Saturday, March 8, 2025

အချင်းများ အငြင်းပွားခဲ့သော မြန်မာပြည်မြေပုံ

အချင်းများ အငြင်းပွားခဲ့သော မြန်မာပြည်မြေပုံ

_________________________________________




အချင်းများပြီးတော့ မျဉ်းတားခဲ့ရသော မြန်မာ့နယ်နိမိတ်


ဖတ်သင့်သိထားသင့်ပေမယ့် အကြောင်း မတိုက်ဆိုင်တော့ မဖော်ပြဖြစ်ခဲ့တဲ့ ပြဿနာတရပ်၊ ဆရာ

မြရဲ့ကျေးဇူးနှင့် ရေးဖို့ဖြစ်လာခဲ့၏။  ၁၉၄၈-ခုနှစ် ၊ လွတ်လပ်ရေးအထိမ်းအမှတ် ထုတ်ဝေခဲ့သော

ဆိပ်ခေါင်းမှာ မြန်မာပြည်မြေပုံက လက်ရှိမြေပုံလိုမဟုတ်ဘဲ ခေါင်းရဲ့ဘယ်ဘက်တွင် ဘုသီးထနေ

တာ ဟိုက်လိုက်လုပ်ပြီး တရုပ်နှင့် မြန်မာ ၊ မြေခွဲဝေရာ တရားမျှတမှုရှိ မရှိသိလို၏။ မအားလပ်ဘူး

ဆိုပေမယ့် ကိုယ့်ဆရာအတွက်ဆိုရင် အချိန်ပေးရမှာပေါ့လေ


နှစ်ပေါင်း (၁၀၀) နီးပါးကြာမြင့်သော ပြဿနာ မလို့ရေးဖို့ အကန့်အသတ်တော့ ရှိခဲ့လေ၏။ သိကြ

တဲ့အတိုင်း ၁၈၈၅-ခုနှစ် ၊ မြန်မာပြည်ဟာ အင်္ဂလိပ်ရဲ့လက်အောက် အလုံးစုံရောက်ခဲ့တယ်။ ပိုင်ရှင်

ပြောင်းပြီမလို့ နယ်မြေ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်လာချေပြီ 


မြန်မာပြည်ရဲ့အနောက်ဘက် မြေများဟာလည်း အင်္ဂလိပ်ရဲ့အပိုင်ဖြစ်လို့ ကိစ္စ မရှိသလို တနင်္သာရီ

ဘက်က ယိုးဒယားနှင့် အင်္ဂလိပ် ဆက်ဆံရေးကောင်းတော့ သိပ်မရှင်းလိုက်ရပါ။ ဒီတော့တိုင်းပြည်

ရဲ့အရှေ့နှင့် အရှေ့မြောက်ဘက်က ပေါက်ဖော်ကြီးများနှင့် ဆင်နွှဲရဖို့ဖြစ်လာတယ်။


မှန်းဆချက်တွေအရ အင်္ဂလိပ်တို့ဟာ တရုပ်ကြောင့် မြန်မာပြည်၊ ဝင်သိမ်းတာ လို့ပြောကြလေ၏။

အမှန်သာ ဆိုရင်တော့ တရုပ် - အင်္ဂလိပ်၊ နယ်စပ်ပြဿနာ အတော် ပွဲကောင်းခဲ့မှာဘဲ အဲဒီပြဿနာ

Dorothy Woodman ရေးသားသော The Making of Burma စာအုပ်ထဲတွင် အကျယ်တဝင့် ဖတ်ခဲ့

ရတယ်၊ ဆရာကြီး ဦးတင်မောင်ရင် ( မဟာဝိဇ္ဇာ ) မူရင်းအတိုင်း ဘာသာပြန်ပေးလို့ ကောင်းမွန်စွာ

ဖတ်ရှုလေ့လာနိုင်တာပါ။


ထင်တဲ့အတိုင်း အင်္ဂလိပ်နှင့် တရုပ် စကားမပေါက်၊ အဓိပ္ပါယ်ကောက် လွဲ၍တောင်းတာထက် ပိုရ

ချင်နေကြတော့ လိုချင်တာတွေ တိတိကျကျ မရေးခဲ့ကြပါ။ စကားလုံးညှိနှိုင်းရနှင့် အတော်လက်

ပေါက်ကပ်ခဲ့တာ စကား ညှိလို့ရရုံရှိသေး စာချုပ်ထဲပါတဲ့ ဒေသနာမည်များ မြန်မာအခေါ်တရုပ်အ

ခေါ် က ဒေသအခေါ်များနှင့် မတူကြပြန်တော့ရက်ရှည်လများ စာရင်းတိုက်ရပြန်ရော တရုပ်တို့က

လည်း အတော်ကို လည်ကြပါတယ်၊ သူတို့လူမျိုးများ မြန်မာပိုင်နက်ထဲ ရွှေ့ပြောင်းနေကြပေမယ့် 

ရွာသူကြီးက အခွန်လိုက်ကောက်တဲ့ ဓလေ့ရှိခဲ့၏။  တအိမ်စ နှစ်အိမ်စဘဲ ဖြစ်ဖြစ်ပေါ့လေ နောက်

တော့ သူတို့ရဲ့နယ်မြေ လုပ်ပစ်လိုက်ကြလို့ ထပ်ညှိရလေသတည်း။


ဘိုးစဉ်ဘောင်ဆက် နောက်ကြောင်းလိုက်တဲ့ အင်္ဂလိပ်ရဲ့စကေးဟာလည်း ခေသူမဟုတ်၊ ထိုးတိုင်း

နိုင်တဲ့ ဒလံရှုးလိုဘဲ အကြိမ်တိုင်း တရုပ်တွေဟာ လက်မြှောက်ကြရတယ်။


ပြီးတော့ယူနန် ဘုရင်ခံနှင့် ပီကင်းအစိုးရတို့ တစိတ်တဝမ်းထဲ ရှိသလား မရှိတာလား၊ သေချာမသိ

ခဲ့ကြပါ။ လန်ဒန်နှင့် ပီကင်း ခေါက်တုန့်ခေါက်ပြန် သွားရင်းအချိန်လင့်ကုန်၏။ ဒီကြားထဲမှာ မြန်မာ

ပြည်အစိုးရကနေ အိန္ဒိယဘုရင်ခံချုပ်ရုံး - အိန္ဒိယရေးရာရုံး - နိုင်ငံခြားရေးရုံး၊ အဲဒီနောက် ဘုရင်မ

ကြီးထံကို စာတွေပို့၊ ပြန်စာစောင့်ရင်း မိုးလင်းမိုးချုပ် ဘယ်နှစ်ကြိမ် ဖြစ်နေမှန်းတောင် မသိကြပါ။


(၁၈၉၇ - ၁၉၀၀) အထိ (၃) နှစ်လုံးလုံး ကွင်းဆင်းလိုက်၊ မိုးတွင်းရောက်ရင် အကြိတ်အနယ် ဆွေး

နွေးလိုက်နှင့် နောက်ဆုံးတော့ တောင်ကတော့ထိပ် ၊ တောင်ဘက်က တာပိန် မြစ်အထိ ထိုမှ ရွှေလီ

မြစ်အထိ အဲဒီကနေ မဲခေါင်အထိ နယ်နိမိတ် သတ်မှတ်နိုင်ခဲ့၏။ မေခနှင့်သံလွင် ရေဝေကုန်းတန်း

နှင့် တိဗက် - မြန်မာ ၊ နယ်နိမိတ် မိုင် (၁၅၀) လောက်ဘဲ ဆက်လက်ညှိနှိုင်းဖို့ကျန်ရှိခဲ့ပေတယ်။ သ

ဘောတူစာချုပ်ကို ၁၈၉၇-ခုနှစ် ၊ အင်္ဂလိပ် - တရုပ် စာချုပ်လို့ခေါ်ဆိုတယ်။  ဒါတောင် ဝနယ်မှာ မ

ကျေလည်ခဲ့ပါဘူး၊ ဝတွေက အင်္ဂလိပ်ကို ကျားကုတ်ကျားခဲ တိုက်နေဆဲ မလို့ဝင်လည်း မတိုင်းနိုင် နောက်ဆုံး နယ်နိမိတ်မျဥ်းကြောင်းကို အင်္ဂလိပ်က တဖက်သတ်ကြေညာ၊ တရုပ်ကတော့လက်မခံ 

ဝနယ်မြေမှာလည်း ဆန်နှင့်ဘိန်းများ အကြီးအကျယ် ထွက်ရှိတာကြောင့် ဖြစ်သလို လုပ်၍မရပါ။


သည်လိုနှင့် ဝနယ်မှာ အင်္ဂလိပ် - တရုတ် ခြေရှုပ်၊ ဝနယ်စားကလည်း ကြားထဲက အမြတ်ဝင်ထုတ်

အမယ်ဘုတ်ရဲ့ချည်ခင်လို ရှုပ်ချင်တိုင်းရှုပ်နေတာပါ။ ဝနယ်က ရွှေတွင်းငွေတွင်း သတ္တုတွင်းများ

မှာ မီးထိန်ထိန်ညီးအောင် နေ့ရောညပါ ထုတ်နေရတော့ ဟိုဘက်က ဝင်လုလိုက် သည်ဘက်က ဝင်

ခိုးလိုက် နှင့် ၁၉၃၇-ခုနှစ် ၊ ရောက်မှဘဲ အကျိုးတူစီးပွား ပူးပေါင်းလိုက်ကြတော့တယ်။




ရွှေတြိဂံမြေကို ခွဲဝေတာတောင် ၁၈၉၉-ခုနှစ်အထိ ပေရှည်နေကြတယ်၊ တရုပ်ထံ အင်္ဂလိပ်က မြေ

ငှားခွန် (၁၀၀၀) ပေးပြီးတော့ ညှိနှိုင်းလို့အဆင်ပြေသွားတယ်။  နောက်ထပ် ပြဿနာတခုက မေခ  

သံလွင် ရေဝေကုန်းတန်း ဖြစ်ခဲ့ပေတယ်၊ မေခ - သံလွင် ရေဝေကုန်းတန်း သိရဖို့မြေပုံကို ကြည့်ပြီး 

ဘယ်နေရာလဲ မှန်းရသေးတယ်။ အင်္ဂလိပ်က ရေဝေကုန်းအတိုင်း နယ်နိမိတ်မျဥ်းချ၍တရုပ်ဘက်

က မေခမြစ်အထိ ယူနန်မြေပုံကို ဆွဲထားခဲ့တော့ကွာဟချက်များပြီး ဆက်ငြင်းကြပြန်ရော စစ်ရေး

နှင့် ဖြေရှင်းဖို့ ကြိုးစားရသည်အထိ သဘောထား တင်းမာခဲ့ကြတယ်၊ ဒါပေမယ့် ပီကင်းအစိုးရမှာ

အိမ်တွင်းရေး မတည်ငြိမ်တဲ့အချိန် ဖြစ်နေတော့အင်္ဂလိပ်ကို လုံးဝ မဟန့်တားနိုင်ခဲ့ပါ။ ယူနန်ဘုရင်

ခံကို ဆုံးရှုံးမှု အနည်းဆုံးနှင့် ညှိနှိုင်းပြီးတော့ အလျော့ပေးခိုင်းရတယ်။


အဲဒီနေရာမှာ ဆရာမြ သိချင်နေသော ၁၉၄၈-ခုနှစ်မှာ လွတ်လပ်ရေး အထိမ်းအမှတ် အဖြစ် ထုတ်

ဝေခဲ့သော တံဆိပ်ခေါင်းက ဘုသီးထနေတဲ့နေရာပါဘဲ အနီးကပ်မြေပုံကို တွဲတင်ပေးထားပါတယ်

ဖီးမော် ဒေသဖြစ်နိုင်၏။ ၁၉၃၉-ခုနှစ်အထိ မဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ကာ တံဆိပ်ခေါင်း ထုတ်

ဝေချိန်မှာ အင်္ဂလိပ်တို့ကြေညာထားတဲ့ မြေပုံအတိုင်းသုံးတာ ဖြစ်မှာပါ ၊ ဖီးမော် တောင်ကြားလမ်း

ရှိတဲ့ရွာတွေ အခြေဆိုက်ထားလို့ နှစ်ဘက်စလုံးအတွက် အရေးခဲ့ပေတယ် ၊ တိဗက်နှင့်ထိစပ်နေတဲ့ 

မြန်မာ့နယ်နိမိတ်ကိုတော့ လက်ရှိအနေအထား ရအောင် ဆွဲပေးနိုင်တယ်။ 


ဒါကတော့အင်္ဂလိပ်တို့ တရုပ်ထံက မြေပြန်လုထားတဲ့သမိုင်းပါ၊ အရှေ့တိုင်းသားတို့ ဘယ်လောက် 

ဖျံကျဖို့ ကြိုးစားပါစေ အနောက်သားတို့ရဲ့ ထူးဆန်းတဲ့စည်းကမ်း နည်းဗျူဟာထဲမှာ လက်မြှောက်

ရစမြဲ ပြန်လုတယ် လို့သုံးရတဲ့အကြောင်းနောက်မှာ ၁၈၅၄-ခုနှစ် ၊ အိန္ဒိယ မြေပုံတခုတွင် လည်ပင်း

ပြတ်ပြီး ဘယ်တောင်ပံကျိုးနေတဲ့ မြန်မာပြည်ကို တွေ့ကြရတာ ဖြစ်ပေတယ်။ တရုပ်ရဲ့လက်ထဲကို

ကချင် ပြည်နယ်ကြီးတခုလုံး ပါသွားသလားထင်ရပေမယ့် ဒေါက်တာ သန်းထွန်းရဲ့ နယ်လှည့်ရာဇ

ဝင်ထဲမှာ ဖော်ပြထားတာ မင်းတုန်းမင်းကြီးကို ကချင်ပြည် ၊ ကျောက်စိမ်းတွင်းများက အခွန်တော်

ဆက်တဲ့စာရင်း ရှိနေတာကြောင့် အဲဒီမြေပုံက တရုပ်ရဲ့လက်စွဲ မြေပုံဟောင်းဖြစ်နိုင်တယ်။  ရှမ်းက

တော့နယ်နိမိတ်တိုင် ဘယ်နေရာမှာရှိရှိ သံလွင် အရှေ့ဘက်ခြမ်းဟာ တရုတ်နယ်မြေလို ဖြစ်နေတာ

ပါ။ အင်္ဂလိပ်တွေကတော့ ပေတံရှည်ရှည် သုံး၍တရုပ်တွေကို တောက်ထုတ်လိုက်ခြင်းပါဘဲ


အင်္ဂလိပ် - တရုပ် နယ်နိမိတ်အငြင်းပွားမှုကို တနံတလျား ရှင်းပြနေရတာဟာ လွတ်လပ်ရေးရပြီးစ 

မြန်မာပြည်ဟာ တရုပ်နှင့် ရင်ဆိုင်ရတဲ့ နယ်နိမိတ် ပြဿနာမှာ အင်္ဂလိပ်တို့တောင်းယူတာ ကိုးကား

ခဲ့ရလို့ပါဘဲ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ တာဝန်ရှိသူတို့ဟာ ကချင်နှင့် ရှမ်းဒေသများသို့

သွားပြီး ဗြိတိသျှခေတ်မှာ သတ်မှတ်ခဲ့တဲ့ နယ်နိမိတ်များအတိုင်း ပြန်ရအောင် အာရုံ စိုက်ကြဖို့တန်

ဖိုးကို သဘောပေါက်ဖို့ စည်းရုံးရေးဆင်းရတယ် ၊ သတင်းစာဆရာ ဦးပုကလေးရဲ့“ ငါတို့ဗိုလ်ချုပ် 

ဘာတွေ လုပ်ခဲ့သလဲ” ဆိုတဲ့စာအုပ်မှာလည်း စည်းရုံးခဲ့တဲ့အကြောင်းကို ဖော်ပြထားတယ်။ ၁၉၄၇

ခုနှစ်မှာ နန်ကင်း ပြည်သူ့နိုင်ငံရေးကောင်စီက မြန်မာ - ယူနန် နယ်နိမိတ် သတ်မှတ်ဖို့ဖိအားပေးလာ

ပြန်တယ်။ နှစ်တိုကာလအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေ ၊ အခွင့်ကောင်းယူ၍ 

တစခန်းထလာတာပါ။ ကချင်နယ်မြေနှင့် ရှမ်းနယ်မြေမှာ မယောင်မလည်ဝင်ပြီး ရစ်သီရစ်သီလုပ်

နေတာပေါ့လေ




တရုပ်တို့ မြေပုံအသစ်ကို မဆွဲ၊ အဟောင်းကိုဘဲ ဆုပ်ကိုင်ပြီးတော့ ယူနန် - မေခမလိခ - ပတ်ကွိုင်

တောင်တန်း - အိန္ဒိယ နယ်စပ်အထိ ရေးဆွဲ၍သူတို့ပိုင်ထားတာ (၇) ရာစုမှာတည်းက ဖြစ်ကြောင်း 

စကားပြောင်းပြောတယ်။ နယ်စပ်အရေးကို အင်္ဂလိပ်ဟာ လက်ရှောင်ပြီ  မြန်မာတို့အနေနှင့် ကိုယ့်

ကြမ္မာ ကိုယ်ဖန်တီးရတော့မယ်ဆိုတာ သိနေခဲ့တာကိုး၊ မြန်မာက လွတ်လပ်ရေးရဖို့ဘဲ လုံးပမ်းနေ

တာ မလှည့်အား ဒါပေမယ့် ကျူးကျော်လာခဲ့ရင် စစ်ရေးနှင့် ဖြေရှင်းမယ် လို့အကြောင်းပြန်လိုက်

တယ်။ အဲဒီပြဿနာကလွဲပြီး လွတ်လပ်ရေး ရပြီးခါစမှာတော့မြန်မာနှင့် တရုတ်အဆင်ပြေတယ်။


၁၉၅၁-ခုနှစ်မှာ ရန်ကုန် တရုပ်သံရုံးတွင် တရုပ်နိုင်ငံရဲ့မြေပုံကပ်ထားခဲ့ရာ မြစ်ကြီးနားအထက် မိုင်

(၅၀) ကစပြီး ကချင် ပြည်နယ်တခြမ်းလုံး တရုပ်နိုင်ငံထဲ ရောက်နေတယ်၊ အဲဒီကိစ္စကို ပါလီမန်မှာ 

မေးခွန်းထုတ်တော့ ဦးနုက တရုပ်တွေမြေပုံအသစ် မဆွဲရသေးဘူး။ မျက်နှာချင်းဆိုင်၍နယ်နိမိတ် 

သတ်မှတ်လိုက်ရင် ပြီးတာပါဘဲ လို့ဖြေကြားခဲ့တယ်၊ ဒါပေမယ့်နောက် (၂) နှစ်ကြာတော့ပီကင်းအ

စိုးရက မြေပုံ အသစ်ထုတ်တယ်။  သံလွင် အရှေ့ခြမ်းရော ကချင် မြောက်ပိုင်းကိုရော သူ့နယ်လုပ်

ထားတာပေါ့ အိန္ဒိယထဲက နယ်မြေတောင် ပါနေလိုက်သေး ဒီတော့ ၁၉၅၄-ခုနှစ်မှာ ဦးနု ပီကင်းကို

သွားရတယ်။  ဦးနု "နှစ်နိုင်ငံချစ်ကြည်မှုအရ နယ်နိမိတ်ပြဿနာ ၊ ဖြေရှင်းကြမယ်" ဆိုပြီး ဝန်ကြီး

ချုပ်အချင်းချင်း လက်မှတ်ထိုးခဲ့တယ်။


ချစ်ကြည်ရေးစာချုပ်ချုပ်ပြီး (၂) လအကြာမှာဘဲ တရုပ်နှင့်မြန်မာ စစ်ဖြစ်ကြ၏။ ဝနယ်မှာ တရုပ်

တပ်နှင့် မြန်မာတပ်တို့ တိုက်ပွဲဖြစ်ကြတယ် ၊ တရုပ်နီတပ်နှင့် မြန်မာတပ် စစ်ဖြစ်ရာမှာ တရုပ်အရာ

ရှိတဦးအပါအဝင် တရုပ်နီ (၁၀) ဦးကျဆုံးတယ် လို့သတင်းထုတ်ပြန်ခဲ့၏။ စစ်ဖြစ်ရတဲ့အကြောင်း

ကို ဖြေရှင်းချက် အပြန်အလှန်ပေးရင်း ဝနယ်မြေလုကြရပြန်ရော မြန်မာတို့က အင်္ဂလိပ်ရဲ့စာချုပ်၊

ကိုးကားပြီး သက်သေပြပေမယ့် တရုပ်တို့က အဲဒီစာချုပ်ကို အသိအမှတ် မပြုဘူးလို့ဆိုတယ်။ ထို

ဖြစ်ရပ်ကို သတင်းစာမှာတော့ဖော်ပြခြင်းမရှိပေ ၁၉၅၆-ခုနှစ်တွင် The Nation သတင်းစာက ဖော်

ကောင်လုပ်မှသာ တိုင်းပြည်က သိရတာပါ ၊ အုတ်အော်သောင်းတင်း ဖြစ်တဲ့အထိ သတင်းစာတွေ

ကလည်း နယ်စပ်ပြဿနာထဲ ဝင်ရောက်လာပြီး "ဦးနုဟာ ချူအင်လိုင်းရဲ့ရုပ်သေးဖြစ်နေပြီ" ဟူ၍

ထောက်ပြကြတော့တာပါဘဲ  အဲဒီတော့ ဦးနု ပီကင်းသွားရပြန်တယ် ၊ အာရှထိပ်သီး ခေါင်းဆောင်

များပါ ပြဿနာထဲ ဝင်လာကြတော့ တရုပ်ဘက်က နည်းနည်း အလျော့ပေးလာရတယ်။


ချူအင်လိုင်း ဖီမော် ဒေသရတာနှင့် သူတို့အလိုပြည့်ပြီ  တကယ်တော့ အဲဒီနေရာမှာ ကချင်ရွာများ 

ဖြစ်ပေတယ် ၊ တခါမှလဲ တရုတ် မပိုင်ဖူးပါဘူး။ ဒါပေမယ့် အဲဒီကိစ္စ ကချင် ပြည်နယ်အစိုးရမှာဘဲ 

လုပ်ပိုင်ခွင့်ရှိနေတော့ ဦးနု၊ ကချင် ဝန်ကြီးကို ပီကင်းခေါ်သွားပြီး ပြည်ထောင်စု လုံခြုံရေးအတွက် 

ထိုနယ်မြေကို လက်လွှတ်ပေးရန် တောင်းဆိုခဲ့တယ်။


ကချင်တွေကလည်း ကြိုတင်ပြင်ဆင်လာတဲ့ တောင်းဆိုချက်ကို ချပြခဲ့ကြတယ် ၊ ဖီမော်ကို မပေး

ဘူး။  နမ့်ဝန်း ဂရံပြန်ပေးလိုက်ဖို့ ခပ်ပြတ်ပြတ် တုန့်ပြန်တာပေါ့ နောက် (၂) ရက်အကြာ မြန်မာမစ်

ရှင်အဖွဲ့ကို ချူအင်လိုင်း လက်ခံတွေ့ဆုံတယ် ၊ ဖီမော် ဒေသကလွဲပြီး ရေဝေကုန်း တောင်ကျောကို 

သူတို့အလိုအတိုင်း နယ်နိမိတ် မျဉ်းလုပ်ဖို့ပြောလို့ မကျေလည်ဘဲ တပ်ဆုတ်ရပြန်တယ်။ တရုပ်က 

ချူအင်လိုင်း ရန်ကုန်ကို ၁၉၅၆-ခုနှစ်တွင် ရောက်လာခဲ့၏။ ကမာရွတ် အဝိုင်းကစောင့်ပြီး ရန်ကုန်

တက္ကသိုလ်ရဲ့ ကချင် ကျောင်းသားများ ဆန္ဒပြတာခံရတော့ သူတို့လုပ်တိုင်း၊ ဖြစ်ဖို့မလွယ်တာ သိ

သွားပြီလေ


မြန်မာမှာလည်း အခြေအတင် ဆွေးနွေးရတယ် ၊ ကချင်တွေလည်း ဖီမော် ဒေသကိစ္စမှာ သဘော

ထား မတိုက်ဆိုင်ပေ ရန်ကုန်နှင့် ကချင်၊ အကျေအလည် ညှိနှိုင်းပြီးတဲ့အခါ ဒေသခံများကို ပြည်

ထောင်စုရဲ့ တခြားနေရာမှာ နေရာချထားပေးပါမည် ဆိုတဲ့သဘောတူညီချက်နှင့် ဖီမော် ဒေသကို 

လက်လွှတ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။


ဒုတိယ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း ၁၉၅၇-ခုနှစ်မှာ တရုပ် ထပ်မံသွားပြန်ရော 

မြန်မာဘက်က ဖီမော် ဒေသနှင့် နမ့်ဝန်း အငှားချဂရံမြေ လဲလှယ်ဖို့ကမ်းလှမ်း၏။ တရုပ်တို့ဖီမော်

ဒေသဟာ သူ့မြေဖြစ်လို့ သူ့တို့နှင့် မြေချင်းလဲဖို့ မလိုကြောင်း ၊ နမ့်ဝန်းနှင့် ပန်ဟုံ - ပန်လာအိုကိုဘဲ

လဲလှယ်လိုကြောင်း အကြောင်းပြန်တော့ အဲဒီကနေ ပြန်လာပြီးမှ ဆွေးနွေးရပြန်၏။  ရေဝေကုန်း

တန်းလက်လွှတ်လိုက်ရင် တရုပ်တို့ဟာ "မိုးမဆုံး ၊ မြေမဆုံး" ထပ်တောင်းတော့မှာဆိုတာ သဘော

ပေါက်ထားတော့ မြန်မာတို့က ရေဝေကုန်းတန်းကို လက်လွှတ်မခံဖို့ ဆုံးဖြတ်ကြတယ်။  အဲဒီတော့ 

ဖီမော်ဒေသနှင့် မြန်မာဘက်က နမ့်ဝန်း တရုပ်ဘက်ဆက်ထားဖို့ ၁၉၅၈-ခုနှစ်၊ ဇူလိုင် (၃၀) ရက်နေ့

သဘောတူကြတယ်။ ပြီးတော့ ဖဆပလ နှစ်ခြမ်း ကွဲကုန်ကြလို့ တခန်းရပ်သွားတယ်။


အောက်တိုဘာမှာ ဗိုလ်ချုပ်နေဝင်း တက်လာခဲ့တယ် ၊ နယ်နိမိတ်ပြဿနာ အတိမ်အနက် သိလို့အ

ရေးကြီးမှန်း သဘောပေါက်နေတော့ ဒေသတွင်း သဘောတူညီချက် အရင်ယူခဲ့လေ၏။ ပြီးတော့ 

တရုပ်ထံက လိုချင်တာကို တောင်းယူခဲ့ပေတယ်၊ တရုပ်ကတော့ထုံးစံအတိုင်း ဆွေးနွေးဖို့ဘဲ လုပ်

တယ်။ အဲဒီလို ဆက်လုပ်နေရင် ပေရှည်တော့မှာမလို့ နောက်ဆုံးအဆိုပြုချက် ပို့ပေးလိုက်တယ်။ 

၁၉၅၉-ခုနှစ်မှာ ဗိုလ်ချုပ် နေဝင်းနှင့်အဖွဲ့၊ ပီကင်းသွားပြီး ညှိနှိုင်းကြတယ်။ တရုပ်တွေဟာ ဒေသ

တွင်းမှာ အိန္ဒိယနှင့်ရော အင်ဒိုနီးရှားနှင့်ပါ ပြဿနာ ဖြစ်နေတော့ အိမ်နီးချင်း မြန်မာနှင့် ပြေလည်

ကြောင်းပြလိုသဖြင့် လိုအပ်ချက်များ လျော့ပေါ့ဆွေးနွေးခဲ့တယ်။


၁၉၇၀-ခုနှစ်မှာ မြန်မာဘက်က ဖီမော် ဒေသနှင့် တရုပ်တို့ သိပ်လိုချင်တဲ့ ပန်ဟုံ - ပန်လာအိုကို ပေး

လိုက်ရတယ် ၊ အကျယ်အဝန်းကို ပြန်ညှိနှိုင်းကြဖို့ တောင်းဆိုရင်း မြန်မာတို့လိုချင်တဲ့ နမ်းဝမ်းနှင့် 

ရေဝေကုန်းတန်းအတိုင်း နယ်နိမိတ်ရခဲ့လို့ ယနေ့ခေတ် မြန်မာ့မြေပုံဆိုတာ ဖြစ်လာပေတော့တယ်။


သျှင်လေညင်း (၂၆ - ၇ - ၂၀၁၈)

.


မှတ်ချက် -

အသေးစိတ် အကြိုသဘောတူ စာချုပ်စာတမ်းများ အစည်းအဝေးမှတ်တမ်းများ အပြီးသတ် ဆုံး

ဖြတ်ချက် စာချုပ်စာတမ်းများ မြေပုံနှင့်တကွ လေ့လာသိရှိလိုပါက Dorothy Woodman ရေးခဲ့တဲ့

The Making of Burma စာအုပ်မှာလည်း အကျယ်တဝင့် ဖတ်ရှုလို့ရပြီ ဆရာကြီး ဦးတင်မောင်ရင် 

(မဟာဝိဇ္ဖာ) ခေတ်မြန်မာ တည်ဟန်ဆိုပြီး မူရင်းအတိုင်း ဘာသာပြန်ပေးထားတာလည်း ဖတ်ရှုနိုင်

ပေသည်။


၁။ ဘုန်းမင်းမြတ် HTZ

၂။ နော်ဂဲလယ်ထူး (စာပေပရဟိတ)