Monday, June 29, 2009

တို့နှစ်ဦးအတွက် အကာအကွယ်

ဘေးကင်းသောလိင်ဆက်ဆံခြင်းအတွက် ရှောင်ရန်၊ဆောင်ရန်များ
(၁) ကွန်ဒုံးတစ်ခုအမြဲတမ်းသယ်ဆောင်ထားခြင်း
ပြုလုပ်သင့်သော ကိစ္စဖြစ်ပါသည်။ ကွန်ဒုံးတစ်ခုကို အမျိုးသားများရော အမျိုးသမီးများပါ ကိုယ်နှင့်မကွာအမြဲတမ်းအဆင်သင့်သယ်ဆောင်ထား သင့်ပါသည်။
- မိဘမောင်ဘွားများကတော့ ဒီဟာဆောင်ထားရင်ကိုအမြင်စောင်းလေ့ရှိပေမယ့် မိမိကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် ဆောင်ထားသင့်ကြောင်းပါ။


(၂) ကွန်ဒုံးစွပ်နည်းလေ့ကျင့်ပါ။
ကွန်ဒုံးကိုအသုံးမပြုမီ ပွဲမ၀င်ခင် ပြင်ပကကျင်းပဆိုသလို ကွန်ဒုံးကို လိင်ဆက်ဆံခြင်းမပြုမီအရင်စွပ်ကြည့်ရပါမည်။ စွပ်နည်းကိုလေ့ကျင့်ထား သင့်ပါသည်။
- အမျိုးသားအတွက်ကတော့ ထူးထူးထွေထွေမဟုတ်ပေမဲ့ အမျိုးသမီးများက မိမိအဖော်အမျိုးသားအားစွပ်ပေးမည်ဟုစဉ်းစားထားပါက အတု၊ ဒါမှမဟုတ် အမျိုးသားအင်္ဂါနဲ့ အနီးစပ်ဆုံး ပစ္စည်းတစ်ခုခုကိုစွပ်ကျင့်ကြည့်သင့်ပါတယ်။

(၃) လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရမှာလား။
မှန်ပါသည်။ သင်ကိုယ်တိုင်အတွက်ရော သင်၏လိင်ဆက်ဆံဖော်ကိုပါ ဘေးကင်းစေရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်း အကြိမ်တိုင်းကွန်ဒုံးကို မဖြစ်မနေသုံးစွဲသင့်ပါသည်။
- ကွန်ဒုံးတစ်ခုသည် လူနှစ်ယောက်စာအတွက် ရောဂါများမှ အကာအကွယ်ပေးနိုင်ပါသည်။ငါးမိနစ်စာ အာသာအတွက် မသုံးမဖြစ်သုံးသင့်ပါသည်။

(၄) ရင်းနှီးပွင့်လင်းစွာ
လိင်ဆက်ဆံခြင်းမပြုမီ သင်၏အဖော်အားနာတာရှည် ကူးစက်ရောဂါများရှိ၊မရှိ ရေယုန်ကဲ့သို့သော ရောဂါများရှိ၊မရှိ ရင်းနှီးပွင့်လင်းစွာမေးမြန်းပါ။
- ဒီလိုမေးမြန်းဖို့ လူတိုင်းအတွက်သိပ်အဆင်မပြေနိုင်ပါဘူး။ အဖြေကောင်းကောင်းမသေချာဘူးထင်ရင်တော့ သူနဲ့ဆက်ဆံဖို့မကြိုးစားသင့်ပါ။

(၅) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်ထက်ပို၍သုံးနိုင်သလား
မသုံးရပါ။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာလျှင်သုံးပါ။ နောက်တစ်ကြိမ်ဆက်ဆံပါက ကွန်ဒုံးအသစ်တစ်ခုသုံးပါ။
- ကွန်ဒုံးအတွက်သုံးသည့် ချောဆီကိုအသုံးပြုသင့်ပါသည်။ အုန်းဆီ၊ခေါင်းလိမ်းဆီများဟာ ကွန်ဒုံးကိုပေါက်ပြဲလွယ်စေပါသည်။

(၆) ကြုံသလိုဆက်ဆံခြင်း
ပါတီပွဲ၊ မိတ်ဆုံပွဲ၊ အားလပ်ရက်ခရီးထွက်ခြင်းတို့တွင်မှ စတင်သိကျွမ်းရသောသူနှင့် လိင်ဆက်ဆံခြင်းမပြုသင့်ပါ။ သင့်အနေနှင့် သူ့အကြောင်း မသိရသည့်အပြင် နောင်တစ်ကြိမ်လည်းပြန်လည်တွေ့ဆုံဖို့ မလွယ်ပါ။
- သွေးသားဆူဖြိုးစ လူငယ်များပိုပြီးသတိထားသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အခုတွေ့အခုကြိုက်ဆိုသည့် အဖြစ်အပျက်များက သူတို့အတွက်လွယ်ကူသောကြောင့်ဖြစ်ပါသည်။
မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ
အောက်ပါအတိုင်းပြောရန် ကြိုးစားကြည့်ပါ။

(၁) အမျိုးသမီးတစ်ဦးအနေနှင့် သူ့အားစလာသည့် အဖော်အား
"ဒီမှာ ကျွန်မရဲ့ခင်ပွန်းဟောင်းဆီက တစ်ခုရောက်လာတယ်။ မွေးနေ့အတွက်မဟုတ်ပါဘူး။ သူ့မှာကာလသားရောဂါ ခပ်ဆန်ဆန်ခံစားနေရတယ်တဲ့။ ကျွန်မမှာလည်းရှိနေနိုင်တယ်။ရှင့်ကိုပါ ကူးစက်သွားနိုင်တယ်။ ကာလသားရောဂါကုသမှုဌာနကို သွားပြီးစစ်ဆေးကြည့်ရအောင်။

(၂) သင်၏အဖော်သည် သူ့တွင် ကာလသားရောဂါရှိမရှိ မသိပါကဤကဲ့သို့ပြောကြည့်ပါ။
"ကျန်းမာရေးစစ်ဆေးကြည့်ရအောင်၊ သန္ဓေတားဆေးတွေတော့ရှိပါတယ်။ဒါပေမယ့် ကျွန်မတို့နှစ်ယောက်စလုံး ဘာကြောင့် ကျန်းမာရေးမစစ်ဆေးရမှာလဲ။" အဲဒီလိုပြောလိုက်ရင် သူက "ကောင်းပြီ၊ သိပ်ကောင်းတဲ့စိတ်ကူးပဲ။ တို့နှစ်ယောက်စလုံး ကာလသားရောဂါ ဆေးကုဌာနကို သွားရအောင်။

(၃) ကွန်ဒုံးကို ကာကွယ်မှုအတွက် အသုံးပြုခြင်း
သူကပြောလိမ့်မယ်။
"ငါကွန်ဒုံးသုံးတော့မယ်လို့မင်းမထင်ဘူးလား။" အဲဒီလိုပြောရင် "ရှင်ဟာ ကွန်ဒုံးမသုံးမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာ သိပါတယ်။"လို့ပြောလိုက်ပါ။ ကွန်ဒုံးတစ်ခုက ကူးစက်ပိုးမ၀င်ရောက်အောင် ကာကွယ်ပေးပြီး သန္ဓေတားဆေးကတော့ ကိုယ်ဝန်မရရှိအောင် ကာကွယ်ပေးပါလိမ့်မယ်။

ကဲပါ သန္ဓေတားချင်လို့ပဲဖြစ်ဖြစ် လိင်ဆက်ဆံရာက ရမည့်ရောဂါတွေကိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ၅မိနစ်လောက်ရမယ့်သာယာမှုလေးအတွက် တစ်ဘ၀စာမပေးချင်ရင်ပဲဖြစ်ဖြစ် ကွန်ဒုံးကိုသုံးကြပါလို့ သူငယ်ချင်းတို့ရေ။

ဇာနည်။

No comments: