WHO WAS THE BUDDHA?
ဗုဒ္ဓဆိုတာ ဘယ်သူလဲ။
ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၅၆၃ခုနှစ် (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ခန့်)က အိန္ဒိယ မြောက်ပိုင်းနယ်က ဘုရင့်မျိုးနွယ်မိသားစုထဲမှာ ကလေးငယ်တစ်ဦး မွေးဖွား သန့်စင်ခဲ့ ပါတယ်။ သူဟာ ခမ်းနားပြည့်စုံမှုအလျံပယ်နဲ့ စည်းစိမ်ခံစားရင်း နေထိုင် ကြီးပြင်းလာခဲ့ ရပါတယ်။ ဒါပေမယ့် အဲဒီစည်းစိမ်ရိပ်ငြိမ်တွေနဲ့ လုံခြုံစိတ်ချစွာ နေရတာတွေဟာ ထာဝရ ချမ်းမြေ့ပျော်ရွှင်မှု အစစ်အမှန်အတွက် အာမခံချက်ရှိတဲ့အရာတွေမဟုတ်ဘူး ဆိုတာကို သူ နောက်ပိုင်းမှာ သိမြင်သဘောပေါက်လာခဲ့ပါတယ်။
သူ့ပတ်ဝန်းကျင်မှာ ဆိုးရွားတဲ့ဆင်းရဲဒုက္ခတွေကို မြင်တွေ့ရတဲ့အခါ သူ့နှလုံးသားထဲထိ တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ဒါနဲ့ပဲလူ့ဘ၀ငြိမ်းချမ်း ပျော်ရွှင်မှုအစစ်အမှန်ရဲ့ အကြောင်း ရင်းတရားကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့အသက် ၂၉နှစ်အရွယ်မှာ ဇနီးနဲ့သားငယ်လေးကို စွန့်ခွာပြီး(အဲဒီခေတ်က) ထိပ်တန်း ဘာသာရေး ခေါင်းဆောင်ဆရာကြီးတွေရဲ့ထံမှာ နည်းခံသင်ယူဖို့သွားရောက်ခဲ့တယ်။
အဲဒီဆရာကြီးတွေကလည်း သူ့ကိုဖိဖိစီးစီးသင်ပြပေးကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ရဲ့ဆင်းရဲ ဒုက္ခတွေဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုကျော်လွှားနိုင်မယ်ဆိုတဲ့ တရားနည်းလမ်း အသိဥာဏ်ကိုတော့ (သင်ပြပေးတဲ့ဆရာကြီးတွေကိုယ်တိုင်) တစ်ယောက်မှ မသိနား မလည် ကြပါဘူး။
နောက်ဆုံး ခြောက်နှစ်လောက်ကြာအောင်တရားဓမ္မတွေကို (မိမိဘာသာ)လေ့လာကြိုးစားကျင့် ကြံအားထုတ်ပြီးတဲ့နောက် (မဂ္ဂင်ရှစ်တန်အကျင့်မှန်၊အလယ်အလတ်လမ်းစဉ်ကို ပြောင်းလဲရှုမှတ် တဲ့အခါ) မသိနားမလည်မှု (မောဟအ၀ိဇ္ဇာ)အားလုံးကို ပယ်ခွာနိုင်စေတဲ့ ဥာဏ်ပညာတစ်မျိုးကို သူဟာနားလည်ပိုင်ဆိုင်လာခဲ့ပါတယ်။
အဲဒီအချိန်ကစပြီးသူ့ကို (အ၀ိဇ္ဇာ၊ကိလေသာဖြင့် အိပ်မူးခြင်းမှ) 'နိုးထပြီးတဲ့သူ'၊ 'ဗုဒ္ဇ'လို့ခေါ် လာကြပါတယ်။
ဘုရားရှင်ဖြစ်တော်မူပြီးနောက် ဗုဒ္ဓဟာ၄၅နှစ် ကြာအောင် သက်တော်ထင်ရှားနေထိုင် သီတင်း သုံးခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေမှာ ဗုဒ္ဓဟာ(သစ္စာတရားတော်တွေကို) တစ်ခြားလူ အပေါင်းတို့ကို ထုတ်ဖော်ဟောပြသင်ကြားနိုင်ဖို့အတွက် အိန္ဒိယမြောက်ပိုင်းတစ်ခွင် လုံးကို ခရီးဒေသစာရီ လှည့်လည်ကြွရောက်တော်မူခဲ့ပါတယ်။
မြတ်ဗုဒ္ဓရဲ့ မဟာဂရုဏာတော်သနားကြင်နာမှုနဲ့ သည်းခံမှုခန္တီတရားတော်တွေဟာ အံ့သြဖွယ် ကောင်းအောင် မြင့်မြတ်ကြီးမားလွန်းလှပြီးထောင်ပေါင်းများစွာသောလူတွေကို ဗုဒ္ဓဓမ္မအပေါ် ယုံကြည်သက်ဝင်သူတွေဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်ဟာ သက်တော် ၈၀အရွယ်မှာ အိုမင်းရင့်ရော်မှုနဲ့အတူ နာမကျန်းတဲ့ ရောဂါဝေဒနာတွေကို (သဘာဝအတိုင်း)ခံစားတော်မူရပေမယ့် သက်သာငြိမ်းချမ်းစွာနဲ့ပဲ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။
THE BUDDHA IS DEAD SO HOW CAN HE HELP US?
ဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားပြီ (သက်တော်ထင်ရှားမရှိတော့ဘူးဆိုရင်) ဗုဒ္ဓကကျွန်တော်တို့ တွေကို ဘယ်လိုကူညီစောင့်ရှောက်နိုင်အုံးမှာလဲ။
'ဖာရာဒေး'ဆိုတဲ့ပုဂ္ဂိုလ်ဟာ လျှပ်စစ်ဓာတ်ကိုတီထွင်ဖော်ထုတ်ခဲ့ပါတယ်။ သူကွယ်လွန်ခဲ့ပြီး ပေမယ့် သူဖော်ထုတ်ခဲ့တဲ့လျှပ်စစ်ဓာတ်ကတော့ ခုထိအောင်ကျွန်တော်တို့ကို အကျိုးပြုကူညီနေ တုန်းပါပဲ။
'လူးဝစ်ပစ္စရှာ'ဆိုရင်လည်း သေလောက်တဲ့ရောဂါအများအပြားအတွက် ကုထုံးဆေးညွှန်းတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။သူ့ရဲ့ဆေးသိပ္ပံတွေ့ရှိချက်တွေက လူ့အသက်တွေကို ခုထက်ထိ ကယ်တင်နေတုန်းပါပဲ။
'လီယိုနာဒိုဒါဗင်ချီ'ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာဖန်တီးမှုတွေဟာ သူသေသွားပေမယ့် လူတွေကို ခုထက်ထိရွှင်မြူးတက်ကြွစေတဲ့ ရသပေးနေတုန်းပါပဲ။
သူတော်စင်(စိတ်ထားမြင့်မြတ်သူ)တွေနဲ့ သူရဲကောင်းတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်အတော်ကြာ ကတည်းက ကွယ်လွန်ခဲ့ပြီးဖြစ်ကြပေမယ့် သူတို့ဖန်တီးခဲ့တဲ့ မြင့်မြတ်လုပ်ရပ်တွေနဲ့ အောင်မြင် ဖြစ်ထွန်းမှုတွေကို ကျွန်တော်တို့ဖတ်ရှုသိရှိရတဲ့အခါ (အဲဒီမြင့်မြတ်မှုတွေကို) သူတို့လို ဆက်လက်လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်စေပါတယ်။
အလားတူပါပဲ။ ဗုဒ္ဓဟာသက်တော်ထင်ရှားမရှိတော့တာနှစ်ပေါင်း ၂၅၀၀ကျော်လာခဲ့ပေမယ့် ဗုဒ္ဓရဲ့ လမ်းညွှန်သင်ကြားမှုတွေကတော့ လူတွေကို ခုထက်ထိအကျိုးပြုကူညီနေဆဲပါပဲ။
ဗုဒ္ဓရဲ့ ကောင်းမြတ်တဲ့စံနမူနာတွေဟာလည်း လူတွေကို စိတ်ဓာတ်တက်ကရှင်သန်နေစေဆဲပါ။ဗုဒ္ဓရဲ့ ဒေသနာတော်မိန့်ကြားချက် ဓမ္မစကားလုံးတွေဟာ လူတွေရဲ့ဘ၀ကောင်းကျိုးကို ဖြစ်ပေါ်ပြောင်း လဲနေစေတုန်းပါပဲ။ ဗုဒ္ဓသာလျှင်ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ရာစုနှစ်ပေါင်းများစွာကြာအောင် အဲဒီဓမ္မစွမ်းအင်တွေကို အများဆုံးအကျိုးသက်ရောက် နိုင်စေခဲ့သူဖြစ်ပါတယ်။
No comments:
Post a Comment