရောဂါသည် Plasmodium ခေါ် ကပ်ပါးပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါသည်။ ရောဂါပိုး အမျိုးအစား ၄ မျိုးရှိပါသည်။


ကူးစက်နိုင်သောနည်းလမ်းများ

-------------------

Anopheles ခြင်ကိုက်ခြင်း၊

ရောဂါပိုးရှိသောသွေးသွင်းမိခြင်း၊

ရောဂါပိုးရှိသောသွေးနှင့် ထိတွေ့ထားသော အပ်နှင့် ဆေးပိုက်များဖြင့် ဆေးထိုးခံရခြင်း၊

ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓသေားသို့ ကူးစက်ခြင်း။


ရောဂါပျိုးချိန်

-------------

ရောဂါပိုး  အမျိုးအစားပေါ်မူတည်၍ ပိုးဝင်ချိန်မှ ၈ ရက်မှ ရက် ၃၀ အတွင်းရောဂါ  လက္ခဏာပြတတ်ပါသည်။ တစ်ခါတစ်ရံ နှစ်အနည်းငယ် ကြာသည်အထိ ရောဂါလက္ခဏာမပြဘဲ  ကိုယ်တွင်း၌ ကပ်ပါးပိုး အဖြစ် ရှိနေတတ်ပါသည်။


ရောဂါလက္ခဏာများ

-------------

ရောဂါပိုးအမျိုးအစားပေါ် မူတည်၍ အဖျားတက်ပုံ နှင့် ရောဂါပြင်းထန်ပုံ မတူညီကြပါ။

ချမ်းတုန်ဖျားခြင်း - ငှက်ဖျားရောဂါ၏ အဓိကရောဂါ လက္ခဏာဖြစ်ပါသည်။

Plasmodium  vivax & ovale - ၃ ရက်တစ်ခါ အဖျားတက်ခြင်း။ အဖျားမတက်မှီ ချမ်းတုန်၍  အဖျားတက်ပြီးနောက် ချွေးများထွက်ကာ သက်သာသွားလေ့ရှိပါသည်။ နှစ်အတန်ကြာမှ  ရောဂါ ပြန်ထခြင်းဖြစ်တတ်ပါသည်။

Plasmodium malaria - ၄ ရက်တစ်ခါ အဖျားတက်တက်ပါသည်။ ရောဂါလက္ခဏာမပြဘဲ သွေးတွင်း၌ နှစ်ပေါင်းများစွာ ရှိနေတတ်ပါသည်။

Plasmodium falciparum - ၃ ရက်တစ်ခါ အဖျားတက်လေ့ရှိပြီး ဤပိုးကြောင့် ဖြစ်သော  ငှက်ဖျားရောဂါသည် ပြင်းထန်သော အမျိုးအစား ဖြစ်ပြီး နောက်ဆက်တွဲ အန္တရာယ်များစွာဖြစ်တတ်ပါသည်။

ခေါင်းကိုက်ခြင်း၊ နှုံခြင်း၊ ကြွက်သားများနာကျင်ခြင်း၊အသည်းနှင့် သရက်ရွက်ကြီးခြင်း၊သွေးအားနည်းခြင်း၊ အသားဝါခြင်း တို့ဖြစ်တတ်ပါသည်။


Falciparum ပိုးကြောင့် ဖြစ်သော ငှက်ဖျားရောဂါ၏ နောက်ဆက်တွဲ ရောဂါများ

-------------

သွေးအားအလွန်နည်းခြင်း၊ သွေးအားနည်းလွန်းခြင်းကြောင့် နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊

ရေဓာတ်နှင့် သွေးတွင်းသတ္တုဓာတ်များ ကမောက်ကမဖြစ်ခြင်း

ကိုယ်တွင်း အင်္ဂါများထိခိုက်ခြင်းဦးနှောက်အတွင်း ငှက်ဖျားပိုးဝင်ခြင်း

ဆီးနည်းခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊

ချောင်းဆိုးခြင်း၊ အဆုတ်ရေဝင်ခြင်း၊

အသည်းကြီးခြင်း၊ အသားဝါခြင်း၊ အသည်းပျက်ဆီးခြင်း

ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းကိုက်သလို ဖြစ်ခြင်း

သွေးတွင်း သွေးနီဥများပျက်စီး၍ ဆီးမဲမဲများသွားခြင်း

သွေးတွင်း သကြားဓာတ်ကျခြင်း

သွေးပေါင်ကျခြင်း

အဖျားကြီးခြင်း

သရက်ရွက်ကွဲခြင်း၊ ကြီးခြင်း၊ သွေးတွင်း သွေးနီဥ၊ သွေးဖြူဥ၊ သွေးပမွှားများ များစွာဖျက်ဆီးခံရခြင်း

ကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ ပေါင်မပြည့်သောကလေးမွေးခြင်း

အလုပ်မလုပ်နိုင်ခြင်း။

ထို့အပြင် အခြားနောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပွားစေနိုင်သောကြောင့် စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ထိရောက်သော ကုသမှုချက်ချင်းပေးနိုင်ရန် လိုအပ်ပါသည်။ မည်သို့ပင် ရောဂါလက္ခဏာများပြင်းထန်စေကာမူ တတ်ကျွမ်းသူ ဆရာဝန်၊  ကျန်းမာရေး ဝန်ထမ်းများနှင့် ထိရောက်သေချာစွာကုသမှု ခံယူပါက ရောဂါပျောက်ကင်းနိုင်ပါသည်။ ငှက်ဖျားရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန သို့  ( ၂၄ ) နာရီအတွင်း အမြန်ဆုံးသွာရောက်သွေးစစ်ပြီး ဆေးကုသမှုခံယူကြရန် လိုအပ်ပါသည်။

*** ပြင်းထန်ငှက်ဖျားရောဂါလူနာမှာ အရေးပေါ်ကုသရန် လိုအပ်ပြီး ဆေးရုံသို့ ချက်ချင်းလွှဲပြောင်းပေးရန် အရေးကြီးပါသည်။


ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်သည့် အုပ်စုများ

-------------

တောထဲတောင်ထဲတွင် အလုပ်လုပ်သူများ၊ငှက်ဖျားဖြစ်ပွားတတ်သော ဒေသတွင် အလုပ်လုပ်သူများ၊ငှက်ဖျားဖြစ်ပွားတတ်သော ဒေသရှိ

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၊ငှက်ဖျားခြင်ရှိသော ဒေသတွင် ညဘက်၌ ခြင်ထောင်ဖြင့် မအိပ်သူများသည် ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေများသည်။

မြန်မာနိုင်ငံ၌ ငှက်ဖျားဖြစ်ပွားတတ်သော ဒေသများတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဝေးလံခက်ခဲသော ဒေသအချို့ပါဝင်သည်။


ငှက်ဖျားရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

-------------

ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း၊ တာရှည်ခံ ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ခြင်း၊ အဝတ်အစား လုံလုံခြုံခြုံဝတ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း၊ဆေးလိမ်းခြင်း၊ တောထဲတောင်ထဲ (သို့မဟုတ်) ငှက်ဖျားဒေသသို့ သွားရောက်မည်ဆိုပါက ဆေးကြိုတင်သောက် သုံးခြင်းတို့ဖြင့်ကာကွယ်နိုင်သည်။


ခြင်မပေါက်ပွားအောင်ဘယ်လို လုပ်မလဲ

-------------

အိမ်ရှိ ရေကျန်နိုင်သော ခြင်ခိုအောင်းနိုင်သော ရေအိုး၊ ရေခွက်များကို ဖုံး/သွန်/လဲ/စစ် အမြဲလုပ်ပေးခြင်း၊ ရပ်ကွက်ကျေးရွာအနီးရှိ စိမ့်၊ စမ်း၊ ချောင်းများကို ခြင်မပေါက်ပွားစေရန် ရေစီးရေလာကောင်းအောင် လူထုအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၊ခြင်ခိုအောင်းနိုင်သော အိမ်အနီးရှိ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်း၊ ပိုးလောက်လန်းစားငါးများကို ရေတွင်းရေကန်များတွင် ထည့်ခြင်းတို့ဖြင့် ငှက်ဖျားရောဂါကူးစက်မှုမှ ကာကွယ်နိုင်ပါသည်။


စစ်ဆေးမှုများ

-------------

ယခုအခါ  ငှက်ဖျားပိုးကို အလွယ်တကူစစ်ဆေးနိုင်သော Malaria Ag Test Kit သွေးစစ်ကိရိယာများရှိလာပြီဖြစ်၍  ငှက်ဖျားဖြစ်သည်ဟု ထင်ပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် စစ်ဆေးနိုင်ပြီ  ဖြစ်ပါသည်။

ထို့အပြင် ရောဂါရှာဖွေရန်နှင့် ကုသရန် အောက်ပါ စစ်ဆေးမှုများကိုလည်း ခံယူသင့်ပါသည်။

သွေးတွင်း ငှက်ဖျားပိုးစစ်ခြင်း၊သွေးပစ္စည်းများစစ်ဆေးခြင်း၊ဆီးစစ်ခြင်း၊အသည်းနှင့် ကျောက်ကပ်ဓာတ်များစစ်ဆေးခြင်း၊ သွေးတွင်းသကြား ဓာတ်စစ်ဆေးခြင်း၊နှလုံးစက်ဆွဲခြင်း(ECG)။


ကုသခြင်း

-------------

ငှက်ဖျားရောဂါလက္ခဏာများပြပါက မိမိသဘောဖြင့် ဆေးများဝယ်ယူသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

သာမန်ရောဂါအဆင့်ဖြစ်ပါက  ယခုအခါ ပဒုမ္မာ တံဆိပ်ဖြင့် ငှက်ဖျားဆေးများကို နီးစပ်ရာဆေးခန်း၊  ကျန်းမာရေးဌာန များတွင် ရရှိနိုင်ပြီဖြစ်၍ လိုအပ်သောဆေးပမာဏနှင့်  ဆေးသောက်ရမည့် အချိန်ကာလအတိုင်း သောက်သုံးရန် လိုအပ်ပါသည်။

ရောဂါပြင်းထန်ပါက ဆေးရုံတက်၍ ထိုးဆေးများဖြင့် ကုသမှုခံယူရန်လိုအပ်ပါသည်။

ရောဂါဖြစ်ပွားပါက အမြစ်ပျောက်ကုသနိုင်ပြီဖြစ်၍ တတ်ကျွမ်းသူများနှင့် တိုင်ပင်ကုသမှု ခံယူသင့်ကြောင်း အကြံပြုအပ်ပါသည်။


ငှက်ဖျားရောဂါ ကာကွယ်ရန် သောက်သုံး၍ရသော ဆေးဝါးများ

-------------

အောက်ပါဆေးဝါးများအနက် အမျိုးအစား (၁)မျိုးကိုသာ တိကျစွာ သောက်သုံးရန် လိုအပ်သည်။

(Attention!!! ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများဖြစ်သည်။)


 #Atovaquone/Proguilanil ပါဝင်သော (Marlarone) ဆေးဝါးအား ခရီးမသွားမီ (၁)ရက် (၂)ရက် အလိုမှစ၍ နေ့စဉ် တစ်နေ့ တစ်လုံး သောက်သုံးရပြီး ပြန်လာပြီးနောက် (၇)ရက်အထိ သောက်သုံးရသည်။ ကလေးငယ်များအတွက်မူ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုယ်အလေးချိန်နှင့် တွက်ဆ၍ သောက်သုံးရသည်။ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကျောက်ကပ်မကောင်းသူများ မသောက်ရပါ။


#Chloroquine 250mg ပါဝင်သော ဆေးပြားအတွက် ခရီးမသွားမီ (၁)ပတ် (၂)ပတ်အလိုမှစ၍ တစ်ပတ် (၂)လုံး သောက်သုံးရပြီး ပြန်လာပြီးနောက် (၄)ပတ်အထိ သောက်သုံးရသည်။ ကိုယ်ဝန်ဆောင် မိခင်များပါ သောက်သုံးနိုင်သည်။ ကာလရှည်ကြာ သွားလာနေထိုင်ရသူများအတွက် သင့်လျော်သည်။

ကလေးငယ်များအတွက်မူ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုယ်အလေးချိန်နှင့် တွက်ဆ၍ တိကျစွာ သောက်သုံးရသည်။


#Doxycycline 100mg ဆေးတောင့်အား ရွေးချယ်မည်ဆိုပါက ခရီးမသွားမီ (၁)ရက် (၂)ရက်အလိုမှစ၍ နေ့စဉ် တစ်နေ့ (၁)လုံး သောက်သုံးရန်လိုအပ်ပြီး ပြန်လာပြီးနောက် (၄)ပတ်အထိ နေ့စဉ် သောက်ရန် လိုအပ်သည်။ (၈)နှစ်အထက် ကလေးများအတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်း တိကျစွာသောက်သုံးရမည်။ (၈)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်မူ သောက်သုံးရန် မသင့်လျော်ပါ။


#Mefloquine ဟူသော ဆေးဝါးအား ငှက်ဖျားရောဂါ ကာကွယ်ရန်အသုံးပြုနိုင်သော်လည်း မြန်မာနိုင်ငံတွင် Mefloquine Resistance ရှိနိုင်၍ ရွေးချယ်ရန်မသင့်လျော်ပေ။

သို့ရာတွင် ငှက်ဖျားဒေသသို့ သွားလာနေစဉ် ဖျားနာလာပါက ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းသူများနှင့် ပြသရန်၊ သွေးဖောက်စစ်ဆေးရန်၊ လိုအပ်ပါက အချိန်မီကုသမှုခံယူနိုင်ရန် လိုအပ်သေးသည်။ အချုပ်အနေဖြင့် ငှက်ဖျားရောဂါအကြောင်း အထိုက်အလျောက်သိရှိ၍ ကြိုတင်ကာကွယ်နိုင်ကြစေရန် အသိပေး ရေးသားလိုက်ရပါသည်။


မျှဝေရေးသားသူ - ဒေါက်တာပြည့်ဖြိုးကျော်


(Zawgyi) 

Malaria ေခၚ ငွက္ဖ်ားေရာဂါအေၾကာင္း တေစ့တေစာင္း




ငွက္ဖ်ားဆိုသည္မွာ

---------------------------

ခ်မ္းတုန္ဖ်ားျခင္း၊ အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ သရက္႐ြက္(ေဘလုံး)ႀကီးျခင္း၊ အသည္းႀကီးျခင္း၊ ေသြးအားနည္းျခင္း၊ အသားဝါ ျဖစ္ျခင္း စတဲ့ ေဝဒနာလကၡဏာမ်ား ခံစားရနိုင္တဲ့အျပင္ ျပင္းထန္ပါက အသက္ေသဆုံးသည္အထိ အႏၱရာယ္ေပး နိုင္ေသာ ငွက္ဖ်ားေရာဂါကို ေရွးေခတ္ ေရာမလူမ်ိဳးမ်ားက ႐ႊံ႕ဗြက္ေရအိုင္မ်ားမွ ျဖတ္သန္းလာေသာ မသန႔္ရွင္းသည့္ေလကို ရႉမိေသာေၾကာင့္ ရရွိေသာေရာဂါ Malaria လို႔အမည္ေပး ေခၚေဝၚခဲ့ၾကပါတယ္။ ေခတ္သစ္ေဆးသိပၸံပညာရဲ႕ ဖခင္ႀကီး ဟစ္ပိုခေရးတီးက အခ်ိန္ပိုင္းႏွင့္အပူခ်ိန္ တက္ေသာ အဖ်ားျဖစ္ေၾကာင္း စတင္ ေဖာ္ထုတ္နိုင္ခဲ့ပါတယ္ ။ 


ငွက္ဖ်ားပိုးကို ပ်ံ့ပြားေစေသာ တရားခံ

--------------------------------------

 ငွက္ဖ်ားပိုးသည္ အပူပိုင္းႏွင့္ အေႏြးပိုင္းေဒသမ်ားတြင္ အဓိက ေပါက္ပြားေလ့ရွိတဲ့ အေနာဖိလစ္(စ္) ျခင္(Anopheles) လူကိုကိုက္ျခင္း ေၾကာင့္ ကူးစက္ပ်ံ့ပြားရျခင္းျဖစ္ပါတယ္။ ညေနေမွာင္စပ်ိဳးခ်ိန္မွအ႐ုဏ္တက္ခ်ိန္ၾကားအတြင္း ကိုက္ေလ့ရွိပါတယ္။

ငွက္ဖ်ားေရာဂါသည္ Plasmodium ေခၚ ကပ္ပါးပိုးေၾကာင့္ျဖစ္ေသာ ကူးစက္ေရာဂါ တစ္မ်ိဳးျဖစ္ပါသည္။ ေရာဂါပိုး အမ်ိဳးအစား ၄ မ်ိဳးရွိပါသည္။


ကူးစက္နိုင္ေသာနည္းလမ္းမ်ား

-------------------

Anopheles ျခင္ကိုက္ျခင္း၊

ေရာဂါပိုးရွိေသာေသြးသြင္းမိျခင္း၊

ေရာဂါပိုးရွိေသာေသြးႏွင့္ ထိေတြ႕ထားေသာ အပ္ႏွင့္ ေဆးပိုက္မ်ားျဖင့္ ေဆးထိုးခံရျခင္း၊

ကိုယ္ဝန္ေဆာင္မိခင္မွ သႏၶေသားသို႔ ကူးစက္ျခင္း။


ေရာဂါပ်ိဳးခ်ိန္

-------------

ေရာဂါပိုး  အမ်ိဳးအစားေပၚမူတည္၍ ပိုးဝင္ခ်ိန္မွ ၈ ရက္မွ ရက္ ၃၀ အတြင္းေရာဂါ  လကၡဏာျပတတ္ပါသည္။ တစ္ခါတစ္ရံ ႏွစ္အနည္းငယ္ ၾကာသည္အထိ ေရာဂါလကၡဏာမျပဘဲ  ကိုယ္တြင္း၌ ကပ္ပါးပိုး အျဖစ္ ရွိေနတတ္ပါသည္။


ေရာဂါလကၡဏာမ်ား

-------------

ေရာဂါပိုးအမ်ိဳးအစားေပၚ မူတည္၍ အဖ်ားတက္ပုံ ႏွင့္ ေရာဂါျပင္းထန္ပုံ မတူညီၾကပါ။

ခ်မ္းတုန္ဖ်ားျခင္း - ငွက္ဖ်ားေရာဂါ၏ အဓိကေရာဂါ လကၡဏာျဖစ္ပါသည္။

Plasmodium  vivax & ovale - ၃ ရက္တစ္ခါ အဖ်ားတက္ျခင္း။ အဖ်ားမတက္မွီ ခ်မ္းတုန္၍  အဖ်ားတက္ၿပီးေနာက္ ေခြၽးမ်ားထြက္ကာ သက္သာသြားေလ့ရွိပါသည္။ ႏွစ္အတန္ၾကာမွ  ေရာဂါ ျပန္ထျခင္းျဖစ္တတ္ပါသည္။

Plasmodium malaria - ၄ ရက္တစ္ခါ အဖ်ားတက္တက္ပါသည္။ ေရာဂါလကၡဏာမျပဘဲ ေသြးတြင္း၌ ႏွစ္ေပါင္းမ်ားစြာ ရွိေနတတ္ပါသည္။

Plasmodium falciparum - ၃ ရက္တစ္ခါ အဖ်ားတက္ေလ့ရွိၿပီး ဤပိုးေၾကာင့္ ျဖစ္ေသာ  ငွက္ဖ်ားေရာဂါသည္ ျပင္းထန္ေသာ အမ်ိဳးအစား ျဖစ္ၿပီး ေနာက္ဆက္တြဲ အႏၱရာယ္မ်ားစြာျဖစ္တတ္ပါသည္။

ေခါင္းကိုက္ျခင္း၊ ႏႈံျခင္း၊ ႂကြက္သားမ်ားနာက်င္ျခင္း၊အသည္းႏွင့္ သရက္႐ြက္ႀကီးျခင္း၊ေသြးအားနည္းျခင္း၊ အသားဝါျခင္း တို႔ျဖစ္တတ္ပါသည္။


Falciparum ပိုးေၾကာင့္ ျဖစ္ေသာ ငွက္ဖ်ားေရာဂါ၏ ေနာက္ဆက္တြဲ ေရာဂါမ်ား

-------------

ေသြးအားအလြန္နည္းျခင္း၊ ေသြးအားနည္းလြန္းျခင္းေၾကာင့္ ႏွလုံးေကာင္းစြာ အလုပ္မလုပ္နိုင္ျခင္း၊

ေရဓာတ္ႏွင့္ ေသြးတြင္းသတၱဳဓာတ္မ်ား ကေမာက္ကမျဖစ္ျခင္း

ကိုယ္တြင္း အဂၤါမ်ားထိခိုက္ျခင္းဦးႏွောက္အတြင္း ငွက္ဖ်ားပိုးဝင္ျခင္း

ဆီးနည္းျခင္း၊ ေက်ာက္ကပ္ပ်က္ျခင္း၊

ေခ်ာင္းဆိုးျခင္း၊ အဆုတ္ေရဝင္ျခင္း၊

အသည္းႀကီးျခင္း၊ အသားဝါျခင္း၊ အသည္းပ်က္ဆီးျခင္း

ဗိုက္ေအာင့္ျခင္း၊ ဝမ္းေလ်ာျခင္း၊ ဝမ္းကိုက္သလို ျဖစ္ျခင္း

ေသြးတြင္း ေသြးနီဥမ်ားပ်က္စီး၍ ဆီးမဲမဲမ်ားသြားျခင္း

ေသြးတြင္း သၾကားဓာတ္က်ျခင္း

ေသြးေပါင္က်ျခင္း

အဖ်ားႀကီးျခင္း

သရက္႐ြက္ကြဲျခင္း၊ ႀကီးျခင္း၊ ေသြးတြင္း ေသြးနီဥ၊ ေသြးျဖဴဥ၊ ေသြးပမႊားမ်ား မ်ားစြာဖ်က္ဆီးခံရျခင္း

ကိုယ္ဝန္ေဆာင္မ်ားတြင္ ကိုယ္ဝန္ပ်က္က်ျခင္း၊ ကေလးအေသေမြးျခင္း၊ ေပါင္မျပည့္ေသာကေလးေမြးျခင္း

အလုပ္မလုပ္နိုင္ျခင္း။

ထို႕အျပင္ အျခားေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားလည္း ျဖစ္ပြားေစနိုင္ေသာေၾကာင့္ ေစာစီးစြာ ေရာဂါရွာေဖြစစ္ေဆးျခင္းႏွင့္ ထိေရာက္ေသာ ကုသမႈခ်က္ခ်င္းေပးနိုင္ရန္ လိုအပ္ပါသည္။ မည္သို႔ပင္ ေရာဂါလကၡဏာမ်ားျပင္းထန္ေစကာမူ တတ္ကြၽမ္းသူ ဆရာဝန္၊  က်န္းမာေရး ဝန္ထမ္းမ်ားႏွင့္ ထိေရာက္ေသခ်ာစြာကုသမႈ ခံယူပါက ေရာဂါေပ်ာက္ကင္းနိုင္ပါသည္။ ငွက္ဖ်ားေရာဂါျဖစ္ပြားသည္ဟု သံသယရွိပါက နီးစပ္ရာက်န္းမာေရးဌာန သို႔  ( ၂၄ ) နာရီအတြင္း အျမန္ဆုံးသြာေရာက္ေသြးစစ္ၿပီး ေဆးကုသမႈခံယူၾကရန္ လိုအပ္ပါသည္။

*** ျပင္းထန္ငွက္ဖ်ားေရာဂါလူနာမွာ အေရးေပၚကုသရန္ လိုအပ္ၿပီး ေဆး႐ုံသို႔ ခ်က္ခ်င္းလႊဲေျပာင္းေပးရန္ အေရးႀကီးပါသည္။


ငွက္ဖ်ားေရာဂါ ျဖစ္ပြားနိုင္သည့္ အုပ္စုမ်ား

-------------

ေတာထဲေတာင္ထဲတြင္ အလုပ္လုပ္သူမ်ား၊ငွက္ဖ်ားျဖစ္ပြားတတ္ေသာ ေဒသတြင္ အလုပ္လုပ္သူမ်ား၊ငွက္ဖ်ားျဖစ္ပြားတတ္ေသာ ေဒသရွိ

ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ ကေလးငယ္မ်ား၊ငွက္ဖ်ားျခင္ရွိေသာ ေဒသတြင္ ညဘက္၌ ျခင္ေထာင္ျဖင့္ မအိပ္သူမ်ားသည္ ငွက္ဖ်ားေရာဂါ ျဖစ္ပြားနိုင္ေျခမ်ားသည္။

ျမန္မာနိုင္ငံ၌ ငွက္ဖ်ားျဖစ္ပြားတတ္ေသာ ေဒသမ်ားတြင္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔ရွိ ေဝးလံခက္ခဲေသာ ေဒသအခ်ိဳ႕ပါဝင္သည္။


ငွက္ဖ်ားေရာဂါမျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ?

-------------

ျခင္ကိုက္မခံရေအာင္ ေနထိုင္ျခင္း၊ တာရွည္ခံ ေဆးစိမ္ျခင္ေထာင္ျဖင့္ အိပ္ျခင္း၊ အဝတ္အစား လုံလုံၿခဳံၿခဳံဝတ္ျခင္း၊ အကၤ်ီလက္ရွည္၊ ေဘာင္းဘီရွည္ဝတ္ျခင္း၊ေဆးလိမ္းျခင္း၊ ေတာထဲေတာင္ထဲ (သို႔မဟုတ္) ငွက္ဖ်ားေဒသသို႔ သြားေရာက္မည္ဆိုပါက ေဆးႀကိဳတင္ေသာက္ သုံးျခင္းတို႔ျဖင့္ကာကြယ္နိုင္သည္။


ျခင္မေပါက္ပြားေအာင္ဘယ္လို လုပ္မလဲ

-------------

အိမ္ရွိ ေရက်န္ႏိုင္ေသာ ျခင္ခိုေအာင္းႏိုင္ေသာ ေရအိုး၊ ေရခြက္မ်ားကို ဖံုး/သြန္/လဲ/စစ္ အျမဲလုပ္ေပးျခင္း၊ ရပ္ကြက္ေက်း႐ြာအနီးရွိ စိမ့္၊ စမ္း၊ ေခ်ာင္းမ်ားကို ျခင္မေပါက္ပြားေစရန္ ေရစီးေရလာေကာင္းေအာင္ လူထုအားျဖင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ ၊ျခင္ခိုေအာင္းနိုင္ေသာ အိမ္အနီးရွိ ၿခဳံႏြယ္ပိတ္ေပါင္းမ်ားကို ရွင္းလင္းျခင္း၊ ပိုးေလာက္လန္းစားငါးမ်ားကို ေရတြင္းေရကန္မ်ားတြင္ ထည့္ျခင္းတို႔ျဖင့္ ငွက္ဖ်ားေရာဂါကူးစက္မႈမွ ကာကြယ္နိုင္ပါသည္။


စစ္ေဆးမႈမ်ား

-------------

ယခုအခါ  ငွက္ဖ်ားပိုးကို အလြယ္တကူစစ္ေဆးနိုင္ေသာ Malaria Ag Test Kit ေသြးစစ္ကိရိယာမ်ားရွိလာၿပီျဖစ္၍  ငွက္ဖ်ားျဖစ္သည္ဟု ထင္ပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားတြင္ စစ္ေဆးနိုင္ၿပီ  ျဖစ္ပါသည္။

ထို႔အျပင္ ေရာဂါရွာေဖြရန္ႏွင့္ ကုသရန္ ေအာက္ပါ စစ္ေဆးမႈမ်ားကိုလည္း ခံယူသင့္ပါသည္။

ေသြးတြင္း ငွက္ဖ်ားပိုးစစ္ျခင္း၊ေသြးပစၥည္းမ်ားစစ္ေဆးျခင္း၊ဆီးစစ္ျခင္း၊အသည္းႏွင့္ ေက်ာက္ကပ္ဓာတ္မ်ားစစ္ေဆးျခင္း၊ ေသြးတြင္းသၾကား ဓာတ္စစ္ေဆးျခင္း၊ႏွလုံးစက္ဆြဲျခင္း(ECG)။


ကုသျခင္း

-------------

ငွက္ဖ်ားေရာဂါလကၡဏာမ်ားျပပါက မိမိသေဘာျဖင့္ ေဆးမ်ားဝယ္ယူေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါ။

သာမန္ေရာဂါအဆင့္ျဖစ္ပါက  ယခုအခါ ပဒုမၼာ တံဆိပ္ျဖင့္ ငွက္ဖ်ားေဆးမ်ားကို နီးစပ္ရာေဆးခန္း၊  က်န္းမာေရးဌာန မ်ားတြင္ ရရွိနိုင္ၿပီျဖစ္၍ လိုအပ္ေသာေဆးပမာဏႏွင့္  ေဆးေသာက္ရမည့္ အခ်ိန္ကာလအတိုင္း ေသာက္သုံးရန္ လိုအပ္ပါသည္။

ေရာဂါျပင္းထန္ပါက ေဆး႐ုံတက္၍ ထိုးေဆးမ်ားျဖင့္ ကုသမႈခံယူရန္လိုအပ္ပါသည္။

ေရာဂါျဖစ္ပြားပါက အျမစ္ေပ်ာက္ကုသနိုင္ၿပီျဖစ္၍ တတ္ကြၽမ္းသူမ်ားႏွင့္ တိုင္ပင္ကုသမႈ ခံယူသင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။


ငွက္ဖ်ားေရာဂါ ကာကြယ္ရန္ ေသာက္သုံး၍ရေသာ ေဆးဝါးမ်ား

-------------

ေအာက္ပါေဆးဝါးမ်ားအနက္ အမ်ိဳးအစား (၁)မ်ိဳးကိုသာ တိက်စြာ ေသာက္သုံးရန္ လိုအပ္သည္။

(Attention!!! ဆရာဝန္ ၫႊန္ၾကားခ်က္ျဖင့္ ေသာက္သုံးရေသာ ေဆးဝါးမ်ားျဖစ္သည္။)

 #Atovaquone/Proguilanil ပါဝင္ေသာ (Marlarone) ေဆးဝါးအား ခရီးမသြားမီ (၁)ရက္ (၂)ရက္ အလိုမွစ၍ ေန႕စဥ္ တစ္ေန႕ တစ္လုံး ေသာက္သုံးရၿပီး ျပန္လာၿပီးေနာက္ (၇)ရက္အထိ ေသာက္သုံးရသည္။ ကေလးငယ္မ်ားအတြက္မူ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ကိုယ္အေလးခ်ိန္ႏွင့္ တြက္ဆ၍ ေသာက္သုံးရသည္။ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ နို႔တိုက္မိခင္မ်ားႏွင့္ ေက်ာက္ကပ္မေကာင္းသူမ်ား မေသာက္ရပါ။


#Chloroquine 250mg ပါဝင္ေသာ ေဆးျပားအတြက္ ခရီးမသြားမီ (၁)ပတ္ (၂)ပတ္အလိုမွစ၍ တစ္ပတ္ (၂)လုံး ေသာက္သုံးရၿပီး ျပန္လာၿပီးေနာက္ (၄)ပတ္အထိ ေသာက္သုံးရသည္။ ကိုယ္ဝန္ေဆာင္ မိခင္မ်ားပါ ေသာက္သုံးနိုင္သည္။ ကာလရွည္ၾကာ သြားလာေနထိုင္ရသူမ်ားအတြက္ သင့္ေလ်ာ္သည္။

ကေလးငယ္မ်ားအတြက္မူ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ကိုယ္အေလးခ်ိန္ႏွင့္ တြက္ဆ၍ တိက်စြာ ေသာက္သုံးရသည္။


#Doxycycline 100mg ေဆးေတာင့္အား ေ႐ြးခ်ယ္မည္ဆိုပါက ခရီးမသြားမီ (၁)ရက္ (၂)ရက္အလိုမွစ၍ ေန႕စဥ္ တစ္ေန႕ (၁)လုံး ေသာက္သုံးရန္လိုအပ္ၿပီး ျပန္လာၿပီးေနာက္ (၄)ပတ္အထိ ေန႕စဥ္ ေသာက္ရန္ လိုအပ္သည္။ (၈)ႏွစ္အထက္ ကေလးမ်ားအတြက္ ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း တိက်စြာေသာက္သုံးရမည္။ (၈)ႏွစ္ေအာက္ကေလးမ်ားႏွင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားအတြက္မူ ေသာက္သုံးရန္ မသင့္ေလ်ာ္ပါ။


#Mefloquine ဟူေသာ ေဆးဝါးအား ငွက္ဖ်ားေရာဂါ ကာကြယ္ရန္အသုံးျပဳနိုင္ေသာ္လည္း ျမန္မာနိုင္ငံတြင္ Mefloquine Resistance ရွိနိုင္၍ ေ႐ြးခ်ယ္ရန္မသင့္ေလ်ာ္ေပ။

သို႔ရာတြင္ ငွက္ဖ်ားေဒသသို႔ သြားလာေနစဥ္ ဖ်ားနာလာပါက ဆရာဝန္ (သို႔မဟုတ္) တတ္ကြၽမ္းသူမ်ားႏွင့္ ျပသရန္၊ ေသြးေဖာက္စစ္ေဆးရန္၊ လိုအပ္ပါက အခ်ိန္မီကုသမႈခံယူနိုင္ရန္ လိုအပ္ေသးသည္။ အခ်ဳပ္အေနျဖင့္ ငွက္ဖ်ားေရာဂါအေၾကာင္း အထိုက္အေလ်ာက္သိရွိ၍ ႀကိဳတင္ကာကြယ္နိုင္ၾကေစရန္ အသိေပး ေရးသားလိုက္ရပါသည္။


မွ်ေ၀ေရးသားသူ - ေဒါက္တာျပည့္ၿဖိဳးေက်ာ္

No comments: