Saturday, September 4, 2021

အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေဟာ ဘာဖြစ်လို့ သူတို့ဘာသာဝင်အချင်းချင်းရောင်းတဲ့ဆိုင်မှာပဲစားကြတာလဲ ??

အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေဟာ ဘာဖြစ်လို့ သူတို့ဘာသာဝင်အချင်းချင်းရောင်းတဲ့ဆိုင်မှာပဲစားကြတာလဲ ??




#Halal_Foods

#Food_Knowledge

#ဘာသာရေးအစားအစာ


(ကိုးကွယ်ရာဘာသာကွဲပြားတိုင်း ရန်သူမဟုတ်တဲ့ လူ့လောကကြီးမှာနေထိုင်ကြတာမို့ ကိုယ်လိုဗုဒ္ဓဘာသာဝင်မဟုတ်တိုင်း အမြင်စောင်း စရာမလိုပါဘူး။ မျက်ကန်းမျိုးချစ်၊ မျက်ကန်းဘာသာချစ် မဖြစ်စေချင်ပါ။ မိမိမိတ်ဆွေ သူငယ်ချင်းများထဲမှာ အစ္စလာမ်ဘာသာဝင်တွေပါ လို့ရှိရင် ကြားနေကြစကားလုံးလေးတစ်ခုရှိတယ် Halal အစားအသောက်တွေကိုသာ စားသောက်မှာပါ အခြားအစားအသောက်တွေကို ရှောင်ကြဉ်တယ်ဆိုတာပါပဲ။ ယခုနောက်ပိုင်း Halal အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ကိုက်ညီတယ်ဆိုကာ အစ္စလာမ်ဘာသာဝင် မဟုတ်သူများလည်း စားသောက်လာကြပါတယ်။ သည်တော့ ဗဟုသုတအနေနဲ့သိထားရအောင် Food Blooger ညီမလေး မေရဲ ရေးသားထားတာကိုပြန်ဝေငှလိုက်တယ်။)


မေရဲ တို့ အစ္စလာမ်ဘာသာဝင်တွေ ဟာ အစားအသောက် နဲ့ ပတ်သတ်လာရင် halal ဟလာလ် ဖြစ်မှစားကြတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ 


Halal ဟလာ ဆိုတာ ခွင့်ပြုထားသောအရာများ လို့ခေါ်ပါတယ်။ ရှည်ရှည်ဝေးဝေးတွေ ရှင်းပြမနေတော့ပါဘူး။ 

မေရဲက အစားအသောက် နဲ့ ပတ်သတ်ပြီး အကြံညဏ်ပေးသူဆိုတော့ အစားအသောက်ပိုင်းဆိုင်ရာနဲ့ပဲ ရှင်းပြပါမယ်။ 


✅ လည်လှီးသား ဖြစ်မှ စားခွင့်ရှိပါတယ် 

မေရဲတို့ ကိုးကွယ်တဲ့အရှင် ရဲ့ အမည် ကို ရွတ်ဆိုပြီး အစ္စလာမ်ရဲ့ ထုံးတမ်း နဲ့ အညီလည်လှီး သတ်ဖြတ် ထားတဲ့ သားကောင်ဖြစ်ရပါမယ်။ 

ဟလာ လုပ်ထားတယ်လို့ခေါ်ပါတယ်။ 

ကြက် ဘဲ ခို ငုံး ဆိတ် နွား ကုလားအုတ် ကျွဲ ဒါတွေအားလုံး ကို ဟာလာလုပ်ပြီးမှစားလို့ရပါတယ်။ 

( တစ်ချို့ ဆိုရင် ဝက်သား နဲ့ အရက် မစားတာတစ်ခုပဲ သိကြတော့ ကြက်သားဆိုဒီအတိုင်းစားလို့ရတယ် ထင်ကြပါတယ် တကယ် က လည်လှီး မှရတာ။ နောက် ခွေး ကြောင် သိန်းငှက် မိချောင်း ကြွက် ဖား အင်းဆက် စတာတွေကတော့ ဘာသာရေးအရ လုံးဝ စားလို့မရပါဘူး။ဘာသာရေးအရ စားပိုင်ခွင့်ရှိပေမဲ့ မျိုးတုန်းတော့မယ်လို့ ကြေညာထားရင်လဲ စားခွင့်မရှိပါဘူး) 

တစ်ချို့ကြတော့လည်း လည်လှီးတယ် ဆိုတာ ဓါး နဲ့ တရုတ် သိုင်းကား ထဲ ကလို ဒုတ်ခနဲ့ လည်ပင်း ကိုခုတ်ချလိုက်တယ် ထင်ကြတယ် 

တကယ်က မဟုတ်ပါဘူး။ 

ထက်နေအောင် သွေးထားတဲ့ ဓါး နဲ့ လည်ပင်း က လေပြွန် ၊သွေးပြန်ကြော၊ သွေးလွှတ်ကြော ကို ကြောရိုးမကြီးကို မထိပဲ လှီးလိုက်ရတာဖြစ်ပါတယ်။


✅ ပါဝင်ပစ္စည်းများ halal ဟလာလ် ဖြစ်ရပါမယ် 

ဥပမာပြောရရင် အချိုမုန့် ကြက်သားမှုန့် ဟင်းချက်ဆီ အရသာမှုန့် များ

အထက်ကပြောထားတဲ့ပစ္စည်းတွေက အခြားပါဝင်ပစ္စည်းများ( တိရစ္ဆာန်အရိုးများ / ဟလာ မလုပ်ထားတဲ့ ကြက် / တိရစ္ဆာန် အဆီများပါ တတ်တာမို့လို့ حلال halal 清真 စတဲ့ ဟလာလ် တံဆိပ်ပါမှစားလို့ရလို့ပါ။ 


✅ ချက်ပြုတ်တဲ့ပစ္စည်း သန့်ရှင်းရပါမယ် 

ဥပမာပြောရရင် သက်သက်လွတ်စား တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ထမင်းချိုင့်ထဲကို အသားဟင်းနှိုက်ထားတဲ့ဇွန်း နဲ့ ခပ်မိလိုက်သလိုပေါ့။ 

ဟင်းအနှစ်လေး ပေသွားတာ ဘာမှ မဖြစ်ပေမဲ့ သက်သက်လွတ်စားတဲ့ သူငယ်ချင်းကို အားနာစရာကြီး။


ဒါပါပဲ။

မေရဲ တို့ အစ္စလာမ်ဘာသာက အစားအသောက်နဲ့ ပတ်သတ်လာရင် ဘာတွေစားရမယ် မစားရဘူး ဘယ်လိုနည်း နဲ့ စားရမယ် ဆိုတဲ့ rules တွေ boundaries အရမ်းများတယ်။ အဲ့နည်းတွေ အတိုင်းလဲ နေထိုင်ကြတယ်။ 

အဲ့ နည်းတွေ စည်းတွေ ဘောင်တွေရဲ့ အကျယ်တဝင့် ကို ဘာသာဝင်အချင်းချင်းကပဲ နားလည် ပြီး လုပ်ဆောင်ကြတာမို့လို့ ဘာသာဝင်အချင်းချင်း ရဲ့ ဆိုင် တွေ မှာ ပဲ ဝယ်ကြစားကြတာပဲ ဖြစ်ပါတယ်။ 


မေရဲ 

(Where I Eat Halal Food)


#halalfoodyangon #HforhalalnotforHaram 

#halalfoodeveryday #whereieathalalfood

#halalfoodmyanmar #halalfoodburma 

#goodfoodonly #youarewhatyoueat #halalknowledge


နောက်ဆက်တွဲများ - 


(၁) Halal means “denoting or relating to meat prepared as prescribed by Muslim law."

ဟလာလ် ဆိုတာ...

"မူစလင် ဥပဒေ အရ သတ်မှတ်ထားသည့် အသားများနှင့် စပ်လျဉ်း၍ ရည်ညွှန်းသည်"

အစ္စလာမ်တရားတော်နဲ့အညီ လည်လှီးထားသည့် သွေးမပါသော သန့်ရှင်းလတ်ဆတ်သော အစားအသောက်ကို ဆိုလိုပါသည်။


(၂) အသိတခုဝေမျှခြင်းပါ….

Halal= halalဆိုတာခွင့်ပြုထားတဲ့အရာမှန်သမျှ ပြုပိုင်တယ်လို့သတ်မှတ်တာပါ။

ဟလာလ်ဆိုတာ ပြုပိုင်တဲ့အရာ။

ဟရာမ်ဆိုတာ မပြုပိုင်တဲ့အရာ။

ဇဘာဆိုတာလည်လှီးတာ လည်လှီးမှဟလာလ်ဖြစ်တာပါ။


(၃) Halal အမှတ်သားပါတဲ့အရာတိုင်းဟာ သန့်ရှင်းစင်ကြယ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ လည်လှီးတဲ့အရာတစ်ခုကို ပဲ halal လို့ခေါ်တာမဟုတ်ပါ ။ ရေသန့်ဘူး မုန့်ထုပ် အစရှိ သော ပစ္စည်းတွေမှာလဲ halal အမှတ်သား ပါတာတွေရှိပါတယ်။ လည်ပင်းလှီးတဲ့အဓိက အကြောင်းရင်းကတော့ သွေးကဖြစ်တဲ့ မသန့်ရှင်းတဲ့ပိုးများခန္ဓာကိုယ်ထဲမရောက်အောင် သွေးအားလုံးထုတ်ပစ်လိုက်တာဖြစ်ပါတယ်။ နာကျင်မှုလဲအသက်သာဆုံးနည်းဖြစ်ပါတယ်။


(၄) အသား ရဲ့ အရောင်အဆင်း ပစ္စည်းရဲ့ ထုတ်ပိုးပုံ အရသာ ကို ကြည့်ပြီး မြည့်းပြီး ခွဲခြားလို့ လုံးဝ မရပါဘူးရှင်။ 

အဲ့တာကြောင့်မို့လို့ ဟာလာရောင်းတဲ့ ဆိုင်တွေမှာပဲ ဝယ်ရခြင်းဖြစ်ပါတယ်။မသင်္ကာရင်မစားပါဘူး၊ ယုံကြည်မှစားပါတယ် ။​ဈေးထဲက ကြက်​တွေကလဲ ဒိုင်​တွေဆီက၀ယ်လို့ ဒိုင်​တွေဘယ်လိုသတ်လဲ မသိရပါဘူး ၊မသိခင်က စားပါတယ်။ မူစလင်ဆိုင်ဆိုပေမယ့်​နောက်ပိုင်း အိမ်လာငှား​နေတဲ့လူ​တွေက​သူတို့ဘယ်လိုသတ်​ကြောင်း၊ သူတို့မစား​ကြောင်း​ပြောပါက မစား​တော့ပါဘူး ။


[Zawgyi]အစၥလာမ္ဘာသာဝင္ မြတ္စလင္မ္ေတြဟာ ဘာျဖစ္လို႔ သူတို႔ဘာသာဝင္အခ်င္းခ်င္းေရာင္းတဲ့ဆိုင္မွာပဲစားၾကတာလဲ ??




#Halal_Foods

#Food_Knowledge

#ဘာသာေရးအစားအစာ


(ကိုးကြယ္ရာဘာသာကြဲျပားတိုင္း ရန္သူမဟုတ္တဲ့ လူ႔ေလာကႀကီးမွာေနထိုင္ၾကတာမို႔ ကိုယ္လိုဗုဒၶဘာသာဝင္မဟုတ္တိုင္း အျမင္ေစာင္း စရာမလိုပါဘူး။ မ်က္ကန္းမ်ိဳးခ်စ္၊ မ်က္ကန္းဘာသာခ်စ္ မျဖစ္ေစခ်င္ပါ။ မိမိမိတ္ေဆြ သူငယ္ခ်င္းမ်ားထဲမွာ အစၥလာမ္ဘာသာဝင္ေတြပါ လို႔ရိွရင္ ၾကားေနၾကစကားလံုးေလးတစ္ခုရိွတယ္ Halal အစားအေသာက္ေတြကိုသာ စားေသာက္မွာပါ အျခားအစားအေသာက္ေတြကို ေရွာင္ၾကဉ္တယ္ဆိုတာပါပဲ။ ယခုေနာက္ပိုင္း Halal အစားအေသာက္ေတြဟာ က်န္းမာေရးနဲ႔ကိုက္ညီတယ္ဆိုကာ အစၥလာမ္ဘာသာဝင္ မဟုတ္သူမ်ားလည္း စားေသာက္လာၾကပါတယ္။ သည္ေတာ့ ဗဟုသုတအေနနဲ႔သိထားရေအာင္ Food Blooger ညီမေလး ေမရဲ ေရးသားထားတာကိုျပန္ေဝငွလိုက္တယ္။)


ေမရဲ တို႔ အစၥလာမ္ဘာသာဝင္ေတြ ဟာ အစားအေသာက္ နဲ႔ ပတ္သတ္လာရင္ halal ဟလာလ္ ျဖစ္မွစားၾကတာကို အားလံုးသိၿပီးသားျဖစ္မွာပါ။ 


Halal ဟလာ ဆိုတာ ခြင့္ျပဳထားေသာအရာမ်ား လို႔ေခၚပါတယ္။ ရွည္ရွည္ေဝးေဝးေတြ ရွင္းျပမေနေတာ့ပါဘူး။ 

ေမရဲက အစားအေသာက္ နဲ႔ ပတ္သတ္ၿပီး အႀကံညဏ္ေပးသူဆိုေတာ့ အစားအေသာက္ပိုင္းဆိုင္ရာနဲ႔ပဲ ရွင္းျပပါမယ္။ 


✅ လည္လွီးသား ျဖစ္မွ စားခြင့္ရိွပါတယ္ 

ေမရဲတို႔ ကိုးကြယ္တဲ့အရွင္ ရဲ့ အမည္ ကို ရြတ္ဆိုၿပီး အစၥလာမ္ရဲ့ ထံုးတမ္း နဲ႔ အညီလည္လွီး သတ္ျဖတ္ ထားတဲ့ သားေကာင္ျဖစ္ရပါမယ္။ 

ဟလာ လုပ္ထားတယ္လို႔ေခၚပါတယ္။ 

ၾကက္ ဘဲ ခို ငံုး ဆိတ္ ႏြား ကုလားအုတ္ ကြၽဲ ဒါေတြအားလံုး ကို ဟာလာလုပ္ၿပီးမွစားလို႔ရပါတယ္။ 

( တစ္ခ်ိဳ႕ ဆိုရင္ ဝက္သား နဲ႔ အရက္ မစားတာတစ္ခုပဲ သိၾကေတာ့ ၾကက္သားဆိုဒီအတိုင္းစားလို႔ရတယ္ ထင္ၾကပါတယ္ တကယ္ က လည္လွီး မွရတာ။ ေနာက္ ေခြး ေၾကာင္ သိန္းငွက္ မိေခ်ာင္း ႂကြက္ ဖား အင္းဆက္ စတာေတြကေတာ့ ဘာသာေရးအရ လံုးဝ စားလို႔မရပါဘူး။ဘာသာေရးအရ စားပိုင္ခြင့္ရိွေပမဲ့ မ်ိဳးတုန္းေတာ့မယ္လို႔ ေၾကညာထားရင္လဲ စားခြင့္မရိွပါဘူး) 

တစ္ခ်ိဳ႕ၾကေတာ့လည္း လည္လွီးတယ္ ဆိုတာ ဓါး နဲ႔ တရုတ္ သိုင္းကား ထဲ ကလို ဒုတ္ခနဲ႔ လည္ပင္း ကိုခုတ္ခ်လိုက္တယ္ ထင္ၾကတယ္ 

တကယ္က မဟုတ္ပါဘူး။ 

ထက္ေနေအာင္ ေသြးထားတဲ့ ဓါး နဲ႔ လည္ပင္း က ေလႁပြန္ ၊ေသြးျပန္ေၾကာ၊ ေသြးလႊတ္ေၾကာ ကို ေၾကာရိုးမႀကီးကို မထိပဲ လွီးလိုက္ရတာျဖစ္ပါတယ္။


✅ ပါဝင္ပစၥည္းမ်ား halal ဟလာလ္ ျဖစ္ရပါမယ္ 

ဥပမာေျပာရရင္ အခ်ိဳမုန႔္ ၾကက္သားမႈန႔္ ဟင္းခ်က္ဆီ အရသာမႈန႔္ မ်ား

အထက္ကေျပာထားတဲ့ပစၥည္းေတြက အျခားပါဝင္ပစၥည္းမ်ား( တိရစၧာန္အရိုးမ်ား / ဟလာ မလုပ္ထားတဲ့ ၾကက္ / တိရစၧာန္ အဆီမ်ားပါ တတ္တာမို႔လို႔ حلال halal 清真 စတဲ့ ဟလာလ္ တံဆိပ္ပါမွစားလို႔ရလို႔ပါ။ 


✅ ခ်က္ျပဳတ္တဲ့ပစၥည္း သန႔္ရွင္းရပါမယ္ 

ဥပမာေျပာရရင္ သက္သက္လြတ္စား တဲ့ သူငယ္ခ်င္း တစ္ေယာက္ရဲ့ ထမင္းခ်ိဳင့္ထဲကို အသားဟင္းႏိႈက္ထားတဲ့ဇြန္း နဲ႔ ခပ္မိလိုက္သလိုေပါ့။ 

ဟင္းအႏွစ္ေလး ေပသြားတာ ဘာမွ မျဖစ္ေပမဲ့ သက္သက္လြတ္စားတဲ့ သူငယ္ခ်င္းကို အားနာစရာႀကီး။


ဒါပါပဲ။

ေမရဲ တို႔ အစၥလာမ္ဘာသာက အစားအေသာက္နဲ႔ ပတ္သတ္လာရင္ ဘာေတြစားရမယ္ မစားရဘူး ဘယ္လိုနည္း နဲ႔ စားရမယ္ ဆိုတဲ့ rules ေတြ boundaries အရမ္းမ်ားတယ္။ အဲ့နည္းေတြ အတိုင္းလဲ ေနထိုင္ၾကတယ္။ 

အဲ့ နည္းေတြ စည္းေတြ ေဘာင္ေတြရဲ့ အက်ယ္တဝင့္ ကို ဘာသာဝင္အခ်င္းခ်င္းကပဲ နားလည္ ၿပီး လုပ္ေဆာင္ၾကတာမို႔လို႔ ဘာသာဝင္အခ်င္းခ်င္း ရဲ့ ဆိုင္ ေတြ မွာ ပဲ ဝယ္ၾကစားၾကတာပဲ ျဖစ္ပါတယ္။ 


ေမရဲ 

(Where I Eat Halal Food)


#halalfoodyangon #HforhalalnotforHaram 

#halalfoodeveryday #whereieathalalfood

#halalfoodmyanmar #halalfoodburma 

#goodfoodonly #youarewhatyoueat #halalknowledge


ေနာက္ဆက္တြဲမ်ား - 


(၁) Halal means “denoting or relating to meat prepared as prescribed by Muslim law."

ဟလာလ္ ဆိုတာ...

"မူစလင္ ဥပေဒ အရ သတ္မွတ္ထားသၫ့္ အသားမ်ားႏွင့္ စပ္လ်ဉ္း၍ ရည္ၫႊန္းသည္"

အစၥလာမ္တရားေတာ္နဲ႔အညီ လည္လွီးထားသၫ့္ ေသြးမပါေသာ သန႔္ရွင္းလတ္ဆတ္ေသာ အစားအေသာက္ကို ဆိုလိုပါသည္။


(၂) အသိတခုေဝမ်ျွခင္းပါ….

Halal= halalဆိုတာခြင့္ျပဳထားတဲ့အရာမွန္သမ်ွ ျပဳပိုင္တယ္လို႔သတ္မွတ္တာပါ။

ဟလာလ္ဆိုတာ ျပဳပိုင္တဲ့အရာ။

ဟရာမ္ဆိုတာ မျပဳပိုင္တဲ့အရာ။

ဇဘာဆိုတာလည္လွီးတာ လည္လွီးမွဟလာလ္ျဖစ္တာပါ။


(၃) Halal အမွတ္သားပါတဲ့အရာတိုင္းဟာ သန႔္ရွင္းစင္ၾကယ္ျခင္းလို႔ အဓိပၸာယ္ရပါတယ္။ လည္လွီးတဲ့အရာတစ္ခုကို ပဲ halal လို႔ေခၚတာမဟုတ္ပါ ။ ေရသန႔္ဘူး မုန႔္ထုပ္ အစရိွ ေသာ ပစၥည္းေတြမွာလဲ halal အမွတ္သား ပါတာေတြရိွပါတယ္။ လည္ပင္းလွီးတဲ့အဓိက အေၾကာင္းရင္းကေတာ့ ေသြးကျဖစ္တဲ့ မသန႔္ရွင္းတဲ့ပိုးမ်ားခႏၶာကိုယ္ထဲမေရာက္ေအာင္ ေသြးအားလံုးထုတ္ပစ္လိုက္တာျဖစ္ပါတယ္။ နာက်င္မႈလဲအသက္သာဆံုးနည္းျဖစ္ပါတယ္။


(၄) အသား ရဲ့ အေရာင္အဆင္း ပစၥည္းရဲ့ ထုတ္ပိုးပံု အရသာ ကို ၾကၫ့္ၿပီး ျမၫ့္းၿပီး ခြဲျခားလို႔ လံုးဝ မရပါဘူးရွင္။ 

အဲ့တာေၾကာင့္မို႔လို႔ ဟာလာေရာင္းတဲ့ ဆိုင္ေတြမွာပဲ ဝယ္ရျခင္းျဖစ္ပါတယ္။မသကၤာရင္မစားပါဘူး၊ ယံုၾကည္မွစားပါတယ္ ။​ေဈးထဲက ၾကက္​ေတြကလဲ ဒိုင္​ေတြဆီက၀ယ္လို႔ ဒိုင္​ေတြဘယ္လိုသတ္လဲ မသိရပါဘူး ၊မသိခင္က စားပါတယ္။ မူစလင္ဆိုင္ဆိုေပမယ့္​ေနာက္ပိုင္း အိမ္လာငွား​ေနတဲ့လူ​ေတြက​သူတို႔ဘယ္လိုသတ္​ေၾကာင္း၊ သူတို႔မစား​ေၾကာင္း​ေျပာပါက မစား​ေတာ့ပါဘူး ။

No comments:

Post a Comment