Thursday, November 10, 2022

အစာရေမျိုပြွန် ကင်ဆာ

အစာရေမျိုပြွန် ကင်ဆာ




စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။


ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ


GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ

စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus)

ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ

အဝလွန်တာ

အရက်သောက်တာ

သည်းခြေရည်ပြန်တက်တာ

Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာ‌‌‌တွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)

အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ

အသီးအရွက်အစားနည်းတာ

ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ


ဘာလက္ခဏာတွေပြမှာလဲ။

အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့


အစာမျိုရခက်ပါမယ်။

စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။


စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။

အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။

ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။

တဖြည်းဖြည်းပိန်လာပါမယ်။

အန်ပါမယ်။

​ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။

ချောင်းဆိုးမယ်။

အသံပြောင်းလာမယ်။

​သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။


နောက်ဆက်တွဲဘာဖြစ်မှာလဲ။

အစာရေမျိုပြွန်ပိတ်တာ

ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။


ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။

တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။

ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။


ကုသနည်းမျာ

ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။


ခွဲစိတ်နည်း

ဓာတ်ရောင်ခြည်ပြနည်း

ဆေးသွင်းနည်း

Targeted therapy

Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။


ကာကွယ်နည်းမျာ

အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်


ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။

အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။

အသီးအရွက်များများစားပါ။

အဝမလွန်အောင်ထိန်းပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi)

အစာေရမ်ိဳႁပြန္ ကင္ဆာ




စာေရးသူ Dr. Htet Htet Zaw Win မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


အစာေရမ်ိဳဆိုတာ ပိုက္လုံးနဲ႔တူပါတယ္။ ပါးစပ္နဲ႔ အစာအိမ္ကို ဆက္ထားၿပီး အစာေတြကို သယ္ပို႔ေပးပါတယ္။ အစာေရမ်ိဳႁပြန္တစ္ေလွ်ာက္ ဘယ္ေနရာမွာျဖစ္ျဖစ္ ကင္ဆာျဖစ္ႏိုင္ပါတယ္။ အစာေရမ်ိဳႁပြန္ ကင္ဆာ က ကမာၻ႔အျဖစ္အမ်ားဆုံးကင္ဆာေတြထဲမွာ နံပါတ္၆ခ်ိတ္ပါတယ္။ အမ်ိဳးသားေတြမွာပိုျဖစ္ပါတယ္။


ဘယ္သူေတြမွာျဖစ္မွာလဲ။

အစာေရမ်ိဳႁပြန္ မွာရွိတဲ့ဆဲလ္ေတြကို ခဏခဏဆြမိလို႔ ဆဲလ္ေတြ ခဏခဏပ်က္စီးရင္ပိုျဖစ္ပါတယ္။ ဥပမာ


GERDလို႔ေခၚတဲ့ စားခ်ဥ္ရည္ျပန္တဲ့ေရာဂါ

စားခ်ဥ္ရည္ခဏခဏျပန္တက္လို႔ ဆဲလ္ေတြပ်က္စီးတာ (Barrett’s esophagus)

ေဆးလိပ္အပါအဝင္ ေဆးတံ၊ ေဆးေပါ့လိပ္ေသာက္တာ၊ေဆး႐ြက္ႀကီးငုံတာ

အဝလြန္တာ

အရက္ေသာက္တာ

သည္းေျခရည္ျပန္တက္တာ

Achalasia (အစာေရမ်ိဳႁပြန္က်ဥ္းလို႔ အစာ‌‌‌ေတြ အစာအိမ္ထဲမေရာက္တဲ့ေရာဂါ)

အလြန္ပူတဲ့အရည္ေတြကို အရသာခံေသာက္တာ

အသီးအ႐ြက္အစားနည္းတာ

ရင္ဘတ္အေပၚပိုင္းကို ခဏခဏဓာတ္ေရာင္ျခည္သင့္တာ


ဘာလကၡဏာေတြျပမွာလဲ။

အေစာပိုင္းမွာဘာမွျဖစ္မွာမဟုတ္ပါဘူး။ နည္းနည္းၾကာလာရင္ေတာ့


အစာမ်ိဳရခက္ပါမယ္။

စစခ်င္းေတာ့ အစာလည္ပင္းမွာကပ္ေနတယ္လို႔ ေျပာပါမယ္။ အစာစားရင္သီးပါမယ္။ ေနာက္ပိုင္း အစာမာေတြကို မ်ိဳရခက္ပါမယ္။ ဒီထက္ပိုဆိုးလာရင္ အစာေပ်ာ့၊ အစာေပ်ာ့ကေန ေရေတာင္ ေကာင္းေကာင္းမ်ိဳႏိုင္မွာမဟုတ္ပါဘူး။


စားၿပီးသားအစာေတြ ဒီတိုင္းျပန္ထြက္လာပါမယ္။

အစာမေၾကတာ၊ ရင္ပူတာျဖစ္ပါမယ္။

ရင္ေခါင္းေတာင့္၊ ရင္ေခါင္းေအာင့္ပါမယ္။

တျဖည္းျဖည္းပိန္လာပါမယ္။

အန္ပါမယ္။

​ဝမ္းဗိုက္အေပၚပိုင္း၊ ရင္ဘတ္နဲ႔ ေနာက္ေက်ာေတြေအာင့္ပါမယ္။

ေခ်ာင္းဆိုးမယ္။

အသံေျပာင္းလာမယ္။

​ေသြးအားနည္းသလို ျဖဴေဖ်ာ့ၿပီး အားနည္းလာမယ္။


ေနာက္ဆက္တြဲဘာျဖစ္မွာလဲ။

အစာေရမ်ိဳႁပြန္ပိတ္တာ

က်ဥ္းေနရင္ ႏွာေခါင္းပိုက္ကေနအစာထည့္လို႔ရပါေသးတယ္။ ဒီထက္ပိုဆိုးလို႔ လုံးဝပိတ္သြားရင္ေတာ့ ဗိုက္ကေနအေပါက္ေဖာက္ၿပီး အစာထည့္ရပါမယ္။


ကင္ဆာဆဲလ္ေတြပ်ံ႕သြားတဲ့အခါ နာပါမယ္။

တျခားေနရာေတြကို ပ်ံ႕သြားႏိုင္ပါတယ္။

ကင္ဆာႀကိတ္ကေန တစိမ့္စိမ့္ေသြးထြက္ေနတတ္ပါတယ္။


ကုသနည္းမ်ား

ေရာဂါအေျခအေန၊ လူနာအေျခအေနေပၚမူတည္၍ ကုသနည္းမ်ားစြာရွိပါသည္။


ခြဲစိတ္နည္း

ဓာတ္ေရာင္ျခည္ျပနည္း

ေဆးသြင္းနည္း

Targeted therapy

Immunotherapy စသျဖင့္နည္းလမ္းေပါင္းမ်ားစြာရွိပါတယ္။


ကာကြယ္နည္းမ်ား

အစာေရမ်ိဳႁပြန္ကင္ဆာျဖစ္တာကို ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္


ေဆးလိပ္ျဖတ္ပါ။ ေဆးလိပ္မေသာက္တတ္ရင္ မေသာက္ပါနဲ႔။ စြဲေနရင္ ျဖတ္လိုက္ပါ။

အရက္ေလွ်ာ့ေသာက္ပါ။ အရက္မျဖတ္ႏိုင္ေသးရင္ေလွ်ာ့ေသာက္ပါ။

အသီးအ႐ြက္မ်ားမ်ားစားပါ။

အဝမလြန္ေအာင္ထိန္းပါ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: