အားကစားအတွက်လမ်းလျှောက်ပေးပါ
လမ်းလျှောက်ခြင်းသည် အားကစားပြုလုပ်ရာတွင် ဘေးအကင်းဆုံးနှင့် အလွယ်ကူဆုံးဖြစ်သည်။ ထိခိုက် ဒဏ်ရာမဖြစ်အောင် ကာကွယ်နိုင်ရန်အတွက် American Academy of Orthopaedic Surgeons ကဤသို့အကြံပေးထားပါသည်။
(၁) လမ်းလျှောက်နေစဉ် လက်ကိုလွှဲပေး၍လျှောက်ပါ။
(၂) လမ်းလျှောက်စဉ် ဦးခေါင်းကို မတ်မတ်ထားပါ။
(၃) ကျောကုန်းကို မတ်မတ်ထား၍ လျှောက်ပါ။
(၄) သင်၏၀မ်းဗိုက်ကို ပြားချပ်အောင်ထား၍လျှောက်ပါ။
(၅) ခြေချောင်းများကို ရှေ့တည့်တည့်သို့သာ ဦးတည်သောအနေအထားဖြင့်လျှောက်ပါ။
(၆) ခြေထောက်ဒဏ်မဖြစ်အောင် ခြေလှမ်းများကိုသင်ခံနိုင်သည်အထိ ကျဲကျဲနှင့် လွယ်လွယ်လျှောက်ပေးပါ။
မိဆု
ခြေစွယ်ငုပ်ခြင်းမှ ကာကွယ်ရန်နည်းလမ်းများ
ခြေစွယ်ငုပ်ခြင်းသည် အလွန်နာကျင်၍နေထိုင်မကောင်းစေရုံသာမက လမ်းလျှောက်ရာ၌အခက်အခဲပါ ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် အမေရိကန်ဆေးပညာဆိုင်ရာ အမျိုးသားကျောင်းစာကြည့်တိုက်မှ အောက်ပါအချက်များကို ပြုလုပ်ရန်တိုက်တွန်းလိုက်သည်။
(၁) သက်သောင့်သက်သာဖြစ်စေမည့် ရှူးဖိနပ်များ၊ ဖိနပ်များ၊သင်၏ခြေထောက်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ဖိနပ်များကိုသာဝယ်စီးပါ။
(၂) ခြေသည်းညှပ်လျှင် တစ်ဖြောင့်တည်းဖြစ်အောင်ညှပ်ပါ။ခြေသည်းများ အလွန်တိုသွားအောင် မညှပ်သင့်ပါ။
(၃) သင်၏ခြေထောက်ကို အမြဲသန့်ရှင်းအောင်ထား၍ခြောက်သွေ့အောင်ထားပါ။
(၄) ဆီးချိုဝေဒနာရှင်များသည် မိမိ၏ခြေထောက်များကို ဂရုစိုက်ပြီး မိမိဆရာဝန်နှင့် ပုံမှန်တွေ့ဆုံ၍ ခြေထောက်ကိုစမ်းသပ်စစ်ဆေးသင့်ပါသည်။
မိဆု
Ref: Health/U.S. news
တစ်မိနစ်သာ အချိန်ယူရမယ့်လေ့ကျင့်ခန်း
ကိုယ်ကာယကုထုံးပညာရှင်များအသင်းမှ အောက်မှာဖော်ပြထားတဲ့ လေ့ကျင့်ခန်းများကိုလုပ်ကြည့်ပါတဲ့။
(၁) ရထား၊ကား သို့မဟုတ် ကွန်ပျူတာထိုင်ခုံမှာ ထိုင်နေရင်းဗိုက်လေ့ကျင့်ခန်းယူပါ။ မတ်မတ်လေးထိုင် ၁၀စက္ကန့်ဗိုက်ကလေးချပ်ထားကြည့်ပါ။ ပြီးလျှင်အသက်မှန်မှန်ပြန်ရှူပါ။ ခရီးမရောက်သေးသည်အထိထပ်ကာတလဲလဲ လုပ်ပါ။
(၂) သွားတိုက်နေစဉ် မျက်စိဖွင့်ပိတ်လေ့ကျင့်ပါ။
(၃) ရေချိုးပြီးတဘက်နဲ့နောက်ကြောကို သုတ်နေစဉ် တဘက်အစွန်းတစ်ခုစီကိုလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး တစ်ဖက်ကပခုံးပေါ်ဆွဲယူလိုက်ရင် တစ်ဖက်ကတင်ပါးဆီသို့ ဆွဲချပါ။ ဘယ်၊ညာ တစ်လှည့်စီလုပ်ပါ။
(၄) အိပ်ရာမှထ ရှူးပေါက်တော့မယ်ဆိုရင် တိုက်ရိုက်ဆီးမသွားလိုက်ဘဲ ဆီးသွားလိုက်၊ ရပ်ထားလိုက် လေ့ကျင့်ခန်းလုပ်ပါကတင်ပါးဆုံးရိုးကွင်းကြွက်သားများ သန်မာလာပြီးဆီးမထိန်းနိုင်တာ ကာကွယ်နိုင်ပါတယ်။
မေ
Ref: GHK 2007 July
No comments:
Post a Comment