သူငယ်ချင်းတို့ရေ Instant messenger တွေကိုသုံးပြီး တစ်ကမ္ဘာလုံးက သူငယ်ချင်း မိတ်ဆွေ မိသားစုတွေကို ဆက်သွယ် စကားပြောကြရတာ ကိုယ်တို့နေ့စဉ်ဘ၀မှာ မရှိမဖြစ်ဖြစ်စဉ်တစ်ခုဖြစ်လာကြပြီနော်။ အခုမြန်မာပြည်မှာရော နိုင်ငံတကာမှာ ပါ သုံးလို့အဆင်ပြေလွယ်ကူတဲ့ G-talk လေးကိုသုံးပြီး အကျိုးရှိတာလေး တွေလုပ်ကြည့်ကြရအောင်လား။
တစ်ချို့တွေကတော့ ဂျာနယ်တွေကနေသိရတယ်၊ တစ်ချို့တွေကတော့ သူငယ်ချင်းတွေပို့ပေးတဲ့ မေးလ်က တစ်ဆင့် ကနေသိရတာပါ။ ဘာပဲဖြစ်ဖြစ် သုံးရင်းအလုပ်ဖြစ်တာတော့အမှန်ပဲမဟုတ်လား။ ကဲဖတ်ကြည့်ပြီးရင် လက်တွေ့အသုံးပြု ကြည့်ကြနော်။
စီးပွားရေးလုပ်ငန်းများလိပ်စာ G-talk အသုံးပြုရှာဖွေနိုင်
ရန်ကုန်၊ဇူလိုင် ၁၀
စီးပွားရေးလုပ်ငန်းများ၊ကုမ္ပဏီများ၏လိပ်စာနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ဂျီတော့ပ်အသုံးပြု၍ ရှာဖွေနိုင် မည်ဖြစ်ကြောင်း ယင်းသို့ရှာဖွေနိုင်ရန်အတွက် ၀န်ဆောင်မှုများ ပြုလုပ်ထားသည့် မှအမှုဆောင် အရာရှိချုပ် ဦးထူးမြင့်နောင်က ပြောကြားသည်။
G-talk မှတစ်ဆင့် gtalk@themyanmardirectory.com နှင့် mydirectory@bot.im ကို invite လုပ်ထားရမည် ဖြစ်ကြောင်း၊ အဆိုပါလိပ်စာနှစ်ခုတွင် ရှာဖွေလိုသောလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းအမည်၊ကုန်ပစ္စည်းအမည်၊ လုပ်ငန်းအမျိုးအစားတို့ကို ရိုက်ထည့်လိုက်ရုံဖြင့် အလိုအလျောက် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
"G-talk ကို chatting အတွက်တင် မဟုတ်ဘဲလုပ်ငန်းအတွက်ပါ အကျိုးရှိရှိသုံးနိုင်ဖို့ပါ"ဟုလည်း၎င်းကဆိုသည်။
ပြန်လည်ဖြေကြားပေးသည့်အချက်အလက်များကို မြန်မာ့စက်မှုလက်မှုနှင့် စီးပွားရေးလမ်းညွှန်၊ မြန်မာ့လေကြောင်း ခရီးစဉ်များ လမ်းညွှန်တို့ကို ထုတ်ဝေလျက်ရှိသော Novel Light Media Ltd. ကပံ့ပိုးပေးမည်ဖြစ်ကြောင်း Novel Light ၏အကြီးအကဲဖြစ်သူ ဦးစိုးပိုင်က ပြောကြားသည်။
G-Talk မှာမေးချင်တာမေးလို့ရနိုင်မယ့် ၀န်ဆောင်မှု
ဒီစနစ်ကလေးက သုံးရလွယ်ကူပါတယ်။ သူ့ကို လိပ်စာလေးတစ်ခုလို မိမိ G-Talk ထဲကနေ ဖိတ်ခေါ်လိုက်ပြီးရင် သူငယ်ချင်းတစ်ယောက်ကိုမေးရသလိုမျိုးသုံးလို့ ရပါတယ်။ Webtoim@gmail.com ကို G-talk ကနေ Invite လုပ်လို့ရမှာပါ။
ဒီလိပ်စာကလေးကို သူငယ်ချင်းတစ်ယောက်က E-mail ကနေတစ်ဆင့်ပို့လိုက်လို့ သိရတာပါ။ သူ့ကိုဖိတ်ခေါ်ပြီးတဲ့ နောက်မှာ ကိုယ်သိချင်တာလေးတွေ မေးလို့ရပါတယ်။ ဥပမာ – What time in Myanmar now? ဆိုရင် လက်ရှိ ရောက်နေတဲ့ ရက်အပြင် အချိန်တွေကိုပါ ဖော်ပြပေးပါလိမ့်မယ်။ ဒါ့အပြင် နိုင်ငံတကာက နာမည်ကြီး လူပုဂ္ဂိုလ် တွေသာမက လူသိမများသေးတဲ့ ဘောလုံးသမားတချို့ရဲ့ အကြောင်းလိုမျိုးတွေကိုပါ မေးလို့ရပါတယ်။
ဒါပေမဲ့ စာလုံးပေါင်းမှန်ဖို့ လိုအပ်တာရယ်၊ နောက်ဆုံးပေါ်အချက်အလက်များနဲ့ မြန်မာနိုင်ငံက အချက်အလက် အချို့ကိုတော့ မဖြေနိုင်သေးတာရယ်ကိုတော့ တွေ့ရပါတယ်။ မေးလိုတာတွေကို အင်္ဂလိပ်လို ရိုက်မေးရမှာမို့ မိမိရဲ့ အင်္ဂလိပ်စာအရေးအသားလည်း တိုးတက်သွားနိုင်ပါသေးတယ်။
G-Talk ကတစ်ဆင့် သီချင်းတောင်းတာ အွန်လိုင်းရေဒီယိုနားထောင်ကြရအောင်
အဖြူရောင်သံယောဇဉ်အဖွဲ့ကလွှင့်တင်ထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ မြန်မာသီချင်း ၊ နိုင်ငံတကာသီချင်းတွေကို အလှည့်ကျဒီဂျေများက တင်ဆက်သွားမှာဖြစ်ပါတယ်။
တခြားလိပ်စာများလိုပါပဲ apytz.dj2@apytz.net ဒီလိပ်စာလေးကို G-Talk ကတစ်ဆင့် Invite လုပ်ပြီးဆက်သွယ် နိုင်ပါတယ်။ အဲဒီလိပ်စာလေးရဲ့ အကောင့်ကို ကလစ်လုပ်လိုက်ရင် မက်ဆေ့စ်ဘောက်အောက်ခြေနားမှာ ရေဒီယိုရဲ့ လင့်ခ်ကိုပေးထားသလို ဆိုဒ်ရဲ့လိပ်စာကိုလည်းဖော်ပြပေးထားပါတယ်။ ကလစ်နှိပ်လိုက်ပြီး နားဆင်နိုင်သလို သူငယ်ချင်းတွေနဲ့စကားပြောသလိုမျိုး စာရိုက်ပြီး အကြံဥာဏ်ပေးတာ သီချင်းတောင်းတာတွေလုပ်နိုင်ပါတယ်။
အွန်လိုင်းရေဒီယိုအစီအစဉ်လေးတစ်ခုပါ။
Gtalk က အင်္ဂလိပ်မြန်မာအဘိဓာန်လုပ်နည်း
ပုံမှန် Gtalk ကနေ add တဲ့နည်းအတိုင်းပဲ။ en2mm2@mmgeeks.org ကို add လိုက်ပါ။
ကိုယ် Gtalk box မှာ add လုပ်လိုက်တာလေးက မီးစိမ်းသည်ဖြစ်စေ မစိမ်းသည်ဖြစ်စေ ဖွင့်ပြီး cat, arrow, eat စသည်ဖြင့်ရိုက်ကြည့်လိုက်ပါ။ မရဘူးလား နောက်ထပ် en2mm3 ကိုထပ်အက်ပါ အဲမှာလည်းအပေါ်ကနည်းတိုင်းလုပ်ပါ အဆင်ပြေပါလိမ့်မယ်။
လိပ်စာအသစ်ပြောင်းသွားရင်လည်း သူ့အလိုလိုအသိပေးပါတယ်။
နောက်ထပ်သိရရင်လည်း ထပ်မံဖော်ပြပေးဦးမှာဖြစ်သလို သူငယ်ချင်းတို့သိတဲ့တခြားအသုံးပြုပုံလေးတွေကိုလည်း ဝေမျှပေးကြဦးနော်။
ချစ်ခြင်းများစွာဖြင့်
အဲလက်စ်
No comments:
Post a Comment