ချစ်သူရယ် ငါကျေနပ်တယ်
ဘယ်လိုအမေး
ဘယ်လိုအတွေးတွေနဲ့
ကျန်ခဲ့စေလဲ ချစ်သူ. .
နင်မ၇ှိတဲ့အဝေး
ငါဆွေးနေမှာသိလျက်နဲ့
ရှောင်ဖယ်ပြေးခဲ့ရက်ပုံများ
သြချလောက်ပါရဲ့...။
မခံနိုင်အင်အားမဲံ
လဲပြိုမှာလည်း အသိသားနဲ့
တွဲလက်တွေ နင်ဖြုတ်ခဲ့တာ
နင်မကြင်နာတဲ့အသည်း
ကွဲလည်း ကွဲစေလို့များ
ကြံ၇ွယ်လေသလား...။
မစာနာချန်ရစ်သူအား
ပြန်လာပါမဆိုဝံ့ခဲ့လည်း
အပြုံးတစ်ချက်နဲ့
နောက်ပြန်လှည့် နှစ်သိမ့်တတ်ခဲ့၇င်. . .
ဒဏ်ရာတွေနဲ့ မပြုံးတတ်ပေမယ့်
ကမ္ဘာဆုံးတောင် အမုန်းမဖက်ဘဲ
ငါကျေနပ်နေပါ့မယ်..။
No comments:
Post a Comment