Tuesday, August 7, 2012

အမျိုးသားများ ထိပ်ပြောင်ခြင်းအတွက် ကုသမှုများ



(၁) ဆေးဝါးများ သုံးစွဲခြင်း
 - Minoxidil ကို ဦးရေပြားပေါ်တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။ FDA မှခွင့်ပြုချက်ပေးပြီးဖြစ်ပါတယ်။ (Minoxidil ရဲ့အာနိသင်က ဆံပင် တွေကို အဟာရဓာတ်ပေးတဲ့ ဦးရေပြားမှာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပြီး Minoxidil လိမ်းဆေးထဲမှာ Azelaic Acid ၊ ကဖင်း (Caffeine) တို့ပေါင်းစပ်ထည့်သွင်းထားလေ့ရှိပါတယ်။ Azelaic Acid, ကဖင်းတို့ဟာ တစ်မျိုးတည်းအနေနဲ့ ဆံပင်ပြောင် ကုသဆေး မဟုတ်ပေမဲ့ ၄င်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့ DHT ကိုတားဆီးရာမှာပါဝင်ပြီး Minoxidil နဲ့ပေါင်းစပ်တဲ့အခါ ရလဒ်ပိုမိုကောင်းမွန်စေ ပါတယ်။)

- Finasteride ဆိုတဲ့ ဆီးကျိတ်ကြီးခြင်းမှာသုံးတဲ့ ဆေးတစ်မျိုးကို သောက်ဆေးအနေနဲ့ ပေးနိုင်ပါတယ်။ FDA မှ ခွင့်ပြုချက်ရပြီး ဖြစ်ပါ တယ်။ ၄င်းဟာ Testosterone ဆိုတဲ့ ကျားဟော်မုန်းမှ DHT အဖြစ်ကို ပြောင်းလဲပေးတဲ့ အင်ဇိုင်းကိုသွားပြီး ပေါင်းခြင်းအားဖြင့် ဖြစ်ပေါ် မှုကို တားဆီးပေးပါတယ်။ DHT ဟာ အမျိုးသားများ ဆံပင်ကျွတ်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းများအနက် တစ်ခုဖြစ်ပါတယ်။

(၂) ဆံပင်စိုက်ခြင်း (Hair Transplant) ပြုလုပ်ပါ
ဦးခေါင်းပေါ်က ဆံပင်အချို့ကိုပြောင်နေတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပေးခြင်းဖြစ်ပါတယ်။ အရေပြားကူးစက်ပိုးဝင်ရောက်ခံရနိုင်ခြင်းနဲ့ ဈေးကြီးခြင်းတို့ရှိပါတယ်။ ဒါပေမယ့် ရလဒ်မှာကောင်းမွန်ပြီး ရေရှည်ခံပါတယ်။

(၃) ဆံပင်သန်အောင် အားပေးခြင်း
ဆံပင်ပေါက်တဲ့ အရင်းအမြစ်အိတ်ကလေးများ (Follicles) အားအင်ချည့်နဲ့တဲ့အခါ ပေါက်လာတဲ့ဆံပင်လေးတွေဟာ မသန်စွမ်းဘဲ သေး ငယ်နေပါတယ်။ ဆံပင်သက်တမ်းလည်းကြာရှည်မခံဘဲ ကျွတ်ထွက်ကာ တဖြည်းဖြည်းပါးလာပါတယ်။ ဆံပင်အိတ်တွေဟာ လုံးဝပျက်စီး မသွားသေးဘဲအကောင်းအတိုင်း အများကြီးကျန်နေသေးတဲ့ အခုလိုအချိန်မှာ ဆံပင်သန်အောင် အားပေးလှုံ့ဆော်မှုများ ပြုလုပ်ရမှာဖြစ် ပါတယ်။ ဥပမာ - ဦးရေပြား သွေးလှည့်ပတ်မှုကောင်းမွန်အောင် နှိပ်နယ်ပေးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ ရောဂါများ (ဥပမာ - သွေးအားနည်းခြင်း၊Anaemia ၊ငှက်ဖျား) ကိုကာကွယ်ခြင်း၊ မိမိနှင့် မတည့်သော ခေါင်းလျှော်ရည်များ မသုံးစွဲခြင်း စသည်တို့ဖြစ်ပါတယ်။

(၄) အင်ဆူလင်တုံ့ပြန်မှုမရှိခြင်းကို ကာကွယ်ပါ
သွေးထဲမှာ အင်ဆူလင်ပမာဏများနေခြင်း Hyperinsulinemia ဟာ အမျိုးသားပုံစံ ဆံပင်ကျွတ်ခြင်း(Male Pattern Baldness) နှင့် ဆက်စပ်နေပါတယ်။ သွေးထဲမှာ အင်ဆူလင်များခြင်းဟာ ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်မှုကျဆင်းလာခြင်း(Insulin Resistance) ကြောင့်ဖြစ်ပြီး ကစီဓာတ်ပါဝင်သော အစားအစာများပြားစွာ စားသုံးခြင်းနှင့် ဆက်စပ်နေပါတယ်။ အဲဒါကိုပြုပြင်ဖို့ ကာယလေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းတို့ ပြုလုပ်ရပါမယ်။ တိတိကျကျ သက်သေပြထားတဲ့ သုတေသနတွေမရှိသေးပေမယ့် ကစီ ဓာတ်(ကာဗိုဟိုက်ဒြိတ်) အလွန်အကျွံစားသုံးမှုရှောင်ရှားခြင်းနှင့် အ၀မလွန်ဘဲ ကျန်းမာကြံ့ခိုင်အောင်နေခြင်းဟာ သင့်ခေါင်းမှာ ဆံပင် တွေ ဝေဆာနေစေမှာကတော့ အမှန်ပဲဖြစ်ပါတယ်။

(၅) လေဆာဘီး (Laser Comb)
အချို့နိုင်ငံတွေမှာ လေဆာဘီးကို ၀ယ်ယူနိုင်ပြီး ၄င်းဘီးဟာ ဆံပင်ကျွတ်သူတွေရဲ့ ဦးရေပြားအတွက် အထူးထုတ်လုပ်ထားကာ တစ်ပတ် လျှင် သုံးကြိမ်ခန့်ဖြီးပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံပင်ပြန်ပေါက်ခြင်းကို အားပေးတယ်လို့ဆိုပါတယ်။

(၆) သဘာဝဆေးဖက်ဝင် အပင်လိမ်းဆေးများ
ဆံပင်သန်စေတဲ့ သဘာဝဆေးဖက်ဝင်အပင်များမှ ရရှိတဲ့ဆေးများ ဥပမာ - Saw Palmetto အသုံးပြုခြင်းဖြစ်ပါတယ်။ အချိန်ကြာကြာစွဲ လိမ်းဖို့ လိုအပ်ပါတယ်။

Credit: Health Digest Journal Vol. (9), No. (38) 8-8-2012

2 comments:

  1. မြန်မာပြည်မှာဆံပင်စိုက်လို့ ရလား ဘယ်လောက်ကုန်ကျမလဲသိရင်ပြောပေးပါ...ကျွန်တော့အသက်23 ပဲရှိသေးတယ်..ဆံပင်အရမ်းကျွတ်ပြီး ထိပ်ပြောင်တော့မလိုဖြစ်နေလို့ ပါ...သိရင်ကူညီပေးကြပါ...

    ReplyDelete
  2. I think this is one of the most important information for me.
    And i am glad reading your article. But wanna remark on
    few general things, The web site style is great, the articles
    is really nice : D. Good job, cheers

    My web blog virility ex

    ReplyDelete