Monday, November 28, 2022

ASUS Zenbook 16X OLED Review

ASUS Zenbook 16X OLED Review : A Creator’s Dream




အခု ထပ်ပြီး Review လုပ်ဖြစ်တဲ့ Laptop ကတော့ နောက်ထပ် ASUS ရဲ့ Dream Product တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခါကြတော့ Dual Display တွေ၊​ Space Edition တွေလိုမျိုး တကယ့် Actual Usage ပိုင်းကို ပြောင်းလဲပစ်လိုက်တာမျိုးထက် ကိုယ်သိထားပြီးသား၊ သုံးနေကြ Laptop Experience ကို Enhanced လုပ်ထားတဲ့ Product ပါ။


ဒါကတော့ ASUS Zenbook 16X OLED (UX7602) ပါ။ Caption အတိုင်းပဲ ဒီ Laptop ကို စမ်းသုံးဖြစ်တဲ့အချိန်ဟာ တကယ်ကို Content Creator တစ်ယောက်အတွက် အိမ်မက်တစ်ခု တကယ်ဖြစ်လာသလိုကို ခံစားရပါတယ်။ It’s just so much useful. And Powerful.


ဆိုတော့ ASUS Zenbook 16X OLED အကြောင်းကို ကျွန်တော်တို့ နည်းနည်းစပြီးပြောထားပါမယ်။

ASUS Zenbook 16X OLED ဆိုတာက Powerful တော်တော်လေးဖြစ်တဲ့ Laptop တစ်လုံးပါ။ Intel 12th Gen i7-12700H Processor ၊ 16GB 5200MHz RAM ၊ 1TB PCI-E Gen4 SSD ၊ Nvidia RTX3060 GPU ၊​ 16” 4K OLED Display… ဒါတွေအကုန်လုံးက လုံးဝကို Powerhouse တစ်ခုဆိုတာကို ပြောနေတာပါ။ ​ဆိုတော့ ကိုယ်က Creator တစ်ယောက်၊ ပိုက်ဆံကိုလည်း သိပ်ပြီး ဂရုစိုက်ဖို့မလိုဘူး၊ ပြီးတော့ Dual Display လိုမျိုး Gimmick တွေကိုလည်း မကြိုက်တဲ့သူတစ်ယောက်ဆိုရင် အခု Review ကို ဆက်ဖတ်နေစရာမလိုဘဲ အခု Zenbook 16X OLED ကို တန်းပြီး ဝယ်ပါလို့တောင် ညွှန်းလို့ရပါပြီ​။​


Design

အရင်ဆုံး Design ပိုင်းမှာ ကျွန်တော်တို့ ဒီ Zenbook 16X OLED ကို တစ်ခွန်းတည်းပြောရမယ်ဆိုရင် လုံးဝကို Portable ဖြစ်တဲ့၊​ အပြင်ယူသွားပြီး Productive ဖြစ်ဖို့ တော်တော်လေး ခက်တဲ့ Laptop တစ်လုံးလို့ပဲ​ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Size နဲ့ Weight က 16” Laptop တစ်လုံးအနေနဲ့တောင် လက်ခံရတာ တော်တော်ခက်တဲ့အထဲမှာပါပါတယ်။


ဘာကြောင့် ဒါက ပြဿနာဖြစ်နေသလဲဆိုတော့ ကျွန်တော်တို့ သုံးနေတဲ့ Wandrd Prvke 21L Backpack က 16-inch MacBook Pro ဒါမှမဟုတ် ASUS ROG ကနေပဲ ထုတ်ထားတဲ့ Zephyrus M16 16” Laptop ကို အေးဆေးထည့်လို့ဆံ့တယ်။ ဒါပေမယ့် – U guess it. ဒီ Zenbook 16X OLED Laptop က ထည့်လို့မဆံ့ဘူး။ ဆိုတော့ ဒီ 35.50 x 25.10 x 1.69 ~ 1.78 cm Dimension ရှိပြီး 2.4Kg လေးတဲ့ Zenbook 16X OLED က Portable ဖြစ်တဲ့အပိုင်းမှာတော့ အမှတ်လျော့ပါတယ်။


ဒါပေမယ့် Drip Factor လို့ပဲပြောမလား၊​ Cool Factor လို့ပဲပြောမလား ဒီ မြင်လိုက်တာနဲ့ တန်းပြီး မိုက်လိုက်တာလို့ ပြောမိတဲ့ Factor တစ်ခုမှာတော့ ဒီ Zenbook 16X OLED က အမှတ်တော်တော်ရပါတယ်။​ ဒါက အဓိက ၂ ချက်ကြောင့်ပါ။


Active Aerodynamic System Ultra (AAS Ultra) ပါတဲ့ Auto-tilting Keyboard
Auto-tilting Keyboard အောက်မှာထည့်ထားတဲ့ RGB LED Light Strip
ဒီ Auto-tilting Keyboard က ASUS က ပြောတဲ့အတိုင်း World’s First Design လို့ပြောထားတယ်။ တကယ်လည်း ဒီလိုမျိုး 7° အထိ မြှင့်ပေးတာက စာရိုက်တဲ့အချိန်မှာလည်း တော်တော်ကို ပိုကောင်းသွားတယ်။ ပြီးတော့ Keyboard ကို မြှင့်ထားတဲ့ Hinge Design က Dual Screen Design တွေလိုမျိုးပဲ ဘေးကနေ ကြည့်ရင်တော်တော်ကို လှတယ်။


နောက်ထပ်တစ်ခုက ဒီ Auto-tilting Keyboard အောက်မှာ ထူးထူးခြားခြားကို ASUS ကနေ RGB Light Strip တစ်ခုစီကို တစ်ဖက်စီမှာထည့်ပေးထားတယ်။ ဒါက ညဘက် Laptop သုံးရတဲ့အချိန်မှာ တကယ်ကို လှတဲ့ Ambient Lighting ကိုပေးနိုင်တယ်။ ပြီးတော့ အမှန်အတိုင်းပြောရရင် Zenbook 16X OLED မှာ သုံးထားတဲ့ RGB Lighting က ကျွန်တော်တို့ မြင်ဖူးသမျှ Gaming Laptop RGB ထက်တောင် ပိုလှတယ်လို့ ခံစားရတယ်။ (more on that later)


ဆိုတော့ Design ပိုင်းမှာ Zenbook 16X OLED က Compact ဖြစ်တဲ့ 16” Laptop မဟုတ်ဘဲ Weight ကလည်း လေးတယ်လို့ ပြောလို့ရတာပဲရှိမယ်။ တကယ်လို့ ကိုယ်က Laptop ကို စားပွဲပေါ်မှာပဲ အများဆုံးသုံးမယ်၊ ရုံးမှာ Ergonomic ဖြစ်တဲ့ Keyboard ကို လိုအပ်တယ်ဆိုရင်တော့ ဒီ Zenbook 16X OLED က Eye Catching မတရားဖြစ်လိမ့်မယ်။​




Display

Display ပိုင်းမှာကတော့ Zenbook 16X OLED က လုံးဝ Creator တွေကို ဦးတည်ထားတယ်ဆိုတာကို ပိုပြီးသေချာသွားစေလာတယ်။ ဘာကြောင့်လဲဆိုတော့ 16” OLED Display ကိုမှ 4K Resolution ဖြစ်နေတယ်။ ဒီအတွက် 60Hz Refresh Rate ကိုပဲ Support လုပ်တော့တယ်ဆိုပေမယ့် ကျွန်တော်တို့ကတော့ ဒီ Creator တွေအတွက်ရည်ရွယ်တဲ့ Laptop တစ်လုံးက 4K Display ဖြစ်နေတာက ပိုမှန်ကန်တဲ့ ရွေးချယ်ချက်လို့ မြင်တယ်။ Touch Screen လည်းဖြစ်နေသေးတယ်။


ပြီးတေ့ာ ဒီ Zenbook 16X OLED က ASUS ရဲ့ Creator ဦးစားပေး ProArt Class Laptop တစ်လုံးဖြစ်နေတယ်။ အဲ့တော့ ဒီ ProArt Creator Hub ဆိုတဲ့ Control Center Software တစ်ခုကို သုံးလို့ရမယ်။ အဲ့မှာ ဒီ Display ကို Professional Calibration Tool တွေ သုံးပြီး Calibrate လုပ်ခွင့်ပါ ပေးထားတယ်။​ ဒါက တော်တော်ကြမ်းသွားတာပါ။


ဆိုတော့ ဒီ Display ပိုင်းမှာတော့ Zenbook 16X OLED က Zero Complaint လို့တောင် ပြောနိုင်ပါတယ်။ HDR 500, Dolby Vision တွေ၊ ASUS ရဲ့ Display Profile တွေကို စိတ်ကြိုက်ပြောင်းလို့ရနေတာက Creator တွေအတွက်ရော၊ Multimedia ပိုင်းကို သေချာသုံးချင်တဲ့သူတွေအတွက်ပါ စိတ်ကျေနပ်စေမှာသေချာတယ်။​ လုံးဝ Nitpick ရမယ်ဆိုရင် ကျွန်တော်တို့အတွက်က Display Brightness က 550nits ပဲ ရတာဖြစ်နေတယ်။ OLED Display Laptop တစ်လုံးအတွက် ဒါက သာမန်ဆိုပေမယ့် ဒီထက် ပိုလင်းရင် ကောင်းမယ်ဆိုတာကတော့ ဒီအတိုင်း အပြင် Outdoor သုံးတဲ့အချိန်မှာ တွေးမိတယ်။


Performance

Performance ပိုင်းမှာ အခုနက ပြောသလိုမျိုးပဲ Zenbook 16X OLED က Powerhouse တစ်ခုပါ။ ကိုယ်က ဘယ်လိုမျိုး Productive Software တွေ သုံးသုံး၊​ ဒီ Zenbook 16X OLED က ကောင်းကောင်း Handle လုပ်နိုင်ပါလိမ့်မယ်။ Intel i7-12700H ဆိုတာကလည်း ခေတဲ့ Processor မဟုတ်တော့ တော်ရုံ Task တွေမှာ Desktop Replacement အနေနဲ့ပါ သုံးချင်သုံးလို့ရပါတယ်။

ပြီးတော့ ဒီ​ 5200MHz DDR5 RAM 16GB ပါတာတွေ၊​ PCI-E Gen4 SSD ကို သုံးထားတာတွေကလည်း သုံးတဲ့အချိန်မှာ သိသိသာသာကိုမြန်တယ်။ Nvidia RTX3060 ဖြစ်နေတာကလည်း Video Editing လိုမျိုးတွေမှာ အဆင်ပြေသွားတယ်။ Valorant တောင် ကောင်းကောင်းအေးဆေးဆော့လို့ရတယ်။


နောက်ထပ် Impressive ဖြစ်မိတာတစ်ခုက Cooling ပိုင်းပါ။ ဘယ်လိုပြောရမလဲ ဒီ Auto-tilting Keyboard ဖြစ်သွားတာက ဒီ Cooling ပိုင်းမှာ သိသိသာသာကို အဆင်ပြေတယ်။ ပြောရရင် ဒါက Zenbook 14 Pro လိုမျိုး Dual Display နဲ့ Laptop တွေမှာမြင်ခဲ့ပြီးပြီ။ ဒါပေမယ့် အခု Zenbook 16X OLED မှာက Awkward ဖြစ်တဲ့ Typing Position မဖြစ်နေတော့ပဲနဲ့ ပိုကောင်း၊ ပိုသက်သာတဲ့ Typing Position မှာ ပိုကောင်းတဲ့ Cooling ကို ရနေတာမျိုးပါ။


ပြီးတော့ အခုနက ProArt Creator Hub မှာပဲ Performance Mode တွေကို Whisper Mode ၊​ Standard Mode ၊​ Performance Mode နဲ့ Fan တွေကို 100% Run ခိုင်းတဲ့ Full Speed Mode ဆိုပြီး ၄ မျိုးရွေးလို့ရမယ်။ တကယ်ကို Full Speed Mode ကြမှပဲ Fan သံကြားရပြီး သာမန်အချိန်တွေ Video Edit တဲ့အချိန်မှာတောင် Fan သံက မကြားရသလောက်ပဲ။ Heat Issue လည်း မရှိဘူးလို့တောင် ပြောလို့ရတယ်။


Maybe, ဒီ Zenbook 16X OLED က 200W Power Adapter ကိုပဲ သုံးထားတာဆိုတော့ တခြား 280W Power Adapter ပါတဲ့ Gaming Laptop တွေလောက်တော့ Full Throttle Run နိုင်ချင်မှ Run နိုင်မယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းဖြစ်တဲ့ Premiere Pro ၊​ Lightroom ၊ Capture One လို Software တွေကတော့ အေးဆေးပဲ။ တကယ်ကို Creator တစ်ယောက်အတွက် ထုတ်ထားတဲ့ Laptop ဆိုပြီး တန်းခံစားရတယ်။




The Creator’s Tools

Creator တစ်ယောက်အတွက်ကြတော့ Laptop တစ်လုံးမှာ Display ကောင်းဖို့က အရေးကြီးတယ်ဆိုပေမယ့် တကယ်လက်နဲ့ ထိတွေ့နေရတာတွေက အသုံးဝင်ပြီး Productive ဖြစ်တဲ့ Feeling ကို ပေးနိုင်ဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ ဆိုတော့ အဲ့လိုမျိုး လက်နဲ့ထိပြီး Feeling ကောင်းကောင်းပေးနိုင်တဲ့အရာတွေအကြောင်းကို ဆက်ပြောတာပေါ့။


Keyboard – 1.4mm Key Travel ရှိတဲ့ Zenbook 16X OLED ရဲ့ Keyboard က တော်တော်လေးကို ရိုက်လို့ကောင်းတဲ့ထဲမှာပါပါတယ်။ ဒါက 7° Typing Angle ဖြစ်နေတာနဲ့ Posture က ရိုက်နေတဲ့အချိန်မှာ သာမန် Laptop တွေထက် ပို Comfort ဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အကြိုက်ဆုံးအချက်က ဒီ Keyboard ရဲ့ RGB Lighting က မတရားလှပါတယ်။ ပြီးတော့ ဒီ Light Pattern တွေကို ကိုယ်လိုချင်တဲ့ Color Range ထဲမှာ ရွေးထားလို့ရတာတွေ၊ Keyboard အောက် Diffused လုပ်ထားတဲ့ RGB Light Strip တွေက လုံးဝကို လှတယ်။ ပြီးတော့ RGB ကလည်း Application ပြောင်းလိုက်တာတွေ၊ Notification တွေဝင်တဲ့အချိန််မှာ Flash လုပ်ပြီး အသိပေးတာကလည်း မိုက်တယ်။ တကယ်ကို Gaming Laptop တွေထက်တောင် ဒီ Zenbook 16X OLED ရဲ့ Keyboard ကို ကျွန်တော်တို့ ပိုကြိုက်ပါတယ်။


Touchpad – Zenbook 16X OLED ရဲ့ Touchpad က မတရားကို ကြီးပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ကျွန်တော်တို့ ကိုယ်ပိုင် iPhone 12 mini ကတောင် Touchpad ထဲမှာ ပျောက်သွားတဲ့အထိကို ကြီးတယ်။ ပြီးတော့ Touchpad မှာလည်း ASUS ရဲ့ Numpad 2.0 ပါသေးတယ်။ ပြီးတော့ ဒီ Touchpad Numpad ကိုလည်း Brightness အတိုးအလျော့လုပ်လို့ရသေးတယ်။ မတရားကို အားရဖို့ကောင်းတယ်။ Windows Laptop တွေထဲမှာ ဒီထက် Touchpad ကောင်းတာ မစမ်းဖူးသလောက်ကို အားရဖို့ကောင်းပါတယ်။


ASUS Dial – ဒီမတရားကောင်းတဲ့ Touchpad ဘေး၊ ဘယ်ဘက်မှာ ASUS Dial ရှိပါတယ်။ ဒီ Feature တစ်ခုထဲနဲ့တင် Creator တွေအနေနဲ့ Windows Laptop ထဲမှာ ဘာရွေးရမလဲဆိုရင် ဒီ Zenbook 16X OLED ကို ရွေးပါလို့ ပြောနိုင်တဲ့အထိကို အသုံးဝင်လွန်းပါတယ်။​


ASUS Dial က ဘာတွေလုပ်နိုင်သလဲ?​

ပုံမှန်အားဖြင့် System-wide Control အနေနဲ့ဆိုရင် ဒီ ASUS Dial ကိုသုံးပြီးတော့ Volume Control ၊ Brightness Control တွေကို လုပ်လို့ရမယ်​။ ဒါ့ပေမယ့် တကယ်တမ်း မတရားအသုံးဝင်သွားတာက Per-App Control တွေပါ။ Creative Software တွေဖြစ်တဲ့ Adobe Photoshop ၊​ Premiere Pro ၊ Lightroom စတဲ့ App အကုန်လုံးအတွက် ဒီ​ ASUS Dial ကနေ Control လုပ်လို့ရမယ်။ ပြောရရင် ဒီ Premiere Pro မှာ Timeline ကို ဒီ ASUS Dial သုံးပြီး Zoom လုပ်လို့ရမယ်၊ Vertical Scroll ၊ Audio Track Control တွေအကုန်လုပ်လို့ရတာ မိုက်တယ်။ Photoshop, Lightroom တွေဆိုရင်လည်း Brush Size ပြောင်းတာတွေ၊ Exposure ညှိတာ အကုန်ရမယ်။​


ASUS Dial က သုံးရတာ Intuitive ဖြစ်သလား?

မတရားကို Intuitive ဖြစ်လွန်းတယ်။ ဘာကြောင့်လဲဆိုတေ့ာ ပုံမှန်အားဖြင့် Touchpad ကို သုံးချင်တယ်ဆိုရင် ညာဘက်လက်ကို Keyboard ကနေ ဖယ်ပြီး Touchpad သုံးရတာပါ။ ဒါက External Mouse သုံးလည်းလည်း တူတူပါပဲ​။​


ဒါပေမယ့် ASUS Dial ရဲ့ အားသာချက်က ဒီ Keyboard သုံးနေဆဲမှာပဲ ဘယ်ဘက်လက်မကို အောက်ကိုချပြီး သုံးလို့ရပါတယ်။​ ပြောရရင် အမြန်အသံတိုးချင်တဲ့အချိန်တွေ၊ Video Edit နေတုန်း Timeline Zoom လုပ်ဖို့ဆိုတာက Keyboard ပေါ်က လက်နှစ်ဖက်မခွာပဲ သုံးလို့ရတာပါ။ လုံးဝကို သုံးဖူးသမျှ Creative အတွက် ဦးစားပေးထားတဲ့ Laptop တွေထဲမှာ ဒီ ASUS Dial က သုံးလို့အကောင်းဆုံး၊ Real-world အသုံးအဝင်ဆုံး Feature ပါ။


Others

Battery Life က 96Whr ပါလို့လားတော့မသိပေမယ့် တော်တော်အသုံးခံတယ်။ Video Edit ဘာညာလိုမျိုး Heavy Usage ပိုင်းမှာတောင် ၄ နာရီခွဲလောက်သုံးလို့ရတယ်။ ပြီးတော့ Light Usage မှာဆိုရင် ၆ နာရီကျော် ၇ နာရီလောက် သုံးလို့ရတယ်။ ဒီ 12th Gen Laptop တွေထဲမှာ တော်တော်လေး Battery အဆင်ပြေတဲ့အထဲမှာပါတယ်။


ပြီးတော့ Port တွေမတရားအားရဖို့ကောင်းတယ်။ Creator Laptop တစ်လုံးဆိုတဲ့အတိုင်း အဓိကအရေးအကြီးဆုံး Full Size SD Card Reader ကို ထည့်ပေးထားတယ်။ ဒါပဲ – This is it! Chief.


နောက်ထပ် Full Size HDMI 2.1 Port ၊​ Thunderbolt 4 Support လုပ်တဲ့ USB-C Port ၂ ခု​၊​ USB-A Port တစ်ခု၊ 3.5mm Audio Jack တွေပါမယ်။ တော်တော်လေးကို Port တွေက အဆင်ပြေတယ်။


Audio Quality ပိုင်းက အသံကတော့ တော်တော်ကိုကျယ်တယ်၊ ဒီ Tweeter ၂ ခုကို Front Facing ထည့်ထားတာကြောင့်လည်းပါမယ်။ Quality ပိုင်းမှာကတော့ WIndows Laptop တစ်လုံးအနေနဲ့ မိုက်တယ်။





So…?

ပြောရရင် အရှေ့တုန်းက ကျွန်တော်တို့ စမ်းခဲ့တဲ့ Zenbook 14 Pro OLED က Dual Display လည်းဖြစ်တယ်၊​ အခုထက် ပို Compact ဖြစ်ပြီး Portable Powerhouse လို့ ပြောလို့ရခဲ့တယ်။​ ဒါပေမယ့် တကယ့် Creator တစ်ယောက်အနေနဲ့ Productive ဖြစ်ဖြစ် အလုပ်လုပ်ဖို့က Dual Display ထက် Screen Size ကြီးကြီး၊​ ပြီးတော့ အခု ASUS Dial လိုမျိုး ပါတာက ပိုအသုံးဝင်သွားတယ်။


ဆိုတော့ ကျွန်တော်တို့ အရှေ့တုန်းက ပြောခဲ့သလို Caption မှာ တပ်ထားသလိုပဲ ဒီ Weight နဲ့ Size ကို လက်ခံလို့ရတယ်၊​ ကိုယ်တိုင်က Creator တစ်ယောက်ဆိုရင် ကျိန်းသေပေါက် ASUS Zenbook 16X OLED က ရွေးချယ်သင့်တဲ့ Laptop ပါ။ တစ်ခုပါပဲ – MacBook Pro 16-inch ရဲ့ စျေးနီးပါးလောက်ဖြစ်နေတော့ ကိုယ်က တကယ် Windows ကို သုံးဖို့လိုအပ်သလား၊ ဒီလို RGB ပါတာ ပိုကြိုက်သလားဆိုတာက အရေးကြီးတဲ့ Deciding Factor တွေဖြစ်လာပါလိမ့်မယ်။


#TechGadgetMM

No comments: