Sunday, November 10, 2013

3D Printed အသဲအတု အစားထိုးနိုင်မည်



G,2G,3G,4G တို့၏ အခြေခံကြသော ကွဲပြားမှုများ
အခြေခံအားဖြင့် G ဆိုသည်မှာ ပိုမိုမြန်ဆန်သော လိုင်းဆွဲအားကို ရည်ညွှန်း ထားခြင်း ဖြစ်ပါတယ်။
1G
ကမ္ဘာပေါ်မှာ ပထမဆုံးသော ကြိုးမဲ့ ဖုန်းပြောခြင်း နည်းစနစ်ကို စတင်ပြီး အသုံးပြု ခဲ့ကြပါတယ်။ 1G ကို ၁၉၈၀ ခုနှစ်ပိုင်းလောက်မှ စတင်အသုံးပြု ခဲ့ကြပါတယ်။ နည်းပညာများ မဖွံ့ဖြိုးသေးသည့် အတွက် တွင်ကျယ်စွာ အသုံးမပြုကြ သေးပါဘူး။ ဖုန်းပြောဆို ရာတွင်လည်း အသံများ ကြည်လင် ပြတ်သားမှု မရှိသေးပါဘူး။
2G
2G နည်းပညာဟာ ဒုတိယအကြိမ် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ၎င်းစနစ်တွင် 1G ထက် ပိုပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင်တာကို တွေ့ရပါတယ်။ အင်တာနက်၊ အီးမေး၊ SMS စသည်တို့ကို 2G စနစ်တွင် စတင်အသုံးပြု ခဲ့ကြပါတယ်။ ဖုန်းပြောဆို ရာတွင်လည်း 1G ထက်ပိုပြီး ကြည်လင်လာပါတယ်။
3G
3G စနစ်ဟာ တတိယ အကြိမ်မြောက် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ 3G စနစ်တွင် 1G 2G တို့ထက်ပိုမိုပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင် ခဲ့ပါတယ်။ ထိုစနစ်တွင် အင်တာနက် လိုင်းများ ပိုမိုကောင်းမွန်ခြင်း၊ ဖုန်းပြောဆိုရာတွင် ပိုမို ကြည်လင်ပြတ်သားစွာ ကြားရခြင်း၊ အင်တာနက်ပေါ်ရှိ ဗီဒီယိုများကို မြန်ဆန်စွာ ကြည့်ရှုနိုင်ခြင်း၊ အချက်အလက်များကို တစ်နေရာမှ တစ်နေရာသို့ အမြန်ပို့ဆောင်နိုင် ပါတယ်။
4G
4G နည်းပညာ ကိုတော့ နောက်ဆုံး တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ၎င်းစနစ်သည် 1G 2G 3G စနစ်တို့ထက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ထိုစနစ်သည် အင်တာနက်၊ မိုဘိုင်းဖုန်း အစရှိသည့် အရာများကို အမြင့်ဆုံး လိုင်းဆွဲအားများဖြင့် လုပ်ဆောင် ပေးပါတယ်။
ကျော်လင်းနိုင်

ရွှေ အစစ်ဖြင့်လုပ်သော iPad နောက်ဆုံးထွက်များ မှာယူနိုင် 

 

Apple က ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ Mini 2 ထွက်မယ်လို့ သတင်း ကြီးပြီးခါမှ ရွှေဗားရှင်း ပါမလာခဲ့ပါဘူး။
ဒီတော့ ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ iPad Mini Retina ဗားရှင်း ကို ဗြိတိန် အခြေဆိုက် Goldgenie က ဖန်တီးပေးလိုက် ပါတယ်။ 24ct အရည်အသွေးရှိတဲ့ ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Wi-Fi + 4G Sim Free ဗားရှင်း ဖြစ်ပါတယ်။
iPad Air - 16 GB ဗားရှင်းအတွက် ဗြိတိန်ပေါင် 1386 , 128 GB GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1825 ဆိုပြီး ဈေးနှုန်း သတ်မှတ် ထားပါတယ်။
iPad mini with Retina Display ကိုတော့ 16 GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1377,  128 ဗားရှင်းအတွက် ဗြိတိန်ပေါင် 1777 အစရှိသဖြင့် ဈေးနှုန်း သတ်မှတ် ထားပါတယ်။
ရွှေဗားရှင်းရယ်လို့ မဟုတ်ပဲ၊ ပလက်တီနမ်နဲ့ပါ မှာယူသူရှိရင် ပြုလုပ် ဖန်တီးပေးကြောင်း ဆိုပါတယ်။ အော်ဒါမှာယူလိုသူများ www.goldgenie.com မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။ 
.
အောင်ခမ်း ( ရိုးရာလေး )

3D Printed အသဲအတု အစားထိုးနိုင်မည် 

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ က Organovo အမည်ရ ဆေးပညာနဲ့ နည်းပညာ အဖွဲ့အစည်း တစ်ခုက ဖန်တီးလိုက်တဲ အသဲအတု ဖြစ်ပါတယ်။
ယင်းအသဲအတုဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ရက် ၄၀ တိတိအသက်ရှင် လုပ်ကိုင်နိုင်ပြီး အရေးတကြီး အစားထိုး ကုသုလိုသူများအတွက် အဆင်ပြေကြောင်း သိရပါတယ်။ 3D Printed ဆိုတာ အရွယ်အစား၊ ပုံစံ အားလုံးကို အချိုးအစားတူ ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဒါကို 3D Printed လို့ဆိုပါတယ်။ စင်တီမီတာ၊ မီလီမီတာ အစိတ်အပိုင်းက အစ ကွဲလွဲမှုမရှိအောင် သုံးဖက်မြင် စနစ်သုံး လေစာ ပရင်တာက ဘက်ပေါင်းစုံကို မိတ္တူပွားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ အသဲအတုကို ဖန်တီးပေးထား ပါတယ်။ အသဲရဲ့  ထုံးစံ အတိုင်း သွေးလည်ပတ်မှုကို သာမန်လူတစ်ယောက် လိုပဲ ထောက်ပံ့ပေးပါမယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးပါမယ်။ အခြားသော အသဲလုပ်ဆောင်ချက်များလည်း ပါဝင်ပါမယ်။
လက်တလော ဖန်တီးထားချက်က ရက် ၄၀ သာ ခံပေမယ့် အနာဂတ်မှာ တစ်သက်လုံးခံမယ့် အသဲဖန်တီးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီတော့ အသဲ အစစ်နေရာမှာ အသဲအတုတောင် ထည့်သွင်းနိုင်ပြီဆိုတော့ အခြား အစိတ်အပိုင်းများလည်း အစားထိုးလို့ရနိုင်လာတော့မှာပါ။ နည်းပညာ နဲ့ ဆေးပညာ ပေါင်းစပ်မှုကြောင့် လူ့အသက်ရှည်လာရမှာတော့ အမှန်ပါပဲ။ 3D Printed Liver များကို လက်တလော အမေရိကန် ဆေးလောကတွင် စတင် အသုံးပြုသွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref:pocketlint
အောင်ခမ်း ( ရိုးရာလေး )

ခြေသလုံး ကြွက်တက်ခြင်း အတွက် သဘာဝ အိမ်တွင်း ကုထုံးများ 

 

- အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက် တက်တဲ့ ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့ နည်းပါ။
 - အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုး တာက ခြေသလုံးကြွက် တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခု ပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေ သလုံးနေရာကို ကြက်သီးနွေးရေ များများ လောင်းချပေး ရပါမယ်။
- အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သ လောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် နေပေးပါ။ မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေ ချောင်းတွေကို အပေါ်ကို ကော့ထားပါ။ ဒါက ခြေသလုံးကြွက် တက်တာ အတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။
- ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်း ခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။
- ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေး အိတ် တင်ပေးတာကလည်း သက်သာ စေတဲ့ နည်းဖြစ်ပါတယ်။
- တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။
- တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစား တာကြောင့် ခြေသလုံးကြွက် တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
- ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။
- ခြေသလုံးကြွက်တက်တဲ့ နေရာကို လာ ဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ်ဆီ တို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေ နွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရ ပါမယ်။  

No comments:

Post a Comment