Saturday, October 11, 2008

Drink, Drug, Grill meal


သင်အရက် ဘယ်လောက်သောက်လဲ။
ဝိုင်တစ်ခွက်တွင် အရက်ယူနစ် မည်မျှပါကြောင်းကို သင်သိပါသလား။ဤသည်ကို လူများအားမေးကြည့်ရာ ၇၇ ရာခိုင်နှုန်းက မသိကြောင်းကျန်းမာရေးဌာနအသစ်တစ်ခုမှပြုလုပ်သော စာတမ်းမှသိရသည်။ လူအများအပြားသည် အရက်သောက်ရန် သတ်မှတ်ထားသောစံနှုန်း(ဥပမာ – မိန်းမတစ်ယောက်အတွက် တစ်ပတ်လျှင် အရက် ၁၄ယူနစ်) ထက် ပိုမိုသောက်သုံးနေကြောင်းလည်းသိရသည်။ အင်္ဂလန်နိုင်ငံမှ ကျန်းမာရေးဝန်ကြီး Dawn Primarolo က ယခုအခါအရက်ခွက်များ၏ ပုံသဏ္ဍာန်သည် ကြီးမားလာသည်နှင့်အမျှ အချို့အရက်များသည် ပိုမိုပြင်းလာသည်ဟု သတိပေးခဲ့ပါသည်။ ဥပမာ – 250ml အရွယ်ရှိသော ၀ိုင်တစ်ခွက်တွင် အရက်ပမာဏ 3 Units ပါကြောင်းသိရသည်။ အရက်အလွန်အကျွံသောက်ခြင်းသည် ရင်သားကင်ဆာ၊ သွေးတိုးရောဂါ၊နှလုံးရောဂါ၊လေဖြတ်နှုန်းကို ပို၍တိုးမြှင့်စေသည် ဟူ၍လည်းသိရပါသည်။
မိဆု
Ref: Health & Fitness, July 2008.


ဆေးခြောက်သမားနှင့် စိတ်ရောဂါ အန္တရာယ်


Skunk လို့ခေါ်တဲ့ အပြင်းစားဆေးခြောက်တစ်မျိုးကို ရှူတဲ့လူတွေဟာ အပျော့စားဆေးခြောက်တစ်မျိုးကို ရှူတဲ့သူတွေထက် စိတ်ရောဂါအကြိမ်ကြိမ် ပိုဖြစ်နိုင်တယ်လို့ ဘီဘီစီအွန်လိုင်းက သတိပေးလိုက်ပါတယ်။ ဆေးခြောက်ရှူပြီးနောက် စိတ်ရောဂါရသွားတဲ့လူနာပေါင်း ၁၁၂ဦးနှင့် စိတ်ရောဂါမရရှိသောဆေးခြောက်သမား ၇၅ဦးတို့အား သုတေသနပြုခဲ့ရာ စိတ်ရောဂါဖြစ်ရပ်တစ်ခု ခံစားနေကြရသော ဆေးခြောက်ရှူသမားများဟာ Skunk ဆေးခြောက်မှန်မှန်ရှူသမားများဖြစ်ကြ ပြီး အကြိမ်ပေါင်း၁၈ကြိမ်ခန့် စိတ်ရောဂါခံစားရတာကို ဖော်ထုတ် တွေ့ရှိခဲ့ရပါတယ်။ ၄င်း Skunk ဆေးခြောက်သမားတွေဟာ ပိုအချိန်ကြာကြာဆေး သုံးစွဲသူများ ဖြစ်ကြပြီး နေ့စဉ်ဆေးခြောက်ရှူကြသူတွေလည်း ဖြစ်တာတွေ့ရတယ်လို့သိရပါတယ်။သို့သော် ကျွမ်းကျင်သူများ ရဲ့အဆို အရ ဒီလေ့လာချက်ဟာ ဆေးခြောက်သမား အနည်းငယ်ကိုသာ လေ့လာခဲ့ရတာဖြစ်ပြီး ပိုမိလေ့လာရန်လို သေးတယ်လို့ဆိုပါတယ်။
မေ
Ref: The Week 12, July, 08.


ကျန်းမာရေးနှင့်ညီညွတ်တဲ့ အကင်ဆိုတာ
အစားအစာတွေကို ကင်စားခြင်းဟာ အစာနဲ့မီးတိုက်ရိုက်ထိတွေ့ကာ ချက်ရတဲ့အတွက် ကင်ဆာဖြစ်နိုင် ခြေမြင့်တက် စေတဲ့ ဓာတုပစ္စည်းတွေများစွာထွက်ရှိလာတတ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အနီရောင် ရှိတဲ့အသားကို မကြာခဏကင်စားခြင်းဟာ အမျိုးသားတွေမှာ သုက်ရည်ဂလင်း ကင်ဆာဖြစ်နိုင်ခြေများပြား စေနိုင်သလို မီးယပ်သွေးဆုံးပြီးအမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေများတာကိုတွေ့ရပါတယ်။ ဒါကြောင့် အကင်လည်းစားချင်တယ်။ကျန်းမာရေးနှင့်မကိုက်ညီတဲ့ အကင်မျိုးလည်းမဖြစ်ချင်ဘူးဆိုရင်တော့ အောက်ပါနည်းတချို့က အသုံးဝင်ပါလိမ့်မယ်။
ခြစ်ထုတ်ပါ
အကင်တွေထဲက တူးနေတဲ့အပိုင်းတွေမည်းမည်းတွေကိုခြစ်ထုတ်ပါ။ ကင်ဆာဖြစ်နိုင်တဲ့ ဓာတုပစ္စည်း များစွာပါဝင်လို့ပါ။
အပူရှိန်လျော့ပါ
မီးရှိန်လျှော့မှ အစာဆီ မီးတောက်နဲ့ မီးခိုးငွေ့ရောက်နိုင်ခြင်းကို လျော့နည်းစေမှာဖြစ်ပါတယ်။ ကင်တဲ့စင်ကို လည်းမီးတောက်နဲ့ နီးကပ်မနေအောင် ခပ်မြင့်မြင့်မှာထားပါ။
ကြက်နဲ့ငါးစားပါ
အရေခွံခွာထားတဲ့ ကြက်နဲ့ငါးတွေဟာ ကင်ဆာဖြစ်နိုင်ခြေ မများစေနိုင်တဲ့အတွက် ကင်စားဖို့ သင့်တော်ပါတယ်။
မိုက်ခရိုဝေ့ဖ်မီးဖိုသုံးပါ။
ကင်မစားမီ အသားကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့် အပူပေးပါ။ ဒါမှ မီးသွေးပေါ်မှာ ထားပြီးကင်ချိန်တိုသွားမှာပါ။ ပြီးတော့ အဆီလွတ်ဆားရည်စိမ်သုံးပေးပါ။ ဒါမှကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဓာတ်ထွက်လာမှု နှောင့်နှေးသွား မှာပါ။
ကဘတ်လုပ်ပေးပါ။
ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေနဲ့ ကဘတ်လုပ်စားပါ။ကင်စားတဲ့အခါ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို တော်ရုံတန်ရုံ ထွက်မလာတတ်ပါဘူး။
မောင်
Ref: H & F, 2006, Dec.




No comments: