Sunday, January 15, 2017

၁ နှစ်အောက် ကလေးများအတွက် ဖြည့်စွက်စာ ကျွေးနည်း


အိစံ ဒီပို့ စ်ကို ရေးမယ် ရေးမယ် နဲ့ အခုမှပဲရေးဖြစ်တော့တယ်။ တချို့ တွေလဲ သိကြမှာပါ။ မသိသေးတဲ့ သူတွေ အတွက် ဗဟုသုတရအောင် ရေးရင်း အိစံရဲ့ ကလေးပုံလေးတွေပါ ကြွားလိုက်တယ်နော်။ :) အိစံရဲ့ ကလေးက ၅ လပါ။ သူ့ ကို ၄ လမှာ ဆရာဝန် သွားပြရင်း ဆရာဝန် ကပေးလိုက်တဲ့ ကလေးကို ကျွေးနည်း ဆောင်ရန် ရှောင်ရန် အချက်အလက် စာရွက်လေးကို တင်ပေးလိုက်ပါတယ်။ အခြားအိစံသိထားတဲ့ ကျောင်းတုံးကသင်ခဲ့တာကော အခြား ဗဟုသုတအကြောင်းလေးတွေပါထည့်ရေးပေးလိုက်တယ်နော်။ စာရွက်မှာ ပါတဲ့ အချက်အလက်ကလေးတွေကို ဘာသာပြန်ရင်းနဲ့ အခြားအချက်အလက်များကိုပါ ဖြည့်စွက်ပေးလိုက်ပါတယ်။

မှတ်ထားရမည့် ဆောင်ရန် ရှောင်ရန် အချက်များ

၁။ မိခင် နို့ ကို ၆ လ အထိတိုက်သင့်ပါတယ်။ အမေနို့ ထဲမှာ ကလေးအတွက်လိုအပ်တဲ့ ဓါတ်တွေ အပြင် ရောဂါပိုးမွှားကိုကာကွယ်ပေးတဲ့ အခြားဓါတ်တွေပါ ပါဝင်ပါတယ်။ မိခင်နို့ တိုက်တဲ့ မိခင်တွေအတွက် ဆောင်ရန်ရှောင်ရန် အချက်အလက်အချို့ 

- အသား၊ အရွက် နှင့် အသီးတွေကို တနေ့ ကို ၃ ခါလောက် စားပေးရပါတယ်။ ကာဘိုဟိုက်ဒရိတ်ဖြစ်တဲ့ ထမင်းတို့ ပေါင်မုန့် တို့ ကိုလဲ တနေ့ ကို ၃ ခါစားရပါတယ်။ အဆီကိုတော့ တတ်နိုင်သလောက် လျော့စားပါ။ ငါးကအဆီကိုတော့ စားလို့ ရပါတယ်။

- ရေကို တနေ့ အနည်းဆုံး ၈ ခွက် သောက်ပါ။ ကလေးမွေပြီးပြီးချင်းမှာ ပိုသောက်ပေးပါ။ ကလေးကို နို့ တခါတိုက်ပြီးတိုင်း ရေတခါသောက်ပေးရင်ပိုကောင်းပါတယ်။ ရေသောက်တာက မိခင်နို့ နဲ့ တိုက်ရိုက်မပတ်သတ်ပေမယ့် ရေသောက်နည်းရင် မိခင်အတွက် လိုအပ်တဲ့ ရေဓါတ် ခမ်းခြောက်တာတွေ ဖြစ်ပြီး ဆီးလမ်းကြောင်းမှာကျင်တာတို့ ဝမ်းချုပ်တာတို့ ဖြစ်လာနိုင်ပါတယ်။

- နို့ ထွက်များစေတဲ့ အစားအစာအချို့ ကတော့ ကွေကာအုပ်၊ ဆောလမွန်ငါး၊ ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ၊ ယိုးဒယား ပင်စိမ်းရွက်၊ ကြက်သွန်ဖြူ၊ ဘာလီစေ့၊ ကညွက်၊ ဆန်လုံးညို ၊ နှမ်းစေ့အနက်၊ ကန်စွန်းဥ တို့ ပါ။

- ရှောင်သင့်တဲ့ အသီးအနှံ့ အချို့ ကတော့ သဘောင်္သီး အစိမ်း၊ သရက်သီးအစိမ်း၊ ငှက်ပျောသီး အစိမ်း၊ ဒညင်းသီးတို့ ပါ။

- ကော်ဖီ ကိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးဆိုပေမယ့် တနေ့ ကို အများဆုံး ၂ ခွက်ထိသောက်နိုင်ပါတယ်။ အခြား ကာဖီးဓါတ်ပါတဲ့ လက်ဖက်ရည် နှင့် ဆိုဒါ တွေကိုလဲ ရှောင်နိုင်ရင် ရှောင်ပါ။

- ၀ိုင်တို့ အရက်တို့ ကို သောက်သုံးခြင်းကို ရှောင်ပါ။ ၀ိုင်ကိုတော့ အနည်းငယ်သောက်နိုင်ပါတယ်။ တကယ်လို့ သောက်မယ်ဆိုလျှင် ကလေးနို့ တိုက်ပြီးမှသောက်ပါ။

- မာကျူရီဓါတ်များသော ပင်လယ်စာများဖြစ်တဲ့ တူနာငါးအချို့ ၊ ကမာကောင်အမျိုးမျိုး၊ ငါးမန်း နှင့် အခြားပင်လယ်ငါးများကို ရှောင်ပါ။

- အသားစိမ်း၊ ငါးစိမ်းစားခြင်းကိုလဲ ရှောင်ပါ။ ဆူရှီမှာ ပါတဲ့ ငါးအစိမ်းတွေကိုလဲ မစားသင့်ပါဘူး။

- မုန်လာပန်းပွင့်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက် နှင့် အခြား ပဲအမျိုးမျိုးကိုလဲ အများကြီး စားသုံးခြင်းမှရှောင်ရှားပါ။ အဲ့အစားအစာများက ကလေးကို ဗိုက်နာတာကို ဖြစ်စေနိုင်ပါတယ်။

- အရည်ရွှမ်းတဲ့ အသီးအနှံများကိုလဲ အလွန်အကျွံမစားပါနဲ့ ။ ကလေးကို ၀မ်းပျက်စေနိုင်ပါတယ်။

- တချို့ ကလေးတွေက အစားအစာနဲ့ မတည့် တာ Allergy ဖြစ်နိုင်တာမို့ ကလေးနုနယ်နေစဉ်မှာ စောင့်ကြည့်ပါ။ Allergy ဖြစ်တဲ့ လက္ခဏာ တွေကတော့ - ခဏခဏ အန်တာ၊ ၀မ်းလျောတာ၊ ကိုယ်အလေးချိန်မတက်တာ၊ နှာစေးတာ၊ အသက်ရှူကြပ်တာ၊ အရည်ပြားမှာ အကွက်တွေပေါ်တာတို့ ဖြစ်နိုင်ပါတယ်။

၂။ ကလေး အသက်အရွယ် ၁ နှစ် မတိုင်ခင် အထိ ပျားရည်ကို လုံးဝ မတိုက်ရပါဘူး။ ပျားရည်မှာပါတဲ့ ဘက်တီးရီးယားရဲ့ ဥ ကို ကလေးရဲ့ ခန္ဓာကိုယ်က မတိုက်ခိုက်နိုင်ပါဘူး။

၃။ ကလေးကို အစာစကျွေးတဲ့ အချိန်မှာ ဘယ်လောက်ပဲ အရည်ကျဲကျဲ ဖြစ်နေပါစေ ဇွန်းနဲ့ ပဲကျွေးပါ။ နို့ ဘူးနဲ့ မတိုက်ပါနဲ့ ။

၎။ ကလေးအတွက် ပြင်ဆင်ထား အစားအစာကို ကျွေးသလောက်ပဲ ခွဲကျွေးပါ။ ကလေးရဲ့ တံတွေးကနေပြီး ပိုးတွေ ပြန်ပါနိုင်လို့ ပါ။ ကျွေးပြီး ပိုတဲ့ အစာတွေ (စားပြီးသားဇွန်းနဲ့ ထိထားသောအစာတွေ)ကိုလဲ လွှင့်ပစ် ပါ။ နောက်ထပ်ကျွေးဖို့ သိမ်းမထားပါနဲ့ ။

၅။ ကလေးနို့ ဘူးထဲကို အချိုရည်တို့ ဆောဒါတို့ ထည့်ပြီး မတိုက်ပါနဲ့ ။ ကလေးကို သွားပိုးစားစေပါတယ်။ ကလေးသွားပိုးစားနေတုံးမှာလဲ ချိုလိမ်တို့ အခြားကိုက်လို့ ရတဲ့ ပစ္စည်းများကို မပေးပါနဲ့ ။ အဲ့ အရာတွေကနေပြီး ပိုးတွေ ၀င်စေနိုင်ပါတယ်။

၆။ ကလေးတချို့က အစားအစာနဲ့ မတည့်တဲ့ Allergy ဖြစ်နိုင်တာမို့ အစာအသစ်ကို တခုခြင်းဆီကျွေးပါ။ (ဥပမာ - ဒီနေ့ အာလူးသီး စကျွေးမည်ဆိုလျှင် အရင်ကျွေးနေပြီးသားအစာတွေအပြင် အာလူးကိုပဲ စကျွေးပါ။ အခြား အစာ အသစ်တွေကို မကျွေးပါနဲ့ ။) အစာအသစ်ကို ၅ ရက်လောက် ကျွေးပြီး ဘာမှ မဖြစ်ဖူးဆိုမှ အခြားအစာအသစ်ကို စကျွေးပါ။

- ကလေးတွေ အစာမတည့် တဲ့ allergy အဖြစ်များတဲ့ အစားအစာ အချို့ ကတော့ - နွားနို့ ၊ ကြက်ဥ၊ လိမ္မော်ရည်၊ ဂျုံ နှင့်ပတ်သတ်သောအရာများ၊ ပြောင်းဖူးနှင့် ပတ်သတ်သော အရာများ၊ ငါး၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ အစေ့အဆံ အမျိုးမျိုး၊ အရည်ရွှမ်းသော အသီးအမျိုးမျိုး၊ စတော်ဘယ်ရီ နှင့် ခ၇မ်းချဉ်သီး တို့ ပါ။

- အစာမတည့်ပဲ Allergy ဖြစ်ရင် လက္ခာဏာတွေကတော့ ၀မ်းလျောတာ၊ အန်တာ၊ အသက်ရှူမ၀တာ၊ အရည်ပြားမှာ အကွက်တွေပေါ်လာတာပါ။

- ကလေးရဲ့ မိသားစုဝင်တွေမှာ အစားအသောက်မတည့်တဲ့ History ရှိရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

၇။ ကလေးကို လူကြီးတွေလို ထမင်းစားပြီး အချိုတည်းဖို့ ပေးခြင်းမှရှောင်ရှားပါ။ ကလေးအတွက် အချိုအနေနဲ့ အသီးကရတဲ့ အချိုကိုပဲကျွေးသင့်ပါတယ်။

၈။ ကလေးတွေက အစာစားရင် အသက်ရှူလမ်းကြောင်းပိတ်တာတွေဖြစ်နိုင်တဲ့ အတွက် အချို့ အစာများဖြစ်တဲ့ - အစေ့အဆံ၊ ချိစ်၊ ထန်းလျက်ခဲ၊ စပျစ်သီး၊ ကောက်ညှင်း၊ ပေါက်ပေါက်ပွင့်၊ ချိုချဉ်၊ အသားအတုံးလိုက်၊ ၀က်အူချောင်း တို့ ကိုမကျွေးသင့်ပါဘူး။
ဒါတွေအားလုံးက ဆောင်ရန် ရှောင်ရန် အချက်တွေပါ။

၉။ ****ကလေးတွေကို အစာ စစကျွေးချင်းမှာ ဆား၊ သကြား တို့ အခြား ဟင်းခတ်အမွှေးအကြိုင်တို့ ထည့်ရ်ျ မကျွေးသင့်ပါဘူး။ **** ဆားဓါတ် နှင့် အခြားဓါတ်တွေက မိခင်နို့  နှင့် ကလေးနို့ တို့ မှာ ပါပြီးသားမို့ ပါ။ ပိုကျွေးလိုက်ရင် ဆားဓါတ်လွန်ကဲတာ ဖြစ်ပြီး အသက် အန္တရာယ်ပါစိုးရိမ်ရပါတယ်။ သကြားကလဲ အချို့ ကလေးတွေက ငယ်ငယ်လေးနဲ့ ဆီးချို ရောဂါဖြစ်နိုင်တာမို့ လဲ မကျွေးသင့်ပါဘူး။ အထူးသဖြင့် ဆီးချို ရှိတဲ့ မိခင်တွေရဲ့ ကလေးတွေက  ပိုပြီးဖြစ်နိုင်ချေများပါတယ်။

လအလိုက် ကလေးကို အာဟာရကျွေးနည်း

။ မွေးခါစ မှ ၄ လအထိ
- မိခင်နို့ (သို့ ) ကလေးအတွက်ထုတ်ထားတဲ့ နို့ မှုန့် ကို ပဲဖျော်တိုက်ပါ။
- နွားနို့ ၊ဆိတ်နို့ ၊ပဲနို့ တို့ကို လုံးဝ မတိုက်ပါနဲ့ ။
- မွေးခါစ မှ ၂ ပတ်အတွင်း ကို ဆရာဝန် ညွှန်ကြားထားသော ပမာဏ လောက်ပဲတိုက်ပါ။
- နို့ ကို ၃ အောင်စ မှ ၅ အောင်စ အထိပဲတိုက်ပါ။

၂။ ၄ လ မှ ၆ လအထိ
- မိခင်နို့ (သို့ ) နို့ မှုန့် မှ နို့ ကို ဆက်ရ်ျ တိုက်ပါ။
- တချို့ ဆရာဝန်တွေက လေးလမှာ ကလေးကို ဖြည့်စွက်စာ စကျွေးခိုင်းပါတယ်။ ( ကလေးကိုပြတဲ့ ဆရာဝန်ကို အရင်မေးပြီးမှကျွေးပါ။)
- စကျွေးကျွေးခြင်းမှာ ဆန်မှုန့် (infant rice cereal)ကို စကျွေးပါ။ နောက်မှ ကလေးကွေကာအုပ် (infant oatmeal) ကိုကျွေးပါ။
- ဇွန်းဖြင့် ကျွေးပါ။ နို့ ဘူးနဲ့ မတိုက်ပါနဲ့ ။ (ကလေးတွေက ဇွန်းဖြင့် စစကျွေးခြင်းမှာ မစားပါဘူး။ နောက်ပိုင်းကျမှ စားတတ်သွားပါလိမ့်မည်။)
- ကလေးအတွက် တခါကျွေးတိုင်း ကျွေးသင့်တဲ့ပမာဏကတော့ ထမင်းစားဇွန်း ၁ ဇွန်း မှ ၂ ဇွန်း ထိ (ဆန်မှုန့် ဖျော်ပြီး ပမာဏ)

၃။ ၆ လမှ ၈ လအထိ
- မိခင်နို့ (သို့ ) နို့ မှုန့် မှ နို့ ကို ဆက်ရ်ျ တိုက်ပါ။
- ဆန်မှုန့် ကျွေးပြီးနောက် အသီးအရွက် (vegetable) ကို စရ်ျ ကြိတ်ကျွေးပါ။ ဒုတိယ အသီးကို ကြိတ်ကျွေးပါ။ နောက်မှ အသား၊ နွားနို့ ခဲ၊ ဒိန်ချဉ်၊ ပဲပြား တို့ ကိုကြိတ်ရ်ျကျွေးနိုင်ပါတယ်။
- တမျိုးခြင်းဆီကို စရ်ျ ကျွေးသင့်ပါတယ်။
- ကလေးကို ခွက်ဖြင့် ရေသောက်တတ်အောင် စကျင့်ပေးပါ။ အသီးဖျော်ရည်ကို တော့ မတိုက်ပါနဲ့ ။
*** ကလေးကျွေးမည့် အစာထဲမှာ ဆား၊ သကြား နှင့် အခြား ဟင်းခတ်အမွှေးအကြိုက်များ လုံးဝ မထည့်ပါနဲ့ ။ ကလေးကို အသက် အန္တရာယ် ဖြစ်နိုင်ပါတယ်။****
- ကလေးကို ကိုယ်တိုင်စားတတ်အောင် စရ်ျကျင့်ပေးပါ။
- ကလေးအတွက် တခါကျွေးတိုင်း ကျွေးသင့်တဲ့ အစာ ပမာဏကတော့ ထမင်းစားဇွန်း ၄ ဇွန်း မှ ၇ ဇွန်း အထိပါ။

၎။ ၈ လမှ ၁၀ လအထိ
- မိခင်နို့ (သို့ ) နို့ မှုန့် မှ နို့ ကို ဆက်ရ်ျ တိုက်ပါ။
- အစာများကို မကြိတ်ပဲကျွေးလို့ ရပါပြီ။
- အနည်းငယ် ၀ါးရတဲ့ အစာများဖြစ်တဲ့ - ပြုတ်ထားတဲ့ အသီးအရွက်၊ အသီးအချို့ ၊ ကြိတ်ထားသော ငါး၊ အသား၊   တို့ ကိုကျွေးနိုင်ပါတယ်။
- အစာကို ကျွေးပြီး မှ နို့် တိုက်ပါ။
- ကလေးအတွက် တခါကျွေးတိုင်း ကျွေးသင့်တဲ့ အစာပမာဏကတော့ ထမင်းစားဇွန်း ၅ ဇွန်း မှ ၈ ဇွန်း အထိပါ။

၅။ ၁၀ လမှ ၁၂ လအထိ
- မိခင်နို့ (သို့ ) နို့ မှုန့် မှ နို့ ကို ဆက်ရ်ျ တိုက်ပါ။ ဖြေးဖြေးချင်း လျော့တိုက်ပါ။
- လူကြီးတွေ စားသော အစာများမှ ကလေးကို စကျွေးနိုင်ပါတယ်။ ခြေပြီးမှ ကျွေးပါ။
- လူကြီးတွေ နဲ့ တူတူ ကလေးကို ကိုယ်တိုင်စားခိုင်းပါ။
- ကလေးအတွက် တခါကျွေးတိုင်း ကျွေးသင့်တဲ့ အစာပမာဏကတော့ ထမင်းစားဇွန်း ၆ ဇွန်း မှ ၁၂ ဇွန်းထိပါ။

၆။ ၁ နှစ်
- မိခင်နို့ ကို ဆက်တိုက်နိုင်ပါတယ်။
- တကယ်လို့ နို့ မှုန့် တိုက်တယ်ဆိုလျှင် ဆက်မတိုက်ပါနဲ့ ။ နို့ မှုန့် အစား  အဆီမထုတ်ရသေးသော နွားနို့ နှင့် ပဲနို့ ကို တိုက်ပါ။ နွားနို့ ကို တခါ တိုက်လျှင် ၄ အောင်စ၊ တနေ့ ကို လေးကြိမ်တိုက်ပါ။
- ကြက်ဥကို ကျွေးပါ။
- သစ်သီးဖျော်ရည် ကို တနေ့ ၎ အောင်စထက် ပိုမတိုက်ပါနဲ့ ။ ကလေးတွေကို သစ်သီးဖျော်ရည်တိုက်ရင် ဖျော်ရည်နှင့် ရေကို ဆတူရောပြီးမှ တိုက်ပါ။ ခွက်ဖြင့်တိုက်ပါ။
- သောက်စရာ အရည်များအားလုံးကို ခွက်ဖြင့်ပဲတိုက်ပါ။
- ကလေးအတွက်တခါကျွေးရင် ကျွေးသင့်တဲ့ အစာပမာဏကတော့ ထမင်းစားဇွန်း ၈ ဇွန်း မှ ၁၆ ဇွန်းပါ။

Credit: အိစံရဲ့ Facebook Page

No comments: